← Chapters

အင်ပါရီယန်ဖြင့် တွေ့ဆုံခြင်း။

Vol. 45 Ch. 624

အင်ပါရီယန်ဖြင့် တွေ့ဆုံခြင်း။

Vol. 45 Ch. 624

လင်းယွန်၏ ကြမ်းကြုတ်သော မျက်နှာစာကို၊ လူအုပ်ကြီးက မှင်တက်စွာ ကြည့်နေ မိချေသည်။

သူတို့ အားလုံးက ရတနာများ ရှာဖွေရန်၊ ဂိုဏ်း အသီးသီးမှ ထွက်ခွာ လာကြခြင်း ဖြစ် သည်။

လူတိုင်းတွင် မျှော်လင့်ချက် ကိုယ်စီ ရှိကြ သော်လည်း၊ အဆုံးတွင် အောင်နိုင် သူမှာ တစ်ဦးသာ ရှိချေ၏။

ဂျီဝူယီ ကဲ့သို့သော တစ်စုံ တစ်ယောက် အတွက်မူ၊ သင်္ချိုင်း နယ်မြေ၏ ရတနာ များက၊ ဆွဲဆောင်မှု မရှိပေ။

တစ်ခု တည်းသော ရည်မှန်း ချက်မှာ၊ အင်ပါရီယန် အမွေနှင့် ကြယ်ပုလဲသာ ဖြစ်ချေ သည်။

လမ်းတစ်လျှောက် လူပေါင်း များစွာကို သတ်ပြီး၊ သွေးဆာ နေသော သားသတ်သမား ဘွဲ့ကို ခံယူ ခဲ့၏။

ကြယ်ပုလဲကို ရယူရန်၊ ယုံကြည်ချက် အပြည့်နှင့်၊ လာခဲ့ သော်လည်း၊ အဆုံး၌ ရှုံးနိမ့် လိုက်ရ သည်။

ရေကန် ပေါ်မှ တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ် နေသည့် လင်းယွန်ကို ကြည့်ပြီး၊ ဒေါသဖြင့် အော်ဟစ် လိုက်သည်။

“ လင်းယွန် ...၊ ဒီအရှက် တရား အတွက်၊ မင်းကို အဆ တစ်ရာ ပြန် ပေးဆပ် ခိုင်းမယ်။ ”

သို့သော် ထိုစကား များကို လင်းယွန်က လျစ်လျူရှု ထားခဲ့၏။ ယင်းမှာ အရှုံး သမားများ အတွက်၊ သူတို့ကိုယ် သူတို့ လှည့်ဖျား လိုက်သော၊ စကားများ သာ ဖြစ်သည်။

၎င်းတို့ ထံမှ အလားတူ ကတိ စကား များကို အကြိမ်ပေါင်း မရေ မတွက် နိုင်အောင် ကြားခဲ့ရ သော်လည်း၊ မည်သူမျှ မပြီးမြောက် ခဲ့ချေ။

ပြိုင်ဘက်မှာ သန်မာသည် မှန် သော်လည်း၊ သူ့ ခွန်အားကို ကန့်သတ်ချက် အထိ၊ တွန်းပို့ နိုင်ခြင်း မရှိ ခဲ့ကြောင်း၊ သူသာ သိသည်။

နောက်ဆုံးတွင်၊ ပြီးပြည့်စုံသော ရှန်ရှင်း ဓားနှင့်၊ ဆည်းဆာ အလင်း ဓားအား ဝှက်ထား နိုင်ခဲ့ ၏။

ကျောထောက် နောက်ခံ ပြုရန်၊ ဂျီဝူယီ ကဲ့သို့ အင်အား ကြီးမားသော ဂိုဏ်းမျိုး မရှိဘဲ၊ သူ့ကိုယ် သူသာ အားကိုး နိုင်သည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီ ဆိုသည်မှာ၊ အရာရာကို မျက်စိ စုံမှိတ် ကာကွယ် ပေးတက်သော ဓားနန်းတော် မဟုတ်ချေ။

ထို့ကြောင့် ဤရက်စက် ကြမ်းကြုတ်သော ဤကမ္ဘာ ကြီးတွင် ဝှက်ဖဲ များစွာကို တတ်နိုင် သမျှ ပြင်ဆင် ထားရသည်။

