မေးခွန်းထုတ်ခြင်း။
Vol. 45 Ch. 625
“ စီနီယာ … မင်း သူ့ကို သိတယ်လား။ ”
လင်းယွန်က အတွေးများ ဖြတ်ကာ၊ ကောက်မေး လိုက်သည်။
“ ဟုတ်တယ်၊ အိုင်းရစ် ဓားသုတ္တန်ကို မလေ့ကျင့် ဖူးပေမယ့်၊ မြင်တော့ မြင်ဖူးတယ်၊ ဒါပေမဲ့ မင်းကို ငါမျက်နှာသာ တစ်ချက် မပေး ခဲ့ဘူး၊ ရှုံးတာနဲ့ မင်းကို ချက်ချင်း ပြန်ပို့ ပစ်မှာ။ ”
“ ဒါပေမယ့် ...၊ ငါ မရှုံး ခဲ့ဖူးလေ။ ”
လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။ အင်ပါရီယန် အဘိုးအိုက မုတ်ဆိတ်မွေး များကို ပွတ်သပ်ပြီး ပြုံးရယ်ကာ၊
“ မင်းရဲ့ ဓားရေးကို ရင်ဆိုင်ဖို့၊ ငါ့မှာ လှံ နည်းစနစ် ရှိတယ်၊ ဒါပေမယ့် မင်းက အဲ့ဒီ သခင်ရဲ့ အမွေကို ရခဲ့ပြီး ပြီမို့၊ ငါ့ အမွေက မင်းနဲ့ မသက် ဆိုင်တော့ဘူး၊ ဝါးနိုင် တာထက် ပိုဝါးဖို့၊ မစဉ်းစားနဲ့။ ”
အနည်းငယ် စိတ်ပျက် သွား သော်လည်း၊ ၎င်းကို လင်းယွန်က အလွန်အမင်း စိတ် မ၀င်စား ခဲ့ပေ။ အမွေထက် ကြယ်ပုလဲ ကိုသာ တပ်မက် ချေ၏။
၎င်းအပြင် အင်ပါရီယန် ချန်ရစ် ခဲ့သော အရင်း မြစ်များ ကိုလည်း မျှော်လင့် ထားသည်။
“ တကယ်တော့ ...၊ ဒီပွဲမှာ ရှုံးနိမ့် ခဲ့ရင်တောင် မင်းရဲ့ ရိတ်သိမ်း နိုင်မှုက မဆိုး သေးပါဘူး၊ ငါ့ရဲ့ တန်ဖိုး အကြီးဆုံး ရတနာ နှစ်ခုကို ရထား ပြီးပါပြီ။ ”
အင်ပါရီယန် အဘိုးအိုက မျက်လုံးများ မှေးစင်းကာ ဆိုသည်။ ထိုစကားကြောင့် လင်းယွန်မှာ အနည်းငယ် တွေဝေ သွားပြီး၊
“ မိုးပြာ နဂါး မူလ ပုံစံနဲ့၊ မိုးပြာ နဂါး သွေး အဆီ အနှစ်ကို ပြောနေ တာလား။ ”
- ဟု မေးလိုက် မိ၏။
“ ဟုတ်တယ်၊ မိုးပြာ နဂါး မူလ ပုံစံ အကြောင်း ကိုတော့ ...၊ ငါ့မှာ ပြောစရာ မရှိ ပါဘူး၊ သွေးအဆီ အနှစ်နဲ့ ပတ်သတ် ပြီးသာ ပြောစရာ ရှိတယ်၊ ... ”
“ ... မိုးပြာ နဂါး သွေး အဆီ အနှစ်က၊ အရမ်း တန်ဖိုး ရှိတယ်၊ ငါ့ရဲ့ ခွန်အား နဲ့တောင် ရယူဖို့ ဆိုတာ မဖြစ် နိုင်ဘူး၊ အတိတ် ကံကြောင့် စီနီယာ တစ်ယောက်ရဲ့၊ ဂူ ထဲကနေ ရယူ နိုင် ခဲ့တာ ... ။ ”
အမ်ပါရီယန် အဘိုးအိုက၊ သက်ပြင်း ချကာ ဆိုသည်။ ထို့ကြောင့် လင်းယွန်မှာ၊ အနည်းငယ် အံ့အားသင့် သွား၏။
