ဟန့်တား မိခြင်း။
Vol. 44 Ch. 615
ခြေသံများ နီးကပ်လာ သည်နှင့် အမျှ၊ ဓားသေတ္တာ အတွင်းရှိ ပန်းသင်္ချိုင်း ဓားမှာ၊ ပို၍ ပြင်းထန်စွာ မြည်ဟည်း လာသည်။
မြောက်ပင်လယ်သို့ ရောက်ရှိ လာ ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားထံမှ ယခု ကဲ့သို့ စိတ်လှုပ်ရှား မှုမျိုး၊ တစ်ကြိမ် မျှပင် မရှိ ခဲ့ချေ။
စိန်ခေါ် ခံလိုက် ရသော လူငယ် တစ်ယောက် ကဲ့သို့၊ ပြုမူ လာခြင်း ဖြစ်၏။
အခြား တစ်ဖက်တွင် ပန်းသင်္ချိုင်း ဓားမှာ လျင်မြန်သော အဟုန်ဖြင့် စကြာဝဠာ အဆင့်သို့၊ အသွင်ပြောင်း လဲနိုင် ခဲ့သည် ကြောင့်၊ အံ့အား သင့် သွားသည်။
ပန်းသင်္ချိုင်း ဓား၏ အသွင် ပြောင်းလဲမှု အပေါ်၊ စိတ်လှုပ်ရှား လာသော်လည်း၊ တည်ငြိမ် မှုကို ဆက်ထိန်း ထားမိ၏။
သဲကန္တာရ အတွင်း ဝင်ရောက် လာပြီးနောက်၊ သူ့ ဓားကို တစ်ကြိမ်ပင် မဆွဲရ သေးချေ။
ထို့ကြောင့် ပန်းသင်္ချိုင်း ဓားမှာ၊ တိုက်ပွဲ ဆာလောင် စိတ်များ၊ အထွတ် အထိပ်သို့ ရောက်ရှိ နေခဲ့ သည်။
လင်းယွန် သည်လည်း ထိုနည်း လည်းကောင်း ပေပင်၊ ပြိုင်ဘက်ကောင်း တစ်ယောက်ဖြင့်၊ လက်ရည်သွေး လို၏။
“ စိတ်ဝင် စားဖို့ ကောင်းတာက ... ၊ ဒီလို ကြောက်စရာ ကောင်းတဲ့၊ ရုပ်ခန္ဓာနဲ့၊ ဓား ရည်ရွယ် ချက်က ရှားယွင်ရှောင် ထက်တောင် ပို အစွမ်းထက် နေသေး တယ်၊ ... ”
“ ... ငါ့ အမြင် အရတော့၊ မင်းက တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ ကြောက်စရာ အကောင်းဆုံး ပြိုင်ဘက် တစ်ယောက် ပါပဲ။ ”
ရှေးဟောင်း ဆေဘာဓား တစ်လက်ကို၊ နောက်ကျောတွင် ပိုးလွယ် ထားသော ပီယွဲ့က၊ ခန်းမ အတွင်း ဝင်ရောက် လာ လျက်ဖြင့်၊ ဆိုလိုက် သည်။
သူက လင်းယွန်ကို တစ်ချက်သာ ကြည့်ပြီး နောက်၊ ချင်းအန်ဘက် ပြန်လှည့် ကြည့်ကာ၊
“ ချင်းအန် ... ၊ မင်း အသက်ရှင် နေသေး တယ်၊ မဟုတ်လား။ ” -ဟု မေးယူ လိုက်၏။
ချင်းအန်နှင့် ပီယွဲ့မှာ တချိန်လုံး အတူရှိ နေကြသည့် အတွက်၊ ပီယွဲ့ ရောက်ရှိ လာခြင်း အပေါ်၊ လင်းယွန်က မအံ့သြ မိချေ။
ထို့အပြင် ၎င်းတို့၏ မောက်မာသော အပြု အမူ များကို လေးလေး နက်နက် စွဲလမ်း နေခဲ့ သည်။
ခွန်အား အရာ၌ သူတို့နှင့်၊ နှိုင်းယှဉ် နိုင်သော တိမ်နဂါးများ၊ ဤနေရာ၌ များများ စားစား မရှိချေ။
