မျိုးဆက် ဟောင်းနှင့် မျိုးဆက်သစ်။
Vol. 45 Ch. 617
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာသည် နှင့်အမျှ၊ မြောက်ပင်လယ် နယ်နိမိတ် အစပ်တွင် စောင့်မျှော် နေသော လူအုပ်ကြီးမှာ၊ စိတ် လှုပ်ရှား လာကုန်၏။
ရှားယွင်ရေှာင်ကို ဖယ်ထုတ် ပြီးနောက်၊ အခြား မည်သူမျှ ထပ်မံ ထွက်ပေါ် လာခြင်း မရှိ တော့ချေ။
“ လင်းယွန်၊ ဘိုင်လိရွှမ်၊ ချင်းအန် ၊ ပီယွဲ့၊ ရန်ကောင်း နဲ့ ဂျီဝူယီ တို့ပဲ ကျန်တော့တယ်၊ ဒါက တစ်ယောက် ယောက်ကို ဖယ်ထုတ် ခံရဖို့၊ အချိန် တန်ပြီ မဟုတ်လား။ ”
“ ခွန်အား အရ ဆိုရင် ...၊ လင်းယွန် ဒါမှ မဟုတ် ဘိုင်လိရွှမ်ကို ဖယ်ထုတ် ခံရ နိုင်ခြေ မြင့်မား ပါတယ်။ ”
“ တိမ်နဂါး တိုင်းတောင် ဆဋ္ဌမ အဆင့်ကို မကျော်လွှား နိုင်ခဲ့ ကြဘူး၊ ဒီအထိ ရောက်နိုင် ခဲ့တဲ့ အတွက်၊ သူတို့ နှစ်ယောက်က ဂုဏ်ယူ သင့်ပြီ။ ”
“ လူငယ် ပါရမီရှင် တွေက တကယ်ပဲ သန်မာ လွန်းပါ တယ်၊ ဒီနှစ် သွေးစွန်းသော ဧည့်ခံပွဲက စိတ်ဝင်စား စရာ ရှိလာ တော့မှာ အမှန်ပဲ။ ”
နဝမ အဆင့်ဖြင့် နီးကပ် လာပြီ ဖြစ်ရာ၊ ပြိုင်ဆိုင် မှုများ ပို၍ ပြင်းထန် လာခေျမည်။ ယခု အချိန်၌ လူတိုင်းက ဖယ်ထုတ် ခံရ မည့်သူ၊ မည်သူ ဖြစ်လာ မည်ကို ခန့်မှန်း နေကြ၏။
သူတို့ ဆွေးနွေး နေကြစဉ် ပုံရိပ် နှစ်ရိပ် လေဟာနယ် လှိုင်းတွန့်များ အတွင်းမှ တိုးထွက် လာ ပြန်သည်။
ရုတ်တရက် ချက်ချင်း ပြတ်ထင် လာခြင်း မရှိ သေးသော ကြောင့်၊ မည်သူ မည်ဝါ ဖြစ်မည် ကို၊ စိတ်ဝင် တစား အမြန် လှည့်ကြည့် လိုက် သည်။
သဲမုန်တိုင်း အတွင်းမှ လွတ်ကင်း လာချိန်၌၊ ထိုလူရိပ် နှစ်ရိပ် ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဒဏ်ရာ များကို သတိထား မိလာ ၏။
“ ချင်းအန် ... ၊ ပီယွဲ့ ... ။ ”
“ ဘယ်လိုတောင် ကြောက်စရာ ကောင်း လိုက်တဲ့ ဒဏ်ရာ တွေလဲ …။ ”
“ တိမ်ယံ သုံးဆင့် ဂိုဏ်းရဲ့ ပြောသံ အရဆို၊ သူတို့ နှစ်ဦးက ရှားယွင်ရှောင်ကို အနိုင် ယူဖို့ ပူးပေါင်း ထားကြတာ မဟုတ်လား။ ”
“ ဒါဆို ဒီ နှစ်ယောက်ကို ဖယ်ထုတ် လိုက်တဲ့ သူက၊ ရှားယွင်ရှောင် ထက်တောင် ပိုသန်မာ တာပေါ့၊ ဒီလို အင်အားမျိုး ဘယ်သူ့မှာ ရှိနိုင် မှာလဲ။ ”