မြောက်ပင်လယ် နယ်နိမိတ်၌ ရှိသော လူအုပ်ကြီးမှာ၊ တရွေ့ရွေ့ ဆင်းသက် လာသည့်၊ ကြယ်များကို မော့ကြည့် နေကြ၏။

အတောက် ပဆုံး ကြယ်ကြီး၊ ကြွေကျ သွားပြီး နောက်တွင်၊ ကောင်းကင်မှာ မှောင်ကျ သွားသည်။

ဤသည်မှာ လင်းယွန် ပိုင်ဆိုင်ခွင့် ရမည့် ကြယ်ပုလဲ ဖြစ်ချေမည်။ ထို့နောက်တွင် ရေပွက်ကြီး သည်လည်း၊ ပျောက်ကွယ် သွား တော့၏။

သဲသောင်ပြင် ပေါ်သို့ ပြန်လည် ပြုတ်ကျ လာသော ဂျီဝူယီသာ မရှိ ပါက၊ အရာ အားလုံး ကို၊ အိပ်မက် အဖြစ် ထင်မှား မိ ချေမည်။

ဂျီဝူယီ တစ်ယောက်၊ ခက်ခက် ခဲခဲ မတ်တပ် ထရပ် လိုက်ချိန်၌၊ လူအုပ်ကြီးမှာ အနည်းငယ် လှုပ်လှုပ် ရွရွ ဖြစ်လာသည်။

အင်ပါရီယန် သင်္ချိုင်း ခရီးစဉ်တွင်၊ တိမ်နဂါးများ ရှုံးနိမ့် သွားရပြီ ဖြစ်သည်။ ထို့ကြောင့် သားသတ် သမားဟု ခေါ်သော ဂျီဝူယီကို ကြည့်ပြီး၊ သက်ပြင်း ချလိုက် မိ၏။

လက်ရှိ အချိန်၌၊ မဟာချင် အင်ပါယာမှ လာသော၊ ဓားသမား လူငယ် တစ်ယောက် ထံတွင်၊ ကျရှုံး သွား ရသော ဂျီဝူယီကို သနား ရုံသာ တက်နိုင် ချေသည်။

ပြင်ပ အဆင့်တွင် တတိယ နေရာ၌ ရပ်တည်ထား နိုင်ပြီး၊ သူ့အား အနိုင်ယူ နိုင်သော လူ နှစ်ဦးသာ ရှိသည်။

သို့သော် ယနေ့တွင် နောက်ထပ် တစ်ဦး တိုးလာ ချေ၏။ လင်းယွန်၏ အောင်မြင် မှုမှာ၊ တိမ်နဂါး များကို ခြိမ်းခြောက် နိုင်ပြီး၊ မျိုးဆက် သစ်များ ခွန်အားကို ပြသရာ ရောက်ချေသည်။

ယင်းမှာ ငြိမ်သက် နေသော ရေကန် ထဲသို့၊ ကျောက်တုံး တစ်တုံး၊ ပြုတ်ကျ လာ သကဲ့သို့ လှိုင်းထန် တော့ပေမည်။

သွေးစွန်းသော ဧည့်ခံပွဲ ကျင်းပရန်၊ (၈)လ ခန့်သာ လိုပေ၏။ ထို့ကြောင့် လင်းယွန် ကဲ့သို့သော လူငယ်များ ထွက်ပေါ် လာခြင်းမှာ၊ စိတ်ဝင်စား စရာ ကောင်း လာချေ သည်။

“ သူ နိုင် ပြီ။ ”

ကောင်းကင် ပြည်နယ် အကယ် ဒမီရှိ၊ လေထုမှာ ရွှင်လန်း လာသည်။

မည်သို့ပင် ဆို စေကာမူ၊ လင်းယွန် ဟူသည် သူတို့ အကယ် ဒမီ၏၊ ဧည့်သင်းထောက် တစ်ဦး အဖြစ် ရှိနေဆဲ ဖြစ်၏။

၎င်းအောင်ပွဲမှာ အကယ်ဒမီနှင့် သက်ဆိုင် ချေပြီ။ သည့်အပြင် မိုလင်းနှင့် လျူယွမ်ယန် တို့က၊ လင်းယွန်ဖြင့် နက်ရှိုင်းသော ဆက်ဆံ ရေးမျိုး ရှိနေသည်။

