← Chapters

အဆုံး။

Vol. 45 Ch. 621

အဆုံး။

Vol. 45 Ch. 621

ကစားပွဲမှာ စက္ကန့်ပိုင်း အတွင်း လှည့်သွား ခဲ့လေပြီ။ လင်းယွန်နှင့် ဂျီဝူယီတို့ နှစ်ဦး စလုံး ဤမျှ သန်မာ လိမ့်မည်ဟု၊ မထင် ထားသော ကြောင့်၊ လူတိုင်း အံသြ သွားကုန်၏။

လင်းယွန်၏ ဓားရည်ရွယ် ချက်မှာ၊ ရေစက်နှင့် အတူ ပြေးဝင် သွားသော်လည်း၊ ဂျီဝူယီမှ ဓားဖြင့် တားဆီး နိုင်ခဲ့သည်။

ဂျီဝူယီက သူ့နှုတ်ခမ်း ပေါ်ရှိ၊ သွေးစကို သုတ်ကာ၊ သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ လင်းယွန်အား မော့ကြည့် ပြီးနောက်၊

“ မင်း ဒီလောက်ထိ၊ တက်လှမ်း လာ နိုင်တာ မအံ့ဩ တော့ ပါဘူး၊ ချင်းအန်နဲ့ ပီယွဲ့ တောင် ငါ့ကို အခုလို တွန်းမပို့ နိုင်တာ သေချာ တယ်။ ”

ဝင်ရောက် လာသော သွေးမြူများကို ဖြေရှင်းရန်၊ လင်းယွန်က ဓားသုတ္တန်အား လျင်မြန်စွာ ဖြန့်ကျက် လိုက်ရသည်။

သို့သော် သွေးဆာ နေသော ဓား ရောင်ဝါမှာ၊ အစွမ်းထက် လွန်းသော ကြောင့်၊ အလယ် အလတ် ရှန်ရှင်းဓား ဖြင့်ပင်၊ ဒဏ်ရာ ရခြင်းငှာ၊ မကာကွယ် နိုင်ခဲ့ချေ။

မြောက်ပင်လယ် သို့ ဝင်ရောက် ပြီးနောက်၊ ကြုံတွေ့ ရသော ပြိုင်ဘက်များ အနက် ဂျီဝူယီ သည်သာ အသန်မာဆုံး ဖြစ်ကြောင်း၊ သူပြော နိုင်၏။

အင်ပါရီယန် သင်္ချိုင်းသို့ မဝင် ရောက်မီ၊ ၎င်းအား ရင်ဆိုင်ရန် သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခုကို အားကိုး ခဲ့ရသည်။

သို့ရာတွင်၊ နှစ်ဦးကြား၊ ကျင့်ကြံမှု ကွာခြား ချက်မှာ ကြီးမားလွန်း သဖြင့်၊ ဓားသုတ္တန်က မဖြည့် ဆည်း နိုင်ချေ။

ဂျီဝူယီသည် အထွတ် အထိပ် ယန်အဆင့်ဟု ဆိုသော်လည်း၊ ယင်-ယန် အဆင့်သို့ တက်လှမ်း ထားခဲ့သော ကျွမ်းကျင် သူများ နီးနီး သန်မာ လှ ချေပြီ။

ထို့ကြောင့် ဂျီဝူယီကို လက်နက်မဲ့၊ ရင်ဆိုင်မည် ဆိုပါက၊ ဆယ်ကြိမ် အတွင်း ရှုံးနိမ့် မည်မှာ သေချာသည်။

ကံကောင်း ထောက်မစွာဖြင့်၊ ပန်းသင်္ချိုင်းဓားကို စကြာဝဠာ အဆင့်တိုင်၊ တိုးမြှင့် နိုင်ခဲ့ သည်။

သို့မဟုတ် ပါက ဂျီဝူယီ၏ ကြက်သွေးရောင် သွေးမြူ ချပ်ဝတ်ကို ဖျက်ဆီး ရာတွင်၊ ပြဿနာ ဖြစ်လာ နိုင်ပေမည်။

