← Chapters

လေ၊ လျှပ်စီးနှင့် မြည်ဟည်း နေသော သူတော်စင် ဂီတ။

Vol. 44 Ch. 614

လေ၊ လျှပ်စီးနှင့် မြည်ဟည်း နေသော သူတော်စင် ဂီတ။

Vol. 44 Ch. 614

“ ထွက် သွား ...၊ ဒီသွေး အနှစ် သာရကို ငါယူ လိုက်မယ်။ ”

ချင်းအန်က လင်းယွန်ကို လှည့်ပင် မကြည့်ဘဲ၊ ကျောက်စာ တိုင်ဆီ လျှောက်လှမ်း သွား လျက်ဖြင့်၊ မောင်းထုတ် လိုက်တော့၏။

သို့သော် ခြေလှမ်း သုံးလှမ်း၊ လှမ်းတက် ပြီး ချိန်တွင်၊ ရုတ်တရက် ဓားအလင်း တစ်စ ကြမ်းပြင်ပေါ် ကျရောက် လာသည်။

နက်ရှိုင်းသော ပြတ်ရှ ရာ ကြီးက နောက်တစ်လှမ်း လှမ်းယူ တော့မည့်၊ သူ့အား ရပ်တန့် သွားစေ ၏။

ဒေါသ တကြီးဖြင့် လင်းယွန်ကို လှည့်ကြည့် လိုက်သည်။ ထိုဓား ရောင်ဝါမှာ သတိ ပေးချက် တစ်ခု အပြင်၊ ချင်းအန်၏ မောက်မာမှု အပေါ်၊ လင်းယွန်က လက်တုံ့ ပြန်လိုက် ခြင်းလည်း ဖြစ်သည်။

“ မင်း ... မျက်စိ မမြင် ဖူးလား၊ ဒါမှ မဟုတ် နား မကြား တာလား၊ ဒီသွေး အနှစ် သာရကို ငါ ယူမယ် ဆိုတာ၊ မကြား ဖူးလား။ ”

ချင်းအန်မှာ လင်းယွန်ကို အေးစက်စွာ ပြန်ကြည့် လာသည်။

“ မင်းနေရာမှာ ဂျီဝူယီ ဆိုရင်တောင်၊ ငါ လက်လျော့မှာ မဟုတ်ဘူး၊ ဒါဆို မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ လဲ။ ”

ချင်းအန်မှာ သူ့ကိုယ်သူ အထင်ကြီး လွန်း နေ၏။ သွေး အဆီအနှစ်ကို ရခဲ့ လျှင်ပင်၊ အစောပိုင်း ခိုးဝင် တိုက်ခိုက် မှုများ အတွက်၊ လက်စား ချေရန် လိုအပ်သည်။

“ အိုး ... ၊ မင်းက ဂျီဝူယီ လက်ဖဝါး တစ်ချက်ကို၊ ရယူ နိုင်ခဲ့တာ ငါ မေ့သွား တယ်၊ ဒီအကွာ အဝေးထိ ရောက်နေပြီ ဆိုတော့ မင်းမှာ အရည် အချင်း ရှိနေ ပုံပဲ၊ ဒါပေမယ့် အရမ်း မောက်မာ မနေဖို့၊ ငါ အကြံ ပေးလိုက်မယ်၊ မဟုတ်ရင် မင်း အသက် ဆုံးရှုံး နိုင်တယ်။ ”

ချင်းအန်က အခြား သူများ အပေါ်၊ စိတ်မသက် မသာ ဖြစ်စေသည့် အပြုံးဖြင့်၊ သတိပေး လာ ခဲ့သည်။

ဂျီဝူယီနှင့် ရန်ကောင်းကို၊ အနိုင် ယူရန် အစီစဉ်များ ချမှတ် ထားပြီး ဖြစ်သောကြောင့်၊ လင်းယွန်အား တိုက်ခိုက်ကာ၊ အချိန် မဖြုန်း လို ချေ။

ရှားယွင်ရှောင်ကို ဖယ်ရှား ပြီးနောက် သူတို့၏ အစီ အစဉ်မှာ၊ ချောမွေ့ သွားပြီ ဖြစ် သည်။

သို့သော် ယင်း မတိုင်မီ မိုးပြာ နဂါး၏၊ သွေးအဆီ အနှစ်ကို ရနိုင် ပါက၊ သာ၍ ကောင်းမွန် ချေမည်။

