မိုးပြာ နဂါး မူလ ပုံစံ။
Vol. 44 Ch. 610
ဓားကို မသုံးနိုင် သောကြောင့်၊ ဂိုရှု တိုက်ခိုက် မှုအား လှံဖြင့်၊ အစား ထိုးကာ ဖျက်ဆီး ပစ် လိုက်သည်။
ယင်းသည်ပင် လင်းယွန်မှာ၊ ယခင် ကထက် ကိုင်တွယ် ဖြေရှင်းရ၊ ပို၍ ခက်ခဲ လာကြောင်း ဂိုရှု သိလာ၏။
မြေပြင် ပေါ်သို့ ဆင်းသက် လိုက်ချိန်၌၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်ခွာပြီး၊ ဟန်ချက်ကို ညှိယူ လိုက်ရ၏။
ဒဏ်ရာ မရရှိ ခဲ့ သော်လည်း၊ နိမ့်ကျ လွန်းသော အနေ အထားကြောင့်၊ သူ့ မျက်နှာ နီရဲ သွားသည်။
“ ဂိုရှု ...၊ မင်းမှာ ရှိတာ၊ ဒါ ... အကုန် ပဲလား။ ”
လှံဖြင့် ထိုးညွှန်ကာ၊ လင်းယွန်က မေးလာ ၏။
“ မင်း သေချင်နေ မှတော့၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေးရ သေးတာပေါ့။ ”
အလွန် အမျက် ထွက်လာပြီး၊ ဂိုရှုက အရှိန်အဝါ များကို ထုတ်လွှတ် လိုက်သည်။
“ သေ လိုက် တော့ ... ။ ”
ကြုံးဝါး အော်ငေါက် သံနှင့် အတူ၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေသော လက်ဖဝါး ဖြင့် ရိုက်ချ လိုက်၏။
ခရမ်းရောင် လျှပ်စီး များကြောင့်၊ ခန်းမ တစ်ခုလုံး ချက်ချင်း လင်းထိန် လာသည်။
မြေပြင် ပေါ်၌ အက်ကွဲ ကြောင်းများ ထင်ဟပ် သွားပြီး၊ လှံကို လက်သီးဖြင့် ထိုးချ လိုက်၏။
ထို့နောက် ဆေးကြိုအိုး သုံးဆယ် ခွန်အားများ ပေါက်ကွဲ လာကာ၊ ခန်းမထဲ သူတော်စင် ဂီတ သံများ၊ ပဲ့တင် ထပ်သွား၏။
ဝေဟင် အလယ်တွင်၊ လျှပ်စီးများ သိုင်းခြုံ ထားသော၊ ဂိုရှုက လက်ဝါး နှစ်ချက်ဖြင့်၊ ရိုက်ချ လာသည်။
လှံနှင့် လက်ဝါးများ ထိမိသွား ပြီးနောက်၊ လင်းယွန်က မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာ၏။
လိုက်ပါ လာသော တစ်ဖက် လူ၏ စွမ်းအား အပေါ်၊ ချေဖြတ်ရန် အတွက် သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ ကြမ်းရှသော စွမ်းအင် များကို စုဆောင်း လိုက်သည်။
ထို့နောက်တွင် ခရမ်းရောင် အကြေးခွံများ ထွက်ပေါ် လာပြီး၊ ရှေးကျသော သားရဲကြီး တစ်ကောင် အသွင်၊ အရှိန်အဝါများ ဖြာဆင်း လာ၏။
ဤချပ်ဝတ်မှာ၊ အလယ် အလတ် စကြာဝဠာ လက်ရာ များနှင့် နှိုင်းယှဉ် နိုင်သည်။ လျှပ်စီး များက ချပ်ဝတ်ဖြင့် ထိတွေ့ သွားပြီး၊ ခရမ်းရောင် မီးတောက်များ ‘ဖွားခနဲ’ ပွင့်ထွက် ကုန်၏။
အနည်းငယ် မျှပင်၊ ထိခိုက် ဒဏ်ရာ မရရှိ ခဲ့သော လင်းယွန်ကို ကြည့်ပြီး၊ ဂိုရှု တစ်ယောက် မျက်မှောင် ကြုတ် သွားသည်။
