← Chapters

မင်း ... လိုက်မမီ နိုင်ဘူး။

Vol. 44 Ch. 616

မင်း ... လိုက်မမီ နိုင်ဘူး။

Vol. 44 Ch. 616

ချင်းအန်နှင့် ပီယွဲ့၏ ထိတ်လန့် နေသော အသက်ရှူ သံမှ လွဲ၍၊ ခန်းမ တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။

ယခု အချိန်၌ ပီယွဲ့မှာ၊ နောင်တ တရား များဖြင့် ပြည့်နှက် နေချေပြီ။ အချိန်များ ပြန် လှည့်ခွင့် ရှိပါက၊ လင်းယွန်ကို ဟန့်တား မိမည် မဟုတ်ချေ။

ထွက်ခွာ တော့မည့် တစ်ဖက် လူကို ကြည့်ကာ၊ ချင်းအန် နှင့်အတူ ရင်ဆိုင် နိုင်လိမ့် မည်ဟု၊ ယူဆ ခဲ့သည်။

လင်းယွန် ဓား မဆွဲ ရသေး သည်ကို မေ့နေ မိ၏။ ထို့ကြောင့် ဖိနှိပ်ထား နိုင်ချိန်၌ သူ့ အထင် မှန်ကြောင်း၊ ကျေနပ် သွားခဲ့ ဖူးသည်။

ဒဏ်ရာများ ပေးထား နိုင်လေရာ၊ အောင်ပွဲမှာ မဝေး တော့ဟု ယူဆ မိ၏။

သို့သော် ယင်းမှာ အတွေး မျှသာ ဖြစ်ပြီး၊ ပန်းသင်္ချိုင်း ဓား ထွက်ပေါ် လာချိန်၌၊ ၎င်းတို့ အားလုံး ဇောက်ထိုး မိုးမျှော် ဖြစ်ကုန် ရသည်။

ထို့အပြင် ပြိုင်ဘက်၏ ဓား ရည်ရွယ် ချက်မှာ များစွာ ကြောက်စရာ ကောင်းလေသည်။ ရှားယွင်ရှောင် ထက်ပင်၊ ပို၍ သန့်စင် နေ၏။ မကြာမီ ပြီးပြည့် စုံသော အဆင့်သို့ တက်လှမ်း နိုင်လိမ့် မည်ဟု သူ ယုံကြည်သည်။

“ လင်းယွန် ... ၊ ငါ တို့ကို ထွက်သွားခွင့် ပေးပါ၊ နောင် ... မင်းကို ဒုက္ခ မပေး ဖူးလို့ ကတိ ပေး ပါတယ်။ ”

ချင်းအန်က တုန်တုန် ယင်ယင်ဖြင့် တောင်းပန် လိုက်သည်။ တစ်စုံ တစ်ယောက် သည်သာ ဤနေရာ၌ ရှိနေ ပါက၊ ချင်းအန်၏ သူရဲ ဘောကြောင်သည့် အပြု အမူ အတွက်၊ အံ့သြသွား မိပေ လိမ့်မည်။

ချင်းအန် အနေဖြင့် မသေချင် သေးဘဲ၊ နဝမ အဆင့်ကို စမ်းကြည့်ချင် သေးသည်။ ထို့ကြောင့် တွန့်ဆုတ် နေသော်လည်း၊ တောင်းပန်ရန် မှတပါး၊ အခြား ရွေးချယ် စရာ မရှိ ခဲ့ချေ။

“ မင်းကို ... ပေးလွှတ် လိုက်ရင်၊ ဘယ်သူက ငါ့ကို လွှတ်ပေး မှာလဲ။ ”

လင်းယွန်က အေးစက်စွာ ပြန်မေး လိုက်သည်။ ပီယွဲ့နှင့် ချင်းအန်ကို သူ ကောင်းကောင်း သိ၏။

၎င်းတို့ လက်၌ ရှုံးနိမ့် ခဲ့သော် လွယ်လွယ်ဖြင့်၊ သူ့အား လွှတ်ပေးမည် မဟုတ် ချေ။

ထို့အတူ ရန်ကောင်းနှင့် ဂျီဝူယီ ဆိုပါ ကလည်း၊ သူ့အား လွှတ်မည် မဟုတ် ကြောင်း အခိုင် အမာ ပြောနိုင်သည်။

