← Chapters

အရာ အားလုံး ဆုံးရှုံးခြင်း။

Vol. 45 Ch. 623

အရာ အားလုံး ဆုံးရှုံးခြင်း။

Vol. 45 Ch. 623

လင်းယွန် နောက်ကွယ်ရှိ အလင်း စက်ဝန်းမှာ၊ နေမင်းကြီး တစ်စင်း ထက်ပင် ပို၍ တောက်ပ နေ၏။

ဤတိုက်ခိုက်မှု အတွင်း ပါရှိသော ကြောက်မက်ဖွယ် ဓားအလင်းတွင်၊ ဓား ရည်ရွယ် ချက်များ ပါရှိ လေသည်။

ထိပ်တိုက် တွေ့ဆုံ မှုကြောင့်၊ ရေ မျက်နှာပြင် အနှံ့ ပေါက်ကွဲ မှုများ ရုတ်တရက် ထွက်ပေါ် လာသည်။

“ ကြောက်စရာ ကောင်းလိုက်တဲ့ လှုပ်ရှားမှု …။ ”

ဓားအစီရင်နှင့် ဂျီဝူယီ၏ ကွပ်မျက်ခြင်း စင်မြင့်မှာ၊ လူတိုင်း မျှော်လင့် ထား သည်ထက်၊ ကျော်လွန် သွား ခဲ့သည်။

ဆိုလို သည်မှာ ခွန်အား အရာ၌ ၎င်းတို့ နှစ်ဦးသည်၊ တိမ်နဂါး များထက် အဆပေါင်း များစွာ သာလွန် နေခဲ့၏။

“ ဘယ်သူ နိုင်သွားလဲ။ ”

အားလုံးက မငြိမ်သက် မှုများ ပြေပျောက်ချိန် အထိ၊ မစောင့်နိုင် ကြ တော့ချေ။ စိတ်လှုပ်ရှား စွာဖြင့် အချင်းချင်း ပြန်လည် မေးမြန်း လာကြ၏။

ဤတိုက်မှု၌ ရှုံးနိမ့် ခြင်းမှာ ပြိုင်ပွဲ၏ အဆုံး အဖြတ် ဖြစ်လေသည်။ ပွဲစဉ် တစ်လျှောက် အသာစီး ရယူ ထားနိုင် သမျှ၊ တစ်ချက် တည်းဖြင့်၊ ရေစုန် မျောမည် ဖြစ်၏။

“ စီနီယာ တန်၊ … ။ ”

မိုလင်းက တန်ယုထံ စိတ် လှုပ်ရှားစွာ လှမ်းကြည့် လိုက်သည်။ သူမ၏ ကျင့်ကြံ မှုဖြင့် ဤတိုက် ပွဲတွင်၊ မည်သူ အသာစီး ရခဲ့ ကြောင်း မမြင် နိုင်ပေ။

စောင့်ဆိုင်း ခြင်းမှာ ရိုးရှင်းပြီး အလုပ် ဖြစ်သော်လည်း၊ စိတ်ပျက် စရာ ကောင်းအောင် ကြာညောင်း လှချေ၏။

တန်ယုက ခေါင်းခါ လိုက်ပြီး၊

“ ကြယ်တွေရဲ့ အလင်း ရောင်က၊ အမြင်အာရုံကို အနှောင့် အယှက် ဖြစ်စေတယ်၊ ဒါကြောင့် ရှင်းရှင်း လင်းလင်း မမြင်လိုက် ရဘူး။ ”

လင်းယွန်နှင့် ဂျီဝူယီ တို့ နှစ်ဦး၊ ဆင့်ခေါ် ထားသော သဘာဝ ဖြစ်စဉ် များမှာ၊ ပြင်းထန် လွန်း လေသည်။

မူလ စွမ်းအင် အတက် အကျ ‘လှိုင်း’များက၊ ဖရိုဖရဲ ဖြစ်နေ သောကြောင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ များပင်၊ ရှင်းရှင်း လင်းလင်း မမြင်နိုင် ခဲ့ချေ။

ထိုအချိန်တွင် တန်ယုက ရုတ်တရက် မျက်လုံးများ မှေးစင်း သွားကာ၊ တိုက်ပွဲ ထံသို့ စူးစိုက် ကြည့်လိုက်၏။

ကြယ်ရောင်စုံ ကောင်းကင် ကြီး၌၊ မှိန်ဖျော့လွန်းသော အလင်း တစ်စ၊ စက္ကန့်ပိုင်း ခန့် ‘ဖျတ်ခနဲ’ လင်းလက် သွားခဲ့သည်။

