← Chapters

တိုက်ပွဲ။

Vol. 45 Ch. 620

တိုက်ပွဲ။

Vol. 45 Ch. 620

“ ကိုယ့်ကိုယ်ကို ပြည့်ဝ ပြီလို့၊ ထင်နေတဲ့ သူတွေေ အများကြီး တွေ့ဖူးတယ်၊ ဒါပေမယ့် မင်း နဲ့၊ တစ်ယောက်မှ မယှဉ် နိုင်ဘူး၊ ဒီနေ့တော့ မင်း သေရ မှာမို့၊ ကိစ္စ မရှိ ပါဘူး။ ”

လင်းယွန်၏ မောက်မာ မှုမှာ၊ ဩချ ရ လေပြီ၊ အနည်းငယ် မျှပင် သူ့အား မျက်နှာသာ မပေး ခဲ့ချေ။

“ ဘဝနဲ့ သေခြင်း ဆိုတာ၊ စကားလုံး သက်သက် နဲ့၊ ဆုံးဖြတ် လို့ရတာ မဟုတ်ဘူး။ ”

-ဟု လင်းယွန်က တုန့်ပြန် လိုက်၏။

“ မှန်တယ် ...၊ ဒါဆို မင်း ဘယ်လောက် အရည် အချင်း ရှိလဲ ဆိုတာ ကြည့်ရအောင်။ ”

စကား ပြောနေစဉ်၊ သတ်ဖြတ် လိုသော ဆန္ဒများ ထုတ်ဖော်လျက်၊ ဂျီဝူယီက လင်းယွန်အား တစ်ချက်တည်း ပွဲသိမ်းရန်၊ အားနည်းချက် ရှာဖွေ နေမိသည်။

သို့သော် အစွမ်းထက် လွန်းသော ရှန်ရှင်းဓား၏ ကာကွယ်ထား မှုကြောင့်၊ သွေးမြူ များမှာ ထိုးဖောက် နိုင်ခြင်း မရှိ ခဲ့ချေ။

ညာလက်သီးထဲ၊ မူလ စွမ်းအင်များ လောင်းထည့် လိုက်သည်နှင့်၊ တောက်လောင် နေသော ဥက္ကာ ပျံကြီး တစ်လုံး ကဲ့သို့၊ လေထု ကို တငွေ့ငွေ့ လောင်ကျွမ်း လာစေ သည်။

“ ဒါဆို ... တိုက်ကြစို့။ ”

ဂျီဝူယီက ခေါင်းညိတ်ကာ ဆို လိုက်၏။

နှစ်ဦးသား ရေကန် အလယ်တွင် ရပ်လျက်၊ တစ်ယောက်ကို တစ်ယောက် ရန်လို စွာဖြင့် စိုက်ကြည့် နေ မိသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး၊ မြောက်ပင်လယ် အစပ်ရှိ လူအုပ် ကြီးမှာ၊ အသက်ရှူ ကြပ်လာ၏။

စကားသံ များကို မကြား ရသော်လည်း၊ တိုက်ပွဲ အပေါ် ခန့်မှန်း နိုင်သည်။ ဂျီဝူယီ၏ စိတ်နေ စိတ်ထား အရ၊ လင်းယွန်အား ညှာတာ နေမည် မဟုတ် ချေ။

လင်းယွန် ဆိုသည် မှာလည်း၊ လှုပ်ရှားရန် ဆုံးဖြတ် ပြီးနောက်၊ မြွေဟောက် တစ်ကောင် ကဲ့သို့၊ တုန့်ပြန် တက်ပေ၏။

ပန်းသင်္ချိုင်း ဓားမှာ အနည်း ငယ်ဖြင့်၊ ရပ်တန့်မည် မဟုတ်ဘဲ၊ သွေးသောက် ပြီးမှသာ ငြိမ်သက် နိုင် ပေမည်။

ဂျီဝူယီက ပေတစ်ရာ မြင့်သော လှိုင်းကို ဖန်တီးကာ၊ လှိုင်းခုံး ပေါ်သို့ ခုန်တက် လိုက်ပြီး၊ မီတာ ရာဂဏန်းမျှ အကွာ အဝေးအား ခြေ တစ်လှမ်းဖြင့်၊ ကျော်ဖြတ် လာသည်။