ထို့အပြင် လင်းယွန်က ထွက်ခွာရန် ရည်ရွယ်ချက် မရှိ သည်မှာ ထင်ရှား နေ၏။

“ မင်းက ငါ့ ဘဝကို လိုချင် နေတာလား၊ ကောင်းပြီ ... မင်း လာပြီး စမ်းကြည့်ပါ။ ”

လင်းယွန်က ပြုံးကာ၊ စိတ်ခေါ် လိုက်၏။ ချင်းအန် မည်မျှ သန်မာ သည်ကို သူလည်း သိချင် နေသည်။

“ ဘယ်လိုတောင် ခေါင်းမာ လိုက်တာလဲ၊ မင်းရဲ့ ဆုံးဖြတ် ချက်ကို နောင်တ မရ စေနဲ့။ ”

တစ်ဖက် လူ၏ တုန့်ပြန်မှု များက၊ ချင်းအန်အား ဒေါသ ထွက်လာ စေသည်။

ဂျီဝူယီ ထံမှ လက်ဖဝါး တစ်ချက်ကို ရင်ဆိုင် နိုင်ရုံဖြင့်၊ သူ့အား တွန်းလှန်နိုင် မည်ဟု ထင်နေ ပုံ ရသည်။

အသက်ကို နှမျောခြင်း မရှိ သောကြောင့်၊ ချင်းအန်က တစ်ဖက် လူအား ခွင့်လွှတ်ရန် ရည်ရွယ်ချက် မရှိချေ။

မူလ စွမ်းအင်များ မီးတောင် တစ်လုံး ကဲ့သို့၊ ပေါက်ကွဲ လာပြီး၊ ကြာပွတ်ဖြင့် လင်းယွန်ထံ ရိုက်ချ လိုက်သည်။

မျက်ဝန်း များ၌ ဓားအလင်း တစ်ချက် တောက်ပ သွားကာ၊ ချင်းအန် တိုက်ခိုက် မှုကို ဖြေရှင်း ရန် ပြင်လိုက်သည်။

“ ရှန်ရှင်းဓား အလယ် အလတ် ကျွမ်းကျင်မှု ပဲလား။ ”

ပြိုင်ဘက် ထံမှ ဓားတစ်လက်၊ ထွက်ပေါ် လာသောကြောင့်၊ ချင်းအန် မျက်ဝန်း များတွင် တွန့်ဆုတ် တွေဝေမှု များနှင့် အတူ၊ မျက်မှောင် ကြုတ်လိုက် မိသည်။

ရှားယွင်ရှောင်နှင့် ရန်ပွဲမှာ မလွယ် ကူခဲ့ချေ။ ရှန်ရှင်း ဓား ရည်ရွယ် ချက်မှာ၊ သူတို့ နှစ်ဦး အတွက် များစွာ အခက်တွေ့ စေခဲ့၏။

ဓားသမား တစ်ဦးသည် ရှန်ရှင်း ဓားကို နားလည် ပြီးနောက်တွင်၊ ၎င်းအား ကိုင်တွယ် ဖြေရှင်းရန်၊ ခက်ခဲ လာမည် ဖြစ်သည်။

မြင့်မားသော ကျင့်ကြံ မှုပင် မလို အပ်ချေ။ လင်းယွန်တွင် အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေခဲ့ သည်ကို၊ ချင်းအန် နားလည် သွားပြီ ဖြစ်သည်။

“ ကြက်သွေးရောင် ကြာပွတ် -အကန့် အသတ် မရှိသော မီးလျှံများ။ ”

ခန္ဓာကိုယ် ပေါ်၌ မီးလျှံများ တောက်ပ လာပြီး၊ ခန်းမ တစ်ခု လုံးကို အနီရောင် အလင်း များဖြင့် ဖုံးလွှမ်း ပစ်လိုက်၏။

တစ်ချိန် တည်း မှာပင်၊ ဂိုရှုထက် များစွာ ပြင်းထန်သော သူ့ အငွေ့ အသက် များက၊ အရူး အမူး ပေါက်ကွဲ လာသည်။

ရုတ်တရက် ကြာပွတ် ထံမှ ထွက်လာသော ကြက်သွေးရောင် မီးလျှံ များက၊ စပါးအုံး မြွေ တစ်ကောင် ကဲ့သို့ ကြောက်စရာ ကောင်းလာ ချေ၏။

