ဘိုင်လိရွှမ်၏ ဆုံးဖြတ်ချက်။
Vol. 44 Ch. 611
ဂိုရှုမှာ လျှပ်စီး စွမ်းအင်နှင့် ကိုက်ညီ သောကြောင့်၊ ချက်ခြင်း လေ့ကျင့် နိုင်မည်ဟု ယူဆပြီး၊ သူ့အား တိုက်ခိုက် လာခြင်း ဖြစ် သည်။
ဤသို့ ဆိုပါက၊ လင်းယွန် သည်လည်း၊ သင်ယူ နိုင်ခြေ ရှိ၏။ ပထမ အဆင့် နှစ်ဆင့်ကို လေ့ကျင့်ရန်၊ အချိန် အများကြီး လိုအပ်မည် မဟုတ် ချေ။
သို့သော် ယင်းမှာ ရှေးဟောင်း နည်းစနစ် တစ်ရပ် ဖြစ်သောကြောင့်၊ အန္တရာယ် အချို့ ရှိလာ နိုင် သည်။
အကယ်၍ အဆိုပါ တုံ့ပြန် မှုကို ခံရ ပါက၊ အင်ပါရီယန် သင်္ချိုင်း အတွင်း၌ ရှာဖွေမှုအား စွန့်လွှတ် ရပေမည်။
ထို့ကြောင့် အဋ္ဌမ မြောက် စမ်းသပ်မှု ပြီးသည် အထိ၊ ဆိုင်းငံ့ ထားရန် ဆုံးဖြတ် လိုက် သည်။
ဆုံးဖြတ်ချက် ချပြီး သည်နှင့်၊ ကျောက်စိမ်း တုံးကို သိမ်းဆည်း ကာ၊ တစ်စက္ကန့် မျှ အချိန် မဖြုန်း တော့ဘဲ၊ အလျင် စလို ပြေးထွက် သွားမိ ၏။
ရုတ်တရက် ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါလျက်၊ အလင်းတန်း အသွင်၊ ပြောင်းလဲ ပျောက်ကွယ် သွား သည်။
ဆဌမ အဆင့်ရှိ အခြားသော ခန်းမ တစ်ခု ထဲတွင်၊ ယန်းဖန်မှာ ကျောက်စာတိုင် အထက်၊ ပျံဝဲ နေသော ဓားတို တစ်လက်ကို စိုက်ကြည့် နေမိသည်။
ကြည့်ရုံ ဖြင့်ပင်၊ ကျောရိုး တစ်လျှောက် အေးစိမ့်သော ခံစား ချက်များ ဝင်ရောက် လာ၏။
အကြည့်ကို ပြန်ရုတ်သိမ်း လိုက်ချိန် မှသာ၊ ထိုခံစား ချက်များ ပြန်လည် ပျောက်ကွယ် သွားသည်။
“ စိတ်ဝင် စားစရာပဲ ... ။ ”
ယန်းဖန် မျက်လုံး များတွင် စိတ် လှုပ်ရှားမှု များကြောင့်၊ အလင်း တန်းများ တောက်ပ လာ၏။
ကြာပွတ် အသုံးပြု သူ အများ စုမှာ၊ အနီးကပ် တိုက်ပွဲများ အတွက်၊ ဓား သမားများ ကဲ့သို့ လက်သီး နည်းစနစ် များကို သင်ယူ ကြမည် ဖြစ်သည်။
တိုက်ဆိုင် စွာပင် ယန်းဖန်မှာ၊ ဓားနည်း စနစ် အချို့ ကျွမ်းကျင်ပြီး၊ ဓားမြှောင် တစ်လက်အား၊ တစ်ချိန်လုံး ယူဆောင် ထားမိ၏။
ထို့အပြင် အဆိုပါ ဓားမြှောင်မှာ၊ သူ၏ ‘မီး’ဟု အမည် ပေးထားသော ကြာပွတ်ကို အားဖြည့် ပေးသည်။
မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာစဉ်၊ အခန်း အတွင်းသို့ လူ တစ်ယောက် ဝင်ရောက် လာခဲ့ သည်။
