မူလ အစ၊ ဖီးနစ် အသရေ။
Vol. 45 Ch. 622
ဓားအစီရင် ထွက်ပေါ် လာသော အခါ၊ ကြက်သွေးရောင် ပိုက်ကွန်မှာ၊ ဆက်ပြီး ကျုံ့၍ မရ တော့ဘဲ၊ ကွဲအက်သံ ထွက်ပေါ် လာသည်။
ငွေရောင် ဓား (၉၄)လက်က၊ လင်းယွန် တစ်ဝိုက်တွင် လွင့်မျော လာပြီး၊ ငွေရောင် အလင်း လှိုင်းများ ထုတ်လွှတ် လာ၏။
ထိုအလင်းလှိုင်း များက၊ ပိုက်ကွန်တွင် လောင်ကျွမ်း နေသော မီးလျှံများကို စတင် ငြိမ်းသက် တော့သည်။
လင်းယွန်၏ အရှိန်အဝါ မြင့်တက် လာသည်ကို မြင်လိုက်ရ သဖြင့် လူအုပ် ကြီးမှာ၊ ထိတ်လန့် သွားသည်။
ဤသည်မှာ ဂျီဝူယီ၏ ကျင့်ကြံမှုနှင့် နှိုင်းယှဉ် မရနိုင် သော်လည်း၊ ကွာဟ ချက်ကို များစွာ ကျဉ်းမြောင်း သွားစေ ၏။
ရုတ်တရက် တိုးမြင့် လာသော အရှိန်အဝါ များအရ၊ တိုက်ပွဲ မပြီး သေးကြောင်း၊ အဓိပ္ပါယ် ရချေသည်။
လင်းယွန်မှာ ကစားပွဲကို လှည့်နိုင် မည်ဟု မည်သူမျှ မထင်ထား နိုင်ခဲ့ပေ။ သို့သော် အရှိန် အဝါမှာ၊ ဓားအစီရင် အောက်တွင် အဆက် မပြတ် မြင့်တက် နေခဲ့သည်။
“ ဓား အခင်း အကျင်းလား။ ”
အကြီးအကဲ အများ အပြားမှာ၊ လင်းယွန် ပတ်လည်ရှိ ဓား များကို ကြည့်ပြီး၊ အံ့သြကုန် ကြသည်။
“ ဒီ လင်းယွန်က ဘယ်သူလဲ၊ ဓား အစီရင် တစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင် ခဲ့ တာလား၊ ကြောက်စရာ ကောင်းလိုက်တာ၊ ... ”
“ ... နေဦး မဟုတ် သေးဘူး၊ အစီရင်က လာတဲ့ ရောင်ဝါက၊ အရမ်း ရှေးကျတယ် … ။ ”
ဓားအစီရင် တိုင်းမှာ၊ သုံးစွဲ သူ၏ တိုက်ပွဲဝင် စွမ်းအားကို အဆ များစွာ တိုးမြှင့် နိုင်၏။
အစွမ်းထက် လွန်းသော ဓားအစီရင် များကို၊ ဓားဂိုဏ်း များက ဝှက်ဖဲ အဖြစ် အသုံးပြု တက်ချေ ၏။
သို့သော် တစ်စုံ တစ်ဦး အနေဖြင့်၊ ဓားအစီရင် တစ်ခုကို၊ ကိုယ်တိုင် ဖွဲ့တည် နိုင်လိမ့် မည်ဟု မကြား မိချေ။
ထို့ကြောင့် အကြီးအကဲ များက၊ မျက်လုံး ပြူးကုန်ပြီး၊
“ ဓား အစီရင်ကို ... သူ့ ခွန်အားနဲ့၊ ထုတ်ဖော်နိုင် ပုံပဲ၊ ဒီလိုမျိုး အစီရင် မျိုးကို ပထမဆုံး မြင်ဖူး တာ ... ။ ”
“ လင်းယွန်က အစီရင်ကို၊ တည်ငြိမ်အောင် ထိန်းထား နိုင်တယ်။ ”
