တိုက်ပွဲ။
Vol. 45 Ch. 626
သွေးတောင်ပံ ခန်းမ ဝတ်ရုံကို ဆင်မြန်း ထားသော အကြီးအကဲ သုံးဦးက၊ လင်းယွန် ထံသို့ ဦးတည် လျှောက်လှမ်း လာကြ လေပြီ။
ထိုသုံးဦးမှာ ကနဦး ယင်-ယန် အဆင့်၌ ရှိနေ ကြ၏။ ၎င်းတို့သည် အတွင်း အကြီးအကဲများ ဖြစ်ပြီး၊ သွေးတောင်ပံ ခန်းမ၌ အသန်မာဆုံး သူများ ဖြစ်သည်။
သို့သော် ထက်ရှသော ဓားရည်ရွယ် ချက်ကြောင့်၊ အကြီးအကဲ သုံးဦး၏ ဖိအားဖြင့်၊ ရင်ဆိုင် ရချိန်တွင်၊ လင်းယွန်မှာ တုန်လှုပ် သွားခြင်း မရှိပေ။
ထိုအစား မျက်ခုံး ပင့်ကာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူကို၊ ခိုးကြည့် လိုက်သည်။
၎င်းကျွမ်းကျင် သူမှာ၊ သူ့အဆင့် အတန်းကြောင့်၊ ကိုယ်တိုင် လုပ်ဆောင်ရန် ရှက်ရွံ့ နေပုံ ရသည်။
သဏ္ဍာန် သုံးပါး စံအိမ် အတွက်မူ၊ ဤအချင်းအရာဖြင့် ပတ်သတ်ရန် စိတ်ဝင်စား ပုံ မရချေ။
“ ကောင်လေး ... ၊ ငါတို့ မင်းကို မေးနေ တယ်လေ၊ လန်းဟွာယုကို သတ်ခဲ့လား။ ”
လင်းယွန် ထံမှ လျစ်လျူရှု မှုကို မြင်သော အခါတွင်၊ သွေးတောင်ပံ ခန်းမ အကြီးအကဲက၊ ဒေါသ ပိုထွက် လာ၏။
မူလ စွမ်းအင်ကို လောင်းထည့်ကာ၊ အသံ လှိုင်းဖြင့် လင်းယွန်အား ဖိနှိပ် ပစ်လိုက် သည်။ ယင်းကြောင့် လူတိုင်း အာရုံကို ချက်ချင်း ဖမ်းစား နိုင်ခဲ့၏။
သို့သော် ရှန်ရှင်း ဓားဖြင့်၊ ကာကွယ် ထားပြီး ဖြစ်ရာ၊ အဆိုပါ တိုက်ခိုက်မှုက၊ လင်းယွန်အား ဒဏ်ရာ ရအောင် မစွမ်းဆောင် နိုင်ခဲ့ချေ။
“ သွေးတောင်ပံ ခန်းမက၊ ငါ့ကို ဆုကြေး ထုတ်ထားတယ် မဟုတ်လား၊ ဒါဆို ဘာလို့ မေးခွန်းတွေ မေးနေ သေးတာလဲ။ ”
“ ငါ ... မင်းကို မေးခွန်း မေးနေတယ်၊ ပြန်ဖြေပါ။ ”
အကြီးအကဲ အဘိုးအိုက၊ ရှေ့တစ်လှမ်း တိုးကာ၊ ဒေါသတကြီး အော်ငေါက် လိုက်၏။
“ တကယ်ပဲ အချိန်တွေ လာဖြုန်း နေတာပဲ၊ မင်းတို့ရဲ့ အမှိုက်ကို ငါ သတ်ခဲ့တာ လူတိုင်း မြင်တယ်။ ”
“ သူ့ကို ဖမ်းပြီး၊ သွေးတောင်ပံ ခန်းမကို ပြန်ခေါ် လာခဲ့ပါ။ ”
သွေးတောင်ပံ ခန်းမ အကြီးအကဲ များက၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များနှင့် အတူ ရှေ့တိုး လာခဲ့၏။
“ မင်းတို့က ဘယ်လိုတောင် သတ္တိရှိ လိုက်လဲ၊ လင်းယွန်က ငါ့တို့ အကယ် ဒမီရဲ့ ဧည့် သင်းထောက် တစ်ယောက်ပါ၊ ”
