← Chapters

'ပြာ' အဖြစ်သို့ ပြောင်းလဲ ပစ်ခြင်း။

Vol. 45 Ch. 627

'ပြာ' အဖြစ်သို့ ပြောင်းလဲ ပစ်ခြင်း။

Vol. 45 Ch. 627

ကောင်းကင်နှင့် မြေကြီးကြား အလင်းများ၊ ပေါင်းစပ် လိုက်ချိန်၌ ရှန်ရှင်း ဓားမှာ၊ ကြောက်မက်ဖွယ် ကောင်းလာ ချေ၏။

ထို့နောက်တွင် ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်နှက် နေသော လေဆင် နှာမောင်းကြီး တစ်ခု၊ သဲမုန်တိုင်း အတွင်းမှ ထွက်ပေါ် လာ တော့သည်။

“ မိုးကြိုး။ ”

ကောင်းကင်တွင် လျှပ်စီးများ၊ တဟုန်းဟုန်း တောက်လောင် လာပြီး၊ အရာ အားလုံးကို မှောင်မိုက် သွားစေ ခဲ့၏။

လက်ကို မြှောက်လျက်၊ ပန်းသင်္ချိုင်း ဓားအား လွှဲယမ်း လိုက်သည်နှင့်၊ ပြိုးပြက် နေသော ငွေရောင်၊ လျှပ်စီး တစ်စ ပြေးထွက် လာသည်။

သည်ဓား၏ မြန်ဆန် လွန်းသော အရှိန် ကြောင့်၊ လူတိုင်း နှလုံးသား ထဲတွင် မယုံကြည် နိုင်သည့်၊ အတွေးများ ဝင်ရောက် လာကုန်၏။

ဖန်တီး ထားသော သဲမုန်တိုင်း ထဲ၌၊ လက်ရှိ ကမ္ဘာကြီး တစ်ခုလုံး ပျောက်ဆုံး သွား ခဲ့သည်။

“ ဒါ မဖြစ် နိုင်ဘူး။ ”

သွေးတောင်ပံ ခန်းမ၏ အကြီးအကဲ မျက်နှာတွင် ထိတ်လန့် မှုများ ဝင်ရောက် လာ၏။

လင်းယွန်ကို မယုံကြည် နိုင်စွာ လှမ်းကြည့်ပြီး၊ ဤဓားကို ရှောင်ရန် မေ့လျော့ သွားသည်။

လက်ဝါး ရိုက်ချက် များမှာ၊ လျှပ်စီးထက် ပိုမြန် သော်လည်း၊ သူ့ ရှေ့က လူငယ်မှ ရှောင်တိမ်း နိုင်ခဲ့သည်။

လင်းယွန် အနေ ဖြင့်မူ၊ သူ့အား တိုက်ခိုက်ရန် တစ်ချက် မျှသာ လိုချေ၏။

ပြိုင်ဘက် ဓားက မူလစွမ်းအင် အလွှာကို၊ ဖျက်ဆီး နိုင်ခဲ့ပြီး၊ ဓား ရည်ရွယ်ချက်မှာ အတွင်း အင်္ဂါများ အပေါ်၊ ဖြတ်သန်း လာသည်။

ထို့ကြောင့် သွေးတစ်လုတ် အန်ချလျက်၊ ထိန်လန့်စွာ ပြန်ကြည့် လိုက် မိသည်။

သူ့ကျင့်ကြံမှု ဖြင့်ပင်၊ ဤဓားရည်ရွယ် ချက်ကို၊ ချက်ချင်း ဖယ်ရှားရန် မဖြစ် နိုင်ကြောင်း၊ နားလည် လိုက်၏။

မိုးကြိုးမှာ ပြင်းထန် လွန်းသော လှုပ်ရှားမှု ဖြစ်ပြီး၊ အထွတ်အထိပ် ယန် အဆင့်ရှိ၊ တစ်စုံ တစ်ဦးအား နှစ်ပိုင်းခွဲ ပစ်နိုင်သည်။