“ သူ့မှာ ဝှက်ဖဲတွေ ... ၊ အများကြီး ပါလား။ ”
ရှားယွင်ရှောင်က သက်ပြင်း ချပြီး၊ ဆိုလိုက် သည်။
“ သိပ်လည်း အထင်ကြီး မနေ ပါနဲ့၊ ဒါက ယာယီ ပါ၊ ပိုက်ကွန်ကို ချိုးဖျက် နိုင်ရင်တောင်၊ ဂျီဝူယီရဲ့ သွေးငရဲ နယ်မြေ အတွင်း ကနေ မထွက် နိုင်သေး ပါဘူး၊ ရှုံးနိမ့်ဖို့ အချိန် တစ်ခုပဲ လိုတယ်။ ”
“ ဘာပဲ ဖြစ်ဖြစ် သူက၊ အင်ပါရီယန် ကြယ်ပုလဲကို ရယူဖို့ အရည် အချင်း မရှိ သေးတာ သေချာ တယ်။ ”
ချင်းအန်၊ ပီယွဲ့နှင့်၊ ရန်ကောင်း တို့မှာ၊ ပြောသာ ပြောနေရ သော်လည်း၊ သူတို့ စကား များကို သူတို့ ပြန်ယုံ ကြည်ပုံ မရချေ။
ယခု အချိန်၌ လင်းယွန်မှာ၊ အန္တရာယ် ရှိသော အခြေ အနေမှ၊ ရုန်းထွက် ထားနိုင်ပြီ ဖြစ်သည်။
ဆိုလို သည်မှာ ဂျီဝူယီ အနေဖြင့်၊ သူ၏ ပြင်းထန် လွန်းသော အရှိန် အဟုန်ကို ဆုံးရှုံး သွားခဲ့ ရလေပြီ။
ဓား အစီရင် ကြောင့်၊ မြောက်ပင်လယ် အပြင် ဘက်ရှိ လူအုပ် ကြီးကို၊ ရုန်းရင်း ဆန်ခတ် ဖြစ်စေ ခဲ့၏။
ကောင်းကင် ပြည်နယ် အကယ်ဒမီ၏၊ တပည့်များ မျက်နှာမှာ၊ ရွှင်လန်း ကုန်ကြသည်။
အထူး သဖြင့် လင်းယွန်ကို ကြည့်ပြီး၊ မိုလင်း၏ မျက်ဝန်းများ တောက်ပ လာသည်။ နောက်ဆုံး အချိန်ထိ သူမကို တုန်လှုပ် စေနိုင်ဆဲ ဖြစ်သည်။
အကယ်ဒမီကို ဝင်ရောက် လာချိန်နှင့် နှိုင်းယှဉ် ပါက၊ ကြီးမားသော တိုးတက် မှုများ၊ ဖြစ် ချေသည်။
လင်းယွန်မှာ နဂါး ဖြစ်သောကြောင့်၊ ဤတိုက်ပွဲ အပြီးတွင် ကောင်းကင်သို့ ပျံသန်း တော့မည် ဖြစ်သည်။
တစ်ဖက် တွင်မူ ကျန်းယွမ် မျက်နှာမှာ၊ ဖြူဖျော့ နေခဲ့၏။
လင်းယွန်ကို လှည့်ပတ် ကာကွယ် ထားသော ဓား အစီရင်ကို ကြည့်ပြီး၊ ဂျီဝူယီက အေးစက်သော လေသံဖြင့်၊
“ မင်းက ... တကယ် ဒုက္ခ ပေးတဲ့ ကောင်ပဲ။ ”
-ဟု ညည်းတွား လိုက်သည်။
ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက်၊ ခန္ဓာကိုယ် အတွင်း အရှိန်အဟုန် ပြင်းစွာ စီးဆင်း နေသည့် စွမ်းအင်အား၊ လင်းယွန် ခံစား နိုင်၏။
ဓားသုတ္တန်၏ အောင်မြင်မှုကြောင့်၊ ဓား အစီရင်နှင့် တစ်သားတည်း ဖြစ်တည် လာပြီး၊ အပြည့်အဝ ထိန်းချုပ် နိုင်ချေသည်။