အင်ပါရီယန် တစ်ဦး အနေဖြင့်၊ ဤသို့သော အရှက် ရဖွယ် နည်းလမ်း သုံးကာ၊ ရတနာများ စုဆောင်း ထား လိမ့်မည်ဟု မထင် ချေ။
အမှန် အတိုင်း ဆိုရ ပါမူ၊ အင်ပါရီယန် အဘိုးအိုမှာ၊ လင်းယွန် အမြင်၌ ကြီးမြတ် နေ သော်လည်း၊ ရွှေခေတ်တွင် အကြွင်းမဲ့ သန်မာသူ တစ်ဦး မဟုတ်ကြောင်း သူ သိ၏။
နောက်ဆုံးတွင်၊ ၎င်း၏ ရတနာ များမှာ၊ အတွင်း အဆင့် မည်သည့် တိမ်နဂါးများ ကိုမျှ၊ ဆွဲဆောင် နိုင်ခြင်း မရှိ ခဲ့ပေ။
“ ဒါဆို ...၊ ခန့်မှန်း ကြည့်ရအောင်၊ တတိယ ရတနာက မိုးပြာ နဂါး ပညာရပ်နဲ့ သက်ဆိုင်တယ် မဟုတ်လား။ ”
“ မင်းတော်တယ်၊ မိုးပြာ နဂါး ပညာရပ် ဆိုတာ ကျင့်ကြံမှု၊ လှုပ်ရှားမှု၊ ရွေ့လျားမှု စတဲ့ နည်းစနစ်တွေ စုံစုံ လင်လင် ပါဝင်တဲ့၊ ပညာရပ် တစ်ခု ဆိုတာ မင်း သိမှာပါ၊ ... ”
“ ... ငါ့ရဲ့ မိုးပြာ နဂါး ဓားသုတ္တန် လို့ ခေါ်တဲ့၊ တတိယ ရတနာကို၊ အခြား တစ်ယောက်က ရရှိ သွားတယ်။ ”
အင်ပါရီယန် အဘိုးအိုက ပြုံးကာ ဆိုလိုက်သည်။ ထိုစကားကြောင့်၊ လင်းယွန် တစ်ယောက် မျက်ခုံး ပင့် လိုက်မိသည်။
မိုးပြာ နဂါး မူလ ပုံစံနှင့် မိုးပြာ နဂါး သွေး အဆီ အနှစ်မှာ၊ တန်ဖိုး အားဖြင့် မိုးပြာ နဂါး ဓားသုတ္တန်ကို နှိုင်းယှဉ် နိုင်သည်။
အကယ်၍ သူတွင် အိုင်းရစ် ဓားသုတ္တန် မရှိ ပါက၊ ၎င်းကို လက်ခံ နိုင်မည် မဟုတ်ပေ။
“ ဘယ်သူ ရတယ် ဆိုတာ၊ သိခွင့် ရှိမလား စီနီယာ။ ”
“ ငါ မင်းကို ပြောလို့ ရပါတယ်၊ ဒါက အရေးကြီးတဲ့ အရာမှ မဟုတ်တာ၊ ဓားသုတ္တန် ကို ဘိုင်လိရွှမ်လို့ ခေါ်တဲ့ လူငယ် လေးက ရရှိ သွားတယ်၊ ... ”
“ ... သူက မင်းနဲ့ ရင်းနှီး နေပုံပဲ၊ တချိန်လုံး မင်းနောက် ခြေတစ်လှမ်း အကွာ ကနေ လိုက်နိုင် ခဲ့တယ်၊ ဒါပေမယ့် နဝမမြောက် စမ်းသပ်မှု မအောင်မြင် တာတော့ စိတ်ပျက် စရာ ပါပဲ။ ”
အင်ပါရီယန် အဘိုးအိုက စိတ်မကောင်း ဟန်ဖြင့်၊ သက်ပြင်း ချလိုက်သည်။
အဆုံးတွင် ဓားသုတ္တန်ကို ဘိုင်လိရွှမ် ရရှိ ခဲ့ကြောင်း၊ သိလိုက် ရသောကြောင့်၊ အနည်းငယ် စိတ်သက် သာရာ ရသွားသည်။