“ အချိန် အကြာကြီး ရှာလိုက် ရတာ၊ နောက်ဆုံးတော့ စကြာဝဠာ လက်ရာ တစ်ခုကို ရိတ်သိမ်း နိုင် ပြီပေါ့၊ ဘာပဲ ဖြစ်ဖြစ် အင်ပါရီယန် သင်္ချိုင်း ခရီးစဉ်က အလကား ဖြစ်တော့ ပါဘူး။ ”
အသစ် ရောက်ရှိ လာသူမှာ၊ မြွေပွေး ကဲ့သို့ ကြက်သွေးရောင် မျက်လုံးများ ပိုင်ဆိုင် ထားပြီး၊ ပိန်သွယ်သော လူတစ်ယောက် ဖြစ်လေသည်။
သူ့လက် ထဲ၌ ကြာပွတ်ကို လက်နက် အဖြစ် ကိုင်ဆောင် ထား၏။ ဤသူမှာ တိမ်နဂါး အဆင့် (၅၈)မှ၊ ချင်းအန် ဖြစ်သည်။
ယန်းဖန်က ချင်းအန်ကို မြင်သော အခါ၊ မျက်နှာ ပေါ်ရှိ အပြုံး ပျောက်ကွယ် သွားပြီး၊ ပျက်ယွင်းသော အမူ အရာများ အစားထိုး လာ၏။
ပြင်ပ အဆင့်တွင် ကြာပွတ်ကို အဓိက လက်နက် အဖြစ် အသုံးပြု သူမှာ၊ သူနှင့် ချင်းအန်တို့ နှစ်ဦးသာ ရှိသည်။
ထို့ကြောင့် သဘာဝ အတိုင်း အချင်းချင်း ယှဉ်ပြိုင် လိုကြ၏။ မည်မျှပင် ကြိုးစား စေကာမူ၊ ယန်းဖန်က ချင်းအန်ကို အနိုင် မယူ နိုင်ခဲ့ ချေ။
လွန်ခဲ့သော လေးနှစ်က သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ ချင်းအန် လက်၌ ဆိုးရွားစွာ ဆုံးရှုံး ခဲ့ရ သည်။
“ ထွက်သွား ...၊ အရှုံး သမားကို ငါ စိတ်မဝင် စားဘူး၊ နောက်ပြီး မင်းရဲ့ ခရီးကို ဆဋ္ဌမ အဆင့် မှာ၊ မကုန်ဆုံး ချင်ဖူး ဆိုတာ ငါယုံတယ်။ ”
ချင်းအန်က ကျောက်စာတိုင် ဆီသို့၊ ဆက်မလျှောက်မီ ယန်းဖန်ကို ပေါ့ပေါ့ တန်တန် ဆိုလိုက်သည်။
သို့သော် ရှေ့ သုံးလှမ်း တက်လှမ်း ပြီးသည် အထိ၊ တစ်ဖက် လူမှာ ထွက်ခွာ သွားခြင်း မရှိ သေးသည်ကို၊ သတိထား မိ လာ၏။
“ ဘာလို့လဲ၊ ဒီဓား အတွက် မင်းက ငါ့နဲ့ ပြိုင်ချင် တာလား။ ”
“ ပိုင်ရှင် မရှိ ပါဘူး၊ ဒါဆို ... ငါဘာလို့ မလုပ် ရမှာလဲ။ ”
ယန်းဖန်က နက်မှောင်သော အမူ အရာဖြင့်၊ ပြန်ဖြေ၏။ နောက်ဆုံး တိုက်ပွဲ ဖြစ်ခဲ့ သည်မှာ၊ လေးနှစ် ရှိပြီ ဖြစ်သည်။ ထို့နောက် အပြောင်း အလဲ ရှိလာ မည်ဟု ယုံကြည်၏။
ချင်းအန်က အထင် အမြင် သေးစွာဖြင့် လှောင်ပြောင် ပြုံးရယ် လိုက်ပြီး၊
“ သတ္တိ ကောင်းလိုက်တာ၊ အမှန်တော့ ပိုင်ရှင် မရှိတဲ့ ရတနာ တစ်ခု အတွက် ပြိုင်ဆိုင် နိုင်ပါတယ်၊ ဒါပေမယ့် လူတိုင်းက ငါနဲ့ ယှဉ်ပြိုင် ဖို့၊ အရည် အချင်း မရှိ ကြဘူး၊ အထူး သဖြင့် မင်း ... ။ ”