မိုလင်း၏ ဦးဆောင်မှု အောက်တွင်၊ အကယ်ဒမီရှိ အကြီး အကဲ များက၊ လင်းယွန် နောက်၌ လာရပ် လိုက်ကြ၏။
သူမကို ကယ်တင်ရန် လန်းဟွာယုအား သတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိုလင်းက ရှေ့ခြေ တစ်လှမ်း တိုးလိုက်၏။
“ ဧည့် သင်းထောက်လား ... ၊ ဧည့် သင်းထောက် တစ်ဦးနဲ့၊ သွေးတောင်ပံ ခန်းမရဲ့ တပည့်ကြီး ဘဝကို ဘယ်လိုလုပ် နှိုင်းယှဉ် နိုင်မှာလဲ၊ ... ”
“ ... မင်းတို့ ဒီကိစ္စကို လက်ဝင် မလျိုဖို့၊ သတိပေး ပါရစေ၊ မဟုတ်ရင် သွေးတောင်ပံ ခန်းမနဲ့ စစ်ပွဲ စဖို့ ပြင်ထားပါ။ ”
ဧည့် သင်းထောက် တစ်ဦး အနေဖြင့်၊ အနှေးနှင့် အမြန် ဆိုသလို ထွက်ခွာ သွားမည် ဖြစ်သည်။
ထို့ကြောင့် လန်းဟွာယု ကဲ့သို့သော အမာခံ တပည့် တစ်ဦးမှာ၊ လင်းယွန်ထက် ပို၍ အရေးပါ ချေ၏။
သွေးတောင်ပံ ခန်းမ၏ အကြီး အကဲများ လေသံတွင်၊ ရှင်းလင်း ပြတ်သားသော ခြိမ်းခြောက် မှုများ ပါရှိ နေသည်။
“ အိပ်မက် ... မက် မနေနဲ့၊ ငါတို့က လင်းယွန် အပေါ်၊ ကျေးဇူးကြွေး ရှိတယ်၊ သူက အပြင်လူ ဖြစ်နေ ရင်တောင်၊ အကယ်ဒမီက သူနဲ့ အတူ ရှိတယ်။ ”
မိုလင်းက တုန့်ဆိုင်းခြင်း မရှိ ပြန်ဖြေသည်။ တစ်ချိန်တည်း မှာပင် သူမ၏ သဘော ထားကို လူအုပ်ထံ ဝေ့ကြည့်ကာ၊ ကြေငြာ လိုက်၏။
ဧည့်သင်းထောက် တစ်ဦး အတွက်၊ သွေးတောင်ပံ ခန်းမနှင့်၊ စစ်ပွဲ စတင်ရန် မလို အပ်ချေ။
ထို့ကြောင့် အကြီးအကဲ သုံးဦးမှာ၊ အချိန် အတော်ကြာ စုစည်း ထားသော အရှိန် အဝါ များကို ထုတ်လွှတ်ပြီး၊ ဖိအား ပေးလိုက်၏။
သိပ်သည်း လွန်းသောကြောင့်၊ လင်းယွန် မှတပါး လူတိုင်း၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်ပေး လိုက်ရသည်။
“ ကောင်မလေး ... ၊ မင်းက ဒီမှာ စကား ဝင်ပြောဖို့၊ အဆင့်တောင် မရှိ သေးပါဘူး၊ ဒီကောင်ကို သတ်တဲ့ အခါ၊ တားနိုင် မလား ကြည့်ရ အောင်။ ”
သွေးတောင်ပံ ခန်းမ အကြီးအကဲ တစ်ဦးက၊ ရှေ့သို့ ပြေးတက် လာပြီး၊ လင်းယွန်အား လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။
ရုတ်တရက် ဤလုပ်ရပ်မှာ၊ လူအုပ်ကြီးကို အံ့အားသင့် သွား စေ၏။ မည်သူ မဆို အလစ် အငိုက် တိုက်ခိုက်ခြင်း ခံရ ပါက၊ ချက်ချင်း သေဆုံး ရပေမည်။