သူနှင့် ရန်ငြိုးများ ရှိခဲ့ သော်လည်း၊ နှစ်ဦး စလုံးမှာ ဓားနန်းတော် ဟူသော အရိပ် အောက် ၌၊ ကြီးပြင်း လာ သူများ ဖြစ်သည်။
ထို့ပြင် ရန်ငြိုး များကို၊ ဖြေရှင်း ပြီး ဖြစ်ရာ၊ တခြားသူ များထက် စာပါလျှင်၊ ဘိုင်လိရွှမ်မှာ ပို၍ အဆင် ပြေသည်။
သို့သော် သူ့နောက် တချိန်လုံး လိုက်ပါ နေသည့် အတွက်၊ ရှုံးနိမ့်မှုကို လက်မခံ နိုင်သေး မှန်း၊ ထင်ရှား ချေ၏။
“ ငါ့မှာ မင်းအတွက် ဘာမှ မရှိ ဖူးလို့၊ မဆိုလို ပါဘူး၊ မင်း ဒီကို ခက်ခက် ခဲခဲ လာခဲ့ ရတာ ဆိုတော့၊ ငါ့ အမွေကို မရခဲ့ ရင်တောင် လက်ဆောင် ပြင်ထား ပေးပါတယ်။ ”
အင်ပါရီယန် အဘိုးအိုက ပြုံးလျက်၊ လက်ကို ဝှေ့ယမ်း လိုက်ရာ၊ ပုလဲများ ရေကန် ထဲမှ ပျံတက် လာ လေသည်။
ထိုမြင်ကွင်း ကြောင့် ကြယ်ပုလဲကို ရယူရာတွင် မအောင် မြင်ခဲ့ ရသည့် အကြောင်း အရင်းကို နားလည် သွားသည်။
သူ့ အဖြစ်မှာ ကောင်းကင်က လမင်းကို ရေထဲမှ ဆယ်ယူ နေမိခြင်း ဖြစ်၏။ ရေကန် ထဲမှ ပုလဲ လုံးများ ပျံတက် လာသောကြောင့်၊ ပတ်ဝန်းကျင်မှာ ပို၍ လင်းထိန် လာသည်။
အရေ အတွက် အရ၊ အလုံးရေ သောင်းဂဏန်းခန့် ရှိ ချေမည်။ ယင်းကြောင့် လင်းယွန်မှာ ထိတ်လန့် သွား၏။
မသေခင် အင်ပါရီယန် အဘိုးအိုမှာ၊ ဤပုလဲ များကို၊ သန့်စင်ထား ခဲ့ခြင်း ဖြစ်ချေမည်။ သို့သော် ကြည့်နေလျက် ဖြင့်ပင်၊ အနည်းငယ် ရင်းနှီးသော ခံစားချက်များ ရရှိ လာခဲ့ သည်။
ရုတ်တရက် သူ့ မျက်ဝန်းများ တောက်ပ လာပြီး၊
“ ဒါတွေက ... ၊ ဝိညာဉ် ကျောက်စိမ်းတုံး တွေနဲ့ တူတယ်။ ” -ဟု ဆိုလိုက် မိ၏။
အင်ပါရီယန် အဘိုးအိုက၊ ရုတ်တရက် အံ့အားသင့် သွားကာ၊
“ သူတို့ကို ဝိညာဉ် ကျောက်စိမ်း လို့လည်း ယူဆ နိုင်ပါတယ်၊ တကယ်တော့ ဝိညာဉ် ကျောက်စိမ်း ဆိုတာ၊ ကမ္ဘာ ပေါ်က ဝိညာဉ် စွမ်းအင် တွေကို၊ သန့်စင် ပေးထားတဲ့ အစိုင်အခဲ တစ်ခု ပါပဲ၊ ... ”
“ ... အင်ပါရီယန်တွေ ကတော့ ကောင်းကင်က ကြယ်စွမ်းအင် တွေကို တိုက်ရိုက် သန့်စင် နိုင်တယ်၊ ဒါကြောင့် ပို သန့်စင် ပါတယ်၊ ... ”