တစ်ဖက်လူ၏ မူလ စွမ်းအင်မှာ၊ သူ့နီးနီး အစွမ်းထက် နေလိမ့် မည်ဟု မထင် ထားမိ ချေ။
ဆေးကြိုအိုး အလုံး (၃၀) ပါရှိသော ခွန်အား များသာ မက၊ ချပ်ဝတ် တစ်ထည် ကိုပင်၊ ဖွဲ့စည်း နိုင်ခဲ့ သည်။
သို့သော် လင်းယွန်အား သတ်ပစ် လိုသော ရည်ရွယ် ချက် များမှာ၊ လျော့ပါး သွားခြင်း မရှိချေ။
“ မိုးကြိုး လက်ဝါး— လျှပ်စီး။ ”
အထွတ် အထိပ် ယန် အဆင့်ရှိ၊ ခွန်အား အပြည့်ကို ထုတ်ဖော်လျက်၊ ကြုံးဝါး လိုက်၏။
သူ့ လက်ဝါးကို ထုတ်ဖော် လိုက်ချိန်တွင်၊ လင်းယွန် ပတ်ဝန်း ကျင်သို့၊ လျှပ်စီး များပြိုကျ လာသည်။
ထို့နောက်တွင် လျှပ်စီး များက၊ စပါးအုံးမြွေ တစ်ကောင် အဖြစ်သို့ ပေါင်းစပ် သွား၏။
“ ဒေါသ တရား၊ လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”
သို့သော် စပါးအုံး မြွေကြီး မဆင်းသက် မီတွင်၊ လင်းယွန် ထံမှ သတ်ဖြတ် ခြင်း၊ ရည်ရွယ် ချက်များ ထွက်ပေါ် လာကာ၊ စပါးအုံး မြွေကို ချက်ချင်း ဆုတ်ဖြဲပစ် လိုက်သည်။
“ မိုးကြိုး နဂါး လက်သည်း။ ”
သို့သော် လျှပ်စီးမြွေ နောက်မှ ကပ်ပါ လာသော၊ ဂိုရှုက သူ့ လက်သည်းကို ဖွင့်ကာ၊ လင်းယွန်အား ကုပ်ဆွဲ ပစ်လိုက်သည်။
ချပ်ဝတ်ပေါ် ကျရောက် သွားပြီး၊ နက်ရှိုင်းသော လက်သည်း ရာကြီး၊ ဖြစ်ပေါ် လာ၏။
၎င်းဒဏ်ရာကြောင့် ဒရာကိုဖီ ချပ်ဝတ် ပေါ်ရှိ၊ ခရမ်း ရောင်များ အဆင်းများ မှိန်ကျ သွား သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ဂိုရှုက၊
“ ထစ်ချုန်း မိုးခြိမ်းသံ၊ အကျဉ်းချ နဂါး။ ”
-ဟု အော်ဟစ်လျက်၊ ထပ်မံ တိုက်ခိုက် ပြန်၏။
နဂါး လက်သည်း ကြောင့်၊ နောက်ဆုတ် လိုက်ရသော ခြေလှမ်း များကို၊ တည်ငြိမ်အောင် ထိန်းနေစဉ် မှာပင်၊ ပြန့်ကျဲ နေသည့် လျှပ်စီး များက၊ လင်းယွန်ပေါ် ပြန်လည် သိုင်းခြုံ လာ၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လျှပ်စီး သံကြိုးများ ကဲ့သို့ တင်းတင်း ကြပ်ကြပ် ချုပ်လှောင် လာတော့သည်။
ဤတိုက်ခိုက် မှုကို ထုတ်ဖော်ရန်၊ မူလ စွမ်းအင် များစွာ ကုန်ဆုံး စေ သောကြောင့်၊ ဂိုရှု တစ်ယောက် အသက်ရှု ကြပ်သွား၏။
သို့သော် လင်းယွန်အား လက်ဝါး တစ်ချက်ဖြင့် ပစ်ရန် မမေ့ ခဲ့ချေ။
“ ငါ ... ရခဲ့တဲ့ အဆင့်က အမှိုက် တစ်စလို့၊ မင်း တကယ် ထင်နေ တာလား၊ ... ဟမ် ။ ”
လင်းယွန်ကို တိုက်ခိုက် အနိုင် ယူနိုင် မည်ဟု သူ ယုံကြည်သည်။ သို့သော် လက်ဝါး မရောက် နိုင်ခင်၊ တုပ်နှောင် ထားသော သံကြိုးများ အပိုင်းပိုင်း ကွဲထွက် သွား၏။
နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျကာ၊ ချပ်ဝတ် ပြိုသွား ပြီး၊ လင်းယွန် ပြန်လည် ထွက်ပေါ် လာသည်။
“ မင်း ... မသေ သေးဖူးလား၊ ငါ့ကို တကယ် ဒုက္ခ ပေးတာပဲ၊ ဒါပေမယ့် မင်းက ငါ့ရှေ့ လာရပ် ရဲ မှတော့ ...၊ ချွင်းချက် မရှိ သေရ ဦးမှာ ပါပဲ။ ”
လျှပ်စီး များဖြင့်၊ ဖုံးလွှမ်း ဝေဝါး နေသော ဂိုရှုက ယုံကြည်ချက် ရှိရှိဖြင့် လေးနက်စွာ ဆို လိုက်၏။
“ ဘယ်လောက်တောင် အနှောင့် အယှက် ပေးလိုက်လဲ။ ”
လှံကို လေထဲ လွှဲယမ်းလျက် အားယူ လိုက်သော လင်းယွန်၏ အကြည့် များက၊ ပို၍ ထက်ရှ လာသည်။
“ တိမ်မြူ ကင်းသော လမင်း။ ”
ထို့နောက်တွင် ဂိုရှု၏ တိုက်ခိုက် မှုကို မရှောင် တော့ဘဲ၊ လရောင် အလင်းများ ဖြာထွက် နေသော လှံကို၊ ဓား အဖြစ် အသုံး ပြုကာ၊ ရင်ဆိုင် လိုက်သည်။
လှံမှ အလင်းလှိုင်း များက လျှပ်စီး များကို ခွဲဖွင့်လျက်၊ ဂိုရှု ခန္ဓာကိုယ် ပေါ်သို့ ကျရောက် သွား၏။
သူ့ ပတ်ဝန်း ကျင်တွင်၊ သိုင်းခြုံ ထားသော လျှပ်စီး များကို၊ အဆက် မပြတ် ဖြတ်တောက် ခံလိုက် ရသောကြောင့်၊ ဂိုရှု တစ်ယောက် မြေပြင် ပေါ်သို့ ဆင်းသက် လိုက်ရ သည်။
အတင်း အကြပ် ဖိနှိပ် ခံလိုက်ရ သောကြောင့်၊ နှုတ်ခမ်းမှ သွေးစီး ကျကာ၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွား၏။
“ မိုးခြိမ်း သံလား၊ ငါ မှာလည်း မင်းကို မြည်းစမ်း စေချင်တဲ့၊ မိုးကြိုး ဓား တစ်လက် ရှိတယ်။ ”
လင်းယွန်က ဓား ရည်ရွယ် ချက်ကို ထုတ်လွှတ် လျက်၊ လျှပ်စီး တစ်စလို လှံဖြင့် တွန်းထုတ် လိုက်၏။
ဂိုရှု တိုက်ခိုက် မှုမှာ၊ မိုးကြိုး ကဲ့သို့ ပြင်းထန် သော်လည်း၊ လင်းယွန်၏ မိုးကြိုး ဓားချက်ကို မမှီ ခဲ့ချေ။
လှံထံမှ ငွေရောင် လျှပ်စီး ကြောင်းများ၊ လွင့်စင် လာကာ၊ ခန်းမ အနှံ့ ချက်ချင်း ဖုံးလွှမ်း သွားသည်။
အလင်းများ ပြိုကျပြီး၊ ဂိုရှု ရင်ဘတ်ပေါ် ထိမှန် သွား၏။ ယင်းကြောင့် ပြတ်ရှရာ များမှ၊ ရေတံခွန် တစင်း ကဲ့သို့၊ သွေးများ ပန်းထွက် လာ တော့သည်။
( မ သေ ဖူး လား။ )
ဂိုရှု ဆိုသူမှာ တိမ်နဂါး အဆင့်၊ အထက် တန်းစား တစ်ဦး ဖြစ်သောကြောင့်၊ ဤမျှဖြင့် သေနိုင်မည် မဟုတ်ကြောင်း သတိ ရသွား သည်။
ထို့ကြောင့် မျက်ခုံး ပင့်ကာ လှံဖြင့်၊ နောက်တစ်ကြိမ် ထိုးချ လိုက်၏။ ၎င်းတိုက်ခိုက် မှုကို တားဆီးရန်၊ ဂိုရှုက သူ့လက် နှစ်ဖက်အား၊ ကန့်လန့်ဖြတ် ပြင်ယူ လိုက်သည်။
