← Chapters

နောက်ဆုံး စမ်းသပ်မှု။

Vol. 45 Ch. 618

နောက်ဆုံး စမ်းသပ်မှု။

Vol. 45 Ch. 618

အဋ္ဌမ အဆင့်၌ အချိန် အတော် ကြာအောင် ထိုင်နေ မိသည်။ ချင်းအန်၊ ပီယွဲ့ တို့နှင့် ရင်ဆိုင် ရာ၌၊ ဒဏ်ရာ ပြင်းစွာ မရ ရှိခဲ့ သော်လည်း၊ မူလ စွမ်းအင်များ ကုန်ဆုံး သွား၏။

ပန်းသင်္ချိုင်းဓား သည်သာ စကြာဝဠာ အဆင့်သို့ မရောက်ရှိ ပါက၊ ၎င်းတို့ နှစ်ဦး လုံးကို ကိုင်တွယ် ဖြေရှင်းရန်၊ သူ့ အတွက် လွယ်ကူ မည် မဟုတ်ပေ။

သိုလှောင်အိတ် အတွင်းမှ မိုးပြာ နဂါး သွေးအဆီ အနှစ်ကို ထုတ်ယူ လိုက်သည်။ ၎င်း သွေးစက်က ကြမ်းကြုတ်သော အရှိန် အဝါကို ထုတ်လွှတ်လျက် သူ့ ရှေ့၌ ပျံဝဲ လာ၏။

ယင်းကို ကြည့်ပြီးနောက်၊ အတွေးထဲ နစ်မေျာ သွားတော့သည်။ လက်ရှိ အချိန်၌ မိုးပြာ နဂါး မူလ ပုံစံ၏၊ ပထမ အဆင့် နှစ်ဆင့်ကို ပြီးမြောက် ထားကာ၊ ပုံစံငယ် ကိုပင် အသုံးပြု နိုင်ပြီ ဖြစ်သည်။

သို့သော် လေနှင့် လျှပ်စီး ဆိုင်ရာ၊ စွမ်းအင်များ အပေါ်၊ ကျွမ်းကျင်မှု မရှိ သေးချေ။ ထို့ကြောင့် မိုးပြာ နဂါး သွေးအဆီ အနှစ် သည်သာ၊ ထိုပြဿနာကို ဖြေရှင်း ပေးနိုင်မည်။

ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး၊ ဤသွေးအဆီ အနှစ်ကို ပြန်လည် သိမ်းဆည်း ရန်၊ ရွေးချယ် လိုက်သည်။

၎င်းတွင် ပါရှိသော စွမ်းအင်မှာ၊ ပြင်းထန် လွန်းသော ကြောင့်၊ သန့်စင်ရန် အနည်းဆုံး သုံးရက်မှ ခုနစ်ရက် အထိ၊ လိုအပ် ပေလိမ့်မည်။

ယခု သူ၌ အချိန် မရှိ တော့ချေ။ မူလ စွမ်းအင်များ ပြန်လည် ဖြည့်တင်းရန် အတွက်၊ အချိန် များစွာ ဖြုန်းတီး နေမိပြီ ဖြစ်သည်။

ထိုအချိန်၌ အခြား သူများမှာ၊ နဝမ အဆင့် စစ်ဆေး မှုကိုပင် ဖြေဆို နေပြီဟု ထင်၏။

“ ဒါကို ... ၊ နောက်မှ ပြန်ကြည့် မယ်။ ”

သွေး အဆီ အနှစ်ကို၊ သိမ်းဆည်း လိုက်ပြီး၊ သူ့ အကြည့်ကို၊ ဥမင် လိုဏ်ခေါင်း ဆီသို့ ဖြည်းညှင်းစွာ ရွေ့လိုက်၏။

ဤသည်မှာ နဝမ အဆင့်သို့၊ ဦးတည် သွားသော လမ်း ဖြစ်ချေသည်။ သည်အချိန် မတိုင်မီ၊ နက်နဲယင် ရေ ကြောင့်သာ၊ အင်ပါရီယန် သင်္ချိုင်း နယ်မြေသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

သို့သော် သန်မာ လွန်းသော ပြိုင်ဘက် များနှင့် ကြုံတွေ့ ပြီးနောက် တွင်ပင်၊ ဤမျှ အထိ ခရီးရောက် လာခဲ့၏။

ဥမင် အဆုံး၌ နံရံတွင် ပန်းချီကား သုံးချပ်ဖြင့်၊ အလှဆင် ထားသော ခန်းမကျယ် တစ်ခုအား တွေ့ရှိ လိုက် လေသည်။