“ ... ဝိညာဉ် ကျောက်စိမ်း အနေနဲ့ ပြောရရင်၊ ဒါက စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း အဆင့် မှာ ရှိတယ်၊ အကြီးဆုံး ကြယ်ပုလဲ ကိုတော့ ...၊ သတ္တမတန်း ဝိညာဉ် ကျောက်စိမ်း အဖြစ် သတ်မှတ် နိုင်တယ်။ ”
သန့်စင်သော အဆင့်မှာ၊ မြင့်မား လွန်းသော ကြောင့်၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားခဲ့ သည်။
ယင်း တန်ဖိုးမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရှိ၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း တစ်ဂိုဏ်းကို ဝယ်ယူ နိုင်သည်။
“ သူတို့က မင်း မျက်လုံး ထဲမှာ၊ အများကြီး ဆိုပေမယ့်၊ ငါ့ အတွက် ကတော့ ဘာမှ မရှိ ပါဘူး။ ”
“ ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က ကျေးဇူး တင်ကြောင်း ပြောပြီး၊ တည်ငြိမ် မှုကို ပြန်လည် ရယူရန်၊ အချိန် အတော် ကြာခဲ့သည်။
ယင်းမှာ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း တစ်ဂိုဏ်း လုံး၏၊ အရင်အမြစ် များကို အကုန် အစင် သိမ်းယူ ခြင်းနှင့် ညီမျှ၏။
“ မင်း ငါ့ကို ...၊ ယဉ်ကျေး နေဖို့ မလို ပါဘူး၊ ငါ့ရဲ့ အကြွင်း အကျန် ဝိညာဉ်က ကြာကြာ မခံ တာကြောင့်၊ မင်း မေးချင် တာများ ရှိလား။ ”
အင်ပါရီယန် အဘိုးအို၏ စကားကြောင့်၊ အရောင် အဆင်း မှေးမှိန် ကျလာသော အသွင် ကို၊ သတိထား မိသွားသည်။
“ သိုင်းဝိညာဉ် ဆိုတာ ဘာလဲ၊ သူတို့က ဘာလို့ ယင်-ယန် အဆင့်မှာ၊ အရမ်း အရေးကြီး ရတာလဲ။ ”
သူ့ အတွေးထဲ ရှုပ်ထွေး နေသော အကြောင်းရာ များကို၊ လင်းယွန်က ထုတ်ဖော် မေးမြန်း လိုက်သည်။
“ လူတိုင်းမှာ ... ထာဝရ ဝိညာဉ် သုံးမျိုးနဲ့၊ သေမျိုး ဝိညာဉ် ခုနစ်မျိုး ဆိုပြီး ရှိတယ်၊ ... ”
“ ... ထာဝရ ဝိညာဉ် သုံးမျိုး ဆိုတာက ကောင်းကင်၊ မြေကြီးနဲ့၊ ကံကြမ္မာ ဝိညာဉ် တွေပဲ၊ ကောင်းကင်နဲ့ မြေကြီး ဝိညာဉ် တွေက၊ ပြင်ပ လောကမှာ ရှိတယ်၊ ကံကြမ္မာ ဝိညာဉ် ကတော့၊ မင်းရဲ့ ခန္ဓာကိုယ် ထဲမှာပဲ၊ ... ”
“ ... ရှန်ရှင်း နယ်ပယ်ကို မရောက်ဘဲ၊ သူ့ကိုမင်း မြင်နိုင်မှာ မဟုတ်ဘူး၊ ရှန်ရှင်း ဘုံကို ရောက်မှသာ၊ သူက သိုင်းဝိညာဉ် အသွင်နဲ့ ထွက်ပေါ် လာလိမ့်မယ်၊ ... ”
