← Chapters

ကောင်းကင် ဝိညာဉ် နယ်ပယ်၏ စွမ်းအား။

Vol. 45 Ch. 628

ကောင်းကင် ဝိညာဉ် နယ်ပယ်၏ စွမ်းအား။

Vol. 45 Ch. 628

ဓားသမား ဟူသည် အဘယ်နည်း။

မည်သို့သော အရည်ချင်း မျိုးအား၊ ပါရမီရှင် အဖြစ် ခေါ်ဆို ထိုက်သနည်း။

အထက်ပါ မေးခွန်း နှစ်ခုကို လင်းယွန်က ဓား တစ်လက်ဖြင့်၊ ပြန်ဖြေ ခဲ့သည်။

နှင်းဆီပွင့် များမှ တောက်ပသော အလင်းများ ထွက်ပေါ် လာကာ၊ ပတ်ဝန်းကျင် တစ်လုံး အဖြူရောင် အဖြစ်၊ ပြောင်းလဲ ပစ် လိုက်၏။

အဘိုးအို သုံးဦး သေဆုံး သွားပုံကို၊ အချိန်အတော် ကြာသည် အထိ၊ လူတိုင်းက မေ့ဖျောက် နိုင်မည် မဟုတ်ချေ။

အလင်းရောင် ပြန်လည် ပေျာက်ကွယ် သွားချိန်တွင်၊ လင်းယွန်၏ နုပျိုသော အသွင် အပြင်မှာ၊ ထွက်ပေါ် လာခဲ့သည်။

“ သေ ပြီ လား။ ”

“ တကယ် သေ သွားပြီ။ ”

အချိန် အတော် ကြာအောင် တိတ်ဆိတ် နေပြီးနောက်၊ ဝေဖန် သံများ ဆူညံ လာသည်။

“ တကယ် သေကုန် ကြပြီ၊ ဒါက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်၊ ယင်-ယန်အဆင့် ကျွမ်းကျင်သူ သုံးဦးက၊ သိုင်းဝိညာဉ် ထုတ်ခဲ့ တာတောင်၊ ရှင်သန်ခွင့် မရ ခဲ့ဘူး။ ”

“ သူ့ရဲ့ ဓားရေးက ကြောက်စရာ ကောင်းတယ်၊ ရှန်ရှင်းဓားကို အပြည့်အ၀ ကျွမ်းကျင် ပြီးတဲ့ နောက်တော့ ပြောစရာ မလို တော့ဘူး။ ”

“ ဒါပေမယ့် လည်း၊ အချိန်တို အတွင်းမှာ ယင်ယန် အဆင့် ကျွမ်းကျင်သူ သုံးယောက်ကို သတ်ဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ ”

အထူး သဖြင့် ဓား ရည်ရွယ်ချက်နှင့် ဆည်းဆာ အလင်းဓားကို မြင်လိုက် ချိန်၌၊ ၎င်းတို့၏ အကဲဖြတ် မှုမှာ အမြင့် တစ်ခုသို့ ရောက်ရှိ သွားခဲ့သည်။

သို့သော် ယင်-ယန် အဆင့် အကြီးအကဲ သုံးဦးကို တစ်ပြိုင်နက် သတ်နိုင် လိမ့်မည်ဟု၊ မျှော်လင့် မထား သည်မှာ အမှန်ပင်။

“ ... တကယ်ပဲ အသက်(၁၈)နှစ် အရွယ် လူငယ် တစ်ယောက် တဲ့လား၊ ငါ့တစ်သက် သူ့ကို အနိုင် ယူဖို့ ဖြစ်နိုင် တော့ဘူး။ ”

မြေပြင် ပေါ်တွင်၊ ဒူးထောက်လျက် အနေ အထားဖြင့်၊ ဂျီဝူယီက လင်းယွန်ကို ကြည့်ကာ ညည်းတွား လိုက်သည်။

ဒဏ်ရာ များမှာ ပြင်းထန် လှသဖြင့်၊ အချိန်မရွေး ပြန်ကောင်းလာ နိုင်သော အဆင့်၌၊ မရှိချေ။