ထို့ကြောင့် အကယ်ဒမီ၏ သင်းထောက် တစ်ဦး မဟုတ် လျှင်ပင်၊ လင်းယွန် အတွက် ပျော်ရွှင် ပေး နိုင်၏။

“ ကြောက်စရာ ကောင်းလိုက်တဲ့ လူပဲ ... ၊ သူက ဂျီဝူယီ ကိုတောင် တကယ် အနိုင်ယူ ခဲ့တယ် ...၊ အဟား ။ ”

ကျန်းယွမ်က ကောင်းကင်ကို သဘော ကျစွာ မော့ကြည့်ပြီး၊ သူ့ကိုယ်သူ လှောင်ပြောင် လိုက်သည်။ တစ်ဖက်လူ အပေါ် လေးစားရုံ မှတပါး ရွေးချယ် စရာ မရှိချေ။

ဂျီဝူယီ ဆိုသူမှာ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သိ၏။ ၎င်းကို အနိုင် ယူရန်၊ ကောင်းကင်ဓား ဂိုဏ်း၌ အမာခံ တပည့် များများ စားစား မရှိချေ။

ထို့ကြောင့်ပင် ဂျီဝူယီက ကောင်းကင်ဓား ဂိုဏ်း၏ တပည့် များကို၊ သူ့ မျက်လုံးထဲ မထည့် ထားခြင်း ဖြစ်သည်။

“ ပန်းသင်္ချိုင်း ဆိုတဲ့ နာမည်က၊ တောမီး တစ်စလို ပျံ့နှံ့ သွားလိမ့် မယ်လို့ ... ၊ ငါ ယုံကြည် တယ်။ ”

တန်ယုက ပတ်ဝန်းကျင်မှ၊ ချီးကျူးသံ များကို နားထောင်ပြီး အပြုံးဖြင့်၊ ခေါင်းညိတ် လိုက်သည်။

ဂျီဝူယီမှာ ပြင်ပ အဆင့်တွင် တတိယ နေရာ၌ ရပ်တည် ထားနိုင်၏။ ထို့ကြောင့် သူ့အား အနိုင်ယူ နိုင်သော လင်းယွန်မှာ၊ သဘာဝ အတိုင်း ကျော်ကြား လာပေမည်။

“ ဒီ ကောင် … ။ ”

သွေးတောင်ပံ ခန်းမ မှာမူ၊ မျက်နှာများ မည်းမှောင် နေခေျပြီ။

“ ဂျီဝူယီက ဒီကောင့်ကို တကယ် ရှုံးသွားပြီ ... ။ ”

“ ငါတို့ရဲ့ စီနီယာ အစ်ကို လန်းကို၊ သူ့သတ် နိုင်တာ အံ့သြ စရာ မဟုတ်တော့ ပါဘူး။ ”

“ စီနီယာ အစ်ကို လန်း မပြောနဲ့၊ တိမ်နဂါး အားလုံးက လင်းယွန်ရဲ့ ခြေနင်း တုံးတွေ ဖြစ်သွား ပြီ …။ ”

သွေးတောင်ပံ ခန်းမ၏ တပည့် များက ၊ စိတ်ပျက် လက်ပျက် သက်ပြင်းချ လိုက်ကြ သည်။

ကောင်းကင် ဝိညာဉ် နယ်မြေ၊ အကြီး အကဲ၏ မျက်လုံး များတွင်၊ သတ်ပစ် လိုသော ရည်ရွယ်ချက် များဖြင့် ပြည့်နှက် နေ၏။

လန်းဟွာယု သေဆုံး ပြီးနောက်၊ ငုတ်တုတ် ထိုင်နေ ခြင်းငှာ ဆန္ဒ မရှိချေ။ ထို့ကြောင့် အေးစက်သော လေသံဖြင့်၊

“ ချင် အင်ပါယာ လာတဲ့ ကောင်လေးက၊ ငါ့သွေးတောင်ပံ ခန်းမရဲ့၊ တပည့် တစ်ဦးကို သတ်ဝံ့ တယ်လား ... ၊ တန်ယုက တားဖို့ ကြိုးစား လာခဲ့ ရင်တောင်၊ သူကို ... သတ် ပစ် ပါ။ ”