“ ... ခရမ်းရောင် နန်းတော် နယ်ပယ်ကို ယင်၊ ယန်၊ ယင်-ယန် ဆိုပြီး ပိုင်းခြား ထားတယ်၊ ယင်-ယန် အဆင့်ကို ရောက်ရင်၊ သိုင်း ဝိညာဉ်ရဲ့ ပင်ကိုယ် နတ်ဘုရား စွမ်းရန်တွေ နိုးကြား လာ လိမ့်မယ်၊ ... ”
“ ... ဆိုလို တာက သိုင်းဝိညာဉ် အဆင့် မြင့်လေလေ၊ မြင့်မြတ်သော စွမ်းရည်က ပို အား ကောင်း လေလေပဲ။ ”
အင်ပါရီယန် အဘိုးအိုက၊ ရှည်လျားစွာ ရှင်းပြ လိုက်သည်။
“ ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ရောက်တဲ့ အချိန်မှာ၊ သေမျိုး ဝိညာဉ် ခုနစ်မျိုး ပွင့်လာလိမ့် မယ်၊ ဝိညာဉ် တစ်ခု ချင်းစီက၊ ပိုင်ဆိုင် သူရဲ့ စွမ်းအားကို တိုးမြှင့် ပေးနိုင်တယ်၊ ... ”
“ ... သေမျိုး ဝိညာဉ် ခုနစ် မျိုးကို၊ ပေါင်းစည်း နိုင်ရင်၊ ကမ္ဘာသစ် တစ်ခုကို မင်း မြင်ရပြီ၊ အဲ့ဒါက ကြယ်နက္ခတ် နယ်ပယ်ပဲ။ ”
အင်ပါရီယန်က သိုင်းဝိညာဉ်များ အလုပ် လုပ်ပုံကို ရှင်းပြရုံ သာမက၊ ကောင်းကင် ဝိညာဉ် နယ်ပယ် အထက်ရှိ၊ ကြယ်နက္ခတ် နယ်ပယ် အကြောင်းကို၊ ရိပ်ဖမ်းသံဖမ်း ပြောပြ ပေးခဲ့သည်။
“ သိုင်းဝိညာဉ် အများကြီး ပိုင်တဲ့၊ လူမျိုး ရှိလား။ ”
“ သေမျိုး သိုင်းဝိညာဉ်လား၊ ရှိတယ် ဒါပေမယ် ရှားတယ်၊ ကောင်းကင်ကို အံတု နိုင်တဲ့ စွမ်းအားရှင် တချို့မှာ၊ ရာနဲ့ ချီတဲ့ သိုင်းဝိညာဉ် တွေတောင် ရှိ ခဲ့ဖူးတယ်၊ ... ”
“ ... ဒါပေမယ့် အရေ အတွက် များတိုင်း သန်မာ တာတော့ မဟုတ် ပါဘူး၊ အရေးကြီး တာက မင်းရဲ့ သိုင်းဝိညာဉ်ကို သိုင်းတာအိုနဲ့ ပေါင်းစည်း နိုင်ဖို့ပဲ၊ ... ”
“ ... ကြယ်နက္ခတ် နယ်မြေကို ရောက်ရင်၊ ဒါကို မင်း သိပါ လိမ့်မယ်။ ”
ထို့နောက် အင်ပါရီယန် အဘိုးအိုက၊ လင်းယွန်ကို တစ်ချက် ကြည့်ကာ၊
“ ငါ အခု သွား သင့်ပြီ။ ” - ဟု ဆိုလျက် ပြုံး လိုက်သည်။
သူ့ အသွင်မှာ မှိန်ဖျော့ လာသည် နှင့်အမျှ၊ တောက်ပသော အပြုံး သည်လည်း ရပ်တန့် သွား တော့၏။
ထိုအပြုံးတွင် ဤကမ္ဘာကြီး၏၊ လွမ်းမောဖွယ် အမှတ်တရ များ၊ ပြည့်နှက် နေခဲ့ ချေပြီ။