အလယ် အလတ် ယန်အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ရှန်ရှင်း ဓားသည် ပို၍ အစွမ်းထက် လာ ခဲ့၏။

ထို့ကြောင့် အဘိုးအိုမှာ၊ ဒဏ်ရာ ကြီးကြီး မားမား မရရှိ ခဲ့သည့် အတွက်၊ အထင်ကြီး စရာ ပေပင်။

သို့သော် ယင်းသို့ လုပ်ဆောင် နိုင်ခဲ့ခြင်း သည်ပင်၊ ဂုဏ်ယူဖွယ် ဖြစ်၏။ မြေပြင် ပေါ်သို့ အသာအယာ နင်းလျက်၊ နောက်တစ်ကြိမ် ကောင်းကင်ပေါ် ခုန်တက် ပစ်လိုက်သည်။

“ အလင်းခွဲ ဖြတ်ခြင်း။ ”

ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား လာပြီး၊ အဘိုးအို ဘေးတစ်ဖက် တစ်ချက်ရှိိ သဲမှုန်များ လေထဲ ‘ပျံ’တက် သွား၏။

ထို့ကြောင့် အဘိုးအိုမှာ၊ နောက်ပြန် ဆုတ်ရန်၊ အလုပ်များ နေစဉ် ဓားတစ်လက်ကို အာရုံ ခံမိ လိုက်သည်။

“ မကောင်း တော့ဘူး။ ”

မူလစွမ်းအင် အားလုံးကို လျင်မြန်စွာ ထုတ်ဖော် လိုက်ပြီး၊ ကြက်သွေးရောင် အရှိန် အဝါအား၊ ထုတ်လွှတ် လိုက်သည်။

ရက်စက် ကြမ်းကြုတ်သော သားရဲများ ကဲ့သို့၊ ကာကွယ်ရေး အလွှာက သူ့ ပတ်ဝန်း ကျင်တွင် ဖြစ်တည် လာ၏။

သို့သော် လင်းယွန်၏ ဓားကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထု ဖုံးလွှမ်း လာတော့သည်။

အလင်းရောင် ပြန်လည် ထွက်ပေါ် လာချိန်၌၊ အဘိုးအိုမှာ အဝေးသို့ လွင့်စင် နေပြီ ဖြစ်သည်။

“ မ ဟုတ် ဘူး၊ ဝေါ့ … ။ ”

အဘိုအိုက လက်မခံ လိုဟန်ဖြင့်၊ ကြောက်လန့် တကြား မော့ကြည့်ကာ၊ ပါးစပ် အပြည့် သွေး တစ်လုပ်၊ အန်ချ လိုက်သည်။

ဤဓားမှာ ယခင် ကထက် ပို၍ ပြင်းထန် လှပြီး၊ မည်သို့ ခုတ်ပိုင်း လိုက်သည်ကို၊ သူ မသိ ခဲ့ချေ။

သက်တောင့် သက်သာ အနေ ထားဖြင့်၊ ပန်းသင်္ချိုင်း ဓားကို ဆွဲကိုင်လျက်၊ လင်းယွန်က အဘိုးအိုအား လှမ်းကြည့် လိုက်သည်။

နောက်ဆုံးတွင် သူ့ ပြိုင်ဘက်မှာ၊ယင်-ယန် အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေ၏။

“ အိုး ... ဘုရား သခင်၊ ဒီဓားက တကယ်ပဲ အလင်း ကိုတောင် ဖြတ်တောက် နိုင်တယ်လား၊ ကြောက်စရာ ကောင်း လိုက်တာ။ ”

“ သူက ... ၊ အလယ် အလတ် ယန် အဆင့်ကို ရောက်နေ ပြီဆို ပေမယ့်၊ ဒါက ဖြစ်နိုင်ပါ့ မလား။ ”

“ သူ့ရဲ့ ဓားရေးနဲ့ ပတ်သက်ပြီး၊ လျှို့ဝှက် ချက်တွေ ရှိနေတယ်၊ ကြည့်ရတာ ပျောက်ဆုံး သွားတဲ့၊ သခင့်ဓား ပုံစံပဲ၊ ဒါပေမယ့် ... ”

