← Chapters

မိုးပြာ နဂါး သွေးအဆီ အနှစ်။

Vol. 44 Ch. 613

မိုးပြာ နဂါး သွေးအဆီ အနှစ်။

Vol. 44 Ch. 613

မိုးပြာ နဂါး မူလ ပုံစံမှာ၊ လေနှင့် လျှပ်စီး သဘာဝ ဂုဏ်သတ္တိ များဖြင့်၊ သန့်စင် ရသော အလယ် အလတ် မြေကြီး အဆင့် နည်းစနစ် တစ်ရပ် ဖြစ်သည်။

ထို့ကြောင့် ၎င်းကို သင်ယူရန် အတွက်၊ လေနှင့် လျှပ်စီးတွင် နားလည်မှု အချို့ လိုအပ် ချေ၏။

သို့မဟုတ် ပါက ပထမ အဆင့် နှစ်ဆင့်ကို နှစ်နာရီ အတွင်း အပြီး သတ်ရန် မဖြစ် နိုင်ပေ။

ခန္ဓာကိုယ် သန့်စင်သော နည်းစနစ် တစ်ရပ် ဖြစ်သည့် အတွက်၊ သူ့တွင် ယုံကြည်မှု အနည်းငယ် ရှိသည်။

ရှန်ရှင်း နယ်မြေ၌ ရှိနေစဉ်၊ မိုးကြိုး လျှပ်စီး ခန္ဓာ ကိုယ်နှင့်၊ ဒရာကိုဖီ ခန္ဓာကိုယ်ကို လေ့ကျင့် ခဲ့သည်။

ထို့အပြင် နောက်ဆုံးတွင်၊ အဆင့် ခြောက်ဆင့်သာ ရှိသော ဒရာကိုဖီ နည်းစနစ်၏၊ ကန့်သတ် ချက်ကို ကျော်ဖြတ်ကာ၊ မကြုံ စဖူး သတ္တမ အဆင့်သို့၊ ရောက်ရှိ ခဲ့သည်။

လျှပ်စီး စွမ်းအင် အပေါ် နားလည်မှု များအရ၊ ဂိုရှုထက် သာလွန်ပြီး၊ ရုပ်ခန္ဓာ သည်လည်း၊ ပို၍ သန်စွမ်း ချေ၏။

“ သူတောင် ကျင့်ကြံ နိုင်ရင်၊ ငါလည်း လုပ်နိုင် ရလိမ့်မယ်၊ ပြီးတော့ ငါရဲ့ ရုပ်ခန္ဓာ မျိုးက၊ သူပြိုင် နိုင်တဲ့ အရာ မဟုတ်ဘူး။ ”

မဆိုင်း မတွ ဆုံးဖြတ်ချက် ချကာ၊ ကျောက်စိမ်း တုံးကို သူ့ နဖူးပေါ် တင်လိုက်၏။ စိတ် ထဲသို့ အကန့် အသတ် မဲ့သော အချက် အလက်များ စီးဝင် လာသည်။

ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် မျှသာ ဖြစ်သော်လည်း၊ ရှုပ်ထွေး မှုမှာ သူ့ စိတ်ကူးကို ကျော်လွန် သွားခဲ့၏။

ရွှေခေတ်တွင် မိုပြာ နဂါးဟု ခေါ်သော၊ နဂါး တစ်ကောင်၏ သွေး အဆီ အနှစ်များ ပိုင်ဆိုင် ခဲ့ဖူး ကြသည်။

မိုးပြာ နဂါး မျိုးမှာ၊ သက်ပြင်း တစ်ချက် ဖြင့်ပင် လူကို သေစေ နိုင်သည် အထိ၊ သန်မာ ရက်စက် ချေ၏။

မိုးပြာ နဂါး မူလ ပုံစံတွင်၊ အဆင့် (၁၁) ဆင့် ရှိပြီး၊ ၎င်း၏ ပထမ အဆင့် နှစ်ဆင့်မှာ၊ အခြေခံ အုတ်မြစ် ဖြစ်သည်။

ပထမ အဆင့်တွင်၊ မိုးပြာ နဂါး၏၊ ဒေါသ စွမ်းအင် ဖြစ်သော လေနှင့် လျှပ်စီးကြောင်း များကို လေ့လာ ရမည် ဖြစ်၏။

သို့မှသာ ရုပ်ခန္ဓာကို ပြောင်းလဲ ရာ၌၊ အကူ အညီ ရမည် ဖြစ်သည်။ ဒုတိယ အဆင့် အနေဖြင့်၊ လေနှင့် လျှပ်စီး စွမ်းအင်ကို သန့်စင် ရချေ မည်။