ဂျီဝူယီ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ အေးခဲ သွားပြီး၊ ဒေါသ ပေါက်ကွဲ တော့မည် အရိပ် အယောင်များ ပြသ လာသည်။

သွေးမြူ ချပ်ဝတ်ကို ဖျက်ဆီးပြီး၊ အတင်း အကြပ် ဓားဆွဲရန် ဖိအားပေး ခံရသော၊ နိမ့်ကျမှု မျိုးအား လူမြင်ကွင်း၌ မဖြစ် ချင်ချေ။

တစ်ဖက်လူ ထံမှ၊ အလွန် အန္တရာယ် များသော ရောင်ဝါကို ခံစား သိရှိနိုင် သဖြင့်၊ လင်းယွန် မျက်လုံးများ မှေးကျဉ်း သွားသည်။

ဂျီဝူယီမှာ လွန်ခဲ့သော တစ်နှစ်ခွဲ ခန့်ကပင်၊ အထွတ် အထိပ် ယန် အဆင့်သို့ ရောက်ရှိ ထား ပြီဟု၊ သူ ကြားသိ ရသည်။

ဆိုလို သည်မှာ ပြိုင်ဘက် အနေဖြင့်၊ ဤအချိန် အားလုံးကို သွေးဆာ နေသော အရှိန် အဝါ အပေါ်၊ အာရုံစိုက် နေသည်ဟု အဓိပ္ပါယ် သက်ရောက် လေသည်။

ကျင့်ကြံ မှုတွင် အောင်မြင်မှု မရရှိ ခဲ့သော် ငြားလည်း၊ သူ့ ခွန်အားကို များစွာ မြှင့်တင် နိုင် ခဲ့ခြင်း ဖြစ်သည်။

“ မင်း ... ဆန္ဒ အတိုင်း၊ ငါ နည်းနည်းတော့ လေးနက် လိုက်မယ် …။ ”

ဂျီဝူယီ၏ မျက်လုံး များတွင် အလင်းများ တောက်ပ လာပြီး၊ ခန္ဓာကိုယ် အတွင်းမှ သိပ်သည်းသော ကြက်သွေးရောင် စွမ်းအင် မုန်တိုင်း တစ်ခု ထွက်ပေါ် လာ၏။

မုန်တိုင်းတွင် ကြက်သွေးရောင် အလင်းများ တောက်ပလာ သည်နှင့် အမျှ၊ ရောင်ပြန် ဟပ်နေသော နဂါးငွေ့ တန်းကြီးမှာ မှိန်ဖျော့ သွားသည်။

လင်းယွန်ကို ဗဟို ပြုလျက်၊ သီးခြား ကမ္ဘာကြီး တစ်ခု ဖြစ်တည်လာ သကဲ့သို့၊ ခံစား လိုက် ရ၏။

ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင် များမှာ၊ လွန်စွာ သိပ်သည်း လာနေမှန်း သတိ ထားမိ လိုက်သောကြောင့်၊ လင်းယွန်ကို အံ့သြ သွားစေ သည်။

၎င်းနယ်မြေ ကြီးတွင် လွင့်မျော နေသော ကြက်သွေးရောင် အလင်း များက၊ သူ့နှလုံးသား ဆီသို့၊ အပျက် သဘော ဆောင်သည့် ခံစား ချက်များ၊ ပို့ဆောင် လာ၏။

ထိုခံစားချက် များမှာ၊ ပြင်းထန် လွန်းလှ သဖြင့် သတိ မမူ ခဲ့သော်၊ သူ့ နှလုံးသားအား ဝါးမျို ခံရ ခေျမည်။

ဂျီဝူယီ အသွင်မှာ နီရဲ လာပြီး၊ ငရဲမှ ဆင်းသက် လာသော နတ်ဆိုး တပါး ကဲ့သို့၊ ကြောက်စရာ ကောင်းနေ၏။

