← Chapters

စမ်းသပ်မှုကို ဖြတ်ကျော်ခြင်း။

Vol. 44 Ch. 607

စမ်းသပ်မှုကို ဖြတ်ကျော်ခြင်း။

Vol. 44 Ch. 607

ရုပ်သေး နှစ်ကောင်တွင် တူညီသော ကျင့်ကြံမှု တစ်ရပ် ရှိပြီး၊ စကြာဝဠာ အဆင့် ချပ်ဝတ် များကို ဝတ်ဆင် ထား၏။

ထို့ကြောင့် ရွှေရောင် အလင်း အသွင် ပြောင်းလဲ ပြေးဝင် တိုက်ခိုက် ပစ်လိုက်သည်။ ဓား ရည်ရွယ်ချက်ကို လှံ အတွင်း ပေါင်းစပ်ကာ၊ ချပ်ဝတ်ထံ ထိုးသွင်း လိုက်၏။

သံချပ်ကာ ပေါ်၌ အက်ကြောင်း အချို့ ထင်ဟပ် လာပြီး၊ မီးပွားများ ထွက်ပေါ် လာ သည်။ သို့သော် ရုပ်သေး ရုပ်များအား၊ ပြင်းထန်သော ဒဏ်ရာများ မဖန်တီး နိုင်ခဲ့ချေ။

တိုက်ပွဲမှ ရုန်းမထွက် နိုင်မီတွင်၊ တစ်ဖက် ရုပ်သေးက လှံဖြင့်၊ ပြန်လည် တိုက်ခိုက် လာ၏။

လက်ထဲရှိ လှံကို ဓားကဲ့သို့ လွှဲယမ်း လိုက်ကာ၊ ထိုတိုက်ခိုက် မှုအား ကာကွယ်ရန်၊ ဆုတ်ခွာ ပေးလိုက် ရသည်။

သူ့ လှံရှိ ဓား ရောင်ဝါမှာ၊ သိပ်သည်းလွန်း သောကြောင့်၊ ရုပ်သေး နှစ်ကောင်ကို နောက် တစ်လှမ်း မလှမ်း နိုင်အောင်၊ တားဆီး ထားနိုင် လိုက်၏။

လှုပ်ရှားမှု များစွာ ဖလှယ် ပြီးနောက်၊ ရှန်ရှင်းဓား အလယ် အလတ် ကျွမ်းကျင် မှုကို ရည်ရွယ်ချက် ရှိရှိ တွန်းထုတ် ပစ်သည်။

သူ့ လက်ထဲရှိ လှံမှာ၊ ကြယ်တစ်စင်း ကဲ့သို့ တောက်ပ လာပြီး၊ ရုပ်သေး ရင်ဘတ်အား ထိမှန် သွား၏။

ချပ်ဝတ်တွင် အက်ကွဲ ကြောင်းကြီး တစ်ခု ထပ်မံ ဖြစ်ပေါ် လာကာ၊ လွင့်စင် သွားကုန် ပြန် သည်။

မီးပွားများ ပွင့်ထွက် လာပြီး၊ ဓားရည်ရွယ် ချက်ကြောင့်၊ ဝိညာဉ် ရေးရာ ရူရ်များ ပျက်စီး သွား သည်ကို မြင်နိုင်၏။

“ အလယ် အလတ် ကျွမ်းကျင်မှုနဲ့၊ နောက်ထပ် တိုက်ခိုက်မှု နှစ်ခု လောက်သာ ထိမှန်ရင်၊ ချပ်ဝတ် ကွဲပြီ၊ ဒီလှံရဲ့ အစွမ်းက အထင်ကြီး စရာပဲ။ ”

အက်ကွဲကြောင်း များကို ကြည့်ပြီး၊ ရေရွတ် လိုက်သည်။ ယင်းမှာ စမ်းသပ်မှု တစ်ခု မျှသာ ဖြစ်ပြီး၊ သံချပ်ကာ မှာ အစွမ်းထက် လွန်းပါက၊ အဓိပ္ပာယ် မရှိချေ။

ထိုအခိုက်တွင် နောက်ကျောမှ၊ ဝင်လာသော လှံကို ရှောင်တိမ်းရန် လက်နှစ်ဖက်ကို ဖြန့်ကာ လေထဲ ခုန်တက် ပစ်သည်။