ညှပ်ယူ ဖမ်းဆီး လာသော ကြောင့်၊ လှံကို ဆက်မသွင်း တော့ဘဲ၊ နောက်ပြန် ဆုတ်ကာ နဂါး တစ်ကောင် ကဲ့သို့ ပခုံးပေါ် ပြောင်းလဲ၊ ထိုးသွင်း လိုက်၏။
ရုတ်တရက် ပြောင်းလဲ သွားသော လှံကို နောက်ဆုတ် ခုခံ လိုက်သော်လည်း၊ နံရံ ထောင့်သို့ တွန်းပို့ ခံလိုက် ရပြီး၊ ဒဏ်ရာများ ထပ်မံ ရရှိ လာ၏။
မြေပြင် ပေါ်သို့ ဆင်းသက် လာချိန်၌၊ လင်းယွန်က လှံကို ဓားအဖြစ် အသုံး ပြုကာ၊ ဓား ရောင်ခြည် များဖြင့် ထပ်မံ ခုတ်ပိုင်း လာ ပြန် သည်။
ထိုကြောင့် ဓားအလင်း ထိမှန် သွားပြီး၊ ဂိုရှု၏ အရိုးများ ကွဲအက် ကုန်၏။ နောက်ထပ် တိုက်ခိုက် မှုများ ထပ်မံ မရောက် လာခင်၊ လှည့် မကြည့် တော့ဘဲ၊ သူ့ အသက် အတွက်၊ အမြန် ပြေးထွက် သွားမိသည်။
ဂိုရှု နောက်ကျောကို ကြည့်ပြီး၊ လိုက်လံ သတ်ဖြတ်ခြင်း မပြု တော့ရန်၊ ဆုံးဖြတ် လိုက်သည်။
ယခု အချိန်၌ ကျောက်စိမ်း တုံးကို ရယူခြင်း သည်သာ အရေးကြီး ချေ၏။
ဂိုရှု နောက်သို့ လိုက်သွား ခြင်းဖြင့်၊ အခြား တစ်ယောက် ရောက်ရှိ လာကာ၊ ကျောက်စိမ်း တုံးကို ရယူ သွားနိုင်မည်။
ဤသို့ ဆိုပါက ကြီးစွာသော ဆုံးရှုံးမှု ဖြစ်လာ နိုင်ချေ သည်။ ဂိုရှုနှင့် ပတ်သတ် ၍မူ အနည်းငယ် မျှပင် မျက်လုံးထဲ မရှိ ခဲ့ချေ။
လှံဖြင့် အင်အား (၆၀%) သာ ထုတ်ယူ နိုင်ခဲ့ သော်လည်း၊ ၎င်းကို အနိုင် ယူရန် လုံလောက် လေပြီ။
ထို့ပြင် မိုးကြိုး ထိမှန် ပြီးနောက်၊ ဂိုရှုမှာ အင်ပါရီယန် သင်္ချိုင်းတွင် ဆက်နေရန် အရည် အချင်း မရှိ တော့ပေ။
အသက်ရှင် ခဲ့ လျှင်ပင်၊ ကြီးစွာသော ကံကောင်းမှု တစ်ရပ် ဖြစ်ခေျမည်။
အသက် ပြင်းပြင်း ရှူရှိုက်ကာ၊ စိတ် လှုပ်ရှားသော အမူ အရာဖြင့်၊ ကျောက်တိုင်ပေါ် မော့ကြည့် လိုက်၏။
အနက်ရောင် လျှပ်စီး နဂါး ကြီးမှာ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ် လွှတ်ထား လေပြီ။
၎င်းက သူ့ ဝိညာဉ်ကို ဝါးမြို လိုသည်ဟု ခံစား လာရ၏။ အလင်း ဖျော့ဖျော့ အောက်တွင်၊ ပျံဝဲ နေသော ကျောက်စိမ်း တုံးကို၊ ခုန်ယူ လိုက်သည်။
( မိုးပြာ နဂါး မူလ ပုံစံ၊ အလယ် အလတ် မြေကြီး အဆင့်၊ ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်။ )
ကျောက်စိမ်း တုံးကို ဆုပ်ကိုင် လိုက်သည်နှင့်၊ စိတ်ထဲသို့ အချက် အလက်များ စိမ့်ဝင် လာသည်။
ရွှေခေတ်၌ စွမ်းအားရှင် တစ်ဦးသည် ဓားရေး နည်းစနစ်၊ လှုပ်ရှားမှု နည်းစနစ်၊ ကျင့်ကြံမှု နည်းစနစ်၊ ဓားသုတ္တန်၊ လက်ဖဝါး နည်းစနစ်၊ လက်သီး နည်းစနစ် စသည့် အရာ များစွာ ပါဝင်သော၊ ‘မိုးပြာ နဂါး ပညာရပ်’ တစ်ခုကို ဖန်တီး ခဲ့သည်။