နယ်မြေ တစ်ခု လုံး၏ အရှင်သခင် တပါး ကဲ့သို ကောင်းကင်တွင် ရပ်လျက်၊ လင်းယွန်ကို ကြည့်ကာ ပြုံးလိုက်ပြီး၊

“ ဒါက အတွင်း ပါရမီရှင်တွေ အတွက်၊ ပြင်ဆင် ထားတဲ့၊ ‘သွေးငရဲ နယ်မြေ’ ပဲ၊ မင်း ... အမြင်ထက် ကျော်လွန်တဲ့၊ ကမ္ဘာ တစ်ခု အမြဲ ရှိနေတယ် ဆိုတာကို၊ ... ”

“ ... ငါ မျက်စိ ဖွင့်ပေး လိုက်မယ်၊ မင်းရဲ့ ဓား ရေးက ထက်တာ မှန်ပါတယ်၊ ဒါပေမယ် မင်းက အားနည်း နေ သေးတယ်၊ ဒီ နယ်မြေ မပျက်စီး သရွေ့၊ ငါ ရှုံးပွဲ မရှိပဲ။ ”

ဂျီဝူယီ စကားကြောင့်၊ လင်းယွန် တစ်ယောက်၊ ငရဲသွေး နယ်မြေကို လေးနက် သော အမူ အရာဖြင့်၊ စိုက်ကြည့် လိုက်သည်။

အမှန်ပင် အံ့ဩ စရာ ကောင်းချေပြီ။ ယင်းမှာ ရိုးရှင်းသော နယ်မြေ တစ်ခု မဟုတ်ကြောင်း၊ သူ ခံစား နိုင်၏။ ရှန်ရှင်း ဓားကိုပင် ချုပ်နှောင်ခြင်း ခံခဲ့ ရလေသည်။

တစ်ဖက်တွင် ပြိုင်ဘက်၏ သွေးဆာ နေသော အရှိန် အဝါမှာ၊ ကြောက်စရာ ကောင်း လောက်အောင် သိပ်သည်း လာပြီး၊ သွေးမြူများ ပေါင်းစပ် လာ၏။

“ အထင်ကြီး စရာ ပဲ …။ ”

လင်းယွန်က ချီးကျူးရန် တွန့်ဆုတ်ခြင်း မရှိချေ။ သွေးဆာ နေသော သားသတ် သမား ဘွဲ့ကို မည်သို့ ရရှိလာ သည်အား၊ နားလည် လိုက်ပြီ ဖြစ်သည်။

သွေးငရဲ နယ်မြေမှာ သွေးမြူ ချပ်ဝတ်ထက်၊ ပို၍ ဒုက္ခပေး နိုင်ချေပြီ။

“ သေ လိုက် တော့ ... ။ ”

အရှိန် အဝါ အကန့် အသတ်သို့ ရောက်ရှိ သွားချိန်၌၊ ဂျီဝူယီက သူ့ ဓားကို ခုတ်ပိုင်း လျက်၊ ရှေ့သို့ ခုန်ဝင် လာသည်။

ပေတစ်ရာ နီးပါး ရှည်လျားသော၊ ကြက်သွေးရောင် အလင်း ဓားတစ်လက် အသွင် ပြောင်းလဲ လာပြီး၊ လင်းယွန် ဆီသို့ ဝင်ရောက် သွား၏။

ဆင်းသက် လာသော အလင်းဓား အတွင်း၊ မူလ စွမ်းအင်များ တရိပ်ရိပ် တိုးလာ နေသည် ကို၊ မြင်လိုက် ရသဖြင့် မျက်မှောင်ကြုတ် လိုက်သည်။

ချင်းအန် သို့မဟုတ် ပီယွဲ့ သည်သာ၊ ဤတိုက်ခိုက် မှုကို ရင်ဆိုင်ရ ပါက၊ ချက်ချင်းပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိမည် ဖြစ်၏။

ဂျီဝူယီ အဆိုပါ တိုက်ခိုက်မှုမှာ၊ သူ၏ ‘သခင့်ဓာ’ ထက် နိမ့်ကျမည် မဟုတ်ချေ။ နယ်မြေ ကြီး ထဲ၌ သွေးဆာ နေသော ရမ္မက် များကို၊ ခံစား မိချေသည်။

