← Chapters

အချိန်ကို ဆန့်ကျင်၍။

Vol. 44 Ch. 612

အချိန်ကို ဆန့်ကျင်၍။

Vol. 44 Ch. 612

“ လူ တချို့ကို ထုတ်ပစ်ဖို့ အချိန် တန်ပြီ။ ”

ဓားကို ရုတ်သိမ်း ပြီးနောက်၊ ချင်းအန်က ဆိုသည်။ ပီယွဲ့က ခေါင်းညိတ်ကာ၊

“ ငါတို့ ဘယ်သူနဲ့ ‘စ’ မလဲ။ ”

“ ရှား ယွင် ရှောင် ...။ ”

ပီယွဲ့က မထီ တရီ ဟန်ဖြင့်၊ ပြန်ဖြေ လိုက်၏။

“ ငါ မှာလည်း တူညီတဲ့ အတွေး အမြင် ရှိတယ်၊ ရှားယွင်ရှောင်က ဂျီဝူယီနဲ့ ရန်ကောင်း တို့ထက် အားနည်းတယ်၊ သူ့ရဲ့ ရှန်ရှင်း ဓားက လွဲလို့၊ သိပ် စိတ်ပူ စရာ မရှိ ပါဘူး။ ”

-ဟု ချင်းအန်က ပြုံးကာ ဆိုသည်။

“ ဂျီဝူယီနဲ့ ရန်ကောင်းက တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေး ကောင်းတာ မဟုတ် ဘူး၊ အချင်းချင်း တွေ့ရင်တောင် တိုက်ခိုက် ကြမှာ သေချာတယ်၊ ... ”

“ ... ဒါကြောင့် ရှားယွင်ရှောင်ကို အရင်ဆုံး တိုက်ခိုက် ရအောင်၊ တခြား သူတွေ အနေ နဲ့တော့ အဋ္ဌမ အဆင့် ရောက်လာ ဖို့တောင် လွယ်မယ် မထင်ဘူး။ ”

အားလုံး အဆင်ပြေ သွားပါက၊ သူတို့ နှစ်ယောက် လုံးမှာ၊ နဝမ အဆင့်သို့၊ ချောမွေ့စွာ ဝင်ရောက် နိုင်ပေမည်။

ထိုအချိန်၌ အင်ပါ ရီယန် အမွေ အနှစ်နှင့် ကြယ်ပုလဲ အားလုံးကို သူတို့ ရရှိ နိုင်၏။ မဆိုင်း မတွဘဲ သတ္တမ အဆင့်သို့၊ အတူ ထွက်ခွာ လာခဲ့ ကြသည်။

“ သွား ကြ စို့။ ”

မြောက်ပင်လယ် နယ်နိ မိတ်တွင်၊ ဂိုရှုနှင့် ယန်းဖန် ထွက်ပေါ် လာချိန်၌၊ လူအုပ် ကြီးမှာ၊ ရုန်းရင်း ဆန်ခတ် ဖြစ်ကုန်၏။

၎င်းတို့ နှစ်ဦးကို ဖယ်ရှား ပြီးနောက်၊ အင်ပါရီယန် သင်္ချိုင်း ဂူတွင်၊ လူ ဆယ်ဦး ခန့်သာ ကျန်ရှိပေ တော့မည်။

“ မင်းကို ဘယ်သူ ထုတ်လိုက် တာလဲ။ ”

မိုးကြိုး မီးလျှံ ဂိုဏ်းသို့ ပြန်ရောက် ချိန်၌၊ အကြီး အကဲ များမှာ၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား ၏။ ဂိုရှု ဒဏ်ရာ များက၊ ကြောက်စရာ ကောင်းလွန်း ခေျသည်။

“ ဒါ ... ရှား ယွင် ရှောင် လား။ ”

ပြတ်ရှရာ များကို မြင်သည်နှင့်၊ အကြီး အကဲ တစ်ဦးက ရှားယွင်းရှောင်နှင့် ချက်ချင်း ချိတ်ဆက် ခဲ့သည်။

နောက်ဆုံးတွင်၊ ဂိုရှုကို ဤသို့ ဓား ဒဏ်ရာမျိုး ပေးနိုင် သူမှာ၊ ထိုလူမှ လွဲ၍ အခြား သူ မရှိ နိုင်ချေ။

ထိုစကား ကြောင့်၊ ဂိုရှုမှာ ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက်၏။ သူ့ကို အနိုင်ယူ ခဲ့သူမှာ၊ ရှားယွင်ရှောင်သာ ဆိုပါလျှင်၊ ဤမျှ နာကြည်း နေမည် မဟုတ်ချေ။