၎င်းတို့ အနက် ‘မိုးပြာ နဂါး မူလ ပုံစံ’ မှာ၊ ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ် တစ်ရပ် ဖြစ် ပေ၏။
မိုးပြာ နဂါးခေါ်၊ အပြာရောင် နဂါး များမှာ၊ လေနှင့် လျှပ်စီး စွမ်းအင်ကို ကောင်းစွာ ထိန်းချုပ် နိုင်သည်။
ထို့ကြောင့် ဤနည်းစနစ်မှာ၊ ခန္ဓာကိုယ် အတွင်းရှိ လေနှင့် လျှပ်စီး စွမ်းအင် များကို ထိန်းညှိ ပေးခြင်း ဖြစ်၏။
မိုးပြာ နဂါး မူလ ပုံစံတွင်၊ စုစုပေါင်း အဆင့် (၁၀) ဆင့် ရှိပြီး၊ ဦးစွာသော အဆင့် နှစ်ဆင့်မှာ အခြေခံ အုတ်မြစ် ပေပင်။
အခြေခံ အုတ်မြစ်ကို တည်ငြိမ်အောင် ပြုလုပ် ပြီးနောက်၊ ခန္ဓာ ကိုယ်အား လေနှင့် လျှပ်စီး စွမ်းအင်များ သုံးကာ၊ အသွင်ကူး ပြောင်းနိုင်သည်။
မိုးပြာ နဂါး မူလ ပုံစံ၏ အမြင့်ဆုံး အဆင့်တွင်၊ နဂါး အရှိန် အဝါများ ကိုပင် ရရှိ နိုင်မည် ဖြစ်သည်။
အထက်ပါ အချက် အလက် များကို အကြမ်းဖျင်း ဖမ်းယူ ပြီးနောက်၊ လင်းယွန်၏ မျက်နှာမှာ လေးနက် သွားသည်။
နဂါး ဆိုသည်မှာ ဒဏ္ဍာရီလာ နတ်ဘုရား သားရဲများ ဖြစ်သောကြောင့်၊ လူသား တစ်ဦး အနေဖြင့်၊ ၎င်းအငွေ့ အသက်မျိုး တုပရန် မဖြစ် ချေ။
နည်းစနစ် တိုင်း၏ အဆုံးတွင်၊ နေနှင့် လကို ဖြိုခွဲ နိုင်မည်၊ ကောင်းကင် ဘုံအား မီးရှို့ နိုင်မည် ဟူသော အဆို များဖြင့်၊ ချဲ့ကား မိတ်ဆက် တက် ကြ၏။
နဂါး အငွေ့ အသက်ကို ထိန်းထား နိုင်မည် ဆိုသော၊ မိတ်ဆက်မှာ အလွန် စိတ်ဝင် စားဖွယ် ကောင်းသည်။
ထိုမိတ်ဆက် မပါ လျှင်ပင်၊ ခန္ဓာကိုယ် သန့်စင်ခြင်း၊ နည်းစနစ် တစ်ရပ် ဖြစ်သော ကြောင့်၊ မေးခွန်း ထုတ်နေ စရာ မလိုချေ။
သို့သော် ဤမိတ်ဆက် သည်သာ မှန်ကန် ခဲ့ပါက၊ သူ့ အတွက် ကြီးမားသော ကံကောင်းမှု တစ်ရပ် ဖြစ်လာ ပေလိမ့်မည်။
ယနေ့ အချိန်၌ နဂါး အငွေ့ အသက်မျိုး ရရှိရန်၊ မဖြစ် နိုင်တော့ သော်လည်း၊ ရွှေခေတ် တွင် ဖြစ်နိုင် ပေမည်။
ယင်းကို ခဏ ထားကာ၊ ချက်ချင်း လေ့ကျင့် နိုင်ခြင်း ရှိ၊ မရှိ ဦးစွာ ကြည့်ရန် ဆုံးဖြတ် လိုက်သည်။
ဂိုရှုမှာ လျှပ်စီး စွမ်းအင်နှင့် ကိုက်ညီ သောကြောင့်၊ ချက်ခြင်း လေ့ကျင့် နိုင်မည်ဟု ယူဆပြီး၊ သူ့အား တိုက်ခိုက် လာခြင်း ဖြစ်သည်။
သို့သော် ဒရာ ကိုဖီ ခန္ဓာ ကိုယ်အား၊ ကျင့်ကြံ ထားခဲ့သော သူ သည်လည်း၊ ဂိုရှုထက် နိမ့်ပါး ခြင်း၊ ရှိမည် မဟုတ် နိုင်ချေ။
***