ထို့ကြောင့် သူတို့ကို လွှတ်ပေး ဖို့ရန်၊ သူ့ အတွက် သဘာဝ အတိုင်း မဖြစ် နိုင်ချေ။

“ ဒီဓားရဲ့ နာမည်က နှင်းလမင်း ပါ၊ မင်း ငါတို့ကို လွှတ်ချင်ရင် ငါ ပေးလို့ ရတယ်။ ”

ချင်းအန်က သူ့အိတ် ထဲမှ ဓားတို တစ်လက်ကို ထုတ်ယူလျက် အံကြိတ်ကာ ဆိုလိုက် သည်။

၎င်းမှာ အဆင့်မြင့် ရှေးဟောင်း စကြာဝဠာ လက်ရာ တစ်ခုပင် ဖြစ်၏။ ရှုပ်ထွေးသော ဝိညာဉ် ရေးရာ ရူရ်များ ပါရှိပြီး၊ လရောင်ကို ချုပ်နှောင် ထားချေသည်။

ချင်းအန်က ဤဓားကို ယန်းဖန် ထံမှ ရယူရန် အားထုတ်ခဲ့ ရသော်လည်း၊ လင်းယွန်ထံ ပေးအပ် လိုက်ရသည့် အတွက်၊ စိတ်ပျက် နေမိ သည်။

ဓားမှာ အဖိုးတန် ရတနာ တစ်ပါး ဖြစ်သော ကြောင့်၊ မည်သူ မဆို သူ့ ရင်ထဲမှ ဝေဒနာကို စိတ်ကူး ကြည့်နိုင် သည်။

လင်းယွန်က ချင်းအန်ကို တစ်ချက် ကြည့်ကာ၊ နှင်းလမင်း အား လှမ်းယူ လိုက်၏။ အေးစိမ့်စိမ့် ခံစား ချက်များ၊ ဝင်ရောက် လာသော ကြောင့်၊ ခေါင်းတစ်ချက် ညိတ်လိုက် ပြီး၊

“ ဓား ကောင်း တယ် …၊ ”

-ဟု အသိ အမှတ် ပြုမိသည်။

ထိုစကားကြောင့် ချင်းအန် မျက်နှာမှာ၊ ရွှင်မြူး သွား၏။ သူ့မျက်လုံး များက တောက်ပ လာပြီး၊ စကား ပြောရန် ပါးစပ် ‘အဖွင့်’ တွင်၊ သွေးများ ရုတ်တရက် စီးကျ လာသည်။

အံ့ဩ စိတ်ဖြင့် ခေါင်းငုံ့ ကြည့်လိုက်သော အခါ၊ နှင်းလမင်းဖြင့် သူ့ ရင်ဘတ်အား၊ ထိုးစိုက် ခံထားရ သည်ကို၊ မြင်လိုက် ရသည်။

ကြောက်မက်ဖွယ် ကောင်းသော အေးစက်မှုများ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ လာပြီး၊ မျက်နှာမှာ သိသိ သာသာ ဖြူဖျော့ သွား၏။

“ မင်း ... ။ ”

ဤတိုက်ခိုက်မှု နောက်ကွယ်တွင်၊ မည်သည့် စွမ်းအင် အတက်အကျ လှိုင်းကိုမျှ၊ မခံစား ခဲ့ရ ချေ။

မူလ စွမ်းအင်များ မပါရှှိ သော်လည်း၊ စကြာဝဠာ လက်ရာ တစ်ခု ဖြစ်သော ကြောင့်၊ အကျိုး သက်ရောက် မှုမှာ၊ ထိတ်လန့် စရာ ကောင်းနေဆဲ ဖြစ်သည်။

ထို့ကြောင့် ဤဝေဒနာ ဆိုးမှ ရှင်သန် လွတ်မြောက် နိုင်ရန်၊ ကောင်းကင်ဘုံ ကိုသာ အားကိုး နိုင်ပေမည်။