“ ဟင့် အင်း ... ၊ သူ မဟုတ် ပါဘူး။ ”

လင်းယွန်၏ နာမည်ကို ထုတ်ဖော် တော့မည့် အချိန် မှာပင်၊ ဘိုင်လိရွှမ် သတိ ပေးချက်အား၊ ရုတ်တရက် ပြန်သတိ ရလာပြီး ခေါင်းယမ်း လိုက်သည်။

ထို့အပြင် သူ့အနေဖြင့် တိမ်နဂါး အဆင့် သတ်မှတ်ချက် ပြင်ပမှ၊ တစ်စုံ တစ်ဦး ထံ၌ ရှုံးနိမ့် ခဲ့ကြောင်း ကိုလည်း၊ ထုတ်ဖော် ပြောဆို လိုခြင်း မရှိပေ။

ဂိုရှုနှင့် ယန်းဖန် တို့ကို တွေ့မြင် လာပြီးနောက်၊ ဂိုဏ်း အသီးသီးမှ အကြီးအကဲ များမှာ၊ အချင်းချင်း ဆွေးနွေး လာကြသည်။

ယင်းထက် အင်ပါရီယန် သင်္ချိုင်း အတွင်းတွင် ကျန်ရစ် ခဲ့သူ များမှာ၊ သတ္တမ စမ်းသပ် မှုကို ဖြတ်ကျော် သွားပြီဟု ဆိုလို ချေသည်။

“ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခု လောက်က၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို အင်ပါရီယန် တစ်ယောက် ဖြတ်သန်း သွားဖူး တယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က ကျွမ်းကျင် ပညာရှင် တွေက သူ့ကို တိုက်ခိုက်ဖို့ သတ္တိတောင် မရှိ ခဲ့ဘူး။ ”

“ စမ်းသပ်မှု နှစ်ခုပဲ ကျန်တော့တယ်၊ ဘယ်သူက နောက်ဆုံး ရပ်တည်နိုင် မလဲလို့ တွေးမိတယ်။ ”

“ ဖြစ်နိုင် တာကတော့ ... ဂျီဝူယီ ဒါမှ မဟုတ် ရန်ကောင်း၊ ဒီနတ်ဆိုး နှစ်ပါး ထဲက တစ်ပါး ပါးပါပဲ။ ”

“ ချင်းအန်၊ ပီယွဲ့နဲ့ ရှားယွင်ရှောင် လည်း အထဲမှာ ရှိသေးတယ်၊ သူတို့ အားလုံးက ပြင်ပ အဆင့်ရဲ့၊ ထိပ်ဆုံး ဆယ်ဦး အဆင့်ဝင် တွေပါ။ ”

“ နေဦး ... သူတော်စင် ခန္ဓာကိုယ် ပိုင်ထား တဲ့၊ တိမ်ယံ သုံးဆင့် ဂိုဏ်းက ဘိုင်လိရွှမ် လည်း ရှိတယ်၊ ကြည့်ရတာ သူ့ နာမည်ကို၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ တည်ဆောက် ယူချင် နေပုံပဲ။ ”

“ သူက လွဲပြီး၊ ထပ် မရှိ တော့ဖူး မဟုတ် လား။ ”

“ ရှိတယ်၊ ပန်းသင်္ချိုင်း ဓားသမား လင်းယွန် ရှိသေးတယ်၊ သူက မြောက်ပိုင်း နှင်းစံအိမ်က ဆောင်းကျန်ကို အနိုင်ယူ ခဲ့တဲ့ သူပဲ၊ အင်ပါရီယန် သင်္ချိုင်း ထဲမှာ လန်းဟွာယုကို သတ်ပြီး၊ ဂျီဝူယီ ကိုတောင် ရင်ဆိုင် ရဲတယ်။ ”

“ ဒါ အမှန်လား၊ မင်း ချဲ့ကား နေတာတော့ မဟုတ် ဖူး မလား။ ”

အထူး သဖြင့် ဘိုင်လိရွှမ်နှင့် လင်းယွန် တို့ကို၊ သတိရ သွားပြီးနောက်၊ လူအုပ်ကြီးမှာ ဆူညံ လာသည်။

ပြီးခဲ့သော နှစ်များ၌၊ စီရင်စု ကိုးခုတွင် ပါရမီရှင် များစွာ ထွက်ပေါ် လာပြီး၊ တိမ်နဂါး များကို စိန်ခေါ် နိုင်သည့်၊ လူငယ်များ ထွက်ပေါ် လာခဲ့ သည်။