“ ရှင်းရှင်း လေးပဲ၊ ဂျီဝူယီ ဒါမှ မဟုတ် ရန်ကောင်း ပဲပေါ့၊ သူတို့က တကယ်ကို သန်မာ ပါတယ်။ ”
ရန်ကောင်းနှင့် ဂျီဝူယီမှ လွဲ၍ အခြား မည်သူမျှ ဤအရာကို အောင်မြင်နိုင် မည်ဟု၊ မထင် ကြချေ။
ပီယွဲ့နှင့် ချင်းအန်၏ ဒဏ်ရာများ အရ၊ မည်မျှ ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲဖြစ် ခဲ့မည်ကို၊ သူတို့ စိတ်ကူး ကြည့်နိုင်၏။
“ အိုး ... တကယ်ပဲ ကြောက်စရာ ကောင်း လိုက်တာ။ ”
ပီယွဲ့နှင့် ချင်းအန်တို့ အနားမှ ဖြတ်သွား ချိန်တွင်၊ လူများ စွာက အသက်ရှူ ကြပ်သွား သကဲ့သို့၊ ပြင်းပြင်း ရှူထုတ် လိုက်၏။
ယခု အချိန် အထိ၊ အသက်ရှင် နေသေး သည်မှာ၊ အံ့သြ စရာ ပေပင်။
ထိုသို့သော တုန့်ပြန် မှုကို ကြားလိုက် ရချိန်၌၊ ပီယွဲ့နှင့် ချင်းအန် မျက်နှာမှာ၊ ဆိုးရွားစွာ ပျက်ယွင်း သွားခဲ့ သည်။
ဂျီဝူယီ သို့မဟုတ် ရန်ကောင်းတို့ ထပ်မံ ရောက်ရှိ လာမည်ကို စိုးရိမ် သဖြင့်၊ ဘိုင်လိရွှမ် ထွက်သွား ပြီးနောက်၊ ချက်ချင်း ထထွက် လာခဲ့ ကြသည်။
နဝမ အဆင့် စမ်းသပ် မှုကို ဖြေဆိုရန် ကြိုးစား ခဲ့ သော်လည်း၊ လှုပ်ရှားမှု တစ်ခု တည်းဖြင့်၊ ဖယ်ရှားခြင်း ခံလိုက် ရ၏။
၎င်းတို့ထံ မေးခွန်းများ မေးလာ နိုင်မှန်း သိထား သောကြောင့်၊ စကား မပြော တော့ရန် နှစ်ဦးသား ဆုံးဖြတ် ထား ကြသည်။
“ လင်းယွန် မထွက်လာ သေးဘူး …။ ”
ကောင်းကင် ပြည်နယ် အကယ်ဒမီမှ အကြီးအကဲ များမှာ၊ ပို၍ပင် စိတ်လှုပ်ရှား လာ ကုန်၏။
အထူး သဖြင့် ပီယွဲ့တို့ နှစ်ဦး ထံမှ၊ ဖြတ်သွား ဖြတ်လာ အကြည့် တစ်ချက်ကြောင့်၊ မျက်ခုံးပင့် မိလိုက် ကြသည်။
လင်းယွန်မှာ ဤမျှ အထိ၊ ရောက်နိုင် လိမ့်မည် ဟု၊ မမျှော်လင့် ထားခဲ့ သည်မှာ သဘာဝ ပေပင်။
“ စီနီယာ တန်၊ လင်းယွန်က သူတို့ကို ဖယ်ထုတ် လိုက်တာလို့၊ ငါ ခံစား မိတယ် …။ ”
ဤအခိုက် အတန့်တွင် မိုလင်းက၊ သူ့ အယူအဆကို ထုတ်ဖော် ပြောဆို လာသဖြင့်၊ လူတိုင်း အံ့အား သင့်ကုန်သည်။
ကနဦး ယန် အဆင့်ဖြင့်၊ ပြင်ပ အဆင့် ထိပ်ဆုံး ဆယ်ဦး စာရင်ဝင် ဘီလူး နှစ်ကောင် ကို၊ ဤသို့ ရိုက်နှက် နိုင်မည်ဟု၊ ဆိုခြင်းမှာ အနည်းငယ် ချဲ့ကားလွန်း နေ ချေသည်။