ထို သွေးရမ္မက် များမှာ၊ သွေးငရဲ နယ်မြေ ကြီး၏၊ အသက် သွေးကြော ဖြစ်ပြီး၊ ဓား ရည်ရွယ်ချက် ထဲရှိ၊ ငွေရာင် ဓား ကြိုးမျှဉ်များ ကဲ့သို့၊ အစွမ်းထက် ပုံခြင်း တူသည်။

ပန်းသင်္ချိုင်း ဓားထံမှ၊ တောက်ပသော အလင်းများ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ သွေး ရမ္မက်နှင့် ထိပ်တိုက် တွေ့ဆုံ၏။

ထိပ်တိုက် တွေ့ဆုံ မှုကြောင့်၊ ငွေရောင် ဓားအလင်းမှာ၊ ရုတ်တရက် မှိန်ကျ သွားပြီး၊ အက်ကွဲ ကြောင်းများ ပျံ့ကျဲ လာသည်။

“ ကစားပွဲက ... အခုမှ စမှာ .... ။ ”

နောက်ဆုံးတွင် ပြိုင်ဘက်၏ ချို့ယွင်း ချက်ကို တွေရှိ လိုက်သောကြောင့်၊ ဂျီဝူယီ အပြုံးမှာ၊ ပို၍ပင် ဆိုးရွား လာခဲ့သည်။

ထို့ကြောင့် မီတာ အနည်းငယ် အကွာမှ နေ၍၊ ဓားဖြင့် လှမ်းရိုက် လိုက်လျက်၊ ဆိုလိုက် ခြင်း ဖြစ်သည်။

တစ်ဖက် လူမှာ ရှန်ရှင်းဓား အပေါ်၊ အားကိုး နေ၏။ ၎င်းအား ဖျက်ဆီး နိုင် ပါက၊ လက်သီး တစ်ချက် တည်းဖြင့်၊ သတ်ပစ် နိုင်ချေမည်။

ဟောက်သံ တစ်သံ ထွက်ပေါ် လာပြီး၊ သွေးငရဲ နယ်မြေ အတွင်း၊ သွေးဆာ နေသော အော်ဟစ် သံများနှင့်၊ ညည်းညူ သံများ ကြား လာရ၏။

ဆယ်ကြိမ်ခန့် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ကောင်းကင်ရှိ သွေးမြူ များက ငရဲမှ တိုးထွက် လာသော ဓားများ ကဲ့သို့၊ အော်ဟစ် နေချေ သည်။

“ သွေးဓားဖြင့် ...၊ သန့် စင် ခြင်း ။ ”

ပြိုင်ဘက်ကို ဂျီဝူယီက ကြက်သွေးရောင် ဓားရှည် များဖြင့်၊ ဖုံးအုပ် ပစ်လိုက် သည်။

လက်ရှိ ကြုံတွေ့ နေရသော အန္တရာယ်ကို နားလည် နိုင်သဖြင့်၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွား၏။

ဓားရည်ရွယ် ချက်ကို ထပ်မံ ဖုံးကွယ် ထားမည် ဆိုပါက၊ လွတ်မြောက်ရန် အခွင့် အရေး မရှိကြောင်း သူ သိသည်။

ပြိုင်ဘက် တိုက်ခိုက် မှုတွင်၊ ပါရှိသော နာကြည်းမှု များက၊ သူ့ ဝိညာဉ်ကို ချက်ချင်း ဝါးမျို သွား နိုင်၏။

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ ထုတ်ဖော် လိုက်ရာ၊ ရွှေကျီးကန်း တံဆိပ် ပွင့် လာပြီး၊ လင်းယွန် ကိုးယောက် ခွဲထွက် သွား သည်။