တိုက်ဆိုင် စွာပင်၊ သွေးစွန်း နေသော ဧည့်ခံပွဲမှာ၊ ယခု နှစ်၌ ပြန်လည် စတင်မည် ဖြစ်၏။

ထို့ကြောင့် အင်ပါရီယန် သင်္ချိုင်းမှာ၊ ၎င်းတို့ အတွက် အခွင့် အရေး တစ်ရပ် ဖြစ်ချေ သည်။။

ကောင်းကင် ပြည်နယ် အကယ် ဒမီမှ သူများ အတွက်မူ၊ လင်းယွန်မှာ သူတို့၏ တပည့် မဟုတ် သော်လည်း၊ ဧည့် သင်းထောက် တစ်ဦး အဖြစ် ရှိနေဆဲ ပေပင်။

ထို့ကြောင့် အကယ်ဒမီမှ လူတိုင်းက၊ ရင်ခုန် လာမိ ကြသည်။

လင်းယွန် သည်သာ ကိုးကြိမ်မြောက် စမ်းသပ် မှုကို ဖြတ်ကျော် နိုင်ခဲ့ ပါက၊ အကယ်ဒမီ နာမည်မှာ၊ တဟုန်ထိုး တောက်ပ သွား ပေမည်။

တိမ်ယံ သုံးဆင့် ဂိုဏ်းမှ၊ အကြီး အကဲများ အတွက်မူ၊ ရှားယွင်ရှောင်နှင့် ဘိုင်လိရွှမ်တို့ နှစ်ဦးလုံး၊ ထွက်မလာ ကြသေးသည့် အတွက်၊ စိတ်လှုပ်ရှား နေသည်။

ဤနေရာရှိ ဂိုဏ်းများ အနက်၊ သူတို့၏ တိမ်ယံ သုံးဆင့် ဂိုဏ်းသည်သာ ဤသို့သော ဂုဏ် ကျက်သရေမျိုး ရှိနေ ချေ၏။

သို့သော် ထိုအခိုက် အတန့်တွင်၊ အပြာရောင် ၀တ်ရုံကို ဆင်မြန်း ထားသော၊ ပုံရိပ် တစ်ရိပ် မြေပြင် ပေါ်သို့၊ ဖြည်းညှင်းစွာ ဆင်းသက် လာ သည်။

ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ဒဏ်ရာများ ဖုံးလွှမ်း နေသော သူ့ အသွင် အပြင်ကြောင့်၊ မြင် သူတိုင်း ထိတ်လန့် သွားကုန်သည်။

၎င်းမှာ ပြင်ပ အဆင့် (၇)၌၊ ရပ်တည် ထားနိုင်သော ရှားယွင်ရှောင် ဖြစ်၏။

“ သူ ... သူ့ကို ...၊ ဘယ်သူ ဖယ်ထုတ် လိုက် တာလဲ။ ”

“ ဒါက အဓိပ္ပာယ် မရှိဘူး၊ သူ့ ခွန်အားနဲ့ နဝမ အဆင့် စမ်းသပ် မှုကို၊ ဖြတ်ကျော် နိုင် သင့်တယ် ...။ ”

“ ဟုတ်တယ် ...၊ အဲဒါက အဓိပ္ပာယ် မရှိဘူး၊ ရှားယွင်ရှောင်သာ နဝမ အဆင့် စမ်းသပ် မှုကို မအောင်မြင် ဖူး ဆိုရင်၊ ဘယ်သူများ အောင်မြင် နိုင်မှာလဲ၊ နောက်ဆုံးတော့ သူ့ရဲ့ ရှန်ရှင်း ဓားက အလယ် အလတ် ကျွမ်းကျင်မှု မှာ မဟုတ်လား။ ”

“ သူ့ ဒဏ်ရာကို ကြည့်ရတာ၊ တစ်ယောက်ယောက် လက်မှာ၊ ရှုံးနိမ့် ခဲ့ပုံ ရတယ်၊ မဟုတ်ရင် သူ ဒီလောက် ဒဏ်ရာ ရမယ် မထင် ဘူး။ ”

ရှားယွင်ရှောင် ထွက်ပေါ် လာမှုမှာ၊ ကြီးမားသော ရုန်းရင်း ဆန်ခတ်ခြင်းများ ဖြစ်စေ ခဲ့၏။