“ ဓားက ကောင်းပေမယ့် ...၊ မင်းက လူကောင်း မဟုတ်ဘူး၊ ဒါကြောင့် နဝမ အဆင့် မှာ၊ မင်းကို မတွေ့ချင် တာပါ။ ”

လင်းယွန်က ဓားကို ဆွဲထုတ် လိုက်ပြီး၊ တည်ငြိမ်စွာ ဆိုလိုက်၏။ ချင်းအန် ရင်ဘတ်မှ သွေးများ စီးကျ လာသော်လည်း၊ ပုလဲဖြူရောင် ဓားသွားတွင် သွေး တစ်ကွက်မျှ၊ စွန်းထင်းခြင်း မရှိချေ။

ထိုအချိန်တွင် ချင်းအန်က သူ့ ရင်ဘတ်ကို၊ ဆုပ်ကိုင်ကာ၊ မူလ စွမ်းအင်များ ချက်ချင်း လှည့်ပတ် လိုက်ရသည်။

သူ့ခန္ဓာ ကိုယ် ထဲသို့ ဝင်ရောက် လာသော အအေး ဒဏ်ကို တွန်းလှန်ရန် အလျင်အမြန် လုပ်ဆောင် လိုက်ရ၏။

ပီယွဲ့မှာ ထိုမြင်ကွင်းကို ဘေးမှ ကြည့်ပြီး၊ မှင်တက် သွားသည်။ သူ့ရှေ့မှ လူငယ်သည် ဤမျှ ပြင်းထန်သော တိုက်ခိုက် မှုကို ရုတ်ချည်း၊ လုပ်ဆောင် လာလိမ့် မည်ဟု မထင် ထားချေ။

မည်သည့် ခံစားချက် အရိပ် အယောင် မျှပင် မပြဘဲ၊ လူ တစ်ယောက်ကို သတ်ဖြတ်ရန် ကြိုးစား လာခြင်းမှာ၊ သားသတ် သမား ထက်ပင် ပို၍ ရက်စက် နေခေျ ၏။

လင်းယွန် တစ်ယောက် အသက်ပေါင်း များစွာ သတ်ဖြတ် ခဲ့ကြောင်းကို၊ သူတို့ နှစ်ဦး မသိ ခဲ့ချေ။

သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခုသာ၊ ထုတ်ဖော် ပြလိုက် ပါက၊ သည့်ထက် ပို၍ ထိတ်လန့် ကုန်ပေမည်။

လင်းယွန်မှာ အလွယ် တကူ ဖိနှိပ် နိုင်သူ ဖြစ်ကြောင်း၊ နားလည်မှု လွဲမှား သွားကာ၊ တောင်းပန် ခြင်းဖြင့်၊ ပြေလည် မည်ဟု ယူဆ နေပုံ ရသည်။

ရုတ်တရက် လှည့်ကြည့် လာသော လင်းယွန် ကြောင့်၊ ကျောရိုး တစ်လျှောက် စိမ့်တက် လာပြီး၊ မှင်တက် နေရာမှ ပီယွဲ့ လန့်နိုး သွား၏။

မဆိုင်း မတွပင် သူ့ ရင်ဘတ်ကို လက်ဖဝါး ဖြင့်၊ ပြန်ရိုက်ချ လိုက်သည်။ ထို ရိုက်ချက် ကြောင့်၊ အတွင်း အင်္ဂါများ ဒဏ်ရာ ကုန်၏။

သူ့ ဒဏ်ရာမှာ ချင်းအန် ထက်ပင်၊ ပို၍ ပြင်းထန် ချေသည်။ ထို့နောက် လင်းယွန်အား ပြန်မော့ ကြည့်ကာ၊

“ စိတ်မပူ ပါနဲ့၊ မင်း ... ငါ့ကို နဝမ အဆင့်မှာ တွေ့ရ တော့မှာ မဟုတ်ဘူး။ ”

-ဟုဆို လိုက်၏။

၎င်းတို့ နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့ပြီး၊ နတ်ဘုရားများ ကုသ ပေးလာ လျှင်ပင်၊ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာ နိုင်မည် မဟုတ်ချေ။