အလင်းရောင် ပြန်လည် ပျောက်ကွယ် သွားချိန်၌ နောက်ဆုံး ရလဒ်အား၊ တွေ့မြင် လာရ တော့၏။

ဤတိုက်ပွဲတွင် နောက်ဆုံး အချိန်ထိ၊ မည်သူ ရပ်တည် နိုင်မည်ကို တွေးတောလျက်၊ လူတိုင်း စိတ်လှုပ်ရှား သွားခဲ့သည်။

ဖရိုဖရဲ မြင်ကွင်းများ တဖြည်းဖြည်း ငြိမ်သက် သွားသော အခါ၊ စွမ်းအင် အတက် အကျ လှိုင်းများ သည်လည်း၊ ငြိမ်သက်စ ပြုလာ ၏။

အရာ အားလုံး ရှင်းလင်း သွားချိန်၌၊ ဓားကိုင်ထားသော လင်းယွန် ရှေ့တွင်၊ အရိုး သံကြိုး ကိုးချောင်းပါ ကွပ်မျက်ခြင်း စင်မြင့်က၊ ထက်ခြမ်း ကွဲပြတ် နေရ လေပြီ။

“ အဲ့ဒါ ... လင်းယွန် ပဲ။ ”

အထူးသဖြင့် ပြင်ပ အဆင့်၌၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်သော သူများမှာ၊ တုန်လှုပ် ခြောက်ခြားသွား သဖြင့်၊ ယိမ်းယိုင် လာကုန် ကြသည်။

“ မ ဟုတ် သေး ဘူး၊ ကွပ်မျက်ရေး စင်မြင့်က မပျောက် သေးပါဘူး …။ ”

“ အမှန်ပဲ ...၊ ဒီလင်းယွန်က သူ့ဓားကို၊ တစ်ဝက်ပဲ ဆွဲနိုင် ခဲ့တယ်၊ ကြည့်ရတာ မူလစွမ်းအင် ကုန်သွားတာ ထင်တယ်၊ ဒါဆို ရင်တော့ .... သူ ရှုံး ပြီ ။ ”

“ ဂျီဝူယီက ... ရပ်နေတုန်းပဲ။ ”

ထိပ်ဆုံး ဆယ်ယောက်က၊ လင်းယွန် ရှုံးနိမ့် သွားလိမ့် မည်ဟု၊ အခိုင် အမာ ယုံကြည် နေဆဲ ဖြစ်သည်။

ကွပ်မျက်ခြင်း စင်မြင့်မှာ၊ နှစ်ပိုင်းခွဲ ခံရလိုက် ရသော်လည်း၊ အရိုး သံကြိုး (၉) ချောင်းကြောင့်၊ ယမ်းခါ နေတော့သည်။

“ ဂျီဝူယီ ရှုံးတော့မယ်။ ”

တစ်စုံ တစ်ဦးက စိတ် လှုပ်ရှားသော အသံဖြင့်၊ အော်ဟစ် လိုက်၏။ ထို့ကြောင့် ဂျီဝူယီ အနိုင်ရ မည်ဟု ယုံကြည် နေသူ များမှာ၊ ထိတ်လန့် ကုန်သည်။

“ မင်း ရှုံး ပြီ ...။ ”

နှုတ်ခမ်း ထောင့်စွန်းတွင် သွေးများ စီးကျလာပြီး၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေသော လင်းယွန်က၊ ဂျီဝူယီကို ပြန်ကြည့်ကာ ဆိုသည်။

ဓား အစီရင်၏ စွမ်းအားကို ထုတ်ယူရန်၊ ခရမ်းရောင် ပန်းအား ကိုးကြိမ် တိုင်တိုင် နောက်ပြန် လှည့်ယူ ရသည်မှာ၊ မလွယ်ကူ လှချေ။

ထို့ကြောင့် အဆုံးတွင် အပ်စိုက်မှတ် များ၌ ပြင်းစွာသော ဒဏ်ရာများ ရရှိ ခဲ့သည်။

လင်းယွန် ထံ၌ ထက်ရှသော ဓား တစ်လက်ကို၊ လှမ်းမြင်နေ ရ သောကြောင့်၊ ဂျီဝူယီ မျက်နှာမှာ မည်းမှောင်သွား လေသည်။

ဤမျှလောက် အစွမ်းထက် လွန်းသော ဓားရည်ရွယ် ချက်ကို၊ သူ တစ်သက်တွင် တစ်ကြိမ်ပင် မမြင်ဖူး ခဲ့ပေ။

သို့သော် ရှုံးနိမ့် မှုကို ဝန်ခံ လိုခြင်း မရှိဘဲ၊ ပါးစပ် အပြည့် သွေး တစ်လုတ်အား ထွေးထုတ် လိုက်ပြီး၊ ထပ်မံ တိုက်ခိုက်ရန် အားယူ လိုက်၏။