ကြည့်နေ ချိန်မှာပင်၊ နဂါး ဟောက်သံ ထွက်ပေါ် လာပြီး၊ သူ့ ဆီသို့ အလင်း ရောင်များ ကျရောက် လာ၏။

အလင်း တန်းက စူးရှ တောက်ပ လွန်းပြီး၊ နဂါး တစ်ကောင်၏ အငွေ့ အသက်များ ပါရှိ လေသည်။

၎င်းထံမှ ခံစား ရသော ဖိအားမှာ၊ အထွတ် အထိပ် ယန် အဆင့်နှင့် ညီမျှ၏။

လေနှင့် လျှပ်စီး စွမ်းအင် များကို ပေါင်းစပ် ထားသော လက်သီးဖြင့်၊ လင်းယွန်က ပြန်လည် ထိုးနှက် လိုက်သည်။

သိပ်သည်း လွန်းသော အင်အားကြောင့်၊ လင်းယွန် တစ်ယောက် နောက်သို့၊ ခြေသုံးလှမ်း ဆုတ်ပေး လိုက်ရ၏။

ဟန်ချက်ကို တည်ငြိမ်အောင်၊ မထိန်း နိုင်ခင်မှာပင်၊ နောက်ထပ် အလင်းတန်း နှစ်ခုက၊ နဂါးဟောက်သံ များနှင့် အတူ၊ ထပ်မံ ကျရောက် လာ၏။

ညာဘက် လက် တစ်ဖက်လုံး ထုံကျင် သွားကာ၊ နိမ့်ကျသော အနေ အထားသို့ ချက်ချင်း သက်ဆင်း သွားသည်။

နဂါး ဟောက်သံ များနှင့် အတူ၊ လေထဲ လွင့်မျော နေသော ရောင်စုံ အလင်းမျှဉ် များက၊ လှပသော မြင်ကွင်း တစ်ရပ် ဖြစ်နေ ချေ၏။

အလင်းတန်း ကိုးသွယ်က၊ နောက် တစ်ကြိမ် ပြေးဝင် လာပြန်ရာ၊ လက်သီး များဖြင့် ပြန်လည် ထိုးနှက် လိုက်သော်လည်း၊ နောက်သို့ ထပ်မံ ဆုတ်ခွာ ပေးနေ ရဆဲ၊ ဖြစ်သည်။

ထို့နောက်တွင်၊ ရောင်ခြည် ကိုးသွယ်မှာ၊ နဂါး တစ်ကောင် အဖြစ် ရုတ်တရက် ပေါင်းစပ် သွား၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နဂါးကြီး ရောင်ဝါက ယင်-ယန် အဆင့်သို့ ရောက်ရှိ လာသည်။

ယင်းကြောင့် ထိုဖိအားကို တွန်းလှန်ရန် ခရမ်းရောင် နန်းတော်ရှိ အိုင်းရစ် ပန်းကို၊ ပွင့်စေ လိုက်၏။

“ နောက်ဆုံး စမ်းသပ်မှု စပြီလား။ ”

မျက်ဝန်းများ အတွင်း၌၊ တိုက်ပွဲဝင် လိုစိတ်များ တောက်လောင် လာကာ ပြုံးလျက်၊ ဆိုလိုက် လေသည်။

ချင်းအန်နှင့် ပီယွဲ့ကို အနိုင်ယူ ပြီးနောက်၊ ဤတိုက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ပန်းသင်္ချိုင်း ဓား သည်ပင်၊ တိုက်ပွဲဝင် ဆန္ဒ များဖြင့် ဆူညံ လာတော့၏။

ရွှေရောင် သံချပ်ကာ ရုပ် သေးရုပ်မှာ၊ နဂါးအသွင် ပြောင်းသွားလဲ သွားပြီးနောက်၊ လှံဖြင့် လင်းယွန်အား ထိုးချ လိုက်သည်။

နဝမ အဆင့် စမ်းသပ် မှုတွင်၊ ငွေရောင် သံချပ်ကာ ရုပ်သေး ကိုးကောင်ဖြင့်၊ တိုက်ခိုက် ရလိမ့် မည်ဟု၊ တွေးထင် ခဲ့ သော်လည်း၊ လုံးဝ ပြောင်းလဲ သွားလိမ့် မည်ဟု မထင် မိချေ။

ဆိုလို သည်မှာ သူ့အတွက် ချို့ယွင်းချက် တစ်ခုကို ရှာတွေ့ ဖို့ရန် ခက်ခဲ လာပြီဟု အဓိပ္ပါယ် ရချေသည်။