“ ... သခင့်ဓားက အစွမ်းထက်တယ် ဆိုရင်တောင်၊ ဒီပန်းသင်္ချိုင်း ဓား မပါဘဲ၊ ယင်-ယန် အဆင့် ကျွမ်းကျင် သူကို၊ ဒဏ်ရာ ရအောင် မလုပ် နိုင်ဘူး။ ”

လင်းယွန်၏ ဓားရေးနှင့်၊ ပတ်သတ်ပြီး တစ်စုံတစ်ရာကို ခွဲခြမ်း စိတ်ဖြာ နိုင်သော၊ ဝါရင့် ကျွမ်းကျင်သူ များစွာ ရှိနေ ချေသည်။

တစ်ချိန်က တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို အုပ်စိုး ခဲ့သော သခင့်ဓား ဟုပင်၊ မှန်းဆ နိုင်ခဲ့ ကြ၏။

သို့သော် ၎င်းထက် ရှန်ရှင်း ဓားကို၊ အပြည့်အ၀ ကျွမ်းကျင်အောင် စွမ်းဆောင် နိုင်ခဲ့ ခြင်းကြောင့်၊ တုန်လှုပ် သွား မိသည်။

၎င်းတွင် ယင်-ယန် အဆင့်၊ ကျွမ်းကျင် သူကိုပင် ကြောက်လန့် စေသော စွမ်းအားမျိုး ရှိ ချေ၏။

“ အစ်ကိုကြီး ... ။ ”

ကျန်အကြီး အကဲ နှစ်ဦးမှာ၊ တုန်လှုပ် ခြောက်ခြား နေသော မျက်နှာ များဖြင့် ဖေးမရန် အမြန် ပြေးလာ ကြသည်။

သွေးတောင်ပံ ခန်းမရှိ တပည့် များမှာ၊ ပါးစပ် ဟောင်းလောင်း ပွင့်ကုန်ပြီး၊ ငြိမ်သက် သွားသည်။

အမည်ခံ အုပ်စိုးရှင် ဂိုဏ်း တစ်ဂိုဏ်း၏ ထိပ်တန်း အကြီးအကဲ တစ်ဦး အနေဖြင့်၊ (၁၈) နှစ်သား ကောင်လေး တစ်ယောက်ကို မနှိမ်နင်း နိုင်သည်မှာ၊ ယုံနိုင်ဖွယ် မရှိချေ။

“ တိုက် ... ။ ”

အဘိုးအိုက ဟန်ချက်ကို ပြန်လည် ညှိယူ လိုက်ပြီး၊ အေးစက်စွာ အမိန့် ပေးလိုက်၏။ ဤတစ်ကြိမ်တွင် သုံးဦး ပေါင်းကာ၊ လင်းယွန် ထံ ပြေးဝင် လိုက်ကြ၏။

“ သူ ...၊ ဘယ်လိုများ ပြီးမြောက် ခဲ့တာလဲ။ ”

ရှားယွင်ရှောင်မှာ နက်ရှိုင်းသော ချိုင့်ဝှမ်း တစ်ခု အတွင်း၊ ပြုတ်ကျသွား သကဲ့သို့၊ အသိ စိတ်အား ဆုံးရှုံး သွားခဲ့သည်။

အလယ် အလတ် ကျွမ်းကျင်မှုကို ဆုပ်ကိုင်ထား နိုင်သည့် အတွက်၊ ရှန်ရှင်း ဓားအား ပြီးမြောက်ရန်၊ မည်မျှ ခက်ခဲကြောင်း သူ သိ၏။

တစ်ဖက် လူ၏ အသက် အရွယ် အရ၊ ပါရမီရှင်များ ကြားတွင် နေရာ တစ်နေရာ ရရန်၊ လုံလောက် နေချေပြီ။

သို့သော် ၎င်းကို မယုံနိုင် သေးချေ။ အထက်ပါ အချင်း အရာ များကို ကြည့်ပြီး၊ ရန်ကောင်းက သက်ပြင်း ချလိုက်၏။

