← Chapters

ဓားဖြင့် သိမ်းယူခြင်း။

Vol. 45 Ch. 619

ဓားဖြင့် သိမ်းယူခြင်း။

Vol. 45 Ch. 619

နောက်ဆုံး စမ်းသပ်မှုကို ဖြတ်ကျော် နိုင်ခဲ့ ပြီးနောက်၊ အင်ပါရီယန် အမွှေကို ရယူ ရန်သာ ကျန်ရှိ ချေတော့သည်။

တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီးတွင်၊ အင်ပါရီယန် ဆိုသည်မှာ ရှားပါးသော ဖြစ်တည်မှု မျိုး ဖြစ်ပြီး၊ သူရှိခြင်း မရှိ ခြင်းကို မည်သူမျှ မသိချေ။

အုပ်စိုးရှင် ဂိုဏ်းများရှိ မဟာ အကြီး အကဲများ သည်သာ၊ အင်ပါရီယန်များ မည်သည့် နေရာ၌ ရှိသည်ကို ခန့်မှန်း နိုင်၏။

၎င်းတို့မှာ မယုံ ကြည်နိုင် လောက်အောင် အစွမ်းထက် ကြချေသည်။ အထူး သဖြင့် ရွှေခေတ် အင်ပါရီယန် များမှာ၊ ပြောစရာ မရှိအောင် သန်မာ လှ ပေ၏။

ဤသို့သော ကျွမ်းကျင် သူများ၏ အမွေကို ရရှိရန်၊ ခြေတစ်လှမ်း မျှသာ လိုတော့ ပေရာ၊ လင်းယွန် စိတ် လှုပ်ရှားခြင်း အပေါ်၊ အပြစ် မဆို သာချေ။

အသက် ပြင်းပြင်း ရှူရှိုက် လိုက်ပြီးနောက်၊ နံရံတွင် မြုပ်နေသော ကျောက်တံခါး ကြီးကို တွန်းဖွင့် ပစ်လိုက်၏။

ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး ချာချာ လည်လာပြီး၊ သူခန္ဓာ ကိုယ်အား စုပ်ယူ ခံလိုက် ရကာ၊ အသိ စိတ်များ မှုန်ဝါး ကုန်သည်။

အမြင် အာရုံများ ပြန်ရလာ ချိန်၌၊ ကြယ်ရောင်စုံ အုပ်မိုး ထားသော ကောင်းကင် ကြီးနှင့် အတူ၊ ရေခဲ မြူများ ဆိုင်း နေသည့် ရေကန် တစ်ကန်အား၊ မြင်တွေ့ လိုက်ရ၏။

“ ဒါက သင်္ချိုင်းရဲ့ အဆုံးပဲ။ ”

-ဟု ဆိုကာ ပတ်ဝန်း ကျင်အား၊ လှည့်ပတ် ကြည့်လိုက် မိလေသည်။

လက်ရှိ အချိန်၌၊ အဆုံး အစ မရှိသော ရေကန် တစ်ကန် အစပ်တွင်၊ ရပ်လျက် အနေ အထားဖြင့်၊ ရှိနေ ချေ၏။

ကြယ်ရောင်များ လင်းလက် နေသော ကောင်းကင် ကြီးမှ လွဲ၍၊ ပတ်ဝန်းကျင် တစ်ခု လုံး၊ ငြိမ်သက် နေချေသည်။

ရေကန် အလယ်တွင် ငြိမ်သက် နေသော ပုံရိပ် တစ်ရိပ်အား၊ ဝိုးတဝါး လှမ်းမြင် လိုက်ရ ၏။

ထို့ကြောင့်၊ အနည်းငယ် စဉ်းစားကာ၊ ၎င်းလူရိပ် ရှိရာ ရေခဲမြူ အတွင်း၊ လျှောက်လှမ်း သွား မိသည်။