ရှန်ရှင်းဓား အလယ် အလတ် ကျွမ်းကျင်မှုကို ဆုပ်ကိုင် ထားနိုင်သော၊ ရှားယွင်ရှောင် သည်ပင်၊ ပီယွဲ့တို့ နှစ်ဦးအား အနိုင် မယူ နိုင်ချေ။
“ ဒါက ငါ့ရဲ့ ခန့်မှန်းချက် သက်သက်ပါ၊ သူတို့ရဲ့ ဒဏ်ရာတွေ ကြည့်ရတာ၊ ပန်းသင်္ချိုင်း ဓားကြောင့် ဖြစ်ပုံ ရတယ်။ ”
ရန်ကောင်းနှင့် ဂျီဝူယီ တို့မှာ၊ ဓားရည်ရွယ် ချက်ကို တစ်ချိန်က၊ ကျင့်ကြံခဲ့ သော်လည်း၊ အဆုံးတွင် သတ်ဖြတ်ခြင်း အပေါ်သာ အာရုံစိုက် ကုန်ကြ၏။
“ သူတို့ရဲ့ ဒဏ်ရာ တွေမှာ၊ သွေး ဆာနေတဲ့၊ အငွေ့ အသက်တွေ မရှိဘူး၊ ဓားဆန္ဒ သက်သက်ပဲ ရှိတယ်။ ”
-ဟု မိုလင်းက ဆက်ပြော လိုက်သည်။
သူမ၏ သုံးသပ် ချက်ကြောင့်၊ ကျန်းယွမ် နှင့် ကျန်လူ များမှာ၊ ပီယွဲ့တို့ နှစ်ဦးထံ ပြန်လှည့် ကြည့်လိုက် မိသည်။
တစ်ဖက် တွင်မူ သွေးတောင်ပံ ခန်းမရှိ၊ အဖွဲ့ဝင် တိုင်းက လင်းယွန်အား ကွဲပြားသော အမြင်ဖြင့် ဆွေးနွေး နေကြ၏။
“ အဲ့ကောင်က မထွက်လာ သေးဖူးလား။ ”
“ တိမ်မိစ္ဆာ တပည့်ကို သတ်ရုံသာ မကဘူး၊ ငါတို့ ဂိုဏ်းရဲ့ ပါရမီရှင် ကိုလည်း သတ်ပစ် ခဲ့တယ်၊ ဒါက ခွင့်လွှတ် နိုင်စရာ မရှိဘူး။ ”
“ အကယ်ဒမီက သူ့ နောက်မှာ၊ ရပ်တည် ‘ဝံ့’ ရင်တောင် ... ၊ ငါတို့ လက်စား ချေရကို ချေရ မယ်။ ”
အထူး သဖြင့် အရာ အားလုံးမှာ၊ လူ အများ၏ မျက်စိ ရှေ့တွင်ပင်၊ ဖြစ်ပျက် သွား သောကြောင့်၊ လင်းယွန် လုပ်ရပ်မှာ၊ သူတို့အား ဂရု မစိုက်ရာ ရောက်ချေသည်။
သွေးတောင်ပံ ခန်းမ အဖွဲ့ သားများ၊ ရှိရာ လေထုသည်၊ ဒေါသ အမျက် များနှင့် ပြည့်နှက် လာ၏။
၎င်းတို့ကို ဦးဆောင် လာသော၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ အကြီး အကဲ မယု၏ မျက်နှာ မှာ၊ မည်းမှောင် နေချေပြီ။
လန်းဟွာယုမှာ သူ၏ အထူးချွန် ဆုံးသော တပည့် တစ်ဦး ဖြစ်၏။ ထို့ကြောင့် လင်းယွန် ပြန်ထွက် လာမည့် အချိန်ကို၊ လူ တကာထက် စိတ်စောစွာ စောင့်မျှော် နေခြင်း ဖြစ်သည်။
သို့သော် ယခု အချိန်၌ လူတိုင်း အာရုံမှာ၊ ချင်းအန်နှင့် ပီယွဲ့တို့ ၌သာ ရှိနေ ချေ၏။ ဓား ကြောင့် ဖြစ်သော ဒဏ်ရာများ ဖြစ်သည်ကို၊ လူတိုင်း ပြောနိုင် သည်။
ဆိုလို သည်မှာ ဓားသမား ဟူ၍၊ လင်းယွန်နှင့် ဘိုင်လိရွှမ်သာ ရှိ၏။ ထို့ကြောင့် များစွာ ထိတ်လန့် စရာ ကောင်းနေ ချေသည်။