ဆိုလို သည်မှာ သူတို့၏ အင်ပါရီယန် သင်္ချိုင်း ခရီးစဉ်၊ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။

“ ကံကောင်း လိုက်တာ။ ”

လင်းယွန်က နှင်းလမင်းကို သိမ်းယူပြီး၊ လှည့်ထွက် သွား၏။ သည် တစ်ကြိမ်၌ နှစ်ယောက်သား အသံပင်၊ မထွက်ဝံ့ ကြတော့ ချေ။

ကြောက်လန့် စိတ်ကြောင့် တုန်ယင် စွာဖြင့်၊ လင်းယွန်၏ နောကျော ကိုသာ ကြည့်နေ မိ ကြသည်။

တစ်ချိန်တည်း မှာပင်၊ အဋ္ဌမ အဆင့်ရှိ အခြားသော ခန်းမ တစ်ခု၌၊ ကြက်သွေးရောင် ကြာပန်း တစ်ပွင့်၊ ပျံဝဲ နေသော ရေကန် တစ်ကန် ရှိသည်။

ဂျီဝူယီက ယင်းကို ကြည့်ပြီး၊

“ ကြယ် ခုနစ်ပွင့်၊ ကြက်သွေးရောင် မီးကြာပန်း ပါလား။ ”

ကြက်သွေးရောင် မီးကြာ ပန်းမှာ၊ ကြယ် ခုနစ် ပွင့် အဆင့် မဆိုနှင့်၊ ကြယ်တစ်ပွင့် အဆင့် ဖြင့်ပင်၊ များစွာ တန်ဖိုး ရှိချေသည်။

ယခု အချိန်၌ သူ့အတွက် အသုံး မဝင် သေးသော်လည်း၊ ယင်-ယန် အဆင့်သို့ ရောက်ရှိ သည်နှင့်၊ အသုံးဝင် လာနိုင်မည်။

ရုတ်တရက် ခန်းမထဲ ထပ်မံ ဝင်ရောက် လာသော ခြေသံ တစ်စုံကြောင့်၊ ဂျီဝူယီက လှည့်ကြည့် လိုက်၏။

“ ဂျီဝူယီ ... မင်း မသေ သေးဖူးလား။ ”

ဂျီဝူယီကို မြင်သည်နှင့်၊ ရန်ကောင်း မျက်နှာမှာ၊ စိတ်ပျက် သွားသည်။ သူတို့ နှစ်ဦး တွင် ရန်ငြိုး တစ်ရပ် ရှိနေ ခဲ့ပြီး၊ သူ့စကား များက ရန်လို မှုများ၊ ပြည့်နှက် နေ၏။

“ စိတ်မပူ ပါနဲ့၊ မင်း မသေ သ၍ ငါသေ နိုင်မှာ မဟုတ်ဘူး၊ အခုတော့ မင်းကို ငါ လိုက်ပို့ ပေးပါ ရစေ၊ အင်ပါရီယန် ပုလဲကို ငါ ရယူတဲ့ အခါ၊ အပြင် ကနေ မင်း ကြည့်လို့ ရပါတယ်။ ”

ဂျီဝူယီက မထီမဲ့မြင် ပြုကာ၊ ပြန်ဖြေ လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ရန်ကောင်းက ရယ်မော လိုက်၏။ ပြီးနောက် အထင်သေး သော မျက်ဝန်း များဖြင့် ပြန်ကြည့် ကာ၊

“ အဆင့် သတ်မှတ်ချက် ပြင်ပက၊ ပုရွတ်ဆိတ် တစ်ကောင် ကတောင်မှ မင်းကို မျက်လုံးထဲ ထည့်ထား ခဲ့တာ မဟုတ်ဘူး၊ ... ”

“ ... ဒါနဲ့ တောင် မင်းက အင်ပါရီယန် အမွေကို ရယူဖို့၊ အရည် အချင်းရှိ တယ်လို့ ထင်နေ တုန်းလား၊ ... ဟာသပဲ ဂျီဝူယီ။ ”