ထို့ကြောင့် လန်းဟွာယုကို သတ်ပြီး၊ ဂျီဝူယီ ထံမှ လက်ဖဝါး တစ်ချက် ခံယူ နိုင်သည်မှာ၊ အံ့သြ စရာ မဟုတ် သော်လည်း၊ ချင်းအန်အား ရိုက်နှက် ခဲ့သည့် သတင်းသာ ထွက်ပေါ် လာ ပါက၊ ထိတ်လန့် စရာ ဖြစ်သွား ချေမည်။
“ မင်း သာ ...၊ ဒီထက် နောက်ကျရင် ငါသေ ပြီ။ ”
လင်းယွန်အား တောက်လောင် နေသော ဒေါသ များဖြင့် လှမ်းကြည့်ကာ၊ တိုးညှင်းသည့် အသံဖြင့် ချင်းအန်က ပြန်ဖြေ သည်။
စကားဆုံး သည်နှင့် ဆေးလုံး တစ်လုံးကို ပါးစပ် ထဲသို့ ပစ်ထည့်ကာ ဒဏ်ရာများ အပေါ်၊ ကုသရန် ပြင်ဆင် လိုက်၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင် ဖြူဖျော့ နေသော မျက်နှာပြင်၌၊ သွေးရောင် လွှမ်းသွား သည်။
ပြင်ပ အဆင့်၊ (၈) နေရာ၌ ရပ်တည် ထားနိုင်သူ တစ်ဦး အနေဖြင့်၊ သူ့တွင် ကိုယ်ပိုင် ဝှက်ဖဲများ ရှိ ချေ၏။
လင်းယွန်က ချင်းအန်ကို တစ်ချက် လှမ်းကြည့်ပြီး၊ ပီယွဲ့ ဘက်သို့ ပြန်လှည့် လာသည်။
သူ့မျက်ဝန်း များက ပီယွဲ့ ကျောပေါ်ရှိ၊ ရှေးဟောင်း ဆေဘာဓား ပေါ်၌ ရပ်တန့်သွား၏။
အမှတ် မမှား ပါက၊ ၎င်းမှာ ငရဲ တိမ်လွှာ ဆေဘာဓားဟု ခေါ်ပြီး၊ မိုလင်းမှ မြင့်မားစွာ အကဲဖြတ် ပေးခဲ့ သည်။
သို့သော် ပီယွဲ့က လင်းယွန်ကို တစ်ချက်သာ ကြည့်ပြီး၊ ချင်းအန် အပေါ်သာ အာရုံ စိုက်သွား ၏။
ပီယွဲ့ တစ်ယောက် တိုက်ပွဲအား ရှောင်လွှဲ ချင် နေပုံ ရသည်ဟု ယူဆ လိုက်မိသည်။ ယင်း အတွက် အဆင်ပြေ ၏။
နဝမ အဆင့်၌ တိုက်ပွဲများ စောင့်ကြို နေပေရာ၊ သန်မာသော ပြိုင်ဘက် တစ်ဦးကို ထပ်မံ တိုက်ခိုက် ရ ခြင်းမျိုး၊ မဖြစ်ချင် တော့ချေ။
ကျောက်စာတိုင် ဆီသို့ လျှောက်သွားပြီး၊ မိုးပြာ နဂါး သွေး အဆီ အနှစ်ကို သိမ်းယူ လိုက် ၏။
သိုလှောင်အိတ် ထဲသို့၊ ဂရု တစိုက် သိမ်း လိုက်ပြီး၊ လှည့်ထွက် တော့မည့် အချိန် မှာပင်၊ အေးစက်စက် ဟန့်တားသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာသည်။
“ မင်းကို ... ငါက ထွက်သွားခွင့် ပေးသေး လို့လား။ ”
ပီယွဲ့က သတ်ဖြတ် လိုသော ရည်ရွယ်ချက် များကို ပြသလျက်၊ ဆိုလာခြင်း ဖြစ်၏။
စကား မဆုံးခင် မှာပင်၊ ကြက်သွေးရောင် ဓားမြှောင် တစ်ချောင်းဖြင့်၊ လင်းယွန် ဆီသို့ လှမ်းပစ် လိုက်သည်။