“ အဲဒါကြောင့် မင်းကို အလေး အနက် ထားဖို့ ငါပြော ခဲ့တာပေါ့၊ မဟုတ်ရင် ဆိုးဆိုး ရွားရွား ရှုံးနိမ့် ရ လိမ့်မယ်။ ”
လင်းယွန်က ခေါင်းမော့ကာ၊ တုန့်ပြန် လိုက်သည်။
“ ဘယ်လိုတောင် မောက်မာ လိုက်လဲ၊ မင်းက ငါ့ရဲ့ သွေးငရဲ နယ်မြေ ထဲမှာ ရှိနေတုန်း ဆိုတာ မမေ့နဲ့။ ”
သူ့ လက်ဖဝါးကို လှီးဖြတ် လိုက်ကာ၊ ဓားပေါ်သို့ သွေးစက်များ လောင်းချ လျက်ဖြင့်၊ ဂျီဝူယီက ဆိုသည်။
ဓားထံသို့ သွေးစက်များ စီးဝင် နေစဉ်၊ မျက်နှာပြင် အနှံ့ ဖြူဖျော့ သွားပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီ လာ၏။
သို့သော် တစ်ချိန်တည်း မှာပင် ကြက်သွေးရောင် ဓားရောင်ခြည် တစ်စင်း ကောင်းကင် ယံသို့ ထိုးတက် လာသည်။
ထိုဓား ရောင်ခြည်ကြောင့်၊ ကြက်သွေးရောင် တိမ်တိုက် များက၊ ကြောက်မက်ဖွယ် တစ်စုံ တစ်ရာ ထွက်ပေါ် လာတော့မည် ကဲ့သို့ လျင်မြန်စွာ ပျံ့ကျဲ ကုန်၏။
“ ဒီကောင်က တကယ့်၊ ကျွမ်းကျင် သူပဲ …။ ”
ထို ဖြစ်စဉ်ကို မြင်သည်နှင့် လင်းယွန်မှာ၊ မျက်မှောင် မကြုတ်ဘဲ၊ မနေ နိုင်ခဲ့ချေ။ ပြိုင်ဘက်မှာ ဓား တာအိုမှ သွေဖယ် နေပြီ ဖြစ်သည်။
ပို၍ တိကျစွာ ပြောရလျှင်၊ သွေးဆာ နေသော ရည်ရွယ် ချက်ဖြင့်၊ ပြန်လမ်းမဲ့ ခရီးကို လျှောက်လှမ်း နေပြီ ဖြစ်ရာ၊ ဓား သမားဟု မခေါ်ဆို နိုင်တော့ချေ။
ကြက်သွေးရောင် တိမ်တိုက် များတွင်၊ ကြောက်မက်ဖွယ် ကောင်းသော ‘သွေးရမ္မက်’ အချို့ကို သူ ခံစား လိုက်ရ၏။
ထိုသွေးရမ္မက်က သူ့အား ကာကွယ် ထားသော ဓားအစီရင် ကိုပင် တုန်လှုပ် သွားစေ ခဲ့သည်။
“ သွေးငရဲ ...၊ ကွပ်မျက်ခြင်း စင်မြင့်။ ”
ဂျီဝူယီ ထံမှ ထွက်လာသော အရှိန် အဝါမှာ၊ ကြောက်စရာ ကောင်းချေ၏။ လူသား တစ်ဦး နှင့် မတူ တော့ဘဲ၊ အသက်ချွေ ငရဲသား တစ်ဦး အသွင်၊ ထင်မှား မိ လာစေသည်။
ကြက်သွေးရောင် တိမ်တိုက်များ ဖယ်ခွာသွား ပြီးနောက်၊ အရိုး များဖြင့် ဖွဲ့စည်း ထားသော သံကြိုး ကိုးချောင်းပါ၊ ‘ကွပ်မျက်ခြင်း စင်မြင့်’ တစ်ခု၊ ထွက်ပေါ် လာသည်။