ထို့အပြင် လင်းယွန်က အကြီးအကဲ သုံးဦးကို သတ်ပြီး၊ ကြီးစိုးစွာ ရပ် နေသည်အား မြင်လိုက် ရချိန်တွင်၊ သူ့ အခြေ အနေမှာ ပို၍ ဆိုးရွား လာ ခဲ့သည်။

တစ်ဖက်တွင် ဘိုင်လိရွှမ် တစ်ယောက်၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် နေလေပြီ။ အင်ပါရီယန် သင်္ချိုင်း အတွင်း၌၊ သူနှင့် လင်းယွန်ကြား ကြီးမားသော ကွာဟချက် ရှိနေ သည်ကို၊ သတိထား မိခဲ့၏။

သို့သော် ဤမျှ ကျယ်ဝန်း နေလိမ့် မည်ဟု၊ မမျှော်လင့် ထားမိပေ။ အခြား သူများက သက်ပြင်းချ လျက်၊

“ ဂျီဝူယီက ယင်-ယန် အဆင့် ကျွမ်းကျင် ပညာ ရှင်ကို သတ်ခဲ့ တယ်လို့ ငါ ကြားဖူးတယ်၊ ကြည့်ရတာ လင်းယွန်က သူ့ကို အနိုင် ယူပြီး တာတောင် ဝှက်ဖဲတွေ ကျန်နေ သေး ပုံပဲ။ ”

“ သူ့ရဲ့ ခွန်အားတွေ အကုန် ဟုတ်ပုံ မရ သေးဘူး။ ”

“ သူ့ နေရာမှာ အခြားသူ တစ်ဦးဆို ... ၊ ဒီလို လုပ်နိုင် ပါ့ မလားလို့၊ ငါ တွေးမိတယ်။ ”

“ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခုလုံး၊ အပြောင်း အလဲတွေ ရှိလာ ပုံပဲ၊ မျိုးဆက်သစ် ပါရမီ ရှင်တွေ ပိုများ လာတယ်၊ ဒါပေမယ့် အတွင်း အဆင့် ပါရမီရှင် တွေက ပို ကြောက်စရာ ကောင်းတယ်။ ”

“ ဒီနှစ် သွေးစွန်းသော ဧည့်ခံပွဲက စိတ်ဝင် စားစရာ ကောင်းပြီး၊ အဆင့် သတ်မှတ် ချက်မှာ အပြောင်း အလဲတွေ ရှိလာ လိမ့်မယ်။ ”

“ မကောင်း တော့ဘူး။ ”

ထိုအချိန်တွင် ကောင်းကင် ယံ၌၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ရစ်သိုင်း လာသည်။

ထို့နောက် ဓား အချင်းချင်း ခုတ်ထစ် သံများ၊ ဆူညံစွာ ထွက်ပေါ် လာပြီး၊ လင်းယွန် ဓား ရည်ရွယ် ချက်မှာ အပိုင်းပိုင်း ပြတ်တောက် သွားတော့၏။

ပြိုပျက် နေသော ဓားအလင်း များက၊ နေရာ အနှံ့ ပျံ့ကျဲ သွားသည်။ နာကျင် မှုကြောင့် အသံ မထွက် နိုင်တော့ဘဲ၊ ပါးစပ် ထဲမှ သွေးများ အန်ချ လိုက်ရ၏။

ဓား ရည်ရွယ် ချက်မှာ လုံးထွေး ရှုပ်ပွ လာပြီး၊ အတွင်း အင်္ဂါ များကို စတင် လှီးဖြတ် လာ တော့သည်။

“ ဒါ ... ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူရဲ့ စွမ်းအားပဲ။ ”

“ နည်းနည်းတော့ လွန်လာပြီ။ ”

ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ သည်သာ၊ ပြီးပြည့် စုံသော ရှန်ရှင်း ဓားကို ဖြိုခွဲ နိုင်၏။