ပုံရိပ် ကိုးရိပ် တစ်ထပ်တည်း၊ ပေါင်းစပ် သွားချိန်၌၊ ‘မိုးခြိမ်းသံ’ များနှင့် အတူ၊ သွေးငရဲ နယ်မြေကြီး တစ်ခုလုံး၊ ချက်ချင်း လင်းလာ တော့၏။

တစ်ချိန်တည်း မှာပင်၊ မရေတွက် နိုင်သော ကြက်သွေးရောင် ဓားရိပ် များက၊ အနက်ရောင် အခိုး အငွေ့များ အဖြစ်သို့၊ ပြောင်းလဲ ပျောက်ကွယ် သွား၏။

ဓား အလင်း ကိုးလက်၊ သွေးငရဲ နယ်မြေ ပေါ်သို့ ဆင်းသက် လာချိန်၌၊ ဝမ်းနည်း နာကျင်ဖွယ် အော်ဟစ် သံများ၊ ဆက်တိုက် ထွက်ပေါ် လာသည်။

ထို့ကြောင့်ပင် သွေးငရဲ နယ်မြေ ကြီးမှာ၊ ရပ်တန့် သွားရ၏။ ကောင်းကင်တွင် သေဆုံး သွားသော၊ ဥက္ကာ ပျံကြီး တစ်စင်းလို ပေပင်။

သို့သော် ငြားလည်း၊ သူ့ခန္ဓာ ကိုယ် ပေါ်သို့၊ ကျရောက် လာသော ကြက်သွေးရောင် ဓား အလင်း များစွာ ရှိနေ သေးသည်။

ထိုဓား များက သူ့ အရေပြားကို စူးရှသော မြည်သံ ပြုလျက်၊ လှိုက်စား လာ၏။ ထို့ကြောင့် မပေါ့ဆ ရဲဘဲ၊ ဓားချက် များကို ဆက်လက် ထုတ်ဖော် နေရသည်။

“ မင်း တကယ်ပဲ ... ၊ ပိတ်ဆို့ ထားနိုင် တာလား ...။ ”

ဂျီဝူယီက အံ့သြသွား သော်လည်း၊ ချက်ချင်း ပြုံးရယ် လိုက်သည်။

“ မင်း ဘယ်လောက် ကြာကြာ ခံနိုင် မလဲ ဆိုတာ ကြည့်ရအောင်၊ သွေးနဂါး အကျည်းထောင် ... ။ ”

ဂျီဝူယီက လက်ကောက် ဝတ်ကို လှန်ပြီး၊ ငြိမ်သက် နေသော သွေးငရဲ နယ်မြေ ကြီးကို၊ ပိုက်ကွန်ကြီး အသွင်၊ ချက်ချင်း ပြောင်းလဲ ပစ်လိုက်သည်။

၎င်းပိုက်ကွန်က ဂျီဝူယီ၏ ထိန်းချုပ် မှုဖြင့်၊ မိုးကြိုးကို ဖျက်ဆီးရန်၊ လင်းယွန်ထံ ဆင်းသက် လာတော့၏။

မည်မျှပင် လျင်မြန် စေကာမူ၊ ဤ ပိုက်ကွန်ကြီး အတွင်းမှ ရှောင်ရှား ရန်မှာ၊ မဖြစ် နိုင်ဟု ထင်မြင် လာ စေသည်။

ကြည့်နေ ဆဲ မှာပင် ပိုက်ကွန်က၊ လျင်မြန်စွာ ကျုံ့လာ သောကြောင့်၊ နာကျင် ကိုက်ခဲ မှုကို ခံစား လိုက်ရ၏။

ပိုက်ကွန်ဖြင့် တုပ်နှောင်ခြင်း ခံရ ပါက၊ ရလဒ်မှာ မည်မျှ ကြောက်စရာ ကောင်းမည်ကို၊ မှန်းဆ နိုင်ချေသည်။

ဓားချက် များကို မဆက် မပြတ် ထုတ်ဖော် ခဲ့သော်လည်း၊ ပိုက်ကွန် ပေါ်၌ မီးပွား များသာ ထွက်ပေါ် လာစေ၏။