တရွေ့ရွေ့ ချဉ်းကပ် လာနေစဉ်၊ နောက်ကျော အသွင် အပြင် အရ၊ သားသတ် သမား ဂျီဝူယီ ဖြစ်ကြောင်း၊ သိလိုက် ရ၏။

“ ... မင်း ပဲ။ ”

အနားကပ် လာသော လူရိပ်ကြောင့်၊ ဂျီဝူယီက ပြန်လှည့် ကြည့် လာပြီး၊ အံ့အား သင့်စွာ ရေရွတ် လိုက် လေသည်။

ပြီးနောက် ကြောက်စရာ ကောင်းသော အပြုံးဖြင့်၊ ခေါင်းညိတ် လိုက်သည်။

အင်ပါရီယန် သင်္ချိုင်းသို့၊ မဝင် ရောက်မီ လင်းယွန်မှ သူ့အပေါ် ပြုခဲ့သော အရာကို မမေ့ ခဲ့ပေ။

လူသိ ရှင်ကြား အရှက် ရစေ ခဲ့၏။ ရန်ကောင်း ပင်လျှင် သူ့ကို လှောင်ပြောင် နေချေ ပြီ။

ထိုကြောင့် လင်းယွန်ကို မသတ် နိုင်ပါက၊ သားသတ် သမား ဟူသော ဘွဲ့ထူးမှာ၊ ဟာသ တစ်ပုဒ်သာ ဖြစ်သွား ပေလိမ့်မည်။

လင်းယွန် အတွက်မူ တည်ငြိမ် စွာဖြင့်၊ ဂျီဝူယီကို ကျော်ကာ၊ ရေခဲမြူ အတွင်း ဝေ့ဝဲ ကြည့် လိုက်၏။

နဝမ အဆင့်၌ ၎င်းတို့ နှစ်ဦး တည်းသာ ကျန်ရစ် ခဲ့ပုံ ရလေပြီ။ ကျန်သူ များမှာ ရွှေရောင် ရုပ်သေးအား၊ ဖြတ်ကျော် နိုင်ပုံ မရချေ။

ပတ်ဝန်းကျင်၌ အင်ပါရီယန် ပုလဲ မဆိုနှင့်၊ မည်သည့် အမွေအနှစ် ကိုမျှပင်၊ ရှာမတွေ့ သောကြောင့်၊ မျက်ခုံးပင့် လိုက်မိ သည်။

၎င်းအား ဆက်လက် မတွေးတော နိုင်ခင် မှာပင်၊ ကောင်းကင်၌ ကြယ်စုံ တောက်ပ နေသော၊ နဂါး ငွေ့တန်းကြီး တစ်ခု ရုတ်တရက် ထွက်ပေါ် လာသည်။

“ နဝမ အကြိမ်မြောက် စမ်းသပ် မှုက၊ တရားဝင် ပြီးဆုံး သွားပြီ ဖြစ်လို့၊ ဥမင် အားလုံး ကို ပိတ်ပစ် လိုက်ပြီ၊ ဒီနေရာမှာ နောက်ဆုံး ရပ်တည် နိုင်တဲ့ သူသာ၊ အရာ အားလုံးကို ရရှိ နိုင်မယ်။ ”

ဂျီဝူယီနှင့် လင်းယွန်၏ နား ထဲသို့၊ ခံစားချက် ကင်းမဲ့ပြီး၊ အက်သံ ပါသော အသံ တစ်သံ တိုးဝင် လာသည်။

ပြီးနောက် နဂါးငွေ့တန်း ကြီးက အလင်း ရောင်များ တောက်ပလျက်၊ ရေမျက် နှာပြင်တွင် ရောင်ပြန် ဟပ်လာ တော့၏။

ကောင်းကင် နှစ်စင်းကြား ရပ်နေ ရသကဲ့သို့၊ ထင်မြင် လာစေသည်။

မြောက်ပင်လယ် အပြင် ဘက်တွင်၊ စိတ် လှုပ်ရှားစွာ ရပ်ကြည့် နေမိသော လူအုပ်ကြီးမှာ၊ ပြောင်းလဲ လာသော၊ လေဟာနယ် လှိုင်းတွန့် များကို သတိ ထားမိ သွားသည်။