“ ဒီလှုပ်ရှား မှုကို သုံးဖို့၊ မင်းက ငါ့ကို တွန်းအားပေး နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူ သင့်တယ်။ ”
ဂျီဝူယီက သွေးစွန်း နေသော ဓားကို လွှဲယမ်း လိုက်ကာ၊ အေးစက်စက် အမူ အရာဖြင့်၊ ဆိုလေ သည်။
တစ်ချိန်တည်း မှာပင်၊ အရိုး သံကြိုး ကိုးချောင်းက၊ တွန့်လိမ် လာပြီး၊ ကွပ်မျက်ခြင်း စင်မြင့် တစ်ခု လုံးကို၊ လင်းယွန်ပေါ် ပြိုကျ လာစေ၏။
ယင်းကြောင့် လေဟာနယ် အတွင်း၊ အက်ကွဲ ကြောင်းများ ထွက်ပေါ် လာသည်။
ဂျီဝူယီ၏ လက်ရှိ အင်အား အရ၊ ကနဦး ယင်-ယန် အဆင့်ထက် မနိမ့် ကျကြောင်း လူတိုင်း ပြော နိုင်၏။ ဤစင်မြင့်ဖြင့် လင်းယွန် အား၊ လက်စတုံး လိုပုံ ရသည်။
လင်းယွန် မှာမူ ကြောက်ရွံ့ခြင်း မရှိဘဲ၊ စင်မြင့်ကို မော့ကြည့်ကာ၊ ကြုံတွေ့ လာနိုင် သော အန္တရာယ် အပေါ်၊ တွက်ဆ နေမိသည်။
ပြီးနောက် အတွေး တစ်ချက် ဖြင့်ပင်၊ ဝန်းရံ ထားသော ငွေရောင် ဓားရှည် (၉၄) လက်ကို ရပ်တန့် ပစ်လိုက်၏။
ရုတ်တရက် ရပ်တန့် လိုက်သည့် အရှိန်ကြောင့်၊ ခန္ဓာကိုယ် အတွင်း၌ နာကျင် လာကာ၊ အနည်းငယ် တုန်ယင် သွား လေသည်။
တစ်ဆက်တည်း မှာပင်၊ ဓား (၉၄) လက် ထံမှ၊ ဓားမြည် သံများ ထွက်ပေါ် လာပြီး၊ (၁) လက်မခန့် ဖြည်းညှင်းစွာ၊ နောက်ပြန် ရွေ့လျား လာတော့၏။
တစ်လက် မမျှသာ ဖြစ်သော်လည်း၊ ဓားရည်ရွယ် ချက်မှာ ကြောက်မက်ဖွယ် အရှိန် အဟုန်ဖြင့်၊ ပေါက်ကွဲ ထွက်လာသည်။
အစီရင် တစ်ခုလုံး ပြောင်းပြန် လည်ပတ်မှု ပြုလုပ် ပြီးချိန်၌၊ တိမ်များကို ဖြတ်၍ ငွေရောင် အလင်းတိုင် တစ်တိုင် ထွက်ပေါ် လာသည်။
ထို အလင်းတိုင်တွင် ပါဝင်သော ဓားရည်ရွယ်ချက် များကြောင့်၊ ရေကန် တစ်ခုလုံး တုန်ခါ သွားကာ၊ ပိုက်ကွန်ကြီး အပိုင်းပိုင်း ကွဲထွက် ကုန်၏။
ပေတစ်ရာ မျှသာ ရှိသော ဓားရှည် များမှာ ပေနှစ်ရာ အထိ ရှည်ထွက် လာပြီး၊ (၁၈၈)လက် အထိ တိုးပွား သွားသည်။
ခုနစ် ကြိမ်မြောက် လှည့်ပတ်ပြီး ချိန်၌၊ နဖူးတွင် ချွေးများဖြင့် ဖုံးလွှမ်း လာကာ၊ မျက်နှာ တစ်ပြင်လုံး ပို၍ သွေးစုတ် လာ၏။ သို့သော် လင်းယွန်က ထိုမျှဖြင့် မရပ် ခဲ့ချေ။