ထို့နောက် လူတိုင်းက သွေးတောင်ပံ ခန်းမ ထံသို့ လှည့်ကြည့် လိုက် ကြသည်။

ကျင့်ကြံခြင်း ကမ္ဘာတွင် အားနည်း သူများ နေရာ၌ သန်မာသူ များဖြင့်၊ အစားထိုး ကြသည် မှာ၊ သဘာဝသာ ဖြစ်၏။

သို့သော် ဂျူနီယာများ အပေါ်၊ စီနီယာ များက လက်တင်ခွင့် မပြုသည့် စည်းမျဉ်း တစ်ခု ရှိသည်။

မဟုတ် ပါက၊ သူတို့၏ တပည့် များမှာ၊ တချိန်လုံး ဂိုဏ်းထဲမှ ထွက်ရဲ ကြမည် မဟုတ် ချေ။

စည်းကမ်း ဖောက်ဖျက် ခြင်းဖြင့်၊ ကျင့်ကြံခြင်း လောက တစ်ခုလုံး၊ ပရမ်းပတာ ဖြစ်ကုန် ပေမည်။

ယင်-ယန် အဆင့် အဘိုးအို သုံးဦးမှ၊ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း သည်ပင်၊ လွန်ကျူး နေပြီ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ ကျွမ်းကျင်သူ တစ်ဦး ပါဝင် လာသော အခါတွင်၊ လူတိုင်း စိတ်ပျက် သွားကုန် ကြ၏။

“ ဟား ဟား ဟား၊ ဒီနေ့ ငါ့ကို အမြင်ကျယ် စေပါတယ်။ ”

“ သွေးတောင်ပံ ခန်းမက တကယ်ပဲ အမည်ခံ အုပ်စိုးရှင် အဖြစ်၊ လေးစား ထိုက်နေ တုန်းလား၊ ဒီနေ့ ပြီးရင် နေသာ စီရင်စုမှာ၊ သူတို့ရဲ့ မျက်နှာ ဘယ်ထား မလဲ ကြည့်ကြ ရအောင်။ ”

“ ဘယ်လောက်တောင် အရှက်မဲ့ လိုက်လဲ၊ ဒါက ဂိုဏ်သားတွေ လုပ်ရပ် ရမဲ့ အရာမျိုး မဟုတ်ဘူး။ ”

ပတ်ဝန်း ကျင်ရှိ ဆွေးနွေး သံများကို ယုဝူဖိန်းက လုံးဝ လျစ်လျူရှု ထားခဲ့သည်။

ရှန်ရှင်း ဓားကို ဖြိုခွဲ ပြီးနောက် ကောင်းကင်ပေါ်၊ ပျံတက် သွားပြီး လင်းယွန်ထံ လက်ဖဝါးဖြင့် ရိုက်ချ လိုက်၏။

ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ် တစ်ခုနှင့် အတူ မိုးတိမ်များ လှုပ်ခါ လာ၏။

ယင်-ယန် အဆင့်ရှိ တစ်စုံ တစ်ယောက် ပင်လျှင် ထိုလက်ဖဝါးကို မခံယူ နိုင်ပေ။ ထို့ကြောင့် သေဆုံး တော့မည့် လင်းယွန်ကို ကြည့်ကာ၊ သနား လာမိသည်။

သို့သော် ယုဝူဖိန်း ရှေ့၌ ပုံရိပ် တစ်ရိပ် ရုတ်ချည်း ထွက်ပေါ် လာကာ၊ ထိုလက်ဝါးကို ဟန့်တား တွန်းထုတ် ပစ်လိုက်သည်။

ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး၏ စွမ်းအားကြောင့်၊ မိုးကောင်းကင် တစ်ခုလုံး လျှပ်စီးများ လင်းလက် သွား၏။

ယုဝူဖိန်း၏ တိုက်ခိုက် မှုအား၊ တန်ယုက သဘာဝ အတိုင်း၊ တားဆီး ပေးလာခြင်း ဖြစ်သည်။

“ စီနီယာ တန် …။ ”