ပြီးနောက် မြေပြင်ပေါ် မဆင်း သက်မီ လှံဖြင့် ပြန်လှည့် ထိုး လိုက်၏။

လှံမှာ ရုပ်သေး ရင်ဘတ်နှင့် ထိတွေ့ သွားချိန်တွင်၊ ချပ်ဝတ် ပေါက်ကွဲ သွားကာ၊ အနည်းငယ် တွန်းထုတ် နိုင်ခဲ့သည်။

ထိုသို့ ဆုတ်ခွာ သွားသော ကြောင့်၊ ရုပ်သေးရုပ် လှံမှာ၊ လင်းယွန် ရင်ဘတ်နှင့် လက်မ ဝက်ခန့် အကွာ၌၊ ရပ်တန့် သွားတော့ ၏။

“ လရောင် အလင်း ပြန်ခြင်း။ ”

မြေပြင်ကို ခြေဖျားဖြင့် အသာ ပုတ်လျက်၊ ကောင်းကင်သို့ နောက်တစ်ကြိမ် ခုန်တက် လိုက် ပြန်သည်။

ဤတစ်ကြိမ်တွင် လင်းယွန်မှာ၊ အနည်းငယ် ယိမ်းယိုင် သွားပြီး၊ ပုံရိပ် ကိုးရိပ် အဖြစ် ကွဲထွက် သွား၏။

ရုပ်သေး ရုပ်က ခေါင်းကို ဘယ်ညာ လှည့်ကာ၊ လင်းယွန် အစစ်ကို ကြိုးစား ရှာဖွေ လိုက်သည်။

သို့သော် ပုံရိပ် ကိုးရိပ်မှာ ပေါင်းစပ် သွားပြီး၊ လှံ တစ်စင်း နှင့်အတူ ပြန်လည် ထွက်ပေါ် လာကာ၊ ရုပ်သေး ဦးခေါင်းထံ တိုးဝင် လာ၏။

နောက် တစက္ကန့်တွင် ရုပ်သေး၏ ဦးခေါင်းမှာ၊ အပိုင်းပိုင်း ပေါက်ကွဲ သွားသည်။ သို့သော် ဦးခေါင်းကို ဖျက်ဆီးခံ ရ ပြီးနောက် တွင်ပင်၊ ရုပ်သေးမှာ မသေ နိုင်သေးချေ။

နောက်ဆုတ်လျက် သူ့ အပေါ် သက်ရောက် လာသော အရှိန်ကို ထိန်းညှိ ပစ်လိုက်သည်။

ကျန်ရှိ နေသော ရုပ်သေးက၊ မျက်ကွယ် အရပ် ဆီမှ လျင်မြန်စွာ ဝင်ရောက် လာသော် လည်း၊ လှံဖြင့် ချပ်ဝတ်ကို ထိုးခွဲကာ၊ အလွယ် တကူ ကန်ကျောက် နိုင်ခဲ့သည်။

“ သေ ... ။ ”

ချပ်ဝတ်မှာ အပိုင်းပိုင်း ကွဲသွား ပြီး၊ ထိုကန်ချက်ကို ရုပ်သေးက ဟန့်တား နိုင်ခြင်း မရှိ တော့ချေ။

နောက်ဆုတ် လိုက်ရသော ဦးခေါင်းမဲ့ ရုပ်သေး ရုပ်က၊ ပြန်လည် အားယူ နေစဉ်၊ လှည့်ကြည့်ဘဲ လက်ထဲရှိ လှံဖြင့် လှမ်းပစ် ချ လိုက်၏။

“ ဝှစ် ... ။ ”

တဟုန်ထိုး ပြေးဝင် သွားပြီး၊ ချပ်ဝတ်ကို ဖြတ်ကာ မြေပြင် ပေါ်၌၊ ‘သပ်’ တစ်ချောင်း ကဲ့သို့၊ ရုပ်သေးအား ထိုးစိုက် ပစ်လေသည်။

မည်မျှပင် ရုန်းကန် ခဲ့သော်လည်း၊ လှံမှ လွတ်မြောက် နိုင်ခြင်း မရှိ တော့ချေ။

လျှောက်လှမ်း လာပြီး၊ လှံကို ဆွဲထုတ် လိုက်သော အခါ မှသာလျှင်၊ ရုပ်သေး ရုပ်မှာ အပိုင်းပိုင်း ပြိုကျ သွား၏။