အခြားသော အကြီးအကဲ သုံးဦး အနက်မှ တစ်ဦးမှာ အနည်းငယ် တုန့်ဆိုင်း သွားပြီး၊

“ ဒါကို စိတ်မပူ ပါနဲ့၊ ငါတို့ နဲ့တင် သူ့ကို သတ်ဖို့ လုံလောက် နေပါပြီ။ ”

မြောက်ပင်လယ် ဆိုသည်မှာ၊ နေသာ စီရင်စု မြို့တော်၏ နယ်စပ်မျဉ်း ပေါ်တွင် တည်ရှိ နေသော နယ်မြေ ဖြစ်သည်။

နေသာ စီရင်စု၏ အမည်ခံ အုပ်စိုးရှင် တစ်ပါး အနေဖြင့်၊ မဟာချင် အင်ပါယာမှ တစ်စုံ တစ်ဦး ကိုပင် မဖြေရှင်း နိုင်ခဲ့ ပါက၊ လုံးလုံး လျားလျား အရှက်ရ သွားနိုင်မည်။

အင်ပါရီယန် သင်္ချိုင်း အတွင်းရှိ လင်းယွန် မှာမူ၊ သူ့ထံ ဦးတည် နေသော မုန်တိုင်းကို မသိ နိုင်ချေ။

ယင်းအစား ကောင်းကင်တွင် ဝဲပျံ နေသော ကြယ်ပွင့် များကို မော့ကြည့် မိ၏။ အထူးသဖြင့် သောက်ရှူး ကြယ်ပမာ၊ ထွန်းလင်း နေသော ကြယ်ကြီး တစ်စင်း ထံသို့ ဖြစ်သည်။

၎င်းမှာ သိုင်းဝိညာဉ်ကို အဆင့် မြှင့်တင် နိုင်သော ကြောင့်၊ တိမ်နဂါးတိုင်း မျှော်လင့် တောင့်တ ခဲ့ရသည့်၊ အရာ ပေပင်။

အတွင်း အဆင့်ရှိ တိမ်နဂါး များမှာ၊ ယင်-ယန် အဆင့်သို့ မတက်မီ၊ သိုင်းဝိညာဉ် များကို နက်နဲ အဋ္ဌမ အဆင့်ထိ မြှင့်တင် ထားချေ၏။

သူ့တွင် နက်နဲ ပထမ အဆင့်သို့ ရောက်ရှိ နေသော၊ သိုင်းဝိညာဉ် နှစ်ကောင် ဖြစ်သည့် အသူရာ နဂါးနှင့် ချွမ်းချီ ကျား ရှိသည်။

ထိုသိုင်းဝိညာဉ် နှစ်ကောင်မှာ၊ သူ၏ ခရမ်းရောင် နန်းတော်မှ၊ မူလ စွမ်းအင် များကို တစ်ချိန်လုံး ငြိမ်သက်စွာ စုပ်ယူ နေခဲ့၏။

ဆိုလို သည်မှာ ၎င်းတို့ကို အဆင့်မြှင့် တင်ရန် မလွယ်ကူ သောကြောင့်၊ သည်အချင်း အရာနှင့် ပတ်သက်ပြီး၊ မည်သည့် နည်းလမ်းမျှ မရှိချေ။

အရင်းအမြစ်နှင့် ပတ်သတ် ပါက၊ တိမ်နဂါး များထက် နွမ်းပါး ချေသည်။ ထို့ကြောင့် ပို၍ ခက်ခဲ ပေ၏။

သို့သော် ကြယ်ပုလဲမှာ၊ ထိုပြဿနာ များကို ဖြေရှင်း ပေး နိုင်သည်။

ဤခရီးတွင် နက်နဲ ယင်ရေနှင့် ငရဲပန်းကို သန့်စင်ကာ၊ ကနဦး ယန် အဆင့်သို့ ဖြတ်ကျော် ဝင်ရောက် ခဲ့၏။

ထို့အပြင် မိုးပြာ နဂါး မူလ ပုံစံ၊ ရှေးဟောင်း စကြာဝဠာ လက်နက် တစ်ခုနှင့်၊ မိုးပြာ နဂါး သွေး အဆီ အနှစ်ကို ရရှိ ခဲ့သည်။

ကြယ်ပုလဲကို ပေါင်းထည့် ခြင်းဖြင့်၊ ဤခရီးစဉ်မှာ ထင်ထား သည်ထက် ပိုမို ရိတ်သိမ်း နိုင်၏။