ထိုဟန့်တား သံကြောင့်၊ ပီယွဲ့ ဘက်သို့ နောက်ပြန် လှည့်နေစဉ်၊ လင်းယွန် နှုတ်ခမ်း ပေါ်၌ လှောင်ပြုံး တစ်ပွင့် ထွက်ပေါ် လာ၏။
နှစ်ယောက် လုံးကို လွှတ်ပေးရန်၊ ဆန္ဒရှိ ခဲ့သော်လည်း၊ ယင်းအား သဘောပေါက် ပုံ မရ ချေ။ သည့် အတွက် ရက်စက်သူ အဖြစ်၊ သူ့အား အပြစ် တင် နိုင်မည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန် ထံမှ ထက်ရှသော ဓား တစ်လက် ထွက်ပေါ် လာ၏။
“ ကောင်းပြီ ... ငါ မသွား တော့ဘူး။ ”
လင်းယွန်က လှည့်ပြီး၊ လက်သီးဖြင့်၊ ပြန်လည် ထိုးနှက် လိုက်သည်။
ဓားသုတ္တန်မှာ ကန့်သတ်ချက်သို့ ရောက်ရှိ သွားပြီး၊ ငွေရောင် ဓားစွမ်းအင်များ ပြည့်နှက် နေသော လက်သီးက၊ ကြက်သွေးရောင် ဓားမြှောင်အား ဟန့်တား လာ၏။
ကျယ်လောင်သော ပေါက်ကွဲ သံများ နှင့်အတူ၊ ကြက်သွေးရောင် ဓားမြှောင်မှာ၊ လက်သီး ချက်ကြောင့်၊ အပိုင်းပိုင်း ကွဲထွက် သွားသည်။
ခရမ်းရောင် နန်းတော်၌၊ ခရမ်းရောင် ပန်းပွင့် ပွင့်လာ ချိန်တွင်၊ နောက်ထပ် လက်သီး ချက်များ တရစပ် ပစ်လွှတ် လိုက်၏။
ပီယွဲ့ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ရသည်။
ချင်းအန်နှင့် တိုက်ခိုက် ပြီးနောက်၊ လင်းယွန်၌ ဤမျှ အထိ ခွန်အားများ ကျန်ရှိ နေလိမ့် ဦး မည်ဟု၊ မထင်ထား မိချေ။
“ ချင်းအန်၊ ‘အသွင် သုံးမျိုး မိုးတိမ် ဆေးလုံး’ ကို သောက်ပါ၊ မင်းရဲ့ ဝှက်ဖဲတွေ အကုန် မထုတ် ရင်၊ ငါ ဒီကောင်ကို ဆက်ထိန်းထား နိုင်မှာ မဟုတ်ဘူး။ ”
ပီယွဲ့က ဆေဘာဓားကို နောက်ပြန် လှမ်းကိုင် လျက်ဖြင့်၊ တည်ငြိမ်စွာ သတိပေး လိုက်သည်။
“ ချွမ် ..... ။ ”
ဓားကို ဆွဲလိုက်သော အခါတွင်၊ မူလ စွမ်းအင်နှင့် ဆေဘာဓား ရည်ရွယ် ချက်တို့ ပေါင်းစပ် သွား၏။
“ ငါ့ကို သတိ ပေးစရာ မလိုဘူး။ ”
လင်းယွန် မည်မျှ အစွမ်းထက် သည်ကို ချင်းအန်က သဘာဝ ကျကျ သိထား သော ကြောင့်၊ ပီယွဲ့ တစ်ယောက် တည်းနှင့်၊ ကြာကြာ ဟန့်တား နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။
သူ မသိ သည်မှာ၊ လင်းယွန်က ထွက်သွားရန် စိတ်ကူး မရှိ တော့ခြင်း ပေပင်။ မီးပင်လယ် ကြီးကို ဖန်တီးရန်၊ ချင်းအန်က ကြာပွတ်အား စတင် လွှဲယူ လိုက်၏။
“ ဝှစ် ..... ။ ”