ဒုတိယ စစ်ဆေးမှု ပြီးဆုံး ပြီးနောက်၊ ပထမ အကြိမ် စစ်ဆေး ခြင်း၏ နှစ်ဆ တိတိ ဖယ်ထုတ်ခြင်း ခံလိုက် ရသည်။

မြောက်ပင်လယ် အပြင် ဘက်ရှိ အကြီးအကဲ များမှာ၊ ဤမြင်ကွင်းကို မြင်သော အခါတွင် စိတ်ပျက် ကုန်၏။

စမ်းသပ် မှုမှာ ခက်ခဲ မည်ဟု သိရှိ ထား သော်လည်း၊ သည်မျှ ဆိုးရွား လိမ့်မည်ဟု မထင် ထားချေ။

“ အင်ပါရီယန် သင်္ချိုင်းက တကယ့်ကို ကြမ်းတယ်၊ အခုဆို လူ ခုနစ်ရာ လောက်ပဲ၊ ကျန်တော့မယ်။ ”

“ မဟုတ်ဘူး၊ အချို့က သင်္ချိုင်း သွားတဲ့၊ လမ်းခရီး မှာပဲ သေဆုံး ကုန်ကြပြီ၊ အဲဒီ အထဲ ကျန်လှ ... လူ လေးရာ လောက်ပဲ ရှိနိုင် ပါတော့ မယ်။ ”

“ လူဆယ်ယောက် လောက်သာ၊ နောက်ဆုံး စမ်းသပ်မှု အထိ၊ ရောက်နိုင်မယ် ထင်တယ်။ ”

အကြီး အကဲများ သုံသပ် နေစဉ် မှာပင်၊ အင်ပါရီယန် သင်္ချိုင်းတွင် တတိယမြောက် စမ်းသပ်မှု စတင် နေပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် စုစုပေါင်း ရုပ်သေး သုံးကောင် ရှိပြီး၊ ၎င်းတို့ ခွန်အားမှာ အထွတ် အထိပ် ယန် အဆင့်၌၊ ရှိ၏။

၎င်းတို့၏ စကြာဝဠာ ချပ်ဝတ် များမှာ၊ ယခင် ရုပ်သေး များထက် ပို၍ ကောင်းမွန်ကြောင်း မည်သူ မဆို ပြောနိုင်သည်။

ထို့အပြင် ရုပ်သေး သုံးကောင်၊ ပူးပေါင်း တိုက်ကွက်မှာ၊ ဟာကွက် မရှိအောင် အားကောင်း လာခဲ့၏။

ဤအရာ တစ်ခု တည်း ကပင်၊ နောက်ပိုင်း စမ်းသပ်မှု များ၌ ပူးပေါင်း တိုက်စစ် များမှာ၊ ပို၍ အားကောင်း လာမည်ဟု မှန်းဆ နိုင်သည်။

သို့သော် ဂရု တစိုက် ကြည့်ပါက၊ ဖွဲ့စည်း မှုတွင် ချို့ယွင်းချက် များစွာကို မြင်တွေ့ ရနိုင် ၏။

ဆယ့်ငါးမိနစ် ကြာပြီးနောက်၊ လင်းယွန်က ရုပ်သေး သုံးကောင်ကို ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့ သည်။

သို့သော် အခြားသူ များ အတွက်၊ ပို၍ ခက်ခဲ မည်မှာ ထင်ရှား လှ၏။ ထို့ကြောင့် မူချန်မှာ၊ ရုပ်သေး သုံးကောင်နှင့် ခက်ခဲစွာ ရင်ဆိုင် နေရ ပြီး၊ မျက်နှာ တပြင်လုံး ဖြူဖျော့ သွားသည်။

ရုပ်သေး များမှာ အထွတ် အထိပ် ယန် အဆင့်တွင် ရှိနေကာ၊ တစ်ဦးချင်း စီ အနေဖြင့်၊ ကြောက်စရာ မကောင်း နိုင်ချေ။