ရာပေါင်း များစွာသော ကြာပွတ် ရိုက်ချက်များ၊ ပတ်ဝန်းကျင် အတွင်း ပြည့်နှက် သွားသည်။

ကြာပွတ် ရိုက်ချက် များက၊ လျှပ်စီးများ ကဲ့သို့ လျင်မြန် လှပြီး၊ တောက်လောင် နေသော မီး ပင်လယ်ကြီး အဖြစ် သိုင်းဖွဲ့ လာ၏။

“ အချိန် ကောင်းပဲ။ ”

လင်းယွန်က သူ့ လက်ထဲက လှံဖြင့်၊ ဓားလို လွှဲခုတ် လိုက်သည်။ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်စဉ်၊ သိပ်သည်းသော ဓားအလင်း များက၊ လေဆင် နှာမောင်း အဖြစ်သို့၊ ပြောင်းလဲ ဖြစ်တည် လာတော့၏။

“ ကောင်းကင်က တိမ်တိုက် တွေကို ဖြိုခွဲ မယ်။ ”

အော်ငေါက် သံနှင့် အတူ၊ သူ့ဆီ ရောက်လာသည့် ကြက်သွေးရောင် လှိုင်းလုံး များအား၊ ဖျက်စီး ပစ်လိုက် သည်။

မီးပင်လယ် ကွဲအက် သွားတော့မည့် အခြေနေကြောင့်၊ ချင်းအန်က မူလ စွမ်းအင်ကို ကြာပွတ် ထဲသို့၊ ထပ်မံ သွန်းလောင်း လိုက်ရ ၏။

ကြာပွတ် ပတ်ဝန်း ကျင်ရှိ လေဟာ နယ်မှာ၊ အက်ကွဲ လာပြီး၊ မီးပွားများ ပွင့်ထွက် လာချေ သည်။

ထိုမီးပွား များက ကြမ်းပြင် ပေါ်သို့ ကျရောက် သွားသည့် အချိန်၌၊ ပေါက်ကွဲမှု အသေး စားများ ဖြစ်ပေါ် လာကုန်သည်။

ယင်းကို ကြည့်ခြင်းဖြင့်၊ ကြာပွတ် ထဲသို့ မူလ စွမ်းအင် မည်မျှ လောင်းထည့်ခဲ့ သည်ကို တွေးကြည့် နိုင်သည်။

“ တောက်လောင် နေသော မီးလျှံများ။ ”

နောက်ဆုံးတွင် လင်းယွန်မှာ ဓား အစား လှံကို၊ အသုံးပြု ခဲ့ သောကြောင့် ချို့ယွင်းချက် အချို့ ရှိနေမြဲ ဖြစ်သည်။

ထို့ကြောင့် ကြာပွတ် ပျံသန်း လာချိန်၌၊ ဓားရောင်ဝါ ပြိုကျ သွားပြီး နောက်ဆုတ် ပေးလိုက် ရ၏။

ချင်းအန် တစ်ယောက် မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာချိန်၌၊ ခန်းမ တစ်ခုလုံး မီးတောက်များ ပြည့်နှက် နေပြီ ဖြစ်သည်။

သို့သော် ချင်းအန်က၊ လင်းယွန်ကို အမဲလိုက် ခြင်းအား မရပ်တန့် ခဲ့ချေ။ ပြင်ပ အဆင့် (၈) အဖြစ် အမှန် တကယ် ထိုက်တန်ကြောင်း ပြသ နိုင်သည်။

ထိုအချိန် မှာပင် နှစ်ခြမ်း ကွဲ သွားသော လှံကို ပစ်ချကာ၊ လင်းယွန်က တံဆိပ် များကို အလျင် အမြန် ဖွဲ့စည်း လိုက်၏။

ယင်းမှာ သဘာဝ အတိုင်း၊ သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု ဖြစ်သည်။ တံဆိပ် ထွက်ပေါ်လာ သည်နှင့် သတ်ဖြတ်ခြင်း ရောက်ဝါမှာ၊ ခုနစ်ဆ တိုး လာ၏။

“ ဒေါသ တရား - လောင်ကျွမ်း နေသော ကောင်းကင်ကြီး၊ ... ”

“ ... ခိုကိုး ရာမဲ့ စေသော လက်သီး- ပဲ့တင် ထပ်ခြင်း- အကြင်နာ မဲ့သော နှလုံးသား။ ”

သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု ထံမှ၊ သတ်ပစ် လိုသော ရည်ရွယ် ချက်များ၊ တဟုန်ထိုး မြင့်တက် လာသည်။