၎င်းတို့ နှစ်ဦးမှာ၊ မျိုးဆက်သစ် လူငယ် များသာ ဖြစ်ပြီး၊ မကြာ သေးမီ ကမှ ကျော်ကြား လာသူများ ဖြစ်သည်။
၎င်းတို့ အနက် လင်းယွန်မှာ၊ အသက် (၁၈) နှစ်သာ ရှိပေ၏။
“ သူပဲ ဖြစ်ရမယ်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံးမှာ၊ သူတော်စင် ခန္ဓာ ကိုယ်ကို ပိုင်ဆိုင် ထားတဲ့ သူ ဆိုလို့၊ ဘိုင်လိရွှမ် တစ်ယောက်ပဲ ရှိတယ်။ ”
“ လင်းယွန် လည်း ဖြစ်နိုင် တာပဲ၊ သူက ဂျီဝူယီ ကိုတောင် မကြောက် ခဲ့ တာကို မမေ့နဲ့။ ”
“ ဒါပေမယ့် ရှားယွင်ရှောင် ကတောင်၊ ချင်းအန်နဲ့ ပီယွဲ့ကို ရှုံးခဲ့ တယ် မဟုတ်လား။ ”
“ အဲဒါက သိပ် မသေချာ သေးဘူး၊ ဘိုင်လိရွှမ်မှာ ဝှက်ဖဲ မရှိ ဖူးလို့ မင်းပြော နိုင်လား။ ”
ချင်းအန်နှင့် ပီယွဲ့မှာ ပတ်ဝန်းကျင် အသံ များကို လျစ်လျူရှု ခြင်းငှာ မစွမ်းချေ။ လူတိုင်းက သူတို့ နှစ်ဦးကို၊ ဖယ်ရှား ပစ်ခဲ့ သူအား သိချင် နေကြ၏။
အင်ပါ ရီယန် အမွေ အတွက်၊ ယုံကြည်ချက် ရှိရှိ ရောက်ရှိ လာခဲ့ ကြခြင်း ဖြစ်သော်လည်း၊ အရှက် ရဖွယ် ရလာဒ်များ ဖြင့်သာ၊ အဆုံးသတ် ခဲ့ရ လေသည်။
သို့သော် ဤအခိုက် အတန့်တွင်၊ နောက်ထပ် လှုပ်ခတ်မှု များနှင့် အတူ၊ လူနှစ်ဦး ထပ်မံ ထွက်ပေါ် လာ၏။
ယင်းမှာ ရန်ကောင်းနှင့်၊ ဘိုင်လိရွှမ်တို့ ဖြစ် ချေသည်။ သူတို့ နောက်၌ အချိန် အတော်ကြာ သည့်တိုင်၊ ပုံရိပ်များ ထပ်မံ ထွက်ပေါ် လာခြင်း မရှိတော့ သည်ကြောင့်၊ လူအုပ် ကြီးမှာ ပွက်လော ရိုက်ကုန် ၏။
“ ဒါဆို လင်းယွန်နဲ့ ဂျီဝူယီပဲ ကျန်တော့ တာပဲ။ ”
“ တကယ်ပဲ လင်းယွန်ပေါ့။ ”
ချင်းအန်နှင့် ပီယွဲ့ကို ဖယ်ထုတ် လိုက်သူမှာ၊ လင်းယွန် ဖြစ်ကြောင်း သေချာ သွားပြီ ဖြစ်သည်။
အင်ပါရီယန် သင်္ချိုင်း အတွင်း၌ လူ နှစ်ယောက်သာ ကျန်ရှိ တော့၏။ တစ်ဦးမှာ ကျော်ကြားသော သားသတ်သမား တစ်ဦး ဖြစ်ပြီး၊ ကျန် တစ်ဦးမှာ လူငယ် ဓားသမား တစ်ယောက် ဖြစ်၏။
သူတို့ နှစ်ဦး ကြား တိုက်ပွဲမှာ၊ မျိုးဆက် ဟောင်းနှင့် မျိုးဆက်သစ် တို့ကြား ခွန်အားကို ကိုယ်စား ပြုချေသည်။
အထူး သဖြင့် သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ ရှစ်လ မျှသာ ကျန်ရှိပေ တော့သည် ဖြစ်ရာ၊ လူတိုင်းက ဤတိုက်ပွဲ အပေါ် အာရုံစိုက် လာမိ ၏။
***