“ ဒါဆို ဘာလို့ လာစမ်း မကြည့် ရတာလဲ။ ”
ယန်းဖန်က သူ့ ကြာပွတ်ကို လေထဲ ရိုက်ချ လိုက်ပြီး၊ ဖိတ်ခေါ် လိုက်သည်။
ချင်းအန်က သူ့ ကြာပွတ်ကို ဖြန့်ကာ ချက်ချင်း တုန့်ပြန် လာခဲ့၏။ ကြာပွတ် များမှာ မြွေပွေး နှစ်ကောင် ကဲ့သို့၊ အချင်းချင်း ယှက်သွယ် သွားလေသည်။
ဤတိုက်ပွဲတွင် အရှုံး သမားမှာ၊ စကြာဝဠာ လက်ရာကို ဆုံးရှုံး ရမည် သာမက၊ အင်ပါရီယန် သင်္ချိုင်း၏ ခရီးစဉ် သည်လည်း၊ ဆုံးခန်း တိုင်မည် ဖြစ်၏။
ချင်းအန်မှာ ဤခရီးစဉ် တစ်လျှောက် ပီယွဲ့နှင့် အတူ၊ တွဲလျက် ရှိနေ ခြင်းကြောင့်၊ သူ့ ခွန်အားမှာ သိပ် မပေါ်လွင် ခဲ့ပေ။
သို့သော် သူ့အစွမ်း အစကို သိ သူတိုင်းက၊ မည်မျှ သန်မာ သည်ကို သိရှိ ထားသည်။ ခဏ အကြာတွင် ချင်းအန် တစ်ယောက်၊ အသာစီး ရယူ နိုင်ခဲ့ တော့၏။
ဆဋ္ဌမ အဆင့်ကို နာရီဝက် အကြာ ရှာဖွေ ပြီးနောက် ဘိုင်လိရွှမ်မှာ၊ မထင်မှတ် ထားသော လူ တစ်ယောက်ဖြင့်၊ ထိပ်တိုက် တွေ့ဆုံ လာမိသည်။
တစ်ဖက် လူ၏ အသွင် အပြင်ကို မြင်ကတည်းက၊ တိမ်နဂါး အဆင့် (၇၈)၌ ရှိသော ဂိုရှု ဖြစ်မှန်း သူ သိ၏။
ထို့ကြောင့် သူ့ကိုယ်သူ ချက်ချင်း ကာကွယ်ရန် အသင့်ပြင် လိုက်သည်။ တစ်ဖက် လူမှာ လျှပ်စီး စွမ်းအင်ကို၊ ကျင့်ကြံ ထားသော မိုးကြိုး လက်ဝါး ဂိုရှု ဖြစ်၏။
ထို့အပြင် ၎င်းက လက်ဝါး နည်းစနစ်မှာ၊ လွှမ်းမိုး နိုင်စွမ်း ရှိပြီး၊ သူ့ အတွက် အခက် အခဲ တစ်စုံ တစ်ရာ ပေးနိုင်သော ပြိုင်ဘက် ဖြစ်သည်။
သည့်အတွက် တိုက်ပွဲကို ရှောင်ရန်၊ ဆန္ဒ ရှိ ခေျသည်။ ယင်းအား တွေးနေစဉ်၊ ဂိုရှု ထံမှ ပုံမှန် မဟုတ်သော အရာကို၊ သတိ ထားမိ လာ၏။
အနည်းငယ် အာရုံ စိုက်လိုက် သည်နှင့်၊ ရင်ဘတ် ပေါ်ရှိ ကြောက်စရာ ကောင်းသော ဒဏ်ရာကို တွေ့ရှိ လိုက် ရသည်။
ထို့ပြင် တစ်ကိုယ်လုံး သွေးချင်းချင်း ရဲ နေပြီး၊ ဒဏ်ရာ များမှာ လှံကြောင့် ဖြစ်နေ သည်ကို၊ သတိပြု မိ လိုက်၏။
ယင်းမှာ လှံချက် ကဲ့သို့၊ ထိုးသွင်း ရာမျိုး မဟုတ်ဘဲ၊ ပြတ်ရှ ရာများ ဖြစ်နေ သောကြောင့်၊ ဓားသမား တစ်ဦးမှ ပေးခဲ့ကြောင်း၊ သူ ပြောနိုင် သည်။