မြောက်ပင်လယ် ပေါ်ရှိ၊ ကောင်းကင် တခွင်လုံး ရုတ်တရက် မှောင်မိုက် သွားပြီး၊ ရေပွက် တစ်ခု ထွက်ပေါ် လာ၏။

ထိုရေပွက် အတွင်း၌ ကြယ်ရောင်စုံ တောက်ပ နေသော နဂါးငွေ့တန်းကြီး တစ်စင်း၊ သီးခြား ဖြစ်ပေါ် လာသည်။

“ အင်ပါရီယန် ပုလဲ အတွက်၊ နောက်ဆုံး တိုက်ပွဲ စပြီ။ ”

လူတိုင်း စိတ်လှုပ်ရှား နေစဉ်၊ ရေပွက် အတွင်းရှိ နဂါးငွေ့တန်း အောက်၌ ပုံရိပ် နှစ်ရိပ် ထပ်မံ ထွက်ပေါ် လာ၏။

ထွားကျိုင်း သန်မာ ပုံရသော လူရွယ် တစ်ယောက် နှင့်၊ ပျိုမြစ် လွန်းသော လူငယ် တစ်ယောက် ဖြစ်လေသည်။

“ ဒါက တကယ်ကို မယုံ နိုင်စရာ ပါပဲ၊ အင်ပါရီယန် ပုလဲက ကောင်းကင်ကြီး တစ်ခုလုံး ကိုတောင် အလင်းပေး ထား နိုင်တယ်။ ”

“ စိတ်ဝင်စား စရာ ကောင်းတယ်၊ ဂျီဝူယီ ကတော့ ထားပါတော့၊ လင်းယွန်က တကယ်ကို မယုံနိုင် စရာ ပါပဲ။ ”

ဂျီဝူယီ၏ နောက်ဆုံး ပြိုင်ဘက်မှာ၊ လင်းယွန် ဖြစ်လာ လိမ့်မည်ဟု၊ မည်သူမျှ မထင်မှတ် ထား ကြချေ။

ထို့ကြောင့် ချင်းအန်နှင့် ပီယွဲ့ကို အနိုင်ယူ နိုင်ခဲ့သော၊ လင်းယွန် အပေါ်၊ ပို၍ စိတ်ဝင် စား လာ ကြသည်။

လင်းယွန်၏ တိုက်ပွဲဝင် စွမ်းအား အပေါ်၊ မျက်မြင် ကြည့်ခွင့် မရခဲ့ သော်လည်း၊ ယခု အချိန်၌ မြင်ခွင့် ရပေ တော့မည်။

ဤသည်မှာ မျိုးဆက် ဟောင်းနှင့်၊ မျိုးဆက်သစ် ကြား တိုက်ပွဲ တစ်ပွဲ ဖြစ်ပြီး၊ တွေးကြည့် ရုံ ဖြင့်ပင်၊ လူတိုင်း၏ သွေး များကို ဆူပွက် လာစေ၏။

“ ဘာတွေများ စိတ်ကူးယဉ် နေကြ တာလဲ၊ လင်းယွန်က ဂျီဝူယီရဲ့ ပြိုင်ဘက် ဖြစ်မယ်လို့ တကယ် ထင်နေ ကြတာလား၊ နုံအ လိုက်ကြ တာ ... ။ ”

ရှားယွင်ရှောင်က မျက်ခုံး ပင့်ပြီး၊ သုံးသပ် လိုက်သည်။

“ ဒီအထိ သူ လုပ်နိုင် ခဲ့တာ ကိုပဲ၊ ဂုဏ်ယူ သင့်နေ ပါပြီ။ ”