ဆိုလို သည်မှာ ခွန်အား အရာ၌၊ ဂျီဝူယီ သို့မဟုတ် ရန်ကောင်း တို့အား၊ အနိုင် ယူရန် အခွင့်အရေး အနည်းဆုံး (၄၀%) ရှိသည်။

ထို့ကြောင့် နောက်ဆုံး အထိ ရပ်တည် နိုင်လိမ့် မည်ဟု၊ လူများ စွာက အကောင်း မြင်ခဲ့ ကြသော ကြောင့်၊ အလွန် တုန်လှုပ် သွားမိခြင်း ဖြစ်သည်။

ရှားယွင်ရှောင် ကဲ့သို့ တစ်စုံ တစ်ယောက်အား ဖယ်ရှား ပစ်နိုင်သော၊ အဖြစ် အပျက် တစ်စုံ တစ်ရာ၊ ရှိခဲ့ မည်ကို ချက်ခြင်း သဘောပေါက် မိကုန်၏။

သူတို့ အတွေးများ ထဲ၌၊ ဂျီဝူယီ သို့မဟုတ် ရန်ကောင်းမှ ဖယ်ထုတ် လိုက်ခြင်း ဖြစ်မည်ဟု ယူဆ မိလေသည်။

အခြား တစ်ဖက်တွင်၊ အဋ္ဌမ အဆင့်အား ဖြတ်ကျော် ပြီးနောက်၊ ပင်ပန်း နွမ်းနယ်မှုများ တိုးလာကာ၊ လင်းယွန် မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွား၏။

အဋ္ဌမမြောက် စမ်းသပ် မှုမှာ၊ သူ ထင်ထား သည်ထက် ပို၍ ပြင်းထန် လေသည်။ ရုပ်သေး ရှစ်ကောင် ပူးပေါင်း တိုက်စစ်မှာ၊ ဟာကွက် မရှိအောင် ပြည့်စုံ လုနီးပါး ဖြစ်၏။

သို့သော် ကံကောင်း ထောက်မ စွာဖြင့်၊ ဓားသမား များ၏ အမြင်ကို အချိန် အကြာကြီး၊ မဖုံးကွယ် ထားနိုင်ချေ။

၎င်းတို့အား အမှား လုပ်မိ စေရန်၊ အတင်း အကြပ် ဖိအား ပေးပြီးနောက်၊ အခွင့်အရေးအား အမိအရ ဆုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။

ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ အပြည့် အ၀ ကျွမ်းကျင် ထားသော်လည်း၊ ပန်းသင်္ချိုင်းဓား မဆွဲ နိုင်သည့် အတွက်၊ မလွယ်ကူ ခဲ့ချေ။

တစ်ဖက်တွင် အဋ္ဌမ အဆင့်သို့၊ ပထမ ဦးစွာ ဖြတ်ကျော် လာနိုင်သူ အဖြစ်လည်း မှန်းဆ နိုင်၏။

အခြား သူများ အနေဖြင့်၊ သတ္တမ အဆင့်ကို အလေး အနက်ထား ရှာဖွေ နေကြ လိမ့်မည်ဟု ယုံကြည် သည်။

သူ့ အတွက်မူ ဆက်နေရန် စိတ်မ၀င် စားခဲ့ချေ။ သတ္တမ အဆင့်ကို အောင်မြင် ပြီးနောက်၊ အဋ္ဌမ အဆင့် ဆီသို့၊ ချက်ချင်း ပြေးဝင် လာခြင်း ဖြစ်သည်။

ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ အပြည့် အဝ ကျွမ်းကျင် ထားခြင်း မရှိ ပါက၊ ဤမျှ လျင်မြန်စွာ ဖြတ်ကျော် နိုင်မည် မဟုတ်ချေ။

“ လူတိုင်းထက် ရှေ့ကို ရောက် နေပြီ၊ ငါ့မှာ အချိန် တစ်ခုတော့ ရှိသင့်တယ်။ ”

ယခု အချိန်၌ သူ့တွင်၊ ရွေးချယ် စရာ သုံးခု ရှိ၏။ ပထမ နှစ်ခုမှာ၊ အဋ္ဌမ အဆင့်ကို ရှာဖွေရန် နှင့်၊ နဝမ အဆင့်သို့ ဦးတည်ရန် ဖြစ်သည်။

တတိယ ရွေးချယ်မှု အတွက်မူ၊ တိုက်ပွဲဝင် စွမ်းရည် တိုးမြင့် စေရန် အတွက်၊ မိုးပြာ နဂါး မူလ ပုံစံကို လေ့ကျင့် နိုင်၏။