‘အသွင် သုံးမျိုး မိုးတိမ် ဆေးလုံး’ကို သောက်သုံး ပြီးနောက် တွင်၊ ဒဏ်ရာ များက လျင်မြန်စွာ ပြန်လည် သက်သာ လာခဲ့သည်။
ထို့ကြောင့် သူ၏ ရိုက်ချက် များ၌၊ အထွတ်အထိပ် ခွန်အားများ ပါရှိ နေချေသည်။
တစ်ချိန်တည်း မှာပင် ပီယွဲ့ သည်လည်း၊ အရှိန် အဝါများ အဆမတန် မြင့်တက် လာပြီး၊ ငရဲတိမ်လွှာ ဆေဘာဓားကို လင်းယွန်ထံ ဦးတည်၊ ခုတ်ပိုင်း လိုက်သည်။
သူတို့ နှစ်ဦးက ၎င်းတို့၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။
ပြင်ပအဆင့် ထိပ်ဆုံး ဆယ်ယောက်မှ၊ လက်ရွေးစင် နှစ်ဦး အတူတကွ ပူးပေါင်း တိုက်ခိုက် လာခြင်းကြောင့်၊ အန္တရာယ် ရှိသော အခြေ အနေသို့၊ သက်ဆင်း သွား၏။
ဂျီတူယီ သာ ဤနေရာတွင် ရှိနေ ပါက၊ ၎င်းတို့၏ ပူးပေါင်း တိုက်ခိုက် မှုကို ကြောက်ရွံ့ သွားနိုင်မည်။
သို့သော် လင်းယွန်မှာ ဂျီဝူယီ မဟုတ်ချေ။ ရှန်ရှင်း ဓားကို အလယ် အလတ် ကျွမ်းကျင်မှု အထိ တွန်းပို့ လိုက်သည်။
ငွေရောင် ဓား အလင်းများ သူ့အား ဗဟို ပြုလျက် ထွက်ပေါ် လာ၏။ အဆိုပါ ထိပ်တိုက် ရင်ဆိုင်မှု များမှာ၊ လှိုင်းလုံးကြီး နှစ်ခု အပြန် အလှန် ရိုက်ခတ်သွား သကဲ့သို့၊ ပေါက်ကွဲ သံများ ထွက်ပေါ် လာခဲ့သည်။
မျက်စိ တစ်မှိတ် အတွင်း ဆယ်ကြိမ်ထက် မနည်း၊ အပြန် အလှန် ဖလှယ် လိုက်ကြ ပြီးနောက်၊ နှစ်ဖက် စလုံးမှ ဒေါသများ မြင့်တက် လာ၏။
ပေါက်ကွဲသံ များနှင့် အတူ၊ သုံးဦးသား နောက်သို့ ပြန်လည် ဆုတ်ခွာ လိုက်မိသည်။
မြေပြင်ပေါ် ပြန်လည် ဆင်းသက် လာသော လင်းယွန်က၊ ပီယွဲ့နှင့် ချင်းအန်ကို ကြည့်ပြီး၊
“ ဒါကို အခုဘဲ အဆုံးသတ် လိုက်ရအောင် … ။ ”
-ဟုဆို လိုက်သည်။
“ စိတ်ဝင်စား စရာ ပဲ၊ မင်းရဲ့ ယုံကြည်မှုက ဘယ်က လာလဲ ငါ သိချင်တယ်။ ”
ချင်းအန်က နှာခေါင်းရှုံ့ လျက် လင်းယွန် စကားကို တုန့်ပြန် လိုက်သည်။ လင်းယွန် အဝတ် အစား များတွင်၊ သွေးများ စွန်းထင်း နေ၏။
ဒဏ်ရာမှာ မပြင်းထန် လှသော်လည်း၊ ယင်းသည်ပင် သူတို့၏ တိုက်ခိုက် မှုများ၊ ထိရောက် သည် ဟူသော အဓိပ္ပါယ် ရချေသည်။
“ တကယ်တော့ ဒီကစား ပွဲက ပြီးဆုံးဖို့ အချိန် တန်ပါပြီ၊ ဒီနေ့ ဒီနေရာမှာ မင်း သေရ မယ်။ ”
ပီယွဲ့က ကောင်းကင်သို့ ပျံတက် သွားပြီး၊ လင်းယွန်၏ ဓားရောင်ဝါကို ခွဲထုတ်ရန် အကန့် အသတ်မဲ့ ကြက်သွေးရောင် အလင်းတန်းအား ထုတ်ဖော် လိုက်သည်။