“ သူသာ မသေ ခဲ့ရင်၊ ပန်းသင်္ချိုင်း ဆိုတဲ့ နာမည်က တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး အနှံ့၊ တောမီးလို ပျံ့ သွားမှာ သေချာတယ် …။ ”

ဂျီဝူယီကို အနိုင်ယူ ပြီးနောက်၊ လင်းယွန်မှာ ထင်ပေါ် လာပြီ ဖြစ်သည်။

လက်ရှိ အချိန်၌ ယင်-ယန် အဆင့် အကြီးအကဲ တစ်ဦးအား သွေးအန် စေကာ၊ သုံးဦးဖြင့် ရင်ဆိုင် နေ၏။

သေခဲ့ လျှင်ပင် သူ့ နာမည်ကို၊ နေသာ စီရင်စု၌ ရေးထွင်း ထားနိုင် ပေမည်။ ဤတိုက်ပွဲ မတိုင်ခင် လူတိုင်းက၊ လင်းယွန်အား မျက်လုံးထဲ မထား ခဲ့ချေ။

ကျန်းယွမ်၊ မူချန်၊ လျူယွမ်ယန်၊ မိုလင်း နှင့် စီနီယာ တန်ယုပင် အံသြ နေ၏။ လျင်မြန်စွာ ကြီးထွား လာသော လင်းယွန် အပေါ်၊ အလွန် တရာ ထိတ်လန့် သွားမိသည်။

“ မင်းတို့ သက်ကျား အိုကြီး သုံးယောက်က၊ ငါ့ကို အတူတူ ရင်ဆိုင် မို့လား၊ ... ဟား ဟား ဟား၊ ကောင်းပြီ တစ်ခါတည်း လာခဲ့ ... ။ ”

လေထဲ ပျံသန်း လာနေသော သွေးတောင်ပံ ခန်းမ၏၊ အကြီးအကဲ သုံးယောက်ကို ကြည့်ပြီး၊ လင်းယွန်က ရယ်မော လိုက်သည်။

“ မင်း သေချင် နေတာပဲ။ ”

“ ရှန်ရှင်ဓား ရည်ရွယ်ချက်ကို အပြည့် အ၀ ကျွမ်းကျင် နေတယ် ဆိုရင်တောင်၊ ဒီနေ့ မင်း သေကို သေရ လိမ့်မယ်။ ”

“ သွေးတောင်ပံ ခန်းမက၊ မင်းကို သေမိန့် ထုတ်ထား ပြီးပြီ။ ”

သူတို့ အနေဖြင့် ဤကဲ့သို့ အရှက်ရ မှုမျိုး၊ တစ်ကြိမ်ပင် မကြုံ ဖူး ခဲ့ချေ။ ထို့ကြောင့် သတ်ဖြတ် လိုသော ရည်ရွယ်ချက် များက၊ ဆူပွက် လာ၏။

“ ကျောက်စိမ်း လက်သီး။ ”

“ မိုးကြိုး လက်ဝါး။ ”

“ သွေး နဂါး အရိပ်။ ”

အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို ထုတ်ဖော် လာ ခြင်းကြောင့်၊ လူအုပ်ကြီးမှာ မျက်နှာများ ပြောင်းလဲ သွားခဲ့ သည်။

သို့သော် လင်းယွန်က ရှောင်တိမ်းရန် ဆန္ဒရှိပုံ မရဘဲ၊ မကြောက် မရွံ့ဖြင့် စောင့်ဆိုင်း နေခဲ့သည်။

အရှိန်အဝါ သုံးခု သူ့အား၊ ဖုံးလွှမ်း လာချိန် မှသာ၊ စတင် လှုပ်ရှား လိုက်၏။

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ။ ”