လက်သီး များရှိ ဓား ရောင်ဝါမှာ၊ ခန်းမ အနှံ့ လွှမ်းခြုံ သွား၏။

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ် စေသော မြင်းခွာသံ များ ကဲ့သို့၊ ကြက်သွေးရောင် လှိုင်းများ ကြားမှ တိုးထွက် လာသည်။

နောက်ဆုံး လက်သီး နှစ်ချက်ဖြင့်၊ သူ့အား ပိတ်ဆို့ ထားသော မီးလျှံ များကို ထိုခွဲ ပစ်လိုက် ပြီး၊ ချင်းအန် ရင်ဘတ်ကို ထိမှန် သွားသည်။

သွေး အန်လျက် ချင်းအန်မှာ၊ နံရံသို့ လွင့်စင် သွား၏။ သို့သော် တန်ပြန် ရိုက်ချက် များကို လေထုထဲ ထုတ်လွှတ်ရန် မမေ့ ခဲ့ချေ။

“ အမှောင် ဝါးမြိုခြင်း မြွေဆိုး။ ”

ကြာပွတ်မှာ လျင်မြန်စွာ ကြီးထွား လာပြီးနောက်၊ လင်းယွန်ကို ဝါးမြို လိုသော စပါးအုံး မြွေကြီး တစ်ကောင် ကဲ့သို့၊ တိုးဝင် လာသည်။

မြွေက မေးရိုးကို ဖွင့်လိုက် ချိန်၌၊ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် သွား သည်ဟု၊ ထင်မှား သွားမိ၏။

“ ကစားပွဲ တွေကို လှည့်လို့ ရတယ် ထင် နေလား။ ”

ခန္ဓာကိုယ် အတွင်း၊ လေနှင့် လျှပ်စီးများ လှည့်ပတ် လာသဖြင့်၊ လင်းယွန်၏ မျက်လုံး တွင်၊ လျှပ်စီးများ လင်းလက် သွားသည်။

ဆံပင်များ တဖျပ်ဖျပ် လွင့်လာ ပြီးနောက်၊ ပတ်ဝန်း ကျင်၌ ခရမ်းရောင် လျှပ်စီးများ ရုတ်တရက် ထွက်ပေါ် လာ၏။

“ မိုးပြာ နဂါး မူလ ပုံစံ။ ”

ကောင်းကင်သို့ ခုန်တက်လျက်၊ လက်သီး များဖြင့်၊ မြွေကြီး၏ မေးရိုးကို ထိုးချ လိုက် သည်။

သူတော်စင် ဂီတ သံများ နှင့်အတူ၊ မိုးကြိုး (၃၁) စင်း သက်ဆင်း လာ၏။

ပြင်းထန် လွန်းသော ပေါက်ကွဲသံ များကြောင့်၊ လေဟာ နယ်ပင် ကွဲကြေ သွားပုံ ရလေ သည်။

ချင်းအန်မှာ ဒွါရ ခုနစ် ပါးမှ သွေးများ ယိုစိမ့်လျက်၊ မြေပြင် ပေါ်သို့ လဲကျ သွား၏။ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာကာ၊ ကြီးစိုး နိုင်လွန်းသော အရှိန် အဝါများ လွင့်ပါး ကုန်သည်။

စပါးအုံး မြွေကြီး မှာမူ၊ လျှပ်စီး ကြောင်းကြောင့်၊ ပျောက်ကွယ် သွားတော့၏။

လင်းယွန်က လက်သီး များကို ပြန်ရုတ်ကာ၊ ကြမ်းပြင် ပေါ်သို့ ညင်သာစွာ ဆင်းသက် လိုက်သည်။

လက်ရှိ အချိန်၌ သူ့ အာရုံမှာ ချင်းအန် ထံ၌ ရှိ မနေ တော့ဘဲ၊ အခြားသော ဥမင် လိုဏ်ခေါင်း ဆီသို့ ကျရောက် သွားသည်။

တိုးညှင်းသော ခြေသံ တစ်စုံအား သူကြား လိုက်ရ ခြင်းကြောင့် ဖြစ်သည်။

ခြေသံ နီးကပ် လာ သည်နှင့် အမျှ၊ ဓားသေတ္တာ အတွင်းရှိ ပန်းသင်္ချိုင်း ဓားမှာ၊ ဆူညံသော အသံ ဗလံများ ပေးလာ တော့သည်။

All Chapters