ရှန်ရှင်းဓား ရည်ရွယ် ချက်ကို အလယ် အလတ် ကျွမ်းကျင်မှု အထိ၊ ဆုပ်ကိုင် ထား နိုင်သော ရှားယွင်ရှောင် ပင်လျှင်၊ ဤဓားချက် အောက်၌ ကူကယ်ရာ မရှိ ခဲ့ချေ။
( လင်းယွန်မှာ မည်သူနည်း။ )
“ ဓား ..... ။ ”
သို့သော် ဆေဘာဓား၊ လင်းယွန်ပေါ် ကျရောက်ခါ နီးတွင်၊ စူးရှသော အလင်းများ နှင့်အတူ၊ ဓား တစ်လက် ကောင်းကင်ပေါ် ပျံတက် လာသည်။
ဒေါသကို ချုပ်တည်း ထားသော နဂါး တစ်ကောင် ကဲ့သို့၊ ယောင်ဝါးဝါး အော်သံ ပြု လာ၏။
ပြင်းပျသော ဆန္ဒ အချို့နှင့် အတူ၊ အမည်မဲ့ စွမ်းအင်များ ဓားမှ တဆင့်၊ လင်းယွန် ခန္ဓာကိုယ် ထဲသို့၊ တိုးဝင် လာသည်။
လင်းယွန်၏ နှလုံးမှာ ပြင်းထန်စွာ ခုန်လာပြီး၊ ဓားကို ကျေနပ်စွာ ဆုပ်ကိုင်လျက်၊ စိတ်ရှိ သ၍ လွှတ်ပေး လိုက်တော့သည်။
တိမ်လွှာကို ခွဲထွက် လာသော လမင်း တစ်စင်း ကဲ့သို့၊ ခန်းမ တစ်ခုလုံး လင်းလက် သွား၏။
ဆေဘာဓား ရည်ရွယ် ချက်ကြောင့်၊ ပြိုကျလု နီးပါး ဖြစ်နေသော လင်းယွန်၏ ဓား အရှိန်အဝါ မှာ၊ ရုတ်တရက် ပြန်လည် စုစည်း လာပြီး ပီယွဲ့ ကို ဦးစွာ တွန်းထုတ် လိုက်သည်။
“ တိမ်မြူ ကင်းသော လမင်း ။ ”
ပန်းသင်္ချိုင်း ဓားကို လွှဲယမ်း လိုက်သည်နှင့်၊ လင်းတန်း နှစ်ခုက ချင်းအန် ဆီသို့ ကျရောက် သွား လေသည်။
“ သေစမ်း ... ။ ”
ချင်းအန်၏ မျက်နှာမှာ၊ လုံးဝ အံ့အားသင့် သွားပြီး၊ သိသိ သာသာ ပြောင်းလဲ သွား၏။
ထိုအလင်းကို လက်တုံ့ ပြန်ရန် မစဉ်းစား တော့ဘဲ၊ ချက်ချင်းပင် နောက်ပြန် ဆုတ်လိုက် မိ သည်။
သို့သော် လရောင်ထက် မြန်နိုင် စရာ နည်းလမ်း မရှိချေ။ ဓားအလင်းနှင့် ထိတွေ့ လိုက်သည့် အခိုက်တွင် ချင်းအန် အရှိန်အဝါမှာ၊ လျင်မြန်စွာ ပြိုကျသွား တော့၏။
တစ်ဖက်တွင်၊ ကြောက်စရာ ကောင်းလွန်းသော ဓားရေးကို ကြည့်ပြီး၊ ပီယွဲ့မှာ အသက်ရှူ ကြပ်သွားသည်။
ထို့ပြင် လက်ထဲရှိ ငရဲ တိမ်လွှာ ဓားမှာ၊ တစ်ဖက် လူ၏ ဓားကို မယှဉ် နိုင်ကြောင်း သူသိ လိုက်၏။
ဓား အလင်း ထိမှန် သွားသော ချင်းအန်မှာ၊ ဒဏ်ရာများ ပိုမို ရရှိ သွားခဲ့သည်။ မြေပြင် ပေါ်သို့ ဆင်းသက် လိုက်ပြီး၊ ကြောက်လန့် တကြားဖြင့် လင်းယွန်ကို ပြန်ကြည့်၏။
