ကြီးမားသော တိုးတက်မှု။
Vol. 44 Ch. 608
အကြီး အကဲ များ၏ မျက်နှာ ပေါ်ရှိ အမူ အရာကို ကြည့်ပြီး၊ မူချန်က ကုကယ်ရာ မဲ့စွာ ပြုံး လိုက်သည်။
“ အားလုံးက မြောက်ပင်လယ်မှာ ဘာဖြစ် သွားခဲ့လဲ၊ မသိဖူး မဟုတ်လား။ ”
မူချန့် မေးခွန်းကြောင့်၊ လူတိုင်း ခေါင်းယမ်း လိုက်ကြသည်။ ထို့ကြောင့် မူချန်အား တွန့်ဆုတ် သွားစေ၏။
အနည်းငယ် ငြိမ်သက် သွားပြီးနောက်၊
“ လင်းယွန်က နက်နဲယင် ရေကို သန့်စင်ပြီး ကနဦး ယန် အဆင့်ကို ရောက်ရှိ နေပြီ၊ ပြီးတော့ သူရဲ့ ရှန်ရှင်း ဓားက အလယ် အလတ် ကျွမ်းကျင်မှု မှာ ... ။ ”
လင်းယွန်တွင် အစွမ်း ထက်သော ကျင့်ကြံခြင်း နည်းစနစ် တစ်ရပ် ရှိသည်။
ထို့ကြောင့် နက်နဲယင် ရေကို ရှာ မတွေ့ခဲ့ လျှင်ပင်၊ ယန် အဆင့်သို့ မကြာမီ တက်လှမ်း နိုင်မည် ဖြစ်၏။
ယင်းက စိတ်လှုပ်ရှားဖွယ် မကောင်း သော်လည်း၊ ဒုတိယ သတင်းမှာ၊ အနည်းငယ် ကြောက်စရာ ကောင်းလေသည်။
အဆုံးတွင် ရှန်ရှင်း ဓားကို အလယ် အလတ် ကျွမ်းကျင်မှု ရအောင်၊ ဆုပ်ကိုင် ထားနိုင်သည့် လူငယ် များစွာ မရှိချေ။
သို့သော် တန်ယုက ခေါင်းယမ်း လိုက်ပြီး၊
“ ရှန်ရှင်း ဓားကို အလယ် အလတ် ကျွမ်းကျင်မှု အထိ၊ ဆုပ်ကိုင်ထား နိုင်တယ် ဆိုရင် တောင်၊ သူ့ရဲ့ အခြေခံ အုတ်မြစ်က အားနည်းနေ ပါ သေးတယ်၊ ... ”
“ ... ဒါကြောင့် အဋ္ဌမ အဆင့် စမ်းသပ် မှုကို ရောက်နိုင်တယ် ဆိုတဲ့ စကားက၊ အဓိပ္ပာယ် မရှိ ဘူး။ ”
မူချန်ကို စိုက်ကြည့်ပြီး၊ မယုံနိုင် ဟန်ဖြင့် ဆိုသည်။ ထို့ကြောင့် မူချန်က ပြန်လည် ခေါင်းယမ်း ပြလိုက် ပြီး၊
“ စီနီယာတန် ... ၊ လန်းဟွာယုနဲ့ လင်းဇီယွမ်က မိုလင်းကို ဝိုင်းတိုက် ကြတယ်၊ လင်းယွန် ရောက်လာပြီး၊ လန်းဟွာယုကို သတ်ပစ် လိုက်တယ်၊ လင်းဇီယွမ် ကတော့ ဒဏ်ရာ တွေနဲ့ ထွက်ပြေး သွားရတယ်။ ”
“ မင်း ... တကယ်ပြော နေတာလား။ ”
တန်ယုက ကြားလိုက် ရသည့် သတင်းကြောင့် ထိတ်လန့် သွားပြီး၊ သူ့ မျက်နှာ မှာ နီရဲ သွား၏။
မူချန်က ပြုံးလျက် ခေါင်းညိတ် လိုက်ကာ၊
“ မင်းကို လိမ်ဖို့ ငါ့မှာ၊ သတ္တိ မရှိ ပါဖူး စီနီယာတန်၊ ဒါကို လူတိုင်း မြင်ခဲ့ ရတာပါ၊ ပြီးတော့ ... ”
“ ... ဒီထက် ပိုပြီး ကြောက်စရာ ကောင်းတဲ့ အရာက၊ သူ ... ဂျီဝူယီရဲ့ လက်ဖဝါး တစ်ချက် ကိုတောင်၊ ဒဏ်ရာ မရဘဲ ရင်ဆိုင် နိုင်ခဲ့တယ်။ ”