ပန်းသင်္ချိုင်း ဓားအား လေထဲ ကန့်လန့်ဖြတ် ဆွဲယူ လိုက်၏။ ဓား ဖျား၌ နှင်းဆီပန်း တစ်ပွင့် ဖျပ်ခနဲ ပွင့်လာ ချိန်တွင်၊ နောက်ထပ် နှစ်ကြိမ် တိတိ ထပ်မံ လွှဲယမ်း လိုက်သည်။

ထို့နောက် အရပ် (၃)မျက်နှာမှ၊ ဝင်ရောက် လာသော၊ အဘိုးအို သုံးယောက်အား တစ်ချက် ပြန် ကြည့်ကာ၊

“ ငါ ဘယ်က လာတာလဲ။ ”

-ဟု ရေရွတ် လိုက်၏။

ဓားဖျားရှိ နှင်းဆီ သုံးပွင့်မှာ၊ ရုတ်တရက် ကွဲအက် သွားခဲ့ သည်။ ပန်းပွင့်ချပ် များက လေနှင့် အတူ၊ လွင့်ဝဲ လာပြီး ဆူညံသော ဓားသံ တစ်သံ ထွက်ပေါ် လာ၏။

ရှေ့ဆုံးမှ ပြေးဝင် လာသော ခေါင်းဆောင် အဘိုးအိုမှာ၊ နှင်းဆီ ပွင့်ချပ် မုန်တိုင်းနှင့် ထိမှန် သွားပြီးနောက်၊ ခန္ဓာကိုယ် အနှံ့ ပြတ်ရှ ရာများ ရရှိ လာသည်။

မြေပြင် ပေါ်သို့ ပြန်လည် မဆင်းသက် နိုင်မီတွင်၊ ဓားအလင်း တစ်စ ထပ်မံ တောက်ပ လာပြီး၊ ကျန်အကြီး အကဲ နှစ်ဦးအား၊ နောက်ပြန် ဆုတ်သွား စေ၏။

“ အဆုံးမဲ့ တောင်တန်း ကြီးနဲ့ ရေကန်- ကြွေလွင့် လာတဲ့ ရော်ရွက်ဝါနဲ့ လေပြေ။ ”

လှမ်းလိုက်သည့် ခြေလှမ်း တိုင်းတွင်၊ အဘိုးအို နှစ်ဦးအား ကြီးမားသော ဒဏ်ရာများ ပေးစွမ်း နိုင်ခဲ့သည်။

“ ပန်းတွေက အိပ်မက်လို လွင့်မျောပြီး၊ ဝမ်းနည်းခြင်း တွေက မိုးနဲ့ အတူ ရွာချတယ်။ ”

“ ဒီကမ္ဘာ ပေါ်မှာ ရှိတဲ့ အရာ ရာတိုင်း ဘယ်သူမှ မပိုင်ဘူး၊ သခင့်ကို နှင်းပန်းဖြူ တစ်ပွင့် ငါ ပေးမယ်။ ”

ရုတ်တရက် မိုးစက်များ ရွာကျ လာပြီး၊ လေနှင့် အတူ ပွင့်ချပ်များ 'ကခုန်' လာချိန်တွင်၊ ပန်းသင်္ချိုင်း ဓားအား ခုတ်ပိုင်း လိုက်တော့၏။

“ ရွှပ် ..... ။ ”

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ဆယ်ချက်ထက် မနည်းသော ဓားချက် များဖြင့်၊ တိုက်ခိုက် ပစ်လိုက်သည်။

“ နောက် ဆုတ် ... ။ ”

“ အခု ချက်ချင်း ပြန်ဆုတ်ပြီး၊ သူ့ အရှိန်ကို ရှောင် ... ။ ”

သုံးဦးသား တစ်ယောက် တစ်ပေါက် အော်ဟစ် သတိ ပေးလျက်၊ လျင်မြန်စွာ ဆုတ်ခွာ သွားကြ လေသည်။

ဤသို့သော ဓားရေးမျိုး၊ တစ်ကြိမ်ပင် မမြင်ဖူး ခဲ့သောကြောင့်၊ လူတိုင်း မှင်တက် သွားကုန် ၏။