ရန်ကောင်း၏ စကား များက၊ ဂျီဝူယီ ဒဏ်ရာကို ဆားဖြင့် ပက်ခြင်း မည်၏။

ထို့ကြောင့် သိပ်သည်းသော လူသတ် ရောင်ဝါကို၊ ထုတ်လွှတ် လိုက်ပြီး၊

“ မင်း မကြာခင် သိလိမ့်မယ်။ ”

-ဟု အံကြိတ်ကာ တုန့်ပြန် လိုက်သည်။

သို့သော် ရန်ကောင်းက၊ ဂျီဝူယီထက် မနိမ့်သော သတ်ဖြတ်မှု ရောင်ဝါကို ထုတ်လွှတ် ကာ၊ မထီတရီ ပြုံးပြ လာလေသည်။

မိစ္ဆာ နှစ်ဖော် အဖြစ်ဟု လူသိများ သောကြောင့်၊ သူတို့ နှစ်ဦး၏ ဤအဆင့် တိုက်ပွဲ မှာ၊ တိမ်နဂါး များကိုပင် ထိန့်လန့် စေ နိုင်၏။

ဂျီဝူယီနှင့် ရန်ကောင်းတို့ နှစ်ဦး အနက်မှ၊ တစ်ဦး သည်သာ အင်ပါရီယန် အမွေကို ရရှိ နိုင်ခြေ ရှိသည်။

တစ်ချိန်တည်း မှာပင်၊ လေးနှစ်ကြာ ပြီးနောက်၊ မည်သူက ပို၍ အားကောင်း လာ မည်ကို သိချင် မိလာ ကြ၏။

တစ်နာရီခန့် ကြာပြီးနောက်၊ ချင်းအန်နှင့် ပီယွဲ့ ရှိ နေသည့် ခန်းမ ထဲသို့၊ လူရိပ် တစ်ဦး ထပ်မံ ရောက်ရှိ လာသည်။

ထိုလူရိပ် ထံမှ၊ ဖြာထွက် နေသော ဓား တစ်လက် ကြောင့်၊ ချင်းအန်နှင့် ပီယွဲ့ တို့၏ မျက်နှာများ ပြောင်းလဲ သွားရ၏။

လင်းယွန် ပြန်ရောက် လာပြီဟု ထင်လိုက် မိကြ သော်လည်း၊ ဘိုင်လိရွှမ်မှန်း သိပြီးနောက် စိတ် သက်သာရာ ရသွားသည်။

“ မင်း တို့ကို ... ဘယ်သူ လုပ်တာလဲ။ ”

သူတို့ နှစ်ဦး၏ ကြောက်စရာ ကောင်းသော အခြေ အနေကို မြင်သည်နှင့်၊ ဘိုင်လိရွှမ်က အံ့အား သင့်စွာ မေးမြန်း လိုက် မိသည်။

“ မင်းနဲ့ ဘာဆိုင် လို့လဲ။ ”

ပီယွဲ့က အေးစက်စွာ ပြန်ဖြေ သည်။ လင်းယွန် အတွက် နှစ်ယောက်သား လက်တွဲ ခဲ့ကြသည့် အချင်း အရာကို၊ လူသိ မခံ ချင်ချေ။

ငြင်းဆို သံကြောင့် ဘိုင်လိရွှမ်က၊ ပြုံးလိုက် သည်။ ဤနှစ်ယောက်မှာ ဂိုရှု ကဲ့သို့ ခေါင်းမာ နေပေ ၏။

ယင်းသည်မှာ လင်းယွန်ကို ရှုံးနိမ့် သွားခြင်း ဖြစ်ပေမည်။ သို့သော် သူ့မျက်နှာ ပေါ်ရှိ အပြုံး များ ရုတ်တရက် အေးခဲ သွားပြီး၊ ၎င်းကို သူ မလို ချင်ကြောင်း၊ သတိရ သွား၏။

ပြင်ပ အဆင့်တွင် အနောက်ဘက်၊ ‘ယွန်း’ နေသော ဂိုရှုကို အနိုင်ယူ နိုင်သည် ဟူသော သတင်း သည်သာလျှင် အဆင် ပြေသည်။