မူချန်က အဖြစ် အပျက် များကို၊ ရှင်းပြ လိုက်သော ကြောင့်၊ လူတိုင်း တုန်လှုပ် ချောက်ချား လာကုန် သည်။
တန်ယုနှင့် အကြီး အကဲ များမှာ၊ အချိန် အတော်ကြာ တိတ်ဆိတ် သွား ပြီးနောက်၊
“ လင်းယွန်က အရမ်း သန်မာ လာတဲ့ အတွက် ဂုဏ်ယူ စရာပါ၊ ဒါပေမယ့် သွေးတောင်ပံ ခန်းမက ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး၊ ပြီးတော့ ... ”
“ ... ဂျီဝူယီ ဆို သူက အငြိုးထား တတ်သူမို့၊ သူ ထွက်လာရင် ဒုက္ခ ရောက် မှာကို ငါကြောက် မိတယ်။ ”
ဤအခိုက် အတန့်တွင်၊ အကြီး အကဲ တစ်ဦးမှ အံသြ နေဟန်ဖြင့်၊
“ အံ့သြ စရာပဲ လျူယွမ်ယန်က ဘာလို့ အပြင်ထွက် မလာသေး တာလဲ၊ တတိယ အကြိမ် စစ်ဆေး မှုကို၊ အောင်သွား တာလား မူချန်။ ”
မူချန်က အနည်းငယ် တွေးဆ သွားကာ၊
“ ဒါကိုတော့ သေချာ မသိ သေဘူး၊ တတိယ အဆင့် စမ်းသပ် မှုက ရုပ်သေး တွေနဲ့၊ စမ်းသပ် တာပဲ၊ သူ့မှာ ဝိညာဉ် ရေးရာ ရူရ်တွေ အပေါ်၊ ... ”
“ ... အောင်မြင်မှု လုံလောက်အောင် မြင့်မား နေရင်၊ ကျော်ဖြတ် နိုင်ခြေ ရှိတယ်၊ ဒါပေမယ့် စတုထ္ထမြောက် စမ်းသပ်မှု ကိုတော့ လွယ်မယ် မထင်ဘူး …”
***
ပဉ္စမ အဆင့် အင်ပါရီယန် သင်္ချိုင်း ဂူ။
ငွေရောင် အရှိန်အဝါ များဖြင့်၊ သိုင်းခြုံ ထားသော လူငယ် တစ်ယောက်က၊ ရုပ်သေး ငါးကောင်ကို မျက်နှာ မူထားသည်။
ရုပ်သေး ငါးကောင်မှာ၊ ပူပေါင်း တိုက်ကွက်နှင့် အတူ၊ နဂါး ဟောက်သံများ ထုတ်လွှတ် လာ၏။
သို့သော် ၎င်းရုပ်သေး များမှာ၊ အပြာဝတ် လူငယ်၏ ဓား၌ ရှုံးနိမ့် သွားခဲ့သည်။ ထိုလူငယ် မှာ ရှားယွင်ရှောင် ဖြစ်သည်။
သူ သာလျှင် ဤမျှ ပြင်းထန်သော ဓား ရောင်ဝါကို ပိုင်ဆိုင် နိုင်ပေမည်။
တစ်ချိန် တည်း မှာပင်၊ ဂိုရှု တစ်ယောက် ပဉ္စမ အဆင့် စမ်းသပ် စစ်ဆေးမှုကို ပြီးမြောက် သွား၏။
သူ့ အခြေ အနေမှာ၊ ရှားယွင်ရှောင်နှင့် ယှဉ်ပါလျှင်၊ ပို၍ ဆိုးရွာ ချေပြီ။ ဒဏ်ရာ အနည်း ငယ်သာ ရရှိခြင်း ဖြစ်သော်လည်း၊ ရုပ်သေး များ လှံချက်မှာ နက်ရှိုင်း လှလေသည်။
“ တကယ်ပဲ ငါ ဒဏ်ရာ ရနေပြီ …၊ ပဉ္စမ အဆင့်မှာ နေရာ တစ်ခု သေသေ ချာချာ ရှာမှ ဖြစ်မယ်၊ မဟုတ်ရင် ဆုံးရှုံး ရလိမ့်မယ်။ ”
ပဉ္စမ အဆင့်ကို ဖြတ်ကျော် နိုင်ပြီးနောက်၊ ဒဏ်ရာများ ကုသရန် လိုနေ ချေသည်။ သို့မဟုတ် ပါက ပြိုင်ဘက်ဖြင့်၊ ရင်ဆိုင်ရန် အခွင့် အရေး ရှိတော့မည် မဟုတ်ချေ။