ချင်းအန်နှင့် ပီယွဲ့က နှာခေါင်း ရှုံ့ကာ ဆို၏။

ဂျီဝူယီကို ရှုံးနိမ့် ခဲ့သော ရန်ကောင်းက ခေါင်းယမ်း လိုက်ပြီး၊

“ စိတ် ဝင်စား စရာ မရှိတဲ့ ပွဲပဲ၊ ဘာတွေများ မျှော်လင့် နေကြ ပါလိမ့်။ ”

-ဟု ညည်းတွား ရေရွတ် လာ၏။

လင်းယွန်တွင် အနိုင် ရရန် အခွင့်အရေး မရှိ နိုင်ကြောင်း၊ သူတို့ အားလုံးက ယူဆ ထားချေ သည်။

ဂိုရှုနှင့် ယန်းဖန် သည်ပင်၊ လင်းယွန် အပေါ် အကောင်း မြင်စိတ် မရှိ သဖြင့်၊ ခေါင်းယမ်း လိုက် မိ၏။

လင်းယွန်၌ အခွင့်အရေး ရှိလျှင်ပင်၊ သူတို့ မပေျာ် နိုင်ချေ။ ဂျီဝူယီဖြင့် ရင်ဆိုင် နေခြင်းမှာ၊ ပြင်ပ အဆင့်ရှိ တိမ်နဂါး တိုင်းကို စိန်ခေါ်ခြင်း မည်၏။

သွေးစွန်းသော ဧည့်ခံပွဲကို လေးနှစ်လျှင် တစ်ကြိမ်သာ ကျင်းပ နိုင်ပြီး၊ အဆုံးတွင် တိမ်နဂါး အဆင့် သတ်မှတ် ချက်များ၊ ထွက်ပေါ် လာမည် ဖြစ်သည်။

၎င်းတို့ အားလုံးကို တိမ်နဂါး အဖြစ်၊ သတ်မှတ် ကြပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ ဩဇာ အာဏာကို တည်ဆောက် ယူနိုင်၏။

ထိုကြောင့် အဆိုပါ တိမ်နဂါး များမှာ၊ လေးနှစ် လုံးလုံး လူတိုင်း၏ အာရုံ စူးစိုက်မှုကို၊ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ အနေဖြင့်၊ ဂျီဝူယီထံ ရှုံးနိမ့်ခြင်း အပေါ်၊ လက်ခံနိုင် သော်လည်း၊ အဆင့် မရှိသူ တစ်ဦး၏ ရိုက်နှက်ခြင်း ခံရသည် ဟူသော၊ အရှက် ရမှုမျိုး မခံစား ချင်ကြချေ။

အထူး သဖြင့် မဟာချင် အင်ပါယာမှ လာသော လင်းယွန်အား၊ ပြင်ပ အဆင့် ထိပ်ဆုံး ဆယ်ယောက် ထဲ၌ နေရာ မပေးချင် သည်မှာ သဘာဝ ပေပင်။

ပြင်ပ အဆင့်တွင် ပါရမီရှင် များစွာ ရှိ သော်လည်း၊ အင်ပါရီယန် ပုလဲကို လင်းယွန်သာ သိမ်းပိုက် နိုင်ခဲ့ ပါက၊ ပြောကွက် ရကုန် ချေမည်။

ဤသည်မှာ ဂျီဝူယီကို အနိုင် ယူနိုင်ခဲ့ သည်သာ မက၊ သူတို့ အားလုံး အပေါ် အနိုင် ယူခြင်း မည်ပေ၏။

“ စီနီယာ အစ်မ၊ ငါကြောက်တယ် …။ ”

လျူယွမ်ယန်က လေနက်သော အမူ အရာဖြင့် တိုးညှင်းစွာ ဆိုသည်။ သူမ စကား ကြောင့် မိုလင်း သည်လည်း၊ ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိ၏။ ဤနေရာ၌ မထိတ်လန့်ဘဲ၊ နေသူ မရှိချေ။

လင်းယွန်မှာ၊ နက်နဲယင် ရေကို ရယူ ပြီးနောက်၊ လန်းဟွာယုအား သတ်ဖြတ်ကာ ချင်းအန်နှင့် ပီယွဲ့ တို့ အပေါ်၊ ရိုက်နှက် ခဲ့၏။