သူအား တိုက်ခိုက် လာသော နဂါးက၊ ရုပ်သေး ကိုးကောင်ကို ရင်ဆိုင်ရ သည်ထက် ပို၍ ကြောက်စရာ ကောင်းပေ၏။

“ ဟိတ် ... ။ ”

ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်ပြီး၊ ပိတ်ဆို့ သိုင်းခြုံ လာသော တိုက်ခိုက်မှု တိုင်းကို ချေဖြတ် ပစ်လိုက်သည်။

“ ဝုန်း ..... ။ ”

ကြီးမားသော ပေါက်ကွဲမှု များကြောင့်၊ မီတာ အနည်းငယ် အကွာထိ နောက်ပြန် ဆုတ်ခွာ ပေးလိုက် ရပြန် သည်။

ကြမ်းပြင် ပေါ်၌ အက်ကြောင်းများ ထင်ကျန် ရစ်ခဲ့ပြီး၊ စွမ်းအင် လှိုင်းများ အဘက် ဘက်သို့ ပျံ့နှံ့ ကုန်၏။ သို့သော် တွန့်ဆုတ်ခြင်း မရှိဘဲ၊ ဓားအား လွှဲယမ်း လိုက်သည်။

“ လရောင် အလင်း ပြန်ခြင်း။ ”

ဖြာထွက် နေသော ဓား ရောင်ခြည် တစ်စင်းက၊ ရုပ်သေး၏ လှံကို တားစီး နိုင်လိုက် သည်။

ဓားနှင့် လှံတို့ ထိပ်တိုက် တွေ့ဆုံ သွားချိန်၌၊ ရွှေရောင် ချပ်ဝတ် ပေါ်တွင် သေးငယ်သော အက်ကြောင်း အချို့ ဖြစ်ပေါ် လာ၏။

ပန်းသင်္ချိုင်း ဓားက ပြိုင်ဘက်၏ ခံစစ်ကို ကျော်ဖြတ် နိုင်သောကြောင့်၊ အနည်းငယ် စိတ် သက်သာရာ ရသွားသည်။

ယင်းက မူလ စွမ်းအင် ကုန်ဆုံး မှုကို များစွာ သက်သာ စေပေမည်။

“ ပန်းသင်္ချိုင်း ဓားက၊ ငါ ထင်ထား တာထက်တောင် ပိုပြီး၊ အစွမ်းထက် နေပုံပဲ။ ”

ဝေဟင်၌ ပျံဝဲ နေစဉ်၊ အကန့် အသတ်မဲ့ ငွေရောင် ဓား အလင်းများ ရုပ်သေးရုပ် ပေါ်သို့၊ ကျရောက် လာ၏။

ရွှေရောင် ရုပ်သေးမှာ ယင်-ယန် အဆင့် ခွန်အားမျိုး၊ ပိုင်ဆိုင် ထားသည့် အတွက်၊ သူ့ ဓားကို လွယ်လင့် တကူ ရှောင်ရှား နိုင်ခဲ့သည်။

သည့်ပြင် မက လေထဲ ပျံဝဲကာ ရှောင်တိမ်း နေစဉ် လင်းယွန်ထံ လှံဖြင့်၊ ပစ်သွင်းရန် မမေ့ ခဲ့ချေ။

ထွက်ပေါ် လာသော ဖိအား အရ၊ လှံမှာ ဓားထက် ပို၍ ထက်ရှ နေကြောင်း၊ လင်းယွန် သိ၏။ သို့သော် ပန်းသင်္ချိုင်း ဓားမှာ၊ သူ့နှင့် အတူ၊ တိုက်ပွဲပေါင်း များစွာ လက်တွဲ ခဲ့ဖူး ချေသည်။

“ ကောင်းကင်က တိမ်တိုက် တွေကို ဖြိုခွဲ မယ်။ ”

အကန့် အသတ် မရှိသော ငွေရာင် ဓားအလင်း များက လေဆင် နှာမောင်း အသွင်၊ ပေါင်းစည်း လာ၏။

ထို့နောက် ရုပ်သေး ဆီသို့ ဦးတည် သွားသောကြောင့်၊ ရွှေရောင် ရုပ်သေးက လှံအား စက်ဝိုင်းခြမ်း သဏ္ဍာန် ဝေ့ယမ်းကာ၊ ခုခံလျက် ဆုတ်ခွာ သွားခဲ့သည်။