ပျောက်ကွယ်သွား အဘိုးအို၏ ဦးတည် ရာသို့၊ ဦးညွှတ်ကာ သက်ပြင်း တစ်ချက်ချ လိုက်၏။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းကာ၊ ပုလဲငယ် များနှင့် အတူ၊ ကြယ်ပုလဲ ကြီးကို ဆွဲယူ မိသည်။
၎င်းကို ဖမ်းဆုပ် လိုက်ချိန်၌၊ ပူနွေးသော စွမ်းအင် စီးကြောင်း တစ်ကြောင်း ထွက်ပေါ် လာပြီး၊ ဒဏ်ရာ များအား အရှိန် အဟုန်ဖြင့်၊ ပြန်လည် ကုသ ပေးတော့၏။
များ မကြာမီ မြောက်ပင်လယ် နယ်နိမိတ် အစပ် တစ်နေရာ၌၊ ဓားသေတ္တာ တစ်လုံး ထမ်းပိုးလျက်၊ အပြာရောင် ဝတ်ရုံကို ဆင်မြန်း ထားသည့်၊ လူငယ် တစ်ဦး ပြန်လည် ထွက်ပေါ် လာသည်။
သူ့ အင်္ကျီလက် များတွင်၊ နန်းတော်ငယ် တစ်ခု အသွင်၊ ထူးခြားသော ပုံစံ ငယ်များ ပါရှိ နေ၏။
“ လင်း ယွန်။ ”
ထိုဝတ်ရုံနှင့် အမှတ် အသား များကို၊ တစ်ချိန်က မည်သူမျှ သတိ မထားမိ ခဲ့ကြချေ။ ယခုမူ မဟာချင် အင်ပါယာ၏ ဓားနန်းတော် ဖြစ်ကြောင်း၊ လူတိုင်း သိရှိ လာ တော့၏။
ဤသည်မှာ ဂျီဝူယီကို အနိုင်ယူ ခဲ့သော ပန်းသင်္ချိုင်း ဓားသမား လင်းယွန် ဖြစ်သည်။ သူ ထွက်ပေါ် လာခြင်းကြောင့်၊ လူတိုင်း၏ အကြည့် များကို ချက်ချင်း ဆွဲဆောင် သွား၏။
ပြင်ပ အဆင့် ထိပ်ဆုံး ဆယ်ဦး စာရင်း ဝင်သော တိမ်နဂါး များက၊ ရှုပ်ထွေးသည့် အကြည့် များဖြင့် ကြည့်လာ ကြသည် ။
သူတို့ အားလုံးမှာ၊ ယုံကြည်မှု အပြည့့်ဖြင့်၊ မြောက်ပင်လယ်သို့ ရောက်ရှိ လာခြင်းဖြစ် သော်လည်း၊ အဆုံးတွင် လင်းယွန် လက်၌၊ ရှုံးနိမ့် သွားရ၏။
“ သူက ဂျီဝူယီကို အနိုင်ယူ နိုင်ခဲ့တာ၊ မယုံ နိုင်စရာပဲ၊ ရန်ကောင်း ကြောင့်၊ ဂျီဝူယီ မှာများ ဒဏ်ရာ ရသွားခဲ့ လို့လား။ ”
ရှားယွင်ရှောင်က သံသယ အတွေး များဖြင့် ရေရွတ် မိသည်။ သူ့ဓား ရည်ရွယ်ချက်မှာ၊ လင်းယွန်ထက် အားနည်းမည် မဟုတ်ကြောင်း သူ ပြောနိုင်သည်။
ကျင့်ကြံမှုနှင့် အခြေခံ အုတ်မြစ်များ အရ၊ များစွာ သာလွန် ချေ၏။ ထို့ကြောင့် လင်းယွန် နောက်၌ ရပ်တည် ရသည်မှာ၊ အဓိပ္ပါယ် မရှိချေ။
သူတင် မကဘဲ၊ ချင်းအန်နှင့် ပီယွဲ့ တို့၏ မျက်နှာများ သည်လည်း၊ မည်းမှောင် ပျက်ယွင်း နေ လေပြီ။
“ လင်းယွန် ...၊ ငါတို့ ဒီမှာ။ ”