အရိုး သံကြိုးများ ပြင်းထန်စွာ လှုပ်ခတ် လာသဖြင့်၊ စင်မြင့်တွင် သွေးမြူများ တစ်ဖန် သိုင်းဖွဲ့ လာသည်။

“ ငါ မရှုံး သေးဘူး။ ”

လင်းယွန်ကို ကြည့်ပြီး၊ ဂျီဝူယီ တစ်ယောက် ဒေါသများ တောက်လောင် လာ၏။ အမုန်း တရားက နက်ရှိုင်း လှသော ကြောင့်၊ လက်တုံ့ ပြန်မှုမှာ ကြောက်စရာ ကောင်းနိုင် ချေမည်။

သို့သော် ရက်စက်မှုခြင်း ယှဉ်ပါက လင်းယွန် သည်လည်း၊ ဂျီဝူယီထက် မနိမ့်ကျ ကြောင်း၊ ပြောနိုင်၏။

ရန်သူ့ကို မဆိုနှင့်၊ သူကိုယ် သူပင်၊ ညှာတာမှု မရှိ ခဲ့ချေ။ ဤတိုက်ပွဲမှာ အစ သာလျှင် ရှိသေး ကြောင်း၊ ဂျီဝူယီကို ပြောပြ ချင် လေသည်။

ဂျီဝူယီ အတွက်မူ ပြိုင်ဘက်ကို၊ မမြင် နိုင်သည့် အတွက်၊ သူ့ကိုယ် သူသာ အပြစ် တင်ရ ပေမည်။

စိတ်ပျက် အားငယ်မှု ဆိုသည်မှာ၊ ကိုယ်ရှေ့တွင် သေဆုံး နေသော သူများကို ကြည့်ပြီး၊ ကာကွယ်ရန် စွမ်းအားမဲ့ နေသည့် အခြေ အနေ ဖြစ်၏။

၎င်းကို ဂျီဝူယီ တစ်ယောက် နားလည် နိုင်မည် မဟုတ်ချေ။ နာကျင်မှု များကြောင့်၊ လင်းယွန် မျက်နှာ၌ ဒေါသများ ထင်ဟပ် လာသည်။

ထို့နောက်တွင်၊ ဓား ရည်ရွယ် ချက်ကို ပန်းသင်္ချိုင် ဓားထဲသို့ လောင်းထည့် လိုက်၏။

ခန္ဓာကိုယ် အနှံ့၊ သိပ်သည်းသော မူလ စွမ်းအင်များ စီးဆင်းလာ သဖြင့်၊ အပ်စိုက်မှတ် များပင် အက်ကွဲ လာကုန်သည်။

ဓားအစီရင် ထံမှ စွမ်းအား အကုန် အစင် ထုတ်ဖော် လိုက်ကာ၊ မျက်ခုံး ပင့်လျက်၊ ‘ချိုး’ဟု ဟောက် လိုက်၏။

ပန်းသင်္ချိုင် ဓား ပေါ်ရှိ ငွေရောင် အလင်း များမှာ၊ စူးရှစွာ ပြန့်ကား လာပြီး၊ ကွပ်မျက်ခြင်း စင်မြင့်မှ လာသော ကြက်သွေးရောင် အလင်း များကို ဖုံးအုပ် ပစ်လိုက်သည်။

ဆူညံသော ဓားမြည် သံများ နှင့် အတူ၊ ဓားက ကွပ်မျက်ခြင်း စင်မြင့်ပေါ်သို့ ကျရောက် သွား၏။ ပြီးနောက် အပိုင်းပိုင်း ခွဲပစ် လိုက် တော့သည်။

စင်မြင့် ကွဲသွား ချိန်၌ ဂျီဝူယီမှာ၊ သွေးအန်လျက် မြေပြင်ပေါ် လဲကျ သွားသည်။

ပြိုင်ဘက်၏ ဓားကို ဆက်မထိန်း နိုင်တော့ သောကြောင့်၊ သွေးငရဲ နယ်မြေကြီးမှာ၊ ပေါက်ကွဲ သွားရသည်။

နောက်ထပ် ပါးစပ် အပြည့် သွေးများ ထပ်အန် ချကာ၊ မီတာ ရာဂဏန်း အကွာထိ လွင့်စင် သွား၏။

“ သွေးငရဲ နယ်မြေကြီး ဖျက်ဆီး ခံလိုက် ရပြီ ... ။ ”

မြောက်ပင်လယ် အပြင် ဘက်မှ၊ ရပ်ကြည့် နေသော လူအုပ် ကြီးက၊ မယုံကြည် နိုင်စွာဖြင့်၊ ငြိမ်သက် သွားကုန်သည်။