ရှားယွင်ရှောင်နှင့် အခြား သူများပင်၊ ဖယ်ထုတ် ခံလိုက်ရ သော်လည်း၊ လင်းယွန်က ဆက်လက် ရပ်တည် နိုင်နေဆဲ ဖြစ်၏။

ထို့ကြောင့် ကောင်းကင် ပေါ်ရှိ ရေပွက်ကြီး ထဲတွင်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးသော အပြာဝတ် လူငယ် လေးထံ၊ အာရုံစိုက် မိလာ ကုန်သည်။

‘ အပင် မြင့်လေ ... ၊ ‘လေ’ တိုက်လေ’ ပင်။ မြင့်မြင့်သို့ တက်လှမ်း ခြင်းဖြင့်၊ အကျ နာတက် ပေ၏။

အထူး သဖြင့် ဂျီဝူယီကို ရင်ဆိုင် ရသည့်နောက်၊ ယင်း ဆိုရိုး စကား များမှာ ပို၍ အဓိပ္ပါယ် ရှိချေမည်။

အင်ပါရီယန် သင်္ချိုင်း ဂူ၏။ နောက်ဆုံး အဆင့် စမ်းသပ်မှု အတွင်း၌၊ ပုံရိပ် နှစ်ရိပ် ငြိမ်သက်စွာ ရပ်နေ ခဲ့ကြသည်။

ဂျီဝူယီက ခံစားချက် မဲ့သော မျက်နှာဖြင့်၊ လင်းယွန်ကို ကြည့်ပြီး၊

“ ချင်းအန်နှင့် ပီယွဲ့ကို ဖြတ်ပြီး၊ မင်း ... ဒီအထိ ရောက်နိုင် ခဲ့လို့ ငါတကယ် အံ့သြ မိတယ်၊ ဒါလည်း ကောင်းပါတယ်၊ ... ”

“ ... ငါတို့ နှစ်ယောက် ကြားက ပြဿနာကို ဒီမှာပဲ ဖြေရှင်း ရတာပေါ့၊ မင်းက ငါ့ ဂျူနီယာကို သတ်တဲ့ သူပဲ မဟုတ်လား။ ”

လင်းယွန်ကို မေးခွန်း ထုတ်လိုက် ချိန်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်မှု ရောင်ဝါမှာ၊ သူ့ ထံမှ ပေါက်ကွဲ ထွက်လာသည်။

စကား သံများ မကြား ရသော်လည်း၊ ၎င်းကို မြင်နိုင်သော မြောက်ပင်လယ် နယ်နိ မိတ်ရှိ၊ လူအုပ် ကြီး၏ အမူ အရာမှာ၊ ပြောင်းလဲ သွား၏။

ဤအရှိန် အဝါ အရ၊ ဖိအားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းနိုင် မည်ကို သူတို့ မှန်းဆ နိုင်သည်။

“ ဒါက ... အရေးကြီး လို့လား၊ မင်းရဲ့ ဓား ကြောင့် လူ အများစု သေခဲ့ ကြရတယ်၊ သူတို့ကို မင်း သတ်တဲ့ အချိန်မှာ၊ သူတို့ရဲ့ စီနီယာ တွေက ဘယ်သူလဲ ဆိုတာ၊ မင်း ဂရုစိုက် ခဲ့ လို့လား။ ”

လင်းယွန်က ငြီးငွေ့ ဟန်ဖြင့်၊ ပြန်ဖြေ လိုက်သည်။

“ မင်း ... သေပြီးရင်၊ ဒါကို မင်း သိပါ လိမ့်မယ်။ ”

ဂျီဝူယီက ပြုံးကာ ခေါင်းညိတ်၏။ သူ သတ်ဖြတ် ခဲ့သော လူတိုင်း၊ လင်းယွန် ကဲ့သို့ပင်၊ မောက်မာ ခဲ့ ကြသည်။