ဂျီဝူယီ၏ ကွပ်မျက်ခြင်း စင်မြင့်မှာ၊ အလွန် အစွမ်းထက် လှသောကြောင့်၊ ဓား အစီရင်ကို (၈) ကြိမ် လှည့်ပတ် ရုံဖြင့်၊ တားဆီးရန် မသေချာဟု ယူဆ မိ၏။
တစ်ဖက်တွင် ဂျီဝူယီ၏ မျက်နှာမှာ၊ မည်းမှောင် သွားသည်။ စင်မြင့်က တရွေ့ရွေ့ ကျဆင်း လာနေ သကဲ့သို့၊ သူ့မျက်နှာ သည်လည်း၊ ဖြူဖျော့ လာ၏။
ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီ လာသော်လည်း၊ အံကြိတ်လျက် ဆက်သွားရန်၊ အရာ အားလုံး ပုံအော ပစ် လိုက်သည်။
ဆိုလို သည်မှာ ဤတိုက်ခိုက် မှုတွင်၊ သွေးဆာ နေသော သားသတ် သမား ဟူသည့်၊ ဂျီဝူယီ ဘဝ တစ်ခုလုံး ပါဝင် ချေ၏။
“ ဘယ်သူ့ကို ဘယ်သူက၊ ကြောက်ရ မှာလဲ ...။ ”
လင်းယွန် အော်ငေါက် လိုက်ပြီး၊ ဓားအစီရင်ကို နဝမ မြောက် အကြိမ်ထိ၊ လှည့်ပတ် ပစ်လိုက်သည်။
ကိုးကြိမ် ပြည့် ပြီးနောက်၊ ဓား အစီရင် အရွယ်အစားမှာ၊ ပေတစ်ထောင် အထိ ကြီးထွား လာ၏။
ဤအခိုက် အတန့်တွင်၊ လင်းယွန်၏ မူလ စွမ်းအင် များက၊ ရေခဲ ဖီးနစ်ငှက် တစ်ကောင် အသွင်၊ ဝိုးတဝါး ဖွဲ့တည် လာခဲ့သည်။
စူးရှသော အော်သံ ပြုလျက်၊ ရေခဲ ဖီးနစ်ငှက် ကြီးက၊ တိုက်ပွဲ ထံသို့ ငုံ့ကြည့် လိုက်ရာ၊ အမြင် အာရုံများ လှည့်စားခံ နေရပြီ ဟုပင်၊ ထင်မှတ် လာမိ၏။
ဖီးနစ်ငှက် ထံမှ ကျူးရင့် သံကြောင့်၊ သွေးမြူများ ဆိုင်းနေသော ကောင်းကင် ကြီးမှာ၊ မှိန်ဖျော့ သွား၏။
ထို့နောက်တွင် လင်းယွန်က၊ သူ့ ဓားကို ခုတ်ပိုင်း ပစ်လိုက် တော့သည်။
“ ခရမ်းရောင် ဓားအစီရင် — ပြိုင်ဘက် မရှိ၊ မူလ အစ၊ ဖီးနစ် အသရေ။ ”
ဖီးနစ် ကျူးရင့် သံကြောင့်၊ ကြက်သွေးရောင် နယ်မြေ ကြီးမှာ၊ ရုတ်တရက် ကွဲအက် သွားပြီး၊ တောက်ပ လွန်းသော အလင်းရောင်များ ထွက်ပေါ် လာသည်။
ဤသည်မှာ လင်းယွန် နောက်မှ၊ နေတစ်စင်း သဏ္ဍာန် အလင်း စက်ဝန်းကြီး ထွက်ပေါ် လာ ခဲ့သောကြောင့် ဖြစ်၏။
သွေးငရဲ နယ်မြေ ကြီးမှာ ထိုအလင်းရောင်ကြောင့်၊ ထင်ရှားစွာ တောက်ပ လာလေသည်။
တစ်ချိန် တည်း မှာပင်၊ လင်းယွန်၏ ဓားအစီရင် သည်လည်း၊ ကွဲအက် သွားပြီး နေရာ လွတ်များ ဖြစ်ပေါ် လာတော့၏။
***