သည့်နောက် လင်းယွန်အား လက်သီးဖြင့် ထိုးချ လိုက်၏။ မျက်စိ တမှိတ် အတွင်း မှာပင်၊ လက်သီး၌ ဖုံးလွှမ်း နေသော မီးတောက် များက အိမ် တစ်လုံး အရွယ် အစား အထိ၊ ပြန့်ကား လာသည်။

တစ်ချိန်တည်း မှာပင် ၎င်းမီးတောက် များက၊ ဦးခေါင်းခွံကြီး အသွင် ဖွဲ့တည် လာပြီး၊ လင်းယွန် ဆီသို့ ပျံသန်း သွား၏။

ထိုဦးခေါင်း ခွံကို ကြည့်ကာ၊ ပန်းသင်္ချိုင်း ဓားအား တုန့်ဆိုင်းခြင်း မရှိဘဲ၊ ဆွဲထုတ် လျက် လရောင် ရေစင် ဓား၏၊ တိမ်မြူ ခွင်းသော လမင်းအား၊ အသုံးပြု လိုက်သည်။

ချင်းအန်နှင့် ပီယွဲ့ကို အနိုင် ယူရန် ဤလှုပ်ရှား မှုကို ယခင်က အားကိုး ခဲ့သည်။ ယခုမူ ပွဲစ ကတည်း ကပင်၊ ဂျီဝူယီကို ရင်ဆိုင်ရန် ထုတ်ဖော် လိုက်ရ၏။

ပန်းသင်္ချိုင်း ဓားမှာ၊ စကြာဝဠာ အဆင့်သို့ ရောက်ရှိ သွားသော ကြောင့် ယခု အချိန်တွင်၊ တိမ်မြူ ခွင်းသော လမင်းက ပို၍ အားကောင်း နေသည်။

လရောင် ကဲ့သို့ တောက်ပ နေသော ဓားချက်က၊ ကြက်သွေးရောင် ဦးခေါင်းခွံ ကြီးပေါ် ကျရောက် သွားသည်။

ဦးခေါင်းခွံ ကြီးမှာ၊ အပိုင်းပိုင်း ကွဲအက် လာပြီး၊ မီးပွားများ ရေပြင် ပေါ်သို့ ပြုတ်ကျ ကုန်၏။

ပြုတ်ကျ လာသော ဖိအားကြောင့်၊ ရေမျက်နှာ ပြင်မှာ၊ မီတာ အနည်းငယ်ခန့် နိမ့်ကျ သွားသည်။

သို့သော် ချက်ချင်းပင်၊ မူလ အသွင်သို့ ပြန်လည် မြင့်တက် လာပြီး၊ ပေါက်ကွဲ သံများ အဆက် မပြတ် ထွက်ပေါ် လာသည်။

တစ်ဖက် လူ၏ လက်သီးကို ဖျက်ဆီး ပြီးနောက်၊ ရွှေကျီးကန်း တံဆိပ်အား အသက် သွင်းကာ၊ ရှေ့တစ်လှမ်း တိုးလိုက် သည်။

ရွှေရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ဂျီဝူယီအား ဓားဖြင့် ခုတ်ပိုင်း လိုက်ရာ၊ ဓား အလင်းများ နေရာ အနှံ့ ပြိုကျ လာ၏။

ရှန်ရှင်း ဓား အလယ် အလတ် ကျွမ်းကျင်မှုဖြင့်၊ ထုံမွှန်း နေသော ဓားချက် များကြောင့်၊ တောက်ပသော ရောင်ခြည်များ ထွက်ပေါ် လာသည်။

၎င်းကို ရင်ဆိုင်ရန်၊ ဂျီဝူယီက ကြက်သွေးရောင် ချပ်ဝတ် တစ်ထည်ကို ဖွဲ့စည်း လိုက်၏။

ချပ်ဝတ်တွင် သွေးမြူများ၊ ပေါင်းစပ် ထားပြီး၊ ဆင်းသက် လာသော ဓားအလင်း များကို၊ ချက်ချင်း စုပ်ယူ ပစ်လေသည်။