ထို့ကြောင့် အသက် ပြင်းပြင်း ရှူလိုက်ကာ၊ ဂိုရှုအား မော့ကြည့် လိုက်၏။ ဘိုင်လိရွှမ်၏ ထိုအကြည့်ကို၊ မြင်ချိန်၌ ဂိုရှုက၊
“ ဘာများ ထူးဆန်း နေလို့လဲ၊ ငါ့ကို ဒဏ်ရာ ရစေ ခဲ့တဲ့ သူနဲ့ တွေ့ရင်၊ မင်းလည်း ကံကောင်း လိမ့်မယ် မထင်နဲ့။ ”
“ မဆိုး ပါဘူး၊ အနည်း ဆုံးတော့ မင်း ရှင်သန် နိုင်ခဲ့တယ် မဟုတ်လား၊ မင်းကို ဘယ်သူက လုပ်လိုက် တာလဲ။ ”
ဘိုင်လိရွှမ်က ပြန်မေး လိုက်သည်။ သူ၏ စီနီယာ အစ်ကို ရှားယွင်ရှောင်မှ လွဲ၍၊ မည်သူမျှ ဤသို့ ပြင်းထန်သော ဒဏ်ရာ များကို ဖန်တီး နိုင်မည် မဟုတ်ချေ။
“ မင်းနဲ့ ဘာဆိုင် လို့လဲ။ ”
လင်းယွန် ထံ၌ ရှုံးနိမ့် ခဲ့ကြောင်း၊ ဂိုရှုက ထုတ်ဖော် မပြော ချင်ပေ။
“ ငါက သိချင် ရုံပါ၊ ဒီ အကြောင်းကို မင်း ပွင့်ပွင့် လင်းလင်း ပြောရင် ပိုကောင်း လိမ့်မယ်၊ မဟုတ်ရင် မင်း အတွက် အခက် အခဲတွေ ရှိလာ လိမ့်မယ်လို့ ငါပြော နိုင်တယ်။ ”
ဘိုင်လိရွှမ်က အေးစက်သော လေသံဖြင့်၊ ခြိမ်းခြောက် လိုက်သည်။ ထို့ကြောင့် ဂိုရှုမှာ၊ ရုတ်တရက် အံ့အား သင့်သွား၏။
တိမ်နဂါး အဆင့် ပါရမီရှင် တစ်ဦး ဖြစ်သော သူ့ အနေဖြင့်၊ လင်းယွန်ကို ရှုံးနိမ့်ခဲ့ ပြီးနောက်၊ လူငယ် တစ်ဦး၏ ခြိမ်းခြောက် မှုကို ခံနေရ ပြန်သည်။
ပုံမှန် အားဖြင့်၊ အဆင့်တွင် မရှိသော ဤလူငယ် များမှာ၊ သူ့ မျက်လုံးထဲ ကိုပင် မ၀င် ရောက်နိုင် ချေ။
“ လင်း ယွန် ... ။ ”
ဂိုရှုက မှုန်ကုပ် ကုပ်ဖြင့် ပြန်ဖြေ လာသည်။
“ သူ ...။ ”
ထိုစကားကြောင့် ဘိုင်လိရွှမ် တစ်ယောက် အံ့အားသင့် သွား၏။ လင်းယွန် ဖြစ်နေလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားမိချေ။
ဂျီဝူယီမှာ လင်းယွန်နှင့် ရင်ဆိုင် ချိန်၌၊ ခွန်အား အကုန် အစင်မဟုတ် ခဲ့ကြောင်း လူတိုင်း သိနိုင်သည်။ သူ ပင်လျှင် ထိုတိုက်ခိုက် မှုကို၊ ခံနိုင်ရည် ရှိနေပြီ ဖြစ်၏။
သို့သော် ဂိုရှု အခြေ အနေကို ကြည့်ပြီး၊ သူ့ အမြင် များအား ပြန်လည် သုံးသပ်ရန် လိုအပ် လာပုံ ရလေ သည်။
သူ့ အနေဖြင့် ဂိုရှုအား၊ ရင်ဆိုင် ရပါမူ အသာစီး ရရှိ နိုင်ချေ ရှိ၏။
သို့သော် လင်းယွန် ကဲ့သို့၊ အလုံးစုံ ဖိနှိပ် နိုင်ခြင်းမျိုး ရှိမည် မဟုတ် လေရာ၊ နှုတ်ခမ်းများ တုန်ရီ လာသည်။