အန္တရာယ် များသော အခြေ အနေဖြင့်၊ ဖိအားပေး ခံလာရပြီ ဖြစ်ရာ၊ အဘိုးအို သုံးဦးက သိုင်းဝိညာဉ် များကို ထုတ်လိုက် ရသည်။

“ သိုင်းဝိညာဉ် တွေ ... ။ ”

“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ ...၊ လူငယ် တစ်ယောက်နဲ့ ရင်ဆိုင်ဖို့၊ ယင်-ယန် အဆင့် ကျွမ်းကျင် သူတွေက သူတို့ရဲ့ သိုင်းဝိညာဉ် တွေကို၊ တကယ်ပဲ ထုတ်ဖော် လိုက်တာလား။ ”

“ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းကြီးက၊ အရမ်းကို အရှက်မဲ့ လွန်းနေ ပါပြီ။ ”

“ အခုတော့ လင်းယွန်မှာ အန္တရာယ် ရှိနေပြီ၊ သူ့ဓား အရှိန်သာ ရပ်တန့် သွားရင်၊ သေခြင်း အပြင် ဘာမှ မရှိ တော့ဘူး။ ”

သိုင်းဝိညာဉ် များကို ကြည့်ပြီး၊ ဝေဖန် သံများ ဆူညံ လာသည်။ လင်းယွန်၏ ဓားရေးမှာ၊ အဟုန်ကို အဓိက ထားကြောင်း၊ သတိပြု မိ ကြ၏။

“ အချိန် ကောင်းပဲ။ ”

သို့သော် အကန့်အသတ် မရှိသော ဓားအလင်းများ၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ လင်းယွန်၏ မျက်လုံး များ၌၊ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာသည်။

“ ကောင်းကင်ဘုံက ငါ လာတယ်၊ ငါ့လက် ထဲမှာ ပန်းတွေ ပွင့်တယ်။ ”

ပန်းသင်္ချိုင်း ဓားကို ကောင်းကင်ပေါ် ချိန်ရွယ်လျက်၊ လက်ဖဝါးအား ဖြန့် လိုက်၏။ လက်ဖဝါး ပေါ်၌ ဖြည်းညှင်းစွာ ပွင့်လာသော နှင်းဆီပန်း တစ်ပွင့် ထွက်ပေါ် လာသည်။

ထိုပန်း ပွင့်လာ သည်နှင့် အမျှ၊ အဆုံး မရှိသော ဓားရည်ရွယ် ချက်က၊ ထက်ရှစွာ လင်းလက် လာ၏။

တောက်ပ လွန်းသော အလင်းရောင် ကြောင့်၊ လူတိုင်း မျက်စိ အမြန် 'မှိတ်' လိုက်ရ သည်။

ဆယ်မိုင် အကွာ ဆီမှ၊ အရာ အားလုံး တိုက်စား လာသော ဓား တစ်လက်ကို၊ အဘိုးအို သုံးဦးက ငေးကြည့် နေမိ၏။

နီးကပ် လာသည်နှင့် အမျှ၊ ကြောက်စိတ်များ ဝင်ရောက် လာသောကြောင့်၊ အံကြိတ်လျက် အားတင်း ဖယ်ရှား လိုက်ကြ သည်။

“ အလင်းက ... ဆည်းဆာ အောက်မှာ၊ အစက် ကလေး တစ်စက် လိုပါပဲ ... ။ ”

လက်ထဲရှိ နှင်းဆီပန်း ထံမှ နေရောင်ခြည် ကဲ့သို့၊ စူးရှသော အလင်းများ ဖြာထွက် လာပြီး၊ ကောင်းကင်ပေါ် ထိုးတက် သွားသည်။

“ ဝုန်း ...။ ”

ထို့နောက်တွင် ရုတ်တရက် ပေါက်ကွဲ သွားကာ၊ အဘိုအို သုံးဦး အပါ အဝင်၊ အရာ အားလုံးကို ‘ပြာ’ အဖြစ်သို့၊ ပြောင်းလဲ ပစ်လိုက် တော့သည်။

***

All Chapters