ပဉ္စမ အဆင့် စမ်းသပ် ချက်မှာ၊ ယခင် အဆင့် များထက် ပို၍ ခက်ခဲ သော်လည်း ဂျီဝူယီ၊ ရန်ကောင်း၊ ချင်းအန်နှင့် ပီယွဲ့ ကဲ့သို့သော ကျွမ်းကျင် သူများ အတွက်မူ၊ များစွာ လွယ်ကူ နေဆဲ ဖြစ်၏။
အခြား သူများက စတုတ္ထ အဆင့်တွင်၊ ရုန်းကန် နေရ ချိန်၌၊ ၎င်းတို့မှာ ပဉ္စမ အဆင့်ကို ဖြတ်ကျော် သွားခဲ့ပြီး ဖြစ်သည်။
လင်းယွန် အနေ နှင့်မူ၊ ပဉ္စမ စစ်ဆေး မှုကို အောင်မြင် ခဲ့ပြီး၊ လက်ရှိ အချိန်၌ အောင်မြင်မှု တစ်ခု၊ ရယူရန် ပြင်ဆင် နေလေသည်။
ပဉ္စမ အဆင့်ရှိ လျှို့ဝှက်ခန်း တစ်ခန်း အတွင်းတွင်၊ ငရဲပန်းကို ထုတ်ယူ လိုက်ရာ၊ တောက်လောင် နေသော စွမ်းအင်များ ပျံ့နှံ့ လာ၏။
ဤသည်မှာ အကန့် အသတ် မရှိသော မီး စွမ်းအင်များ ဖြစ်လေပြီ။
ယခု အချိန်၌ အခန်း တစ်ခန်း လုံးအား၊ ငရဲပန်းမှ ထွက်လာသော ဝိညာဉ် စွမ်းအင် များ ဖြင့် လွှမ်းခြုံ ထား၏။
ထိုအချိန်တွင် ခရမ်းရောင် နန်းတော်ရှိ ခရမ်းရောင် ပန်းမှာ၊ စိတ်မသက် မသာ ဖြစ်လာ သည်။
ယန် အဆင့် ရောက်ပြီးနောက်၊ ငရဲပန်းမှ ထွက်ပေါ် လာသော သွေးဆောင် မှုမှာ၊ များစွာ ပြင်းထန် လေသည်။
ငရဲ ပန်းကို လွန်ခဲ့သော နှစ်လ ကတည်းက၊ ရရှိ ထားပြီး ဖြစ်သော်လည်း၊ ယန်အဆင့် မရောက်ခင် သန့်စင် ခြင်း မပြုရန်၊ မိုလင်းမှ မှာကြား ထား ခဲ့သည်။
ထို့ကြောင့် ပွင့်လွှာ ကိုသာ၊ မြောက်ပင်လယ်ထဲ မဝင်မီ၊ ဖြုတ်ယူ သန့်စင် ခဲ့ခြင်း ဖြစ်သည်။
ယင်းသည် ပွင့်ချပ် မျှသာ ဖြစ်သော်လည်း၊ ရရှိ ခဲ့သော အကျိုး ကျေးဇူးမှာ၊ အထွတ် အထိပ် ယင် အဆင့်အား တည်ငြိမ် သွားစေ၏။
ယခုမူ၊ တစ်ပွင့် လုံးကို သန့်စင်ရန် အချိန်တန် ချေပြီ။ ထို့အပြင် ပဉ္စမ အဆင့်ကို အောင်မြင် ပြီးနောက်၊ တိမ်မီးတောက် မှော် ဆေးလုံး တစ်လုံးအား တွေ့ရှိ ခဲ့သေးသည်။
ယင်းကြောင့် ပဉ္စမ အဆင့်၌ ရပ်တန့် လိုက်ပြီး၊ အဆင့် ချိုးဖြတ်ရန် ဆုံးဖြတ် မိခြင်း ဖြစ်၏။
တိမ်မီးတောက် ဆေးလုံးကို ထုတ်ယူ မျိုချ လိုက်ကာ၊ ဓားသုတ္တတန်အား ဖြန့်ကျက်လျက်၊ ခရမ်းရောင်ပန်း ဆီသို့၊ ပေးပို့ လိုက်သည်။
စွမ်းအင်များ ပေါင်းစပ် သွားပြီးနောက်၊ ခန္ဓာကိုယ် အတွင်းမှ အားကောင်းသော အရှိန် အဝါ တစ်ခု တိုးထွက် လာ၏။