အဆုံးတွင် သူတို့ ဘဝ အတွက်၊ ဒူးထောက် တောင်းပန် လာကြ ကုန်၏။

“ မင်းမှာ ... မင်းရဲ့ ဂျူနီယာ အတွက် လက်စား ချေဖို့၊ အခွင့် အရေး မရှိ မှာကို ငါ ကြောက် မိတယ်။ ”

လင်းယွန်က မျက်ခုံး ပင့်ကာ ပြောလိုက် သည်။ အင်ပါရီယန် သင်္ချိုင်း ဂူသို့ မဝင်ရောက် မီကပင်၊ ဂျီဝူယီကို မကြောက် ခဲ့ချေ။

ယခု အချိန်၌ အလယ် အလတ် ယန်အဆင့်သို့၊ တက်လှမ်း နိုင်ခဲ့ပြီး ဖြစ်ရာ၊ သာ၍ စိတ်လှုပ်ရှားဖွယ် မရှိ တော့ချေ။

“ လက်စား ချေချင် တာလား၊ မင်းက ငါ့ပန်းသင်္ချိုင်း ဓားကို သဘောတူ ရဲ့လားလို့ မေးသင့်တယ်။ ”

“ မင်းက ... သေမင်းကို ဖိတ်ခေါ် လိုက်တာပဲ၊ ငါ့ရဲ့ ဂျူနီယာ တွေကို ဘယ်သူမှ မထိရဲ ကြဘူး၊ ရှားယွင်ရှောင်၊ ရန်ကောင်း၊ ... ”

“ ... ချင်းအန်နဲ့၊ ပီယွဲ့ ကတောင် ငါ့ အပေါ်၊ စော်ကား ခြင်းရဲ့၊ အကျိုးဆက်ကို မခံ နိုင်တာ ... ၊ ဒီတော့ မင်းက ဘယ်သူလဲ။ ”

ဂျီဝူယီ မျက်နှာက၊ အေးစက် လာပြီး၊ သွေးဆာ နေသော လူသတ် အငွေ့ အသတ်ကို လွှတ်ထုတ် လိုက်သည်။

“ မင်းပြောတာ ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် ဒါက လွန်ခဲ့တဲ့ အချိန်ကပါ၊ လေးနှစ် အတွင်း ကမ္ဘာကြီးက ပြောင်းလဲ သွားပြီ၊ ... ”

“ ... မင်းသာ အတိတ်မှာ နစ်မြုပ် နေဦးမယ် ဆိုရင်၊ ဒီနေ့ သားသတ် သမား ဆိုတဲ့ မင်းရဲ့ ဘွဲ့ကို၊ ငါ့ဓားနဲ့ သိမ်းယူ ရလိမ့်မယ်။ ”

ချင်းအန်နှင့် ပီယွဲ့ကို အနိုင်ယူ ရာတွင်၊ ရှန်ရှင်း ဓား ရည်ရွယ်ချက်ကို၊ အဆုံး အစွန်ထိ ထုတ်ဖော် စရာ မလို ခဲ့ချေ။

ထို့ကြောင့် ဂျီဝူယီကို သူ့ မျက်လုံး များ၌၊ မရှိ တော့ သည်မှာ၊ သဘာဝ ပေပင်။ ပြီးပြည့် စုံသော ရှန်ရှင်းဓား မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ သူ သာလျှင် သိ၏။

လေးနှစ်ကြာ ပြီးနောက်၊ တိမ်နဂါး အဆင့်မှာ၊ ပြောင်းလဲရန် အချိန်တန် ချေပြီ။ မပြောင်း လဲ နိုင်သည်မှာ၊ သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ အဆင့် တစ်ခု ချိတ်ရန် ဟူသော၊ သူ့ ပန်းတိုင် ဖြစ်၏။

ထိုမှသာ သူ့ နာမည်ကို တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ တည်ဆောက် ထားနိုင် ပေမည်။

***

All Chapters