အဘိုးအိုက မြေပြင်တွင် ဘယ်ခြေကို ချန်ထားပြီး၊ လက်ဖဝါး ဖြန့်လိုက်သော အခါ၊ ရွှံ့နွံ့ထဲ ထိုးကျသွား သကဲ့သို့၊ လင်းယွန် တစ်ယောက် ခံစား လိုက်ရ၏။
ထိုနယ်မြေ အတွင်း မပိတ်မိခင်၊ ရွှေကျီးကန်းတံဆိပ် ပွင့်လာကာ၊ ကောင်းကင် ပေါ်သို့၊ ခုန်တက် ပစ် လိုက်သည်။
မီတာ တစ်ရာခန့် ရှိသော အလင်းတိုင် တစ်တိုင်က၊ မြေပြင်ပေါ် ကျရောက် ပေါက်ကွဲ သွား၏။
လင်းယွန်မှာ လက်ဝါးကို ရှောင်တိမ်း နိုင်ခဲ့ သော်လည်း၊ စွမ်းအင် အတက်အကျ လှိုင်းများ ရိုက်ခတ်ခြင်း ခံလိုက် ရသည်။
“ မင်း ... ၊ ဘယ်ပြေး မလို့လဲ။ ”
နောက်ထပ် လက်ဝါး တစ်ချက် ထုတ်ဖော်ကာ၊ အဘိုးအိုက ရယ်မော လိုက်သည်။
“ ဘယ်လောက်တောင် ရက်စက် လိုက်လဲ ... ။ ”
“ သွေးတောင်ပံ ခန်းမရဲ့၊ အကြောင်း ပြချက်က ယုတ္တိ မရှိဘူး၊ ယင်-ယန် အဆင့် အကြီးအကဲ တစ်ဦးက၊ လူငယ် တစ်ဦးကို ခိုးဝင် တိုက်ခိုက် ဝံ့တယ်။ ”
“ ဟား ဟား ဟား၊ ဒါက လင်းယွန်ရဲ့ ကြယ်ပုလဲ အတွက်၊ သူတို့ လက်စားချေ ခြင်းကို ဟန်ပြ ထား တာပါ၊ ... ”
“ ... တကယ်တော့ ဒီမှာ ရှိတဲ့၊ ဂိုဏ်းတိုင်း အဝေးက လာပြီး၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးမှ မရှိ ကြဘူး။ ”
“ လင်းယွန် ကံဆိုးတယ်၊ အကယ်ဒမီက သူ့ကို ကာကွယ်ဖို့ စွန့်စားမှာ မဟုတ်ဘူး။ ”
“ ဒါပေမယ့် လင်းယွန်က ဖိနှိပ်လို့ ရတဲ့ လူတော့ မဟုတ်ပါဘူး၊ စောစောက လက်ဖဝါးကို၊ သူ ဘယ်လို ရှောင်ခဲ့မှန်း၊ ငါ မသိတာ အမှန်ပဲ။ ”
“ ဂျီဝူယီ ကိုတောင် အနိုင်ယူ နိုင်ခဲ့တဲ့ လူတစ်ယောက်ပဲ၊ ဒီလောက် နဲ့တော့ မသေ နိုင်သေး ပါဘူး။ ”
“ ဒီကောင်က ... အများကြီး သန်မာ လာတယ်၊ ဒါကြောင့် သွေးတောင်ပံ ခန်းမက မြောက်ပင်လယ် ထဲမှာ၊ မြှပ်နှံ့ ခဲ့ဖို့ စိတ်ပိုင်းဖြတ် ထားပုံ ရတယ်။ ”
“ သန်မာတယ် ဆိုရင်တောင်၊ အလယ် အလတ် ယန်အဆင့် တစ်စုံ တစ်ယောက်က၊ ဘာများ လုပ်နိုင်ဦး မှာလဲ၊ အဲ့ဒီ အဘိုးကြီးနဲ့ နယ်ပယ် တစ်ခုလုံး ကွာဟ နေပြီ။ ”
ဖိနှိပ်မှုကို ခံနေ ရသော လင်းယွန်အား ကြည့်ပြီး၊ သွေးတောင်ပံ ခန်းမ တပည့် များနှင့် အကြီးအကဲ များမှာ ပြုံးရယ် လာကုန်သည်။
“ ဒီကောင်က နောက်ခံ မရှိဘဲ၊ ငါတို့ရဲ့ တပည့် တစ်ယောက်ကို သတ်ရဲ တယ်လား ...၊ ဟာသ ပဲ။ ”