ဤမြင်ကွင်းကို ကြည့်ပြီး ဂျီဝူယီက ပြုံးလိုက်သည်။ သူ့အမြင် အရ လင်းယွန်၏ ဓားချက် တိုင်းမှာ၊ အဓိပ္ပါယ်မဲ့ လေသည်။

အချိန် အတော် ကြာအောင် စောင့်ကြည့် ပြီးနောက်၊

“ ဒါကို အဆုံး သတ်ဖို့ အချိန် တန်ပြီ …။ ”

-ဟုဆို လိုက်၏။

သွေးငရဲ နယ်မြေအား၊ ထုတ်ဖော် လိုက်သည့် အခိုက်တွင်၊ လင်းယွန်မှာ သူ့လက်ထဲမှ အရုပ် တစ်ရုပ်၊ ဖြစ်လာ တော့မည်ကို ခန့်မှန်း ထားပြီး ဖြစ်သည်။

“ သူ ... ရှုံး တော့မယ်။ ”

တိုက်ပွဲကို ကြည့်ပြီး၊ လူအုပ် ကြီး၏ မျက်လုံးများရှိ အလင်း ရောင်များ မှေးမှိန် သွားတော့၏။

အထူးသဖြင့် လျူယွမ်ယန် မျက်နှာမှာ၊ ဖြူဖျော့ နေပြီး လက်ဖျားများ အေးစက် တုန်ယင် လာသည်။

“ နောက်ဆုံးတော့ ...၊ သူ ရှုံးရ တာပါပဲ။ ”

စိတ် အားငယ် မှုများ ပြည့်နှက် နေသော မျက်ဝန်း များဖြင့် မော့ကြည့်ကာ၊ မိုလင်းက ဆိုသည်။

အဆုံး၌ လင်းယွန် ရှုံးနိမ့် သွား သည်ကို မြင်လိုက် ရသောကြောင့်၊ ကျန်းယွမ် တစ်ယောက် စိတ် သက်သာရာ ရသွား၏။

ဂျီဝူယီကို အနိုင်ယူ နိုင်သည် ဟူသော၊ ဖြစ်ရပ်မျိုး သူ လက်မခံ နိုင်ချေ။

“ ရုန်းထွက်ဖို့ ကြိုးစား ချင်တာလား၊ ဟား ဟား ဟား …။ ”

သွေးရောင် ပိုက်ကွန် အတွင်း၌၊ ရုန်းကန်နေသော လင်းယွန်ကို ကြည့်ပြီး၊ အော်ဟစ် လှောင်ပြောင် လိုက်သည်။

ပိုက်ကွန်မှာ မြင်သလောက် မရိုး ရှင်းချေ။ စွမ်းအားကို သွေးငရဲ နယ်မြေဖြင့် ထောက်ကန် ထားသည်။

အုပ်စိုးရှင် ဂိုဏ်း တစ်ဂိုဏ်းမှ၊ ယင်-ယန် အဆင့် အကြီး အကဲကို တစ်ဦးကို၊ ဤနယ်မြေ အတွင်း၊ ပိတ်လှောင် သတ်ဖြတ် ခဲ့ ဖူးချေ၏။

သို့သော် လင်းယွန်၏ ခန္ဓာ ကိုယ်မှ ထက်ရှသော ဓားတစ်လက် ရုတ်တရက် အော်မြည် လာသည်။

ခရမ်းရောင် ပန်း ပွင့်ကာ၊ လှည့်ပတ် သွားပြီးနောက်၊ ငွေရောင် ဓားအလင်း များစွာ ထွက်ပေါ် လာသည်။

“ ခရမ်းရောင် ဓားအစီရင်- ပြိုင်ဘက် မရှိ။ ”

ထို့နောက်တွင် ဓား (၉၄)လက် ထွက်ပေါ် လာပြီး၊ လင်းယွန်အား ဗဟို ပြုလျက်၊ စက်ဝိုင်း အသွင် လှည့်ပတ် လာတော့၏။

***

All Chapters