ဂျီဝူယီ တစ်ယောက် သည်မျှ၊ နိမ့်ကျသော အနေ အထားနှင့်၊ ဆိုးဆိုး ရွားရွား ရှုံးနိမ့် သွား လိမ့်မည်ဟု၊ မထင်ထား ကြခေျ။

ပြိုင်ဘက်က ကြီးစိုးစွာ ရပ်နေ ချိန်တွင်၊ ဂျီဝူယီမှာ မတ်တပ် ပြန်ရပ်ရန်၊ ခက်ခက် ခဲခဲ ရုန်းကန် နေရ ပေ၏။

ပြင်ပ အဆင့် (၁၀)ဦး စာရင်း၊ ဝင်သော သူများ အနေဖြင့်၊ ဤမြင်ကွင်းကို မယုံကြည် နိုင်စွာ ကြည့်နေ မိကြ သည်။

ဂျီဝူယီနှင့် အတူ သူတို့ အားလုံးမှာ၊ အဆင့် မရှိသော သူ တစ်ဦး ထံ၌၊ ရှုံးနိမ့် သွားခဲ့ ရချေပြီ။

တစ်ဖက်တွင် ဂျီဝူယီ တစ်ယောက်၊ ချောင်းဆိုးတိုင်း သွေးများ အန်ထုတ် နေရ၏။ မူလ စွမ်းအင် ကုန်ဆုံး သွား သောကြောင့်၊ မောပန်း နွမ်းနယ် လှသော်လည်း၊ လက်ရှိ အခြေ အနေကို လက်မခံ နိုင်ချေ။

သို့သော် လှုပ်ရှား တော့မည့် အချိန် မှာပင်၊ အေးစက်သော မျက်ဝန်း တစ်စုံက သူ့အပေါ် ကျရောက် လာပြီး၊

“ မင်းရဲ့ သိုင်းဝိညာဉ်ကို ထုတ် မလို့လား၊ မလုပ်ဖို့ ငါ အကြံပေး ပါရစေ၊ မဟုတ်ရင် ယင်-ယန် အဆင့်ကို တက်လှမ်း တဲ့အခါ၊ မင်း ... နောင်တရ လိမ့်မယ်။ ”

တစ်ဖက်လူ ထံမှ လွှမ်းမိုး နိုင်လွန်းသော အရှိန်အဝါ နှင့်အတူ၊ အေးစက်စက် သတိပေး သံကြောင့်၊ ဂျီဝူယီမှာ ကျောရိုး တစ်လျှောက် စိမ့်တက် သွားရ လေပြီ။

ပန်းသင်္ချိုင် ဓားက၊ မည်သည့် အရာကို အဆို၊ ဖျက်ဆီး ပစ်နိုင် သည်ဟု ကြုံးဝါး နေ သကဲ့သို့၊ ရုတ်တရက် မြည်သံ ပြုလာ၏။

လင်းယွန်နှင့် အကြည့်ချင်း ဆုံ ပြီးနောက်၊ သိုင်းဝိဉာဉ် ထုတ်ဖော်ရန် စိတ်ကူးအား၊ စွန့်ပစ် လိုက်မိ လေသည်။

“ ရလာဒ် ထွက်လာပြီ။ ”

ခွန်အားမဲ့ လွန်းသော ခံစား ချက်များ ဝင်ရောက် လာစဉ်၊ သူ့စိတ် ထဲသို့ အက်ရှရှ အသံ တစ်သံ၊ ဝင်ရောက် လာသည်။

“ မ ဟုတ် ဘူး။ ”

ဂျီဝူယီက ကြောက်လန့် တကြား အော်ဟစ် လိုက်၏။ အရှုံးသမား တစ်ယောက် အဖြစ်၊ ဂူ သင်္ချိုင်း အပြင်၊ မထွက် လိုသေးချေ။

သို့သော် အင်ပါရီယန်၏ အလို အရ၊ ရလာဒ်အား သတ်မှတ် လိုက်ပြီး ဖြစ်ရာ၊ သူ့ ဆန္ဒ များက၊ အသုံး မဝင် တော့ပေ။

စမ်းသပ်မှုများ အတွင်း၊ ဖယ်ရှား ခံခဲ့ ရ သူများ ကဲ့သို့၊ သူ့အား ချက်ချင်း ပို့ဆောင် ပစ်လိုက် တော့၏။

သွေးဆာ နေသော သားသတ်သမား တစ်ဦးဖြစ် လျှင်ပင်၊ ပန်းသင်္ချိုင်း လက်သို့ အရာ အားလုံး ပေးအပ် လိုက်ရ ချပြီ။

***

All Chapters