လင်းယွန်က ခေါင်းမော့ ကြည့် လိုက်ရာ၊ ပြုံးလျက် လှမ်းခေါ် နေသော မိုလင်းအား တွေ့ လိုက်ရသည်။
“ မင်း အဆင်ပြေ ရဲ့လား။ ”
ခရီးရောက် မစိုက်ပင်၊ လင်းယွန်ကို စစ်ဆေးပြီး၊ မိုလင်းက မေးလိုက်၏။
“ အဆင်ပြေ ပါတယ်၊ ဒဏ်ရာ တွေက ပြန်ကောင်း လာပါပြီ။ ”
လင်းယွန်က ဂျီဝူယီထံ တစ်ချက် လှမ်းကြည့် ကာ၊ ပြန်ဖြေ သည်။
သူတို့ နှစ်ဦးကြား တိုက်ပွဲမှာ၊ ပြင်းထန် လွန်းသည့် အတွက် ဒဏ်ရာ များက၊ နက်ရှိုင်း ချေ၏။
ကံကောင်း ထောက်မ စွာဖြင့်၊ တစ်ဖက်လူ ထွက်သွား ချိန်၌၊ ကြယ်ပုလဲကြောင့် ပြန်လည် သက်သာ လာခဲ့သည်။
“ မင်းက ... ဂျီဝူယီ၊ ချင်းအင်နဲ့ ပီယွဲ့ကို တကယ် အနိုင်ယူ နိုင်ခဲ့ တာလား။ ”
အကြီးအကဲ များက ‘နားဝေ တိမ်တောင်’ ဖြင့်၊ မေးမြန်း လာကြသည်။ ရေပွက်မှ တဆင့်၊ မြင်ခဲ့ ရသော တိုက်ပွဲ အပေါ်၊ မယုံကြည် နိုင် သေးချေ။
“ ဒီမှာ ... ငါက လွဲပြီး၊ ဘယ်သူမှ မရှိ ဖူးလို့၊ ငါ ယုံတယ်။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။
“ ဒါဆို ... ။ ”
လူတိုင်းက ထိတ်လန့် တုန်လှုပ် သွားကာ၊ အသက် ပြင်းပြင်း ရှူရှိုက် မိ ကုန်၏။
“ အင်ပါရီယန် သင်္ချိုင်း ဂူ အပြင် ဘက်မှာ၊ ဂျီဝူယီကို ရင်ဆိုင်ဖို့ ယုံကြည်မှု ရှိနေ ကတည်း က၊ ဒါကို ငါ မျှော်လင့်ထား သင့်တယ်။ ”
ကျန်းယွမ်က ပြုံးကာ ဆို လိုက်သည်။
ဤအခိုက် အတန့်တွင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီမှ အကြီးအကဲများ ထံ၌၊ ရှုပ်ထွေးသော ခံစား ချက်များ ရှိလာ ခဲ့သည်။
ယန် အဆင့်သို့ ရောက်ရှိ လာပြီးနောက်၊ လင်းယွန် ထုတ်လွှတ် လာသော အရှိန် အဝါမှာ၊ သူတို့ကို ထိတ်လန့် လာစေ၏။
သန်မာ သည်ဟု သိရှိ ထားသော်လည်း၊ ယင်းက သူတို့၏ စိတ်ကူးကို လုံးဝ ကျော်လွန် သွား ခဲ့သည်။
“ လင်း ယွန် ...၊ မင်းက ငါ့တို့ရဲ့ သွေးတောင်ပံ ခန်းမက၊ လန်းဟွာယုကို သတ်ခဲ့ တာလား။ ”
သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်များ နှင့်အတူ၊ မိုးခြိမ်းသံ တမျှ ကျယ်လောင်သော မေးမြန်းသံ တစ်သံ ရုတ်တရက် ထွက်ပေါ် လာသည်။
***