ထို့ကြောင့် ဓား နောက်ကွယ်မှ ခွန်အားမှာ၊ များစွာ အားနည်း သွားခဲ့ ရသည်။

ပန်းသင်္ချိုင်း ဓားကို ဓားရည်ရွယ် ချက်ဖြင့်၊ အားဖြည့် ထားသည့်တိုင် သွေးမြူ ချပ်ဝတ်အား၊ ကိုင်တွယ်ရန် အခက် အခဲ ရှိလာ၏။

“ ဓား ရည်ရွယ် ချက်က အစွမ်း မထက်တာ မဟုတ်ဘူး၊ မင်းရဲ့ ကျင့်ကြံမှုက ပြဿနာ ရှိနေတာ ...၊ ရှန်ရှင်း ဓားကို ဒီထက် ကျွမ်းကျင် နေရင်တောင်၊ ငါ့ကို ဘာမှ မလုပ်နိုင် တာ သေချာ ပါတယ်။ ”

ယင်းကို သတိ ထားမိသော ဂျီဝူယီက ခေါင်းညိတ်ကာ၊ ဆိုလိုက်သည်။ စကား ဆုံးသည်နှင့်၊ သူ့ ပတ်ဝန်း ကျင်၌၊ သွေးမြူများ ပို၍ တိုးလာ၏။

ကြက်သွေးရောင် ချပ်ဝတ်ကို အနည်းငယ် မျှပင် မထိုးဖောက် နိုင်သဖြင့်၊ လင်းယွန်က မျက်မှောင်ကြုတ် မိသည်။

လက်ကောက် ဝတ်ကို လှန်ကာ၊ ဂျီဝူယီ ဆီသို့ ဓား ရောင်ခြည်များ ပိုမို ထုတ်လွှတ် လိုက် သော်လည်း၊ သွေးမြူ ချပ်ဝတ်အား ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့ချေ။

ထို့ကြောင့် ဂျီဝူယီက၊ တိုက်ခိုက်မှု များကို လုံးဝ ဂရု မစိုက် တော့ဘဲ၊ လင်းယွန်ထံ ပြေးဝင် လာ သည်။

ကြက်သွေးရောင် ဦးခေါင်းခွံမှာ နောက်တစ်ကြိမ် ဖြစ်ပေါ် လာ၏။ လင်းယွန် မျက်နှာ မှာမူ၊ ပြောင်းလဲခြင်း မရှိချေ။

နောက်ထပ် ပေါက်ကွဲ သံများ ထွက်ပေါ် လာပြီး၊ မီတာ အနည်းငယ် အကွာသို့ လင်းယွန် က ခုန်ဆုတ် ပေး လိုက်ရ၏။

“ ဒီ ကောင် …။ ”

လိပ်ပြာ တစ်ကောင် ကဲ့သို့ ရေ မျက်နှာ ပြင်ပေါ်၊ ညင်သာစွာ ဆင်းသက် လာသော လင်းယွန်ကို ကြည့်ကာ၊ ကျိန်ဆဲ ပစ်လိုက် သည်။

ပြိုင်ဘက်၏ ဓားရေးမှာ၊ ထက်ရှ လွန်း ချေပြီ။ ထို့ကြောင့် သူ့လက်သီး များကို အလွယ် တကူ ဖြေရှင်း သွားနိုင်၏။

ဒေါသ ထွက်လာပြီး၊ မျက်လုံး မှေးကျဉ်း သွားသည်။ လင်းယွန် ဓားမှာ သွေးမြူ ချပ်ဝတ် ကို၊ မထိုးဖောက် နိုင် သကဲ့သို့၊ သူ သည်လည်း ကြာကြာ မထိန်း ထား နိုင်ချေ။

“ ကောင်းကင်က တိမ်တိုက် တွေကို၊ ဖြိုခွဲ မယ်။ ”