တစ်နည်း အားဖြင့် ဆိုရသော်၊ လင်းယွန်၏ ခွန်အားမှာ သူ့ထက် အပြတ် အသတ် သာလွန် နေ ချေပြီ။
ဂိုရှု တိုက်ပွဲဝင် စွမ်းအားကို မြင်ဖူး ပြီးနောက်၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည် သော်လည်း၊ လွယ်လွယ် ကူကူ ဖြစ်မည် မဟုတ်ကြောင်း သူ သိသည်။
လင်းယွန်ကို ချန်ထား နိုင်ခဲ့ ပြီဟု၊ ထင်နေ မိသော်လည်း၊ သူက လိုက်နေ ရဆဲ ဖြစ်ချေ သည်။
ဂိုရှုက အံကြိတ်လျက်၊ သက်ပြင်း တစ်ချက်ချ လိုက်ကာ၊
“ သူက ငါ ထင်တာထက်၊ ပို ကြောက်စရာ ကောင်းတယ်၊ တိုက်ပွဲမှာ သူ့ဓား ကိုတောင် မဆွဲ ခဲ့ဘူး၊ ဓားအစား လှံနဲ့ တိုက်ခိုက် ခဲ့တာ၊ ... အခု သူ ဘယ်လောက် အထိ သန်မာလဲ ဆိုတာတောင် ငါမသိ ခဲ့ဘူး။ ”
“ ပန်းသင်္ချိုင်း ဓားတောင် မသုံးခဲ့ ဖူးလား။ ”
ထိုအချင်း အရာကြောင့် ဘိုင်လိရွှမ်၏ နှလုံး ခုန်သံများ မြန်ဆန် လာသည်။
“ ဒါဆို လုံလောက်ပြီ ... ။ ”
ဘိုင်လိရွှမ်မှာ ဒေါသ တကြီး အော်ဟစ် လိုက်၏။
တစ်ဖက် လူမှာ အဘယ့်ကြောင့်၊ ဤမျှ ဒေါသ တကြီး တုံ့ပြန်ခဲ့ သည်ကို နားမလည် နိုင် သဖြင့်၊ ဂိုရှု တစ်ယောက် အနည်းငယ် ထိတ်လန့် သွားသည်။
( ဘယ်သူက ငါ့ကို ဒဏ်ရာအောင် လုပ်လဲ ဆိုတာ၊ မင်းပဲ မေးခဲ့တာ မဟုတ် ဖူးလား။ )
အကြောင်းရင် တစ်စုံ တစ်ရာ မရှိဘဲ၊ ဒေါသထွက် နေသည့် အပေါ် နားမလည် နိုင် တော့ချေ။
တစ်ဖက်တွင် သူ့ကိုယ်သူ တည်ငြိမ်ရန်၊ အချိန် အတော်ကြာ ကြိုးစား ယူလိုက် ပြီးနောက်၊
‘မင်း ထွက်သွား နိုင်ပါတယ်၊ ’ -ဟု ဘိုင်လိရွှမ်က လှမ်းပြော လာ၏။
မည်သည့် နေရာ၌ မှားယွင်း သွားမှန်း၊ မသိ သောကြောင့်၊ ဂိုရှုမှာ ခေါင်းခါပြီး ကျန်ရစ် ခဲ့သည်။
အင်ပါရီယန် သင်္ချိုင်း အတွင်းရှိ သူ့ခရီး စဉ်မှာ၊ ပြီးဆုံး သွားခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် ပြန်လှည့်ထွက် တော့မည့် အချိန် မှာပင်၊ ဘိုင်လိရွှမ်က ပြန်လှည့် ကြည့်လာပြီး၊
“ ဟေး ... ၊ မင်း အတွက် အကြံ တစ်ခု ငါပေး လိုက်မယ်၊ မင်းရဲ့ အသက်ကို မြတ်နိုးရင်၊ ဒီဒဏ်ရာ တွေက သက်သာ လာတဲ့ အခါ၊ သူ့ နောက်ကို လိုက်ဖို့ စိတ်မကူး မိစေနဲ့။ ”