နက်နဲယင် ရေဖြင့် ခန္ဓာကိုယ် အစိတ် အပိုင်း တိုင်းကို၊ သန့်စင်ထား ခဲ့ပြီး ဖြစ်သည်။
မဟုတ် ခဲ့ပါသော် ဤ စီးဆင်း မှုအား၊ အပ်စိုက်မှတ် များက၊ ခံနိုင်ရည် ရှိမည် မဟုတ် ချေ။
သို့သော် ငြားလည်း ကြောက်မက်ဖွယ် ကောင်းသည့် နာကျင်မှု များမှာ၊ ခံစား နေရဆဲ ဖြစ်ပြီး၊ ချွေးဒီးဒီး ကျလာ ခဲ့၏။
မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက်၊ အရောင် အသွေး ကင်းမဲ့ နေချေပြီ။ များ မကြာမီ ဒါန်တမ် ဆီမှ၊ ရတနာ ဓားတစ်လက် မြည်ကျွေး နေ ကဲ့သို့၊ သတ္တု သံများ ထွက်ပေါ် လာသည်။
ခရမ်းရောင် နန်းတော် အတွင်းရှိ၊ မူလ စွမ်းအင်များ တဟုန်ထိုး မြင့်တက်လာ သည်ကို ခံစား လိုက်ရ၏။
အရှိန် အဟုန်ဖြင့် တိုးတက် နေပြီး၊ ငရဲပန်းအား ထပ်မံ မြိုချ လိုက်ရာ၊ ကနဦး ယန် အဆင့်ကို ချိုးဖြတ် နေသယောင် ပြသ လာသည်။
ငရဲ ပန်း၏ ခရမ်းရောင် မီး စွမ်းအင်များ အောက်တွင်၊ ရွှေရောင် အဆင်း သဏ္ဍာန် များက၊ ခရမ်းရောင် နန်းတော် ထဲသို့ တိုးဝင် လာ၏။
ဤအတိုင်း ဆက်သွား နိုင်ပါက၊ အောင်မြင်မှု ရနိုင်ခြေ မြင့်မား သည်ကို သူ သိသော ကြောင့်၊ ဝမ်းမြောက် သွားမိ သည်။
အချိန် ကြာလာ သည်နှင့် အမျှ၊ သူ့အား သိုင်းခြုံ ထားသော ငွေရောင် အလင်း လွှာမှာ၊ ပို၍ပင် အားကောင်း လာ၏။
မူလ စွမ်းအင် များက၊ လှိုင်းများ သဖွယ် လှုပ်ခတ် လာချိန်၌၊ ဓားသုတ္တန် ဖြန့်ဝေမှု အရှိန် အား၊ ထပ်မံ မြှင့်တင် လိုက်သည်။
အဝတ် အစားများ တဖျပ်ဖျပ် ခတ်နေပြီး၊ အရေပြား အတွင်း ဆီမှ၊ အကြည် ဓာတ်များ တောက်ပ လာ၏။
ဤအတော အတွင်း၊ ငွေရောင် မူလ စွမ်းအင်များ ထဲ၌၊ ရွှေရောင် ကြိုးမျှင်များ စတင် ပေါက်ဖွား လာတော့သည်။
သည့်နောက် ခရမ်းရောင် ပန်းတွင်၊ ပွင့်ချပ် ပေါင်း (၈၄) ချပ် ဖြစ်တည် လာ၏။ မျက်ဝန်များ ပြန်လည် ဖွင့်ယူ လိုက် ချိန်၌၊ စူးရှသော ဓား အလင်း တစ်လက်၊ လေထဲ ဖြတ်သန်း သွား လေသည်။
ပွင့်ချပ် ရှစ်ဆယ့် လေးချပ်၏ စွမ်းပကား အောက်၌၊ သူ့ဓား အလင်းမှာ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိ သွားခဲ့ သည်။
သို့သော် အလယ် အလတ် ယန် အဆင့်သို့ ရောက် ရှိရန်၊ ခြေတစ်လှမ်း ဝေးကွာ နေသေး ၏။
ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိ လာပြီးနောက်၊ ကျင့်ကြံခြင်း လမ်းခရီးမှာ ပို၍ ခက်ခဲလာ မည်ကို သိရှိထား လေရာ၊ ၎င်းအပေါ် စိုးရိမ် မိခြင်း မရှိ ချေ။