နှစ်ယောက် အထွတ်အထိပ် ခွန်အား များဖြင့်၊ လက်တွဲ ခဲ့သော်လည်း၊ အနားပင် မကပ် နိုင်ခဲ့ချေ။
“ ကောင်းကင်က တိမ်တိုက် တွေကို၊ ဖြိုခွင်း မယ်။ ”
အသက် ဝဝ မရှူ နိုင်ခင် မှာပင်၊ လင်းယွန်က သူ၏ တိုက်ခိုက် မှုအား ထုတ်လွှတ် လာပြန်၏။ ဤသည်မှာ လရောင် ရေစင် ဓား၏၊ သရုပ်ဖော် အဆင့် လှုပ်ရှားမှု တစ်ရပ်၊ ဖြစ်ချေသည်။
ငွေရောင် ဖျော့ဖျော ဓား အလင်းများ ပန်းသင်္ချိုင်း ဓားမှ ထွက်ပေါ် လာပြီး၊ ခန်းမ အတွင်း ပျံ့နှံ့ သွား၏။
၎င်းတိုက်ခိုက် ခြင်းကို ရင်ဆိုင်ရန်၊ ချင်းအန်နှင့် ပီယွဲ့ တို့က အစွမ်းကုန် ကြိုးစား လိုက်သည်။
သို့သော် ခုခံ နိုင်စွမ်း မရှိ တော့ဘဲ၊ ဒဏ်ရာများ နှင့်အတူ ဆက်လက် လွင့်စင် သွားလေပြီ။
လင်းယွန် မှာမူ အရှိန် အဝါများ ထပ်မံ မြင့်တက် လာပြီး၊ ဓားလှိုင်းများ အဆက်မပြတ် ဖန်းတီး နေသည်။
သူ့ ထံမှ ဓား ရည်ရွယ်ချက် အစား၊ သတ်ဖြတ် လိုသော ရယ်ရွယ် ချက်များ တိုးထွက် လာ၏။
ဓားလှိုင်း များကြောင့်၊ နောက်တစ်ကြိမ်၊ နံရံသို့ ကိုင်ပေါက် ခံလိုက် ရ သကဲ့သို့၊ လွင့်စင် သွားပြန် သည်။
တိုက်ခိုက် မှုကို တွန်းလှန်ရန်၊ အံကြိတ်လျက် နှစ်ဦးသား ကြိုးစား ထရပ် လိုက်၏။ သို့သော် တစ်ဖက် လူက အခွင့် အရေး မပေး ခဲ့ချေ။
ရုတ်တရက် လင်းယွန်၏ အရှိန် အဝါမှာ၊ လွှမ်းမိုး ကြီးစိုး နိုင်လွန်းသော အဆင့်သို့ ပြောင်းလဲ သွားပြီး၊ မိုးခြိမ်းသံ နှင့်အတူ လျှပ်စီး တစ်ချက် လက်လာ၏။
“ ဂျိန်း ... ။ ”
မိုးကြိုး ပစ်ခံလိုက် ရ သကဲ့သို့၊ ၎င်းတို့၏ ခန္ဓာ ကိုယ်ကို ဖုံးအုပ် ကာကွယ် ထားသော မူလ စွမ်းအင် အလွှာမှာ၊ ပြိုကျ သွားသည်။
ပူခနဲ ခံစား ချက်နှင့် အတူ၊ ‘ဖွဲ’ အိတ်များ အသွင်၊ အရုတ်ကြိုးပြတ် လွင့်စင် ကုန်ပြန်၏။
မြေပြင်ပေါ် ပြုတ် မကျခင်၊ လွင့်စင် လာသော အရှိန်ကြောင့်၊ ကျောက် နံရံမှာ အက်ကွဲ သွားသည်။
ခန်းမ တစ်ခုလုံး ငွေရောင် ဓားအလင်း များဖြင့် ဖုံးလွှမ်း နေပြီး၊ လျှပ်စီး အနည်းငယ် လင်းလက် နေချေ ၏။
သူ့ ဓားကို ရုတ်သိမ်း လိုက်မှ သာလျှင်၊ ထိုအချင်း အရာများ ချက်ချင်း ပျောက်ကွယ် သွားသည်။
ထို့နောက် ပျော့ခွေ တုန်ရီ နေသော၊ ပီယွဲ့နှင့် ချင်းအန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက် လေသည်။
***