သည်မျှ ကြီးမားသော အကျိုး အမြတ် ရရှိ လိမ့်မည်ဟု၊ မထင်ခဲ့ချေ။ လွန်ခဲ့သည့် သုံးလ လုံးလုံး၊ အကယ် ဒမီ၌ ပြင်ဆင် နေခဲ့ ခြင်းမှာ၊ အခွင့် အရေး တစ်ရပ်အား ရရှိ လာစေသည်။

ကြယ်ပုလဲကို ညာလက် ဝှေ့ယမ်းပြီး လှမ်းယူ လိုက်သည်။ သို့သော် ကြယ်ပုလဲက ‘တုတ်တုတ်မျှ မလှုပ်’ ခဲ့ချေ။

“ ဟမ့် ... ။ ”

ရုတ်တရက် မြင်ကွင်းများ ဝေဝါး သွားပြီး၊ ပတ်ဝန်းကျင်ရှိ အလင်းမှုန် များက အဘိုးအို တစ်ဦး အသွင်၊ စုစည်း လာသည်။

ဤသည်မှာ ကြယ်ပုလဲ ပိုင်ရှင်၊ အင်ပါရီယန် အဆင့် ကျွမ်းကျင်သူ ဖြစ်၏။

ထို့ကြောင့် လင်းယွန်မှာ၊ တည်ငြိမ် ဟန်ဆောင် နေရ သော်လည်း၊ အတွင်း၌ တုန်လှုပ် ခြောက်ခြား နေခဲ့ သည်။

“ မင်္ဂလာပါ စီနီယာ၊ ငါ မင်းကို ဘယ်လို ခေါ်ရ မလဲ သိလို့ ရမလား။ ”

အဘိုးအိုအား လေးစားကြောင်း ပြသရန် လက်ဝေ့ ယမ်းကာ၊ ခါးညွှတ် မေးလိုက်သည်။

“ ငါက ... ၊ တန်ခိုးရှင် တစ်ဦး မဟုတ်တဲ့ အတွက်၊ ငါ့ နာမည်ကို မင်းသိဖို့ မလိုတော့ ပါဘူး၊ ဒါပေမယ့် ... အရင်က မင်းတွေ့ခဲ့ ဖူးတဲ့ အဲ့ဒီ သခင်ထက်၊ ငါက နိမ့်ကျ ပါတယ် …။ ”

အင်ပါရီယန် အဘိုးအိုက လင်းယွန်ကို ကြည့်ပြီး၊ ပြုံးလျက် ပြန်ဖြေ လာ၏။

“ အဲ့ဒီ သခင် ... ”

လင်းယွန်၏ စိတ်အာရုံ ထဲ၌၊ ထိုရည်ညွှန်းချက် အတွက် တွက်ဆမှုများ လျင်မြန်စွာ ဖြစ်ပေါ် လာပြီး၊

“ စီနီယာ ဓား သူတော်စင်ကို၊ ပြောနေ တာ လားဗျ။ ”

“ ငါ့လို လူတွေက သူ့ နာမည်ကို၊ တိုက်ရိုက် ခေါ်ဆိုခွင့် မရှိဘူး။ ”

အင်ပါရီယန် အဘိုးအိုက၊ ခေါင်းညိတ် ဝန်ခံ လိုက်လေ သည်။

ဓား သူတော်စင်မှာ၊ ရွှေခေတ်၌ ရှင်သန် ခဲ့သော တန်ခိုးရှင် တစ်ဦး ဖြစ်မှန်း လင်းယွန် သိ၏။

သို့သော် အင်ပါရီယန် သည်ပင်၊ ၎င်း၏ အမည်ကို တိုက်ရိုက် မပြော ဝံ့ကြောင်း၊ မထင် ထားချေ။

ယင်းမှာ အဓိပ္ပါယ် ရှိပေ၏။ ထို့ကြောင့်ပင် စီနီယာ ဓားသူတော်စင်မှာ၊ မောက်မာ နေခဲ့ခြင်း ဖြစ်လေသည်။

နောက်ဆုံး အချိန်ထိ၊ သူ၏ အမွေကို ရယူရန် လူတိုင်းနှင့် မထိုက် တန်ဟု ရဲဝံ့စွာ ပြောဆို လာခဲ့ ချေ၏။

***

All Chapters