လင်းယွန် ထံမှ နောက်ထပ် ဓားရိပ်များ ဖြစ်ပေါ် လာချိန်တွင်၊ ရေကန် မျက်နှာ ပြင်၌ ပေါက်ကွဲ မှုများ ထွက်ပေါ် လာပြီး၊ လေဆင် နှာမောင်း အသွင် ဖွဲ့တည် လာ၏။

ထိုနောက်တွင် လေဆင် နှာမောင်းမှာ၊ ဂျီဝူယီ ဘက်သို့ ဦးတည် သွားလေသည်။

“ မင်းက ငါ့ရဲ့ သွေးမြူ ချပ်ဝတ်ကို ဒီလောက်နဲ့ ချိုးချင် တာလား၊ ဘယ်လောက် တောင် နုံအ လိုက်လဲ။ ”

သူ့ထံ တိုးဝင် လာသော လေဆင် နှာမောင်းကို ကြည့်ပြီး၊ နှာခေါင်းရှုံ့လျက် ဂျီဝူယီက လက်သီး တစ်ချက်အား ထုတ်ဖော် လိုက်သည်။

သူ့ လက်သီးရှိ၊ တောက်လောင် နေသော ကြက်သွေးရောင် မီးလျှံ များက၊ လေဆင် နှာမောင်း ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်း နေချေ၏။

အရာ အားလုံးကို ဖျက်ဆီး ပစ်နိုင်သော မီးလျှံများ သကဲ့သို့ ပေပင်။ တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက် တွေ့ဆုံ သွားသော အခါတွင် လေဆင် နှာမောင်းမှာ၊ ကွဲအက် သွားသည်။

လင်းယွန်၏ ဓား ရည်ရွယ် ချက်က၊ ရေစက်များ အဖြစ် ပြောင်းလဲကာ ရေမျက် နှာပြင် ပေါ်သို့၊ ကျရောက် ပေါက်ကွဲ ကုန်၏။

ထိုကြောက်စရာ ကောင်းသော၊ ပေါက်ကွဲ မှုကို၊ ဂျီဝူယီက လျစ်လျူရှု လိုက်ပြီး၊ တိုက်ခိုက် ရန်၊ ထပ်မံ ပြေးဝင် လာသည်။

နောက်ထပ် ပေါက်ကွဲသံ နှင့်အတူ၊ နှစ်ဦးသား နောက်ပြန်ဆုတ် လိုက်ရ၏။ ဤ မြင်ကွင်းမှာ၊ စောင့်ကြည့် နေမိသော လူအုပ် ကြီးကို၊ ထိတ်လန့် သွားစေ ခဲ့သည်။

“ ဂျီဝူယီက အရမ်း သန်မာတယ်၊ သူ့ဓား ကိုတောင် မသုံးဘဲ၊ ဒီအဆင့်ထိ ဖိအား ပေးနိုင် တယ်၊ သူ့လက်သီး တစ်ချက် နဲ့တင် ငါ့ အသက် ကို လွယ်လွယ် ကူကူ သတ်သွား နိုင်တယ်။ ”

“ အဲဒီ ကြက်သွေးရောင် ချပ်ဝတ်က ဓားသမား တိုင်းကို ဒုက္ခ အပေးနိုင် ဆုံးပဲ၊ သူက ရှန်ရှင်း ဓားကို ကောင်းကောင်း ထိမ်းထား နိုင်တယ်။ ”

“ လင်းယွန်က ဒီချပ်ဝတ်ကို ထိုးဖောက်ဖို့ အခက်တွေ့ နေပုံပဲ။ ”

သွေးမြူ ချပ်ဝတ်ကို ရင်ဆိုင် နေရသော လင်းယွန်မှာ၊ ဆိုးရွားသည့် အနေ အထားတွင် ရှိနေ သည်။

သူတို့ နှစ်ဦး စလုံးမှာ၊ ကောင်းကင်ကို အံတုနိုင်သည့်၊ အရည် အချင်းများ ရှိနေသော ပါရမီရှင် လူငယ်များ ဖြစ်ချေသည်။

ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှု များမှာ၊ တစ်ယောက်ကို တစ်ယောက် အကဲစမ်းသည့် အဆင့် တွင်သာ၊ ရှိနေမှန်း လူတိုင်း သိပေ၏။

သို့သော် ဂျီဝူယီမှာ တိုက်ပွဲ အပေါ်၊ အသာစီး ရယူ ထားနိုင်သည်။ ရှားယွင်ရှောင်၊ ရန်ကောင်းနှင့် ကျန်သူ များပင်၊ ၎င်းကို ရှင်းရှင်း လင်းလင်း မြင်သောကြောင့်၊ အေးစက်စွာ ပြုံးရယ် လိုက်ကြသည်။

နောက်ဆုံးတွင် လင်းယွန်မှာ၊ ဂျီဝူယီကို အနိုင်ယူ နိုင်မည်ဟု သူတို့ မယုံချေ။

“ မင်း ... ငါ့ကို အနိုင်ယူ ချင် တာလား၊ မင်းကို သတ်ဖို့ ငါ့ဓား ဆွဲဖို့တောင် မလိုဘူး။ ”

သွေးမြူ ချပ်ဝတ်တွင်၊ မှိန်ဖျော့ဖျော့ အလင်းများ တောက်ပ လာချိန်၌၊ ဂျီဝူယီက လက်နှစ်ဖက်ကို နောက်ပစ်လျက် ပြုံးကာ၊ ဆိုလိုက် သည်။

“ ဟုတ် လား။ ”

လင်းယွန်က ပြုံးပြီး ရေမျက်နှာ ပြင်အား၊ ပုတ်လျက် ရေစက် တစ်စက်ကို ထုတ်ယူ လိုက်သည်။

ထိုရေစက် အတွင်း၊ ဓား ရည်ရွယ်ချက် လောင်းထည့်ကာ၊ ပန်းသင်္ချိုင်း ဓားဖြင့် လွှဲယမ်း ပစ်ထုတ် လိုက်၏။

ရေစက် တစ်စက် မျှသာ ဖြစ်သော်လည်း၊ ထွက်ပေါ် လာသော ဖိအားက၊ ရေကန် တစ်ကန် လုံးကို တုန်လှုပ် သွားစေသည်။

အရှိန် အဟုန်ဖြင့်၊ ပြေးဝင် လာသည့်၊ ရေစက်ကို ကြည့်ပြီး၊ ဂျီဝူယီ တစ်ယောက် ထိတ်လန့် သွားကာ၊ ဓားအား အလျင် အမြန် ဆွဲထုတ် လိုက် ရ၏။

ဤရေ စက်ဖြင့် ထိမှန် ခံရ ပါက၊ သွေးမြူချပ်ဝတ် ကွဲကြေသွား မည်ကို သူ သိသည်။

ယင်းကြောင့် ၎င်းကို တားဆီးရန်၊ ကန့်လန့်ဖြတ် အနေ အထားဖြင့်၊ လွှဲခုတ် လိုက်၏။

ရေစက်မှာ ရေကန် ထဲသို့၊ ပြန်လည် ပြုတ်ကျ သွားပြီး၊ မီတာ တစ်ရာ အတွင်း၊ ရေ မျက်နှာပြင် အနှံ့၊ ပေါက်ကွဲ လာတော့သည်။

ဂျီဝူယီ နှုတ်ခမ်း ထောင့်စွန်းမှ၊ သွေးစများ စီးကျ လာပြီး၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားသည်။

လင်းယွန်အား သတ်ရန်၊ ဓားကိုပင် မလိုဟု ဆိုပြီးနောက်၊ ချက်ချင်း ဓားဆွဲ လိုက်ရသည်။

“ ဂျီဝူယီ၊ မင်း ... အလေး အနက် ထားရင် ပိုကောင်း လိမ့်မယ်၊ မဟုတ်ရင် မင်းတကယ် အသက် ဆုံးရှုံး နိုင်တယ်။ ”

လင်းယွန်က ဂျီဝူယီကို ကြည့်ပြီး၊ အေးစက်စွာ သတိ ပေးလိုက်သည်။

***

All Chapters