သို့သော် ပူပေါင်း လိုက်သော အခါတွင်၊ လုံးဝ ကွဲပြားသော အရာ တစ်ခု ဖြစ်လာ လေပြီ။

“ သေစမ်း၊ ဒါက တတိယ အဆင့်၊ စမ်းသပ်မှု လေးပဲ ရှိသေးတယ်၊ ... ”

နဖူး ပေါ်ရှိ ချွေးများကို သုတ်ယူ လိုက်ပြီး၊ မူချန်က ညည်းတွား လိုက်သည်။ ဤခရီးစဉ် အတွက် ကြီးစွာ မျှော်လင့် ခဲ့ရ သော်လည်း၊ အဆိုးများ ဖြင့်သာ ကြုံလာ ရသည်။

ပထမ ချန်းဟောင်က သူ့ကို အရှက်ခွဲ လာ၏။ ထို့နောက် ဂျီဝူယီ ရှေ့တွင်၊ ဒူးထောက် လုနီးပါး ဖြစ်ခဲ့ ရသည်။ လင်းယွန်၏ ခွန်အားကို မြင် ပြီးနောက်၊ သူ ရှက်မိ နေသေးသည်။

သည့်မတိုင်မီ၊ မြောက်ပင်လယ်၌ သူ့ အမည်ကို၊ ဖြန့်ကျက်ရန် စိတ်ကူးများ ရှိခဲ့သည်။ သို့သော် တတိယ အကြိမ်မြောက် စမ်းသပ်မှုကို မကျော်ဖြတ် နိုင်ခဲ့သည့် အတွက် လက်တွေ့မှာ၊ ရယ်စရာ ကောင်းနေ တော့၏။

“ ဒါက မဖြစ်သင့် သေးဘူး၊ အနည်း ဆုံးတော့ စတုတ္ထ အဆင့်ထိ၊ သွားနိုင်ဖို့ လိုတယ်။ ”

ယခင် စမ်းသပ်မှု နှစ်ခုမှ၊ ရတနာ တစ်စုံ တစ်ရာမျှ မရရှိ ခဲ့ဘဲ၊ ကြိုးစား အားထုတ်မှု များမှာ၊ ရေစုန် မျောပေ တော့မည်။

တစ်ချိန်တည်း မှာပင်၊ အားယူ နေသော ရုပ်သေး သုံးကောင်ကို ကြည့်ကာ၊ ဘိုင်လိရွှမ်က ပြုံးလိုက်၏။

“ နည်းနည်းတော့ ခက်တယ် ...၊ ဒါပေမယ့် ငါကို ဟန့်တားဖို့ ဆိုတာ မဖြစ် နိုင်သေး ပါဘူး။ ”

အငွေ့ အသက်များ ရုတ်တရက် ပေါက်ကွဲ ထွက် လာပြီး၊ ရုပ်သေး များပေါ် ဓားရောင်ခြည် များဖြင့် ပစ်ချ လိုက်သည်။

အချိန် အနည်းငယ် ကြာပြီးနောက်၊ သူ့ ခန္ဓာ ကိုယ်မှ ကြမ်းရှသော ခရမ်းရောင် ဖိအား တစ်ခု ထွက်ကာ၊ ရုပ်သေး သုံးကောင်ကို လောင်မြိုက် ပစ်လိုက် သည်။

လူတိုင်းက တတိယ အဆင့်ကို ဖြတ်သန်း နေချိန်တွင်၊ လင်းယွန်မှာ စတုတ္ထ စမ်းသပ်မှု ဆီသို့၊ ဦးတည် သွားပြီ ဖြစ်၏။

သူ့ ရည်ရွယ် ချက်မှာ ရှင်းလင်း ပြတ်သား လှပြီး၊ နဝမ အဆင့်ထံ တက်လှမ်း နိုင်ရန် အတွက်၊ မည်သည့် အရာကို မဆို ပေးဆပ် ပေမည်။

စတုတ္ထ အဆင့်တွင် နက်နဲ အဆင့်၊ လှုပ်ရှားမှု နည်းစနစ် များကို အသုံးပြု နေသည့် ရုပ်သေး လေးကောင် ရှိ၏။

သူတို့ လှံများမှ ရောင်ဝါမှာ၊ လင်းယွန်ကို ဝါးမြို လိုသော နဂါး တစ်ကောင်နှင့် တူလေ သည်။