အောင်မြင်မှု တစ်ခုကို မရယူ နိုင်ခဲ့ သော်လည်း၊ အနည်း ဆုံးတော့ ခြေတစ်လှမ်း အကွာသို့ ရောက်ရှိ လာပြီ၊ ဖြစ်သည်။
အခွင့် အရေး ရှိပါက၊ အလွယ် တကူ လျှောက်လှမ်း နိုင်မည်ဟု ယုံကြည်၏။
အဆုံးတွင်၊ သူ၏ ခွန်အားမှာ ငရဲ ပန်းနှင့် တိမ်မီးတောက် ဆေးလုံး ကြောင့်၊ သိသိ သာသာ အသွင်ပြောင်း သွားခဲ့ပြီ ဖြစ်သည်။
“ ဟိတ် ... ။ ”
သူ့ ခွန်အားကို စမ်းသပ်ရန်၊ လေထဲသို့ ရုတ်တရက် ခုန်တက် သွားကာ၊ လက်သီးဖြင့် ထိုးချ ပစ်လိုက်၏။
သူတော်စင် ဂီတ သံ များနှင့် အတူ၊ ဓား အရှိန် အဝါကို ထုတ်လွှတ် လိုက်သည်ကြောင့်၊ အခန်း တစ်ခန်းလုံး တုန်ယင် လာတော့သည်။
“ ဝှစ် ..... ။ ”
မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာစဉ်၊ ကျောက်နံရံ ကြီးပေါ် လက်သီး တစ်ချက် ထပ်မံ ပစ်တင် လိုက်၏။
ထိုလက်သီးတွင် ခရမ်းရောင် နန်းတော်ရှိ ဓားရောင်ခြည် (၈၄) လေးစင်းကို၊ စုဝေး ထားခဲ့ သည်။
ထို့ကြောင့် အခန်း နံရံမှာ၊ တဝုန်းဝုန်း ပြိုကျလာ တော့၏။ ဤတစ်ကြိမ် ပေါက်ကွဲ စွမ်းအား များမှာ၊ ပို၍ ကြောက်စရာ ကောင်းလှ ချေသည်။
“ မူလ စွမ်းအင် သက်သက်နဲ့၊ အလယ် အလတ် ယန်အဆင့်က၊ ကျင့်ကြံသူ တွေကို ငါ ရင်ဆိုင် နိုင်ပြီ၊ ... ”
“ ... တကယ်လို့ ပန်းသင်္ချိုင်း ဓားသာ တိုက်ပွဲဝင် လာနိုင်ရင်၊ အထွတ် အထိပ် ယန် အဆင့်က သူတွေတောင်၊ ငါ့ဆီ ကနေ လှုပ်ရှားမှု သုံးခု အထိ၊ ခံယူ နိုင်မှာ မဟုတ်ဘူး။ ”
လက်ရှိ ခွန်အား အပေါ်၊ အသေးစိတ် သုံးသပ် လိုက်၏။ အလယ် အလတ် ယန် အဆင့်သို့ မရောက်ရှိ ခဲ့သော်လည်း၊ များစွာ အားရ မိစေသည်။
လန်းဟွာယုသာ အသက်ရှင် နေသေး ပါက၊ လက်ရှိ အချိန်၌ ဓား သုံးချက်ဖြင့် သတ်ပစ် နိုင်မည်ဟု ယုံကြည် ၏။
ဂျီဝူယီ နှင့်မူ၊ ကြီးမားသော ကွာဟချက် အချို့ ရှိနေသေး သော်လည်း၊ ဝှက်ဖဲများ အားလုံး ထုတ်ဖော် ပြီးနောက်တွင်၊ ရလာဒ်မှာ ဆိုးရွားမည် မဟုတ် နိုင်ချေ။
“ ပဉ္စမ အဆင့်ကို၊ ငါ ... ရှာတာ မပြီး သေးဘူး၊ တခြား ဘာတွေများ ရိတ်သိမ်း နိုင်ဦး မလဲ ကြည့်လိုက် ရအောင်။ ”
စကားသံ ဆုံးသည်နှင့်၊ ငွေရောင် အလင်းများ လင်းလက် လာပြီး၊ အခန်းထဲမှ ရိပ်ခနဲ ပျောက်ကွယ် သွားတော့သည်။
***