ဒုတိယ အဆင့် ပြီးသော အခါ၊ မိုပြာ နဂါး မူလ ပုံစံ၏ လျှို့ဝှက် နည်းစနစ်အား၊ အသုံးပြု နိုင်၏။

ထိုအချိန်တွင် သူ့ လက်သီး၌ လေနှင့် လျှပ်စီး စွမ်းအင်များ ပါရှိ နိုင်ချေ သည်။

“ ဒါက ... ဆေးကြိုအိုး တစ်လုံး ခွန်အား နဲ့တောင်၊ သူတော်စင် ဂီတ သံတွေ ရရှိ နိုင်မယ် ထင်တယ် ... ။ ”

လေးလေး နက်နက် ရေရွတ် လိုက်သည်။ အကယ်၍ ဤအဆင့်သို့ ရောက်ရှိ ပြီးနောက်၊ လျှပ်စီး စွမ်းအင်များ မပါဝင် ခဲ့ လျှင်ပင်၊ ရုပ်ခန္ဓာ မှာ တုန်လှုပ် ချောက်ချားဖွယ်၊ ကောင်း လာပေ မည်။

လျှပ်စီး စွမ်းအင်နှင့် ပတ်သတ်ပြီး၊ ထူးခြားသော နားလည် မှုများ ရှိပါက၊ ၎င်းကို နားလည်မှု ရရန် လွယ်ကူ ပေသည်။

“ ငါ အဲဒါကို စမ်းကြည့်ဖို့ လိုတယ်။ ”

လင်းယွန်က ကျောက်စိမ်း တုံးကို၊ သူ့ရှေ့ တွင် ပျံဝဲ စေပြီး၊ တင်ပျဉ်ခွေ ချိတ်ထိုင်ကာ၊ ကျောက်စိမ်းတုံး အတွင်းမှ ထွက်လာသော နဂါးကို ကြည့်လိုက်၏။

ခရမ်းရောင် နဂါး ကြီးတွင် ဆိုးရွားသော အငွေ့ အသက်များ ပြည့်နှက် နေပြီး၊ ရက်စက် ကြမ်းကြုတ်သည့် အသွင်ကို ပြသလာ လေ သည်။

ထိုကြောက်မက်ဖွယ် ကောင်းသော နဂါး အငွေ့ အသက်မှာ၊ သူ့စိတ် အာရုံကို လာရောက် ဆုပ်ကိုင် ၏။

သူ့ နေရာ၌ စိတ်ဝိညာဉ် အားနည်းသော မည်သူ မဆို၊ အလွယ် တကူ နစ်မွန်း သွားမည် ဖြစ်သည်။

လင်းယွန် အတွက်မူ၊ စိတ်ဝိညာဉ် နန်းတော်တွင် ဝိညာဉ် အမှတ် အသားကို သန့်စင် ထားနိုင် သောကြောင့်၊ အလွယ် တကူ တွန်းထုတ် နိုင်၏။

ဂိုရှု သာ ဆိုပါက၊ နဂါး အရှိန် အဝါ သက်ရောက် မှုကို၊ ခံနိုင်ရည် ရှိနိုင်မည် မဟုတ် ချေ။

လေနှင့် လျှပ်စီး စွမ်းအင် များကို ဦးစွာ၊ စုပ်ယူ စုဆောင်း လိုက်ပြီး၊ ဓား သုတ္တန်အား ဖြန့်ကျက် လိုက်သည်။

စက္ကန့်ပိုင်း အတွင်း မှာပင်၊ သူ့ ခန္ဓာ တစ်ခုလုံး မီးတောင်ကြီး တစ်လုံး ကဲ့သို့၊ ပူလောင် ကျွတ်ရွ လာ၏။

ခန္ဓာကိုယ် အတွင်း၌၊ ဒေါသ တကြီး ရုန်းကန် နေသော၊ ဒရာကိုဖီ စွမ်းအင်ကြောင့်၊ မျက်နှာ ပြောင်းလဲ သွားသည်။

အံ့သြ စရာ ကောင်းသည်မှာ၊ ပထမ အဆင့်က သူ ထင်ထား သည်ထက် ပိုလွယ် ပေ၏။

လေနှင့် လျှပ်စီး တို့ ဖြစ်ပေါ် လာချိန်၌၊ ခွန်အားများ မြင့်တက် လာပြီး၊ သက်တောင့် သက်သာ ခံစား ချက်များ၊ ဝင်ရောက် လာသည်။