“ ဧည့် သင်းထောက် ဆိုတာ၊ နောက်ဆုံး တော့လည်း ဧည့်သင်းထောက် တစ်ယောက် ပါပဲ၊ နည်းနည်းတော့ သူ့ကိုယ်သူ အထင်ကြီး လွန်း နေတယ်။ ”
“ သွေးတောင်ပံ ခန်းမက၊ သူ့ကို သတ်ဖို့ ဆုံးဖြတ် ထားပြီး မှတော့၊ ဘယ်သူက အကာ အကွယ် ပေးရဲ မှာလဲ။ ”
“ ယင်-ယန် အဆင့် အကြီးအကဲ တစ်ယောက်က၊ သူ့ကို ဘာမှ မလုပ်နိုင် ဖူးလို့၊ ငါ မယုံဘူး။ ”
ပြင်ပ အဆင့်ရှိ တိမ်နဂါး များမှာ၊ ပျက်ချော်ချော် အမူအရာ များဖြင့်၊ တိုက်ပွဲ အပေါ်၊ ဝေဖန် လာသည်။
“ စီနီယာ တန် ... ။ ”
မိုလင်းက တန်ယုကို အားကိုး တကြီး လှမ်းကြည့် လိုက်၏။
“ စိတ်အေးအေး ထားပါ။ ”
တန်ယုက လေးနက်သော အမူအရာဖြင့်၊ နှစ်သိမ့် လိုက်သည်။ ယင်-ယန် အဆင့် အကြီး အကဲ သုံးဦးကို မျက်လုံးထဲ မရှိ သော်လည်း၊ ယုဝူဖိန်းကို သတိထား နေရ၏။
ထိုလူက သူ့အပေါ် အာရုံစိုက် ထားသောကြောင့်၊ ပေါ့ပေါ့ တန်တန် မလုပ်ဆောင် ဝံ့ပေ။
အနည်း ငယ်သော အမှား အယွင်း သည်ပင်၊ လင်းယွန် အသက်အား ဆုံးရှုံး သွားစေ နိုင်၏။
လက်ရှိိ အခြေအနေ အရ၊ လင်းယွန်တွင် အန္တရာယ် ရှိ သော်လည်း၊ အသက် သေဆုံးသည် အထိ၊ မဖြစ် နိုင်သေးချေ။
ထို့ကြောင့် တန်ယုက၊ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ် ထား ရမည်ကို မပြတ် သတိ ပေးနေ မိ၏။
ဤအခြေ၌ လှုပ်ရှား ခြင်းမှာ၊ ကောင်းမွန်သော အဖြေ မဟုတ်ဘဲ၊ ဒဏ်ရာ ရဖို့သာ ရှိချေပြီ။
“ သေ လိုက် တော့ ... ။ ”
ထိုအချိန် မှာပင် ယင်-ယန် အဆင့် အဘိုးအိုက၊ သူ့လက် ဖဝါးကို အုပ်မိုး ရိုက်ချ လျက်၊ ကျိန်ဆဲ လိုက်၏။
လင်းယွန်မှာ ဓားဆွဲရန် အချိန် မရ ခဲ့ချေ။
ရှောင်တိမ်းရန် ရွှေကျီးကန်း တံဆိပ်ကို ထုတ်ဖော် ထားရ သော်လည်း၊ တစ်ဖက် လူ၏ လိုက်လံ ဖမ်းဆီး ခြင်းအား ဆိုးရွားစွာ ခံနေ ရသည်။
ဓား မပါဘဲ၊ ထိပ်တိုက် ရင်ဆိုင်ရန် မဖြစ် နိုင်ကြောင်း သူသိ၏။
“ ဒီကောင် ... ။ ”
အဘိုးအိုမှာ မြေပြင် ပေါ်သို့၊ ‘တစ်ထောက်နား’ လာစဉ် မျက်မှောင်ကြုတ် လိုက်၏။
“ ဟိတ် ... ။ ”
ထို့နောက် ယန်အဆင့် ကျင့်ကြံသူ တစ်ဦးကို၊ ချက်ချင်း သတ်ပစ် နိုင်သော လက်ဝါး (၇၂) ချက်အား၊ လေထဲ ရိုက်ချ လိုက်သည်။