အခြားသူ တစ်ဦး တစ်ယောက် အတွက်သာ ဆိုပါက၊ ဤသို့ ရွေးချယ် ရမည် ဆိုပါလျှင်၊ အကျပ်ရိုက် သွားပေ လိမ့်မည်။

သို့သော် လင်းယွန်မှာ ပြတ်ပြတ် သားသား ဆုံးဖြတ် နိုင်၏။ နောက်ဆုံးတွင် ကြယ်ပုလဲ သည်သာ၊ သူ၏ တစ်ခု တည်းသော ပစ်မှတ် ဖြစ်ချေသည်။

အတွင်း အဆင့်၌ ရှိသော တိမ်နဂါး များမှာ၊ ယင်-ယန် အဆင့်သို့ မတက် ရောက်ခင်၊ သိုင်းဝိညာဉ် များကို နက်နဲ အဌမ အဆင့် အထိ၊ တိုးမြှင့် ထားနိုင်၏။

“ ကဲ ... ကြည့်ရအောင်။ ”

လျှို့ဝှက်သော အခန်း တစ်ခန်းကို၊ တွေ့ရှိ သည်နှင့်၊ ကျောက်စိမ်း တုံးကို ထုတ်ယူကာ၊ အချက် အလက် များကို ဖမ်းယူ မိသည်။

ကျောက်စိမ်း တုံးမှာ လျှပ်စီးများ လက်လာပြီး၊ နဂါး တစ်ကောင် ထွက်ပေါ် လာ၏။ တစ်ချက်ကြည့် လိုက်ရုံဖြင့်၊ ယင်းမှာ သာမန် မဟုတ်ကြောင်း၊ မည်သူ မဆို ပြောနိုင် သည်။

လက်ရှိ နည်းစနစ်မှာ မိုးပြာ နဂါး ပညာ ရပ်၏၊ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် တစ်ခု မျှသာ ဖြစ်ကြောင်း၊ မှတ်တမ်းတင် ထားသည်။

မိုးပြာ နဂါး ပညာ ရပ်တွင် ဓားသုတ္တန်နှင့် လျှို့ဝှက် နည်းစနစ် များသာ မက၊ လှုပ်ရှားမှု နည်းစနစ်၊ လက်သီး နည်းစနစ်၊ ရွေ့လျားမှု နည်းစနစ်တို့၊ ပါရှိ လေသည်။

ရွှေခေတ် ၌ပင်၊ ပြီးပြည့် စုံသော ပညာရပ် တစ်ရပ် ဖြစ်ချေ၏။ ၎င်းတို့ အနက် တစ်ခု ကိုသာ၊ အထွတ် အထိပ်သို့ ဆောင်ကျဉ်း နိုင်ခဲ့ သော်၊ တောင်ပိုင် ရှေးဟောင်း နယ်မြေရှိ လူတိုင်းအား လျစ်လျူရှု နိုင်မည် ဖြစ်သည်။

မြေကြီး အဆင့် နည်းစနစ် တစ်ရပ် အပေါ်၊ အလျင်စလို မလုပ်ဆောင် သင့််ကြောင်း သူ သိ၏။ သို့သော် သူ့တွင် ရွေးချယ်စရာ များစွာ မရှိချေ။

နဝမ အဆင့်တွင် လွယ်ကူမည် မဟုတ် ကြောင်းနှင့်၊ ခက်ခဲသော တိုက်ပွဲ တစ်ရပ် ရှိလာ နိုင်မည်ဟု၊ ခန့်မှန်း နိုင်သည်။

ဂျီဝူယီနှင့် ရန်ကောင်း တို့အား၊ ဤ အဆင့်၌ တွေ့ဆုံ နိုင်ချေ ရှိ၏။ ထို့ကြောင့် လောင်းကြေးထပ် လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံး အနေဖြင့် အောင်မြင် ခဲ့မည် ဆိုပါလျှင်၊ ကြီးကျယ်သော အောင်ပွဲ တစ်ရပ် ဖြစ်လာ ပေမည်။

တစ်ချိန်တည်း မှာပင် ဂျီဝူယီ၊ ရန်ကောင်း၊ ချင်းအန်၊ ပီယွဲ့နှင့် ဘိုင်လိရွှမ်တို့ သည်လည်း၊ သူတို့၏ အဋ္ဌမ အကြိမ်မြောက် စမ်းသပ်မှုကို စတင် ခဲ့ကြ လေသည်။

***

All Chapters