ဒရာကိုဖီ စွမ်းအင်၏ ဒေါသမှာ၊ မိုးပြာ နဂါး ထက် များစွာ အားနည်း ချေ၏။ ထို့ကြောင့် လေနှင့် လျှပ်စီးကို ထိန်းချုပ် ရာ၌၊ များစွာ စိတ် လှုပ်ရှား လာသည်။

ဓားသုတ္တန်ကို ဖြန့်ကျက်ပြီး၊ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ် တိုင်း၌ လေနှင့် လျှပ်စီးအား လောင်းထည့် လိုက်၏။

အချိန်များ တရွေ့ရွေ့ ကုန်လာပြီး၊ မျက်စိတစ်မှိတ် အတွင်း လေးနာရီ ကုန်လွန် သွားလေပြီ။

ဆံပင်များ လေ ထဲတွင် တဖျပ်ဖျပ် လွင့်လာပြီး၊ ခရမ်းရောင် လျှပ်စီးကြောင်း များက၊ အရေပြား ပေါ်၌၊ တောက်လောင် လာ၏။

အရေ ပြားများ အက်ကွဲ သွားပြီး၊ ကောင်းကင်ဘုံ ကိုးပါးမှ ထွက်လာသည့် လျှပ်စီး များ ကဲ့သို့ ပြင်းစွာ မြည်ကြွေး နေလေပြီ။

မျက်လုံး ပြန်ဖွင့်လိုက် ချိန်၌၊ စိတ် စွမ်းအင်များ တိုးပွား သောကြောင့်၊ အလင်း ရောင်များ တောက်ပ နေ၏။

ရုတ်တရက် ထရပ်ကာ လက်သီးဖြင့်၊ လေထုထဲ ထိုးချ လိုက်သည်။

“ မိုးပြာ နဂါး မူလ ပုံစံ- ပုံစံငယ်။ ”

ဤအခန်း အတွင်း ဆေးကြိုအိုး သုံးဆယ်၏၊ အစွမ်း သတ္တိများ ပေါက်ကွဲ သွားကာ၊ တဝုန်းဝုန်း မြည်ဟည်း ပဲ့တင် နေချေသည်။

ထိုလှိုင်း များကြောင့် အတွင်း ဒဏ်ရာ အနည်းငယ် ရရှိ လာပြီး၊ သွေး တစ်လုတ် အန်ချ လိုက်ရ၏။

စက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ ကမ္ဘာကြီး တစ်ခုလုံး ချာချာ လည်နေပြီး အာရုံ ခြောက်ပါး မှ၊ လွတ်မြောက် သွား သကဲ့သို့၊ လွင့်မေျာ သွားသည်။

အချိန် အတော် ကြာ ပြီးနောက် သူ့ အာရုံများ ပြန်လည် ကောင်းမွန် လာ၏။ နှုတ်ခမ်းမှ သွေးစ များကို၊ ပြုံးလျက် သုတ်ယူ လိုက်ကာ၊

“ ဒါက သူတော်စင် ဂီတရဲ့ စွမ်းအားပဲ။ ”

အခန်း အတွင်း၌ အချိန် အတော်ကြာ သည့်တိုင်၊ ခရမ်းရောင် စွမ်းအင် အတက် အကျ လှိုင်းများ ‘ထ’ နေသည်။

အချင်းချင်း ထိပ်တိုက် တွေ့ဆုံ လိုက်ကြသော အခါ၊ မီးပွားများ ပွင့်ထွက် သွားသည်။

“ မိုးပြာ နဂါး မူလ ပုံစံက၊ တကယ့်ကို ကြောက်စရာ ကောင်းတာပဲ။ ”

မယုံကြည် နိုင်ဟန်ဖြင့်၊ ရေရွတ် လိုက်သည်။ ယင်းမှာ အုတ်မြစ် ချခြင်း အဆင့် ၌သာ ရှိနေဆဲ ဖြစ်သော်လည်း၊ စွမ်အား အရ ထိတ်လန့်ဖွယ် ကောင်းချေ ၏။

မူလ ပုံစံသို့ ရောက်ရှိ ပြီးနောက်၊ မည်မျှ အစွမ်းထက် လာမည်ကို မှန်းဆ ခြင်းငှာ မစွမ်း ချေ။

သို့သော် ထိုအဆင့်မှာ၊ လွယ်ကူခြင်း မရှိ သည်ကို သူ သိ၏။ နောက်ဆုံးတွင် ပထမ အဆင့် နှစ်ဆင့်ကို ပြီးမြောက်ရန်၊ ဒရာကိုဖီ ခန္ဓာ ကိုယ်အား အခြေခံ အုတ်မြစ် အဖြစ်၊ အသုံးပြု ခဲ့ရ သည်။