ခြေလှမ်း ဆယ်လှမ်းခန့် ဆုတ်ခွာ သွား ပြီးနောက်၊ ရွှေရောင် ချပ်ဝတ် ထံမှ အလင်းများ တောက်ပ လာပြီး၊ ထပ်မံ တိုးဝင် ပျံသန်း လာပြန်၏။

ရွှေရောင် ရုပ်သေး ထံမှ၊ နောက်ထပ် နဂါး ဟောက်သံများ ထွက်ပေါ် လာပြီး၊ လှံဖြင့် လေဆင် နှာမောင်းအား၊ ဖျက်ဆီး ပစ်လိုက် လေသည်။

“ အသက်မဲ့ ရုပ်သေး တစ်ကောင်က ဒါကို အောင်မြင် နိုင်ခဲ့တာ၊ တကယ် ကြောက်စရာ ကောင်းတယ်၊ ဒါပေမယ့် ဒါက ဘာမှ မဟုတ် သေး ပါဘူး။ ”

အဝတ် အစားများ တဖျပ်ဖျပ် ခတ် လာပြီး၊ ကောင်းကင်မှ မိုးကြိုး ပစ်ချ လိုက် သကဲ့သို့၊ ပန်းသင်္ချိုင်း ဓားကို ခုတ်ပိုင်း ပစ်လိုက်သည်။

ဤတစ်ကြိမ် ဓားချက်မှာ၊ ရုပ်သေး၏ ချပ်ဝတ်ကို ထိုးဖောက် သွားပြီး အပိုင်းပိုင်း ဖျက်ဆီး ပစ်လိုက် တော့၏။

မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာသော လင်းယွန်၏ မျက်လုံး များ၌ အလင်း ရောင်များ တောက်ပ သွားသည်။

ရုပ်သေးမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ပန်းသင်္ချိုင်း ဓား သည်သာ ချပ်ဝတ် အား ထိုးဖောက် နိုင်ခြင်း မရှိ ပါက၊ အောင်နိုင်မည် မဟုတ် ချေေ။

ထိုအချိန်တွင် ခရမ်းရောင် နန်းတော်မှ၊ ပူနွေးသော လျှပ်စီးများ ခန္ဓာကိုယ် အနှံ့၊ ရုတ်တရက် ပျံ့နှံ့ လာ တော့၏။

သူ၏ ကျင့်ကြံမှုမှာ၊ ငရဲပန်းကို သန့်စင် ပြီးနောက်၊ ကနဦး ယန်အဆင့် အထွတ် အထိပ် သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။

ချင်းအန်နှင့် ပီယွဲ့တို့ နှစ်ဦးအား၊ တိုက်ခိုက် ရာ၌၊ အဆိုပါ အတား အဆီးကို ဖြတ်ကေျာ် တော့မည့်၊ အရိပ် အယောင်များ ပြလာသည်။

သို့သော် နောက်ဆုံး အဆင့် တိုက်ပွဲ သည်သာ၊ သူ့အား အလယ် အလတ် ယန် အဆင့်သို့ ရောက်ရှိ စေခဲ့သည်။

“ အလယ် အလတ် ယန် အဆင့် … ။ ”

ခန္ဓာကိုယ် အတွင်း အရှိန် အဟုန်ဖြင့်၊ စီးဆင်း နေသော စွမ်းအင်ကို တွက်ဆ နိုင်ရန် လက်သီး ဆုပ်လိုက် ၏။

မြောက်ပင်လယ် အတွင်း ဝင်ရောက် လာချိန်၌၊ အထွတ် အထိပ် ယင်အဆင့် တွင်သာ ရှိခဲ့ သော်လည်း၊ ယခုမူ အလယ် အလတ် ယန် အဆင့် ထိတိုင်၊ ရောက်ရှိ နေပြီ ဖြစ်သည်။

သူ့တွင် နက်နဲယင် ရေနှင့်၊ ငရဲပန်း ရှိနေ သည့်တိုင်၊ တိုက်ပွဲ အတွေ့ အကြုံများ လိုအပ် ချေသည်။

နောက်ဆုံး၌ သေရှင် တိုက်ပွဲများ သည်သာ ခန္ဓာကိုယ် အတွင်းရှိ အလား အလာ များကို ထုတ်ဖော် ပေး နိုင်၏။

လက်ရှိ အချိန်၌ နဝမ အဆင့်ကို အောင်မြင် သွားပြီး ဖြစ်ရာ၊ မည်သည့် ရတနာများ စောင့်ကြို နေမည်ကို၊ သိချင် လာမိ လေပြီ။

***

All Chapters