မျှော်လင့် ထားသည့် အတိုင်း၊ ရုပ်သေး လေးကောင်၏ ပူးပေါင်း တိုက်စစ် များမှာ၊ အံဩဖွယ် ကောင်းလှ ၏။

ဤတိုက်ခိုက် မှုကို ရင်ဆိုင်ရန်၊ မြေပြင် ပေါ် ဆောင့်နင်းပြီး၊ အက်ကြောင်းများ ဖန်တီး ယူ လိုက်သည်။

ထို့နောက် ကြမ်းရှသော စွမ်းအင်နှင့်၊ မူလ စွမ်းအင်ကို ပေါင်းစပ်ကာ၊ လက်သီးဖြင့် ထိုးချ မိ၏။

“ ဒေါသ တရား။ ”

ကြီးစွာသော ပေါက်ကွဲမှု လှိုင်းများကြောင့်၊ ခြေနှစ်လှမ်း ပြန်လည် ဆုတ်ခွာ ပေးလိုက် ရသည်။

ထိုအတော အတွင်း ရုပ်သေး လေးကောင် ကိုလည်း၊ မီတာ များစွာ အကွာထိ တွန်းထုတ် နိုင်ခဲ့၏။

ယင်းကြောင့် ရုပ်သေး လေးကောင်၏ ပူးပေါင်း တိုက်ခိုက်မှု များမှာ၊ အားနည်း သွား တော့သည်။

“ တွေ့ ပြီ ... ။ ”

ခြေနှစ်လှမ်း တိုးကာ၊ ဓားအရှိန် အဝါဖြင့် ရုပ်သေး လေးကောင် ပြန်လည် ချိတ်ဆက် နိုင်ခြင်း မရှိအောင် တားဆီး ပစ်လိုက်သည်။

ထို့နောက်တွင် ရုပ်သေး လေးကောင်ထံ ပြေးဝင် တိုက်ခိုက် လိုက်တော့၏။

စက္ကန့်ပိုင်း အတွင်း မှာပင်၊ မရေ မတွက် နိုင်သော ငွေရောင် ဓားအလင်း များက၊ ရုပ်သေး များ၏ ချပ်ဝတ် တိုင်းကို ချိုးဖဲ့ ပစ်သည်။

ယန် အဆင့်သို့ ရောက်ပြီးနောက်၊ မူလ စွမ်းအင်မှာ၊ ပိုမို သန့်စင် လာကာ၊ ပြင်းထန်သော လှုပ်ရှားမှု များအား၊ အလွယ် တကူ ထုတ်ဖော် နိုင်သည်။

“ ကောင်းကင်က တိမ်တိုက် များကို ဖြိုခွဲ မယ်။ ”

ပတ်ဝန်း ကျင်၌ လေပြင်းများ တိုက်ခတ် လာပြီး၊ လေဝဲကြီး အသွင် ဖွဲ့တည် လာကာ၊ ရုပ်သေး လေးကောင် အပေါ် ဖုံးအုပ် သွား၏။

အဆိုပါ လေဝဲကြီး ပြန်လည် လွင့်ပါး သွားချိန်၌ ပြိုပျက် သွားသော ရုပ်သေး အစိတ် အပိုင်း များသာ ကျန်ရစ် ခဲ့တော့သည်။

ထို့ကြောင့် စတုတ္ထ အဆင့်၊ စမ်း သပ်မှုကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ပြီဟု အဓိပ္ပါယ် ချေ၏။

“ ကြည့်ရတာ ပဉ္စမ အဆင်မှာ၊ ငါ့ခွန်အား တစ်ဝက် လောက်ကို သုံးရ လိမ့်ထင်မယ်၊ နေဦး စတုတ္ထ အဆင့် ရတနာကို ရှာပြီးရင်၊ အလယ် အလတ် ယန် အဆင့် တက်လှမ်းဖို့၊ ငရဲ ပန်းကို သန့်စင် ရမယ်။ ”

လင်းယွန်က ပြုံးကာ၊ ရေရွတ် လိုက်သည်။ သူ့ စကားကို တစ်စုံ တစ်ယောက် သည်သာ ကြားမိ ပါက၊ ရူးသွပ် နေသူ တစ်ဦး အဖြစ် ရှုမြင် လာမည်မှာ သေချာသည်။