သို့သော် ထိုလက်ဝါးချက် များမှာ၊ ပြိုင်ဘက်အား မပိတ်ဆို့ ထားနိုင် ခဲ့ချေ။
ဆက်တိုက် တိုက်ခိုက် မှုများ ပြုလုပ် ပြီးနောက်၊ အရှိန် အဟုန် ကုန်ဆုံး သွားကာ၊ ပြန်လည် ရပ်တန့် လိုက်ရ၏။
သို့သော် လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ၊ သူ့အား တွေးတောရန် အချိန် မပေး ခဲ့ချေ။
ပန်းသင်္ချိုင်း ဓားမှာ စကြဝဠာ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သောကြောင့်၊ အေးစက်စက် အငွေ့ အသက်များ ထုတ်ဖော် လာ၏။
“ ဒါက ဓား ကောင်းတစ်လက်ပဲ။ ”
ပန်းသင်္ချိုင်း ဓားကို မြင်သည်နှင့်၊ လူအုပ်ကြီးမှာ လောဘ ရောင်များ၊ တောက်ပ လာသည်။
“ ဓားနဲ့ ... ၊ လူနဲ့ လိုက်တယ်။ ”
လူငယ်၏ မောက်မာ မှုမှာ၊ မိုးလောက် အထိ မြင့်မား သကဲ့သို့၊ ဓားသည်လည်း တရွေးသားမျှ မလေျာ့ချေ။
“ ပြေးလို့ ‘ဝ’ ပြီလား။ ”
အဘိုးအိုက ရှေ့သို့ တိုးလာ လျက်ဖြင့်၊ ပြုံးကာ မေး လိုက်၏။
ကြက်သွေးရောင် အရှိန်အဝါများ၊ ရုတ်တရက် ပေါက်ကွဲ ထွက်လာပြီး၊ လက်ဝါး ကိုးချက်၊ ထပ်မံ ရိုက်ချ လာသည်။
လက်ဝါး တစ်ချက် ချင်းစီသည်၊ ကြက်သွေးရောင် တောင်ကြီး တစ်လုံး ကဲ့သို့၊ ကြီးမား လှချေ၏။
တောင်ကိုးလုံး ပေါင်းစပ် သွား ပြီးနောက်၊ ကြောက်စရာ ကောင်းလှသည့် သွေးနီရောင် တောင်တန်းကြီး တစ်ခု၊ ဖြစ်ပေါ် လာသည်။
“ ကောင်းကင်က တိမ်တိုက် တွေကို၊ ဖြိုခွဲ မယ်။ ”
ငွေရောင် ဓားအလင်း များက၊ သဲမုန်တိုင်းကြီးနှင့် ဆင့်ခေါ် ပေါင်းစပ် ပစ်ကာ၊ အဆိုပါ တောင်တန်း ကြီးထံ၊ တိုးဝင် သွား၏။
“ အခု ... ၊ တိုက်ခိုက်ဖို့ အချိန် ကျပြီ။ ”
လင်းယွန်၏ မျက်လုံး များတွင်၊ ထက်ရှသော ဓားတစ်လက် တောက်ပ လာပြီး၊ ပန်းသင်္ချိုင်း ဓားအား ခုတ်ပိုင်း ချ လိုက်သည်။
စူးရှသော မြည်သံ နှင့်အတူ၊ ပန်းသင်္ချိုင်း ဓားမှာ ပို၍ပင် တောက်ပ လာ၏။
ဓား ရည်ရွယ်ချက်က ကန့်သတ် ချက်သို့၊ ရောက်ရှိ သွားပြီးနောက် သဲမုန်တိုင်းမှာ၊ လင်းယွန်အား သိုင်းခြုံ ပစ်လိုက်သည်။
ထိုအချင်း အရာကို မြင်သည်နှင့်၊ လူအုပ်ကြီးမှာ တုန်လှုပ် သွားပြီး၊ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွားသည်။
“ ဒါ ... ဒါက ရှန်ရှင်းဓားပဲ၊ ပြီးပြည့် စုံတဲ့ ကျွမ်းကျင်မှု ။ ”
***