တတိယ အဆင့်မှာ အစ မျှသာ ဖြစ်သော်လည်း၊ လင်းယွန် အတွက် လုံလောက် သွားလေပြီ။ ဤအသွင် ကူးပြောင်း မှုမှာ၊ သူ့အား ယုံကြည် မှုကို တိုးစေ၏။

အလယ် အလတ် ယန် အဆင့်၊ ပိတ်ဆို့ မှုများ ပြေလျော့ သွားပြီး၊ အချိန် မရွေး ဖြတ်ကျော် နိုင်တော့ မည်ကို၊ သူ ခံစား နိုင်သည်။

ယခု အချိန်၌ ပြိုင်ဘက် တိုင်းကို၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည် ၏။

၎င်းကို မိုးပြာ နဂါး မူလ ပုံစံ၊ သေမင်း လက်သီး ခုနစ် ချက်နှင့်၊ ပန်းသင်္ချိုင်း ဓားတို့က သက်သေ ပြနိုင် ပေလိမ့်မည်။

“ သွားဖို့ အချိန် တန်ပြီ။ ”

လေး နာရီကျော် ကုန်လွန် သွားပြီး ဖြစ်ရာ၊ အဋ္ဌမ စမ်းသပ် မှုကို အောင်မြင် သူများ ရှိလာ တော့မည် ဖြစ်သည်။

အဋ္ဌမ အဆင့်တွင် ဝင်္ကပါ ကဲ့သို့၊ လိုဏ်ခေါင်း များစွာ ရှိ၏။ လမ်း တစ်လျှောက် အခန်း များဖြင့်၊ ကြုံကြိုက် မိသော်လည်း၊ တစ်ချက် မျှသာ လှည့်ကြည့် ဖြစ်သည်။

အခန်းများ အတွင်း၌၊ ရတနာများ ရှိကောင်း ရှိနေ နိုင်သော်လည်း၊ အသေး အမွှားများ အတွက်၊ အချိန်ဖြုန်း မနေချင် တော့ချေ။

ရုတ်တရက် အားနည်းသော စွမ်းအင် အတက် အကျ များကို၊ ခံစား လိုက်ရ သည် ကြောင့်၊ စိတ်လှုပ်ရှား သွား၏။

သူ့ အမြင် အရ၊ လျှပ်စီး စွမ်းအင်များ ကိန်းဝပ်ရာ ရတနာ တစ်ခု အဖြစ်၊ အကြမ်းဖျင်း မှန်းဆ နိုင်သည်။

များ မကြာမီ ဟောင်းနွမ်း နေသော ခန်းမ တစ်ခုသို့ ရောက်ရှိ လာ၏။ ခန်းမ အလယ်ရှိ ကေျာက်စာတိုင် ထိပ်တွင်၊ ကြမ်းရှသော အရှိန် အဝါများ ထုတ်လွှတ် ထားသည့်၊ သွေးစက် တစ်စက် ပျံဝဲ နေသည်။

ထိုရောင်ဝါ အောက်တွင် မြင်သာသော စွမ်းအင် အတက် အကျများ၊ အရပ် ရပ်သို့ ပျံ့နှံ့ နေချေ ၏။

အကန့် အသတ် မရှိသော စွမ်းအင်များ များဖြင့်၊ ပြည့်နှက် နေသည်ကြောင့်၊ ယင်းမှာ ရှေးဟောင်း နတ်ဆိုး သားရဲ တစ်ကောင်၏၊ သွေးအနှစ် သာရ ဖြစ်ကြောင်း ချက်ချင်း သိသည်။

လမ်း တစ်လျှောက်တွင် အခန်းငယ် များနှင့် ခန်းမ များစွာကို တွေ့ရှိ ခဲ့ သော်လည်း၊ ဤသွေးစက် သာလျှင် သူ့အား ရပ်တန့် သွားအောင်၊ စွမ်းဆောင် နိုင်၏။

သွေးစက်၌ ရှေးဟောင်း အရှိန် အဝါများ၊ ထိန်းသိမ်း ထား နိုင်ဆဲ ဖြစ်သောကြောင့်၊ ခိုင်မာ သည့် မူလ ဇစ်မြစ် ရှိရ မည်ဟု ယုံကြည်သည်။