-ဟု ဆို လိုက်၏။ ပြောပြီး သည်နှင့် လှည့်မကြည့် တော့ဘဲ၊ ဆက်လျှောက် သွားလေသည်။
လင်းယွန်ကို အနိုင် မယူနိုင် ခဲ့လျှင်ပင်၊ သူ မည်မျှ သန်မာ မည်အား၊ သိချင် နေဆဲ ဖြစ်၏။
အဆုံးတွင် လင်းယွန် နောက်ကျောအား၊ မြင်နိုင်မည် ဖြစ်သည်။ သို့ မဟုတ်သော်၊ သူ အရမ်း ပြတ်ကျန် ခဲ့ ရပေ လိမ့်မည်။
လမ်းဆုံးမှ မထွက် ခွာခင်၊ ဂိုရှုက နောက်ဆုံး အကြိမ် အဖြစ်၊ အင်ပါရီယန် သင်္ချိုင်းထံ ပြန်လှည့် ကြည့် လိုက်၏။
တစ်ချိန်တည်း မှာပင် ယန်းဖန်နှင့် ချန်းအင် တို့၏ တိုက်ပွဲ၌၊ ရလဒ် တစ်ခု ထွက်ပေါ် လာခဲ့ သည်။
“ လေးနှစ်ကြာ ပြီးတာတောင်၊ မင်း ဒီလောက် အားနည်း နေလိမ့် ဦး မယ်လို့ ငါ မထင် ထားမိဘူး၊ ထွက်သွား ... အမှိုက် တစ်စ ကို သတ်ဖို့ ငါ စိတ်မဝင် စားဘူး၊ ငါ့ အချိန် တွေ ဖြုန်းတီးခြင်း အတွက်တော့ ဒီလက်ဝါးကို ယူ ... ။ ”
ချင်းအန်က ယန်းဖန် မျက်နှာကို ကြမ်းတမ်းစွာ ရိုတ်ချ လိုက်၏။ ယင်းကြောင့် မတ်တပ် ထရပ် လာသော ယန်းဖန်မှာ၊ သွေး အန်လျက်၊ နံရံသို့ ထပ်မံ လွင့်စင် သွားသည်။
ပါးရိုက် ခံလိုက်ရ ခြင်းကြောင့်၊ နှလုံးသား ထဲ၌ အရှက် တရားများ ပေါက်ကွဲ လာပြီး၊ ချင်းအန်အား နာကြည်းစွာ မော့ကြည့် လိုက်၏။
သို့သော် ချင်းအန်က သူ့အား၊ အသိ အမှတ်ပင် မပြု တော့ချေ။ ကျောက်စာတိုင် ပေါ်ရှိ မျောနေသော ဓားကို၊ မော့ကြည့် လိုက် သည်။
( မင်း နောင်တရ လိမ့်မယ်။ )
ယန်းဖန်က နာကျည်းစွာ စိတ်ထဲမှ ကျိန်ဆဲ လိုက်ပြီး၊ လှမ်းထွက် သွားတော့၏။
“ ဘာလို့ သူ့ကို အသက် ရှင်ခွင့် ပေးလိုက် တာလဲ၊ မင်း သူ့ကို သတ်ပစ် သင့်တယ်။ ”
ပျောက်ကွယ် သွားသော ယန်းဖန် နောက်ကျောကို ကြည့်ကာ၊ ပီယွဲ့က ဆိုသည်။
“ ကိစ္စ မရှိ ပါဘူး။ ”
ချင်းအန်က ပြုံးကာ တုန့် ပြန်လိုက်ပြီး၊ ‘နှင်း လမင်း’ ဟု ရေးထွင်း ထားသော ဓားမြှောင် ကို၊ ခုန်ဝဲ သိမ်းယူ လိုက်လေသည်။
ဓားကို ဆွဲထုတ် လိုက်ချိန်၌၊ အဖြူရောင် ရေခဲ မြူများ တဖျစ်ဖျစ် မြည်သံ ပြုကာ၊ ချက်ချင်း သိုင်းဖွဲ့ လာ၏။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ ဓားလဲ။ ”
ချင်းအန်က ပြန် မသိမ်းမီ၊ ဓားအား ကျေနပ်စွာ စိုက်ကြည့် ရေရွတ် လိုက်သည်။
***