ပီယွဲ့နှင့် ချင်းအန် တို့မှာ၊ နာမည် ဆိုးဖြင့် ကျော်ကြား လှသော၊ ထိပ်ဆုံး အဆင့် တိမ်နဂါး များ ဖြစ်ချေ၏။

စီနီယာ အစ်ကိုကြီး ရှားယွင်ရှောင် သည်ပင်၊ ၎င်းတို့ နှစ်ဦးအား ဤသို့ အနိုင်ယူ နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လင်းယွန်ကို စိတ်ထဲက အမြန် ထုတ်ပစ် လိုက်၏။ ရန်ကောင်းနှင့် ဂျီဝူယီ တို့ သည်သာ၊ ပီယွဲ့တို့ နှစ်ဦးပေါင်း တိုက်ခိုက် မှုကို အနိုင်ယူ ပေမည်၊

“ လင်းယွန်တော့ မဟုတ်ဖူး မလား။ ”

ဘိုင်လိရွှမ်က ပေါ့ပေါ့ ပါးပါးပင် ပြုံးကာ မေးလိုက် သည်။ သို့သော် ချင်းအန်နှင့် ပီယွဲ့ တို့၏၊ ပျက်ယွင်း သွားသော မျက်နှာ အမူ အရာ များကြောင့်၊ ချက်ချင်း ဆိုသလို မျက်လုံးများ မှိတ်ချ လိုက်ရသည်။

ပြန်မဖြေ လျှင်ပင်၊ ယင်းကို တွက်ထုတ် နိုင်ပြီ ဖြစ်သည်။ တရိပ်ရိပ် မျက်နှာ မည်းတက် လာပြီး၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာ၏။

၎င်း အနေ အထားဖြင့်၊ အချိန် အတော်ကြာ ငြိမ်သက် နေပြီးနောက်၊

“ ဘယ်ကို ထွက်သွား လဲ။ ” -ဟု မေးလိုက် သည်။

“ ဘယ် ဘက်။ ”

ပီယွဲ့ ပြန်ဖြေသံ မဆုံးခင် မှာပင်၊ ဘိုင်လိရွှမ်မှာ ထိုလမ်းသို့ ဝင်ရောက် သွားပြီ ဖြစ် သည်။

စိတ်စော နေသော ဘိုင်လိရွှမ် နောက်ကျော ကို ကြည့်ပြီး ချင်းအန်က၊

“ မင်း သူ့ကို လိုက်မမီ နိုင်ဘူး။ ”

-ဟု လှမ်းအော် လိုက်၏။

ထိုစကား သံများက၊ ဘိုင်လိရွှမ် နားထဲ ပဲ့တင် ထပ်သွားပြီး၊ ရုတ်တရက် ရန်လို စွာဖြင့်၊ ပြန်လှည့် ကြည့် လာ၏။

ထိုအကြည့် ကြောင့် နှစ်ဦးသား ပါးစပ် ပိတ်ထား လိုက်မိ၏။ ပြီးနောက် ပြန်လည် ပျောက်ကွယ် သွားသော ဘိုင်လိရွှမ်အား မျှော် ကြည့်ကာ၊

“ သူ ဘာဖြစ် နေတာလဲ၊ လင်းယွန် ထွက်သွားတာ တစ်နာရီလောက် ရှိနေ တာမို့၊ ဒီလိုပဲ ပြောလိုက် တာပါ၊ ဘာလို့ ဒီလောက် နာကျင် သွားရ တာလဲ။ ”

“ သူက လင်းယွန် လိုပဲ၊ မဟာချင် အင်ပါယာက လာတဲ့ ဓားသမား တစ်ယောက် လို့၊ ငါ ကြား ထားတယ်။ ”

ပီယွဲ့က ပြန်ဖြေ၏။ ထိုကြောင့် ချင်းအန်၏ မျက်လုံးများ တောက်ပ လာကာ၊ အကြမ်းဖျင်း နားလည် သွားလေသည်။

***

All Chapters