သည့်အပြင် လျှပ်စီး စွမ်းအင် အထူးပြု ကျင့်ကြံသော နတ်ဆိုး သားရဲ တစ်ကောင်နှင့်၊ သက်ဆိုင် နိုင်ခြေ မြင့်မား၏။

ထို့ကြောင့် ခန္ဓာကိုယ် လှုပ်ရှား ရုန်းကြွ လာမှုများ အရ၊ မိုးပြာ နဂါး နှင့်လည်း ဆက်စပ် နေ နိုင်မည်ဟု ထင်မိသည်။

၎င်း ယူဆချက် များသာ မှန်ကန်မည် ဆိုပါက၊ သူ့ ခွန်အားမှာ ကြီးစွာ ပြောင်းလဲ နိုင်ချေ ရှိ၏။

သွေးစက်ကို ကြည့်နေစဉ်၊ ‘ရင်’ ဘက် တစ်ခုလုံး ပူလောင် လာသောကြောင့်၊ ဂရု မစိုက်ဘဲ မနေ ဝံ့ချေ။

ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာ လျက်ဖြင့်၊ ယခု အချိန်၌ တည်ငြိမ်ဖို့ လိုကြောင်း သူကိုယ်သူ သတိပေး နေ မိ၏။

ကျောက်စာတိုင် အနား ရောက်ချိန်တွင်၊ သွေး အဆီ အနှစ်ကို ရုတ်တရက် ခုန်လွှာကာ၊ လှမ်းယူ လိုက်သည်။

သို့သော် အဆိပ် ပြင်းသော မြွေပွေး တစ်ကောင်က၊ သူ့အား ရန်လို လာ သကဲ့သို့၊ အငွေ့ အသက်များ ရုတ်တရက် ထွက်ပေါ် လာ၏။

ယင်းမှာ အနည်းငယ်သော ပြောင်းလဲခြင်း မျှသာ ဖြစ်သော်လည်း၊ အန္တရာယ် ရှိကြောင်း သူ သိသည်။

ဗီဇ သိစိတ် အရ၊ ချက်ချင်း ရှောင်ရှား လိုက်မိ၏။။ သို့သော် အသက်ရှု မဝခင် မှာပင်၊ လျှပ်စီး သုံးစင်းက သူ့ ဆီသို့ ထပ်မံ ကျရောက် လာပြန် သည်။

လျှပ်စီး သုံးစင်းမှ၊ ပြင်းထန်သော တုန်ခါမှု လှိုင်းများကြောင့်၊ လုံလောက်စွာ သန်မာခြင်း မရှိ ပါက၊ ဒဏ်ရာ ကြီးစွာ ရရှိမည် ဖြစ်သည်။

ကြောက်စရာ ကောင်းသည့် ပြိုင်ဘက် တစ်ဦး ဖြစ်မှန်း၊ သဘောပေါက် လိုက်ပြီး၊ လျှပ်စီး များကို ဖျက်ဆီးရန် ဓား ရောင်ဝါအား ထုတ်လွှတ် လိုက်၏။

ထို့နောက် လက်သီးများ တရစပ် ပစ်လျက်ဖြင့်် ခန်းမ ထောင့်သို့၊ ဆုတ်ခွာ ပေးလိုက် ရသည်။

ခေါင်းကို ပြန်မော့ ကြည့်လိုက်သော အခါတွင်၊ ‘ကြက်သွေးရောင် စပါးအုံး မြွေ’ ဟု ခေါ်သည့် ချင်းအန်ကို တွေ့လိုက် ၏။

လင်းယွန် မျက်ဝန်း များ၌ သတ်ဖြတ် လိုသော ဆန္ဒများ၊ တောက်ပ လာသည်။

ဤချင်းအန်၏ တိုက်ခိုက် မှုမှာ၊ ပေါ့ပေါ့ ပါးပါး အဖြစ် ရှုမြင် နိုင်သော်လည်း၊ ရက်စက် ကြမ်းကြုတ် လှချေ၏။

သတိ လက်လွတ် နေခဲ့ မိပါက၊ သူ့ကို စောင့်မျှော် နေသော အရာမှာ၊ သေခြင်း တရား ပင် ဖြစ်သည်။

“ ထွက် သွား ...၊ ဒီသွေး အနှစ် သာရကို ငါယူ လိုက်မယ်။ ”

ချင်းအန်က လင်းယွန်ကို လှည့်ပင် မကြည့်ဘဲ၊ ကျောက်စာ တိုင်ဆီ လျှောက်လှမ်း သွား လျက်ဖြင့်၊ မောင်းထုတ် လိုက်တော့၏။

***

All Chapters