မကြာသေးမီ ကပင်၊ ကနဦး ယန် အဆင့်သို့၊ ရောက်ရှိ လာခြင်း ဖြစ်ပြီး၊ နောက်တစ်ဆင့် ထပ်မံ တက်လှမ်း ရန် ဆန္ဒ ရှိနေ ခြင်းမှာ၊ ရူးမိုက်မှု များသာ ဖြစ်လေသည်။

သို့သော် ယင်းမှာ မဖြစ် နိုင်စရာ အကြောင်း မရှိ ချေ။ ငရဲပန်း တစ်ပွင့် နှင့်အတူ၊ ရှေးဟောင်း မှော်ဆေးလုံး အချို့ကို ပေါင်းစပ်လိုက် ပါလျှင်၊ အောင်မြင် နိုင်ခြေ မြင့်မား ပေမည်။

နက်နဲ ယင် ရေမှာ၊ သူ၏ အခြေခံ အုတ်မြစ်ကို မယုံနိုင် လောက်အောင် ခိုင်မာ စေ၏။ ထို့ကြောင့် အခြေခံ အုတ်မြစ် ယိုင်နဲ့ သွားမည်ကို၊ မကြောက်ချေ။

အကယ် ၍သာ အလယ် အလတ် ယန် အဆင့်သို့ ရောက်ရှိ နိုင်ခဲ့ ပါက၊ ဂျီဝူယီ အပေါ် အံ့အား သင့်မှုများ၊ ပေးစွမ်း နိုင်မည် ဖြစ်သည်။

လက်ရှိ အချိန်၌ တတိယ စမ်းသပ်မှုများ ပြီးဆုံး သွားပြီ ဖြစ်ရာ၊ လူနှစ်ရာ ခန့်အား သဲကန္တာရ အစပ်သို့၊ ပြန်လည် ပို့ဆောင် ပေးလာ ခဲ့သည်။

လူတိုင်း မျက်နှာတွင် မကျေနပ် ရိပ်များ စွန်းထင်း နေ၏။

“ မူ ချန် ... ”

တန်ယုက လူအုပ် ကြားရှိ မူချန်ကို သတိထား မိသွားသည်။ မူချန် တစ်ယောက် တတိယ စမ်းသပ်မှု မအောင် မြင်ခဲ့ သည်မှာ ထင်ရှား၏။

“ လင်းယွန် မထွက် လာသေး ဖူးလား။ ”

မူချန် အနားရောက် လာသည်နှင့်၊ တန်ယုက ချက်ချင်း မေးလိုက်သည်။ အလယ် အလတ် ယန်အဆင့် တွင်ရှိသော၊ မူချန်ပင် ထွက်လာပြီ ဖြစ်၏။

ထို့ကြောင့် လင်းယွန်အား မတွေ့ရ ချိန်၌၊ အန္တရာယ် ကျရောက် နေမည်ကို စိုးရိမ် သွားမိ ခြင်း ဖြစ်သည်။

“ အနည်း ဆုံးတော့ ...၊ သူက အဋ္ဌမ စမ်းသပ်မှု အထိ ရောက်သွား လိမ့်မယ်။ ”

မူချန်က သက်ပြင်း တစ်ချက် ချကာ ပြန်ဖြေ လာ၏။ သူ့ အဖြေကြောင့်၊ တန်ယု အပါ အဝင် အကြီးအကဲများ အားလုံး၊ ထိတ်လန့် သွားသည်။

ဤသည်မှာ တိမ်နဂါး အဆင့်ရှိ၊ ပါရမီ ရှင်များ ဖြင့်ပင်၊ လင်းယွန်အား နှိုင်းယှဉ်၊ ပြလာ ခဲ့ခြင်း ဖြစ်၏။

“ ခဏလေး ... မဟုတ် သေးဖူး၊ ဒါက တိမ်နဂါး တိုင်းတောင်၊ ဒီလို စွမ်းရည်မျိုး မရှိဖူး မဟုတ်လား။ ”

တစ်စုံ တစ်ယောက်က၊ အဆိုပါ နှိုင်းယှဉ်မှု အပေါ် မယုံကြည် နိုင်ဟန်ဖြင့်၊ ထိတ်လန့်စွာ ငြင်းဆို လိုက်မိ လေသည်။

***

All Chapters