သူ့ရှေ့တွင် ရပ်နေသည့် တန်ယုကို ကျေးဇူးတင် စွာဖြင့်၊ မော့ကြည့် လိုက်သည်။

“ ငါ့ကို ကျေးဇူးတင် စကား ပြောချင် လို့လား၊ မင်း ဘေးကင်းတဲ့ အထိ ခဏ စောင့်ပါ၊ ... သွား။ ”

တန်ယုက လင်းယွန် ပုခုံးကို အသာ တွန်းထုတ် လိုက်ပြီး၊ ပြုံးကာ ဆိုသည်။ တစ်ချိန် တည်းမှာပင် ပျံ့ကျဲ နေသော ရှန်ရှင်း ဓားကို ပြန်လည် စုစည်း ပေးလိုက်၏။

စကား ပြောရန် ပါးစပ် အဖွင့်တွင်၊ မီတာ တစ်ထောင် အကွာသို့ ရောက်ရှိ နေကြောင်း၊ သတိထား မိလိုက်ရာ၊ လင်းယွန် တစ်ယောက် အံ့ဩ မှင်တက် သွားသည်။

ဝင်ရှုပ် လာသော တန်ယုကြောင့်၊ ယုဝူဖိန်းက ဒေါသ ထွက်သွားသည်။ လင်းယွန် နောက်ကို လိုက်ရန် ပြင်လိုက် ချိန်တွင်၊ တန်ယုက ရှေ့တစ်လှမ်း တိုးကာ၊ ပြုံးပြ လာခဲ့သည်။

“ သက်ကျားအိုကြီး၊ ဧည့် သင်းထောက် တစ်ယောက် အတွက်နဲ့ ငါ့ကို ဆန့်ကျင်ချင် တာလား။ ”

“ သူက ... အကယ်ဒမီရဲ့ ကျေးဇူးရှင် ဖြစ်တာမို့၊ အပြင်လူ တစ်ဦး ဖြစ်နေ ရင်တောင် ကာကွယ် ပေးရ လိမ့်မယ်၊ ငါ့ အကယ်ဒမီက မင်းရဲ့ ခန်းမလောက် အရှက် မမဲ့ ပါဘူး၊ ... ”

“ ... ငါတို့က ကျေးဇူး တရားကို ဘယ်လို ပြန်ဆပ် ရမယ် ဆိုတာ၊ မင်းတို့ထက် ပိုသိထား ပါတယ်။ ”

“ ဒါဆို ...၊ မင်း သူ့ကို ဘယ်လို ကာကွယ် မလဲ ဆိုတာ ကြည့်ရအောင်၊ သူ့ရဲ့ ဓားရည်ရွယ် ချက်က ပျက်စီး နေပြီမို့၊ ဒုက္ခိတ တစ်ယောက်နဲ့ မခြား တော့ပါဘူး၊ ... အားလုံး အဲဒီကောင် နောက်ကို လိုက်ပါ၊ သူ့ကို မြောက်ပင်လယ် ထဲက တစ်လှမ်းတောင် ထွက်ခွင့် မပြုနဲ့။ ”

ယုဝူဖိန်းက အမိန့်ပေး လိုက်သည်နှင့် တပြိုင်နက်၊ သွေးတောင်ပံ ခန်းမမှာ ပိတုန်းများ ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် လာကြသည်။

“ လင်းယွန်ကို ကာကွယ်ပါ။ ”

၎င်းတို့ထံ လှမ်းကြည့်ပြီး၊ မိုလင်းက အကယ်ဒမီ ဘက်လှည့်ကာ၊ အော်ဟစ် လိုက်၏။

သို့သော် ဓားဆွဲ ထားသော ကျန်းယွမ် အတွက်မူ၊ ကူညီရန် ချီတုံ ချတုံ ဖြစ်နေဆဲ ဖြစ်သည်။

ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ နှစ်ဦး အပါ အဝင်၊ နေရာ အနှံ့၌ သတ်ဖြတ် နေသော တိုက်ပွဲများ ဖြစ်ပွား လာတော့သည်။

လူတိုင်း၏ အာရုံမှာ လင်းယွန် ထံမှ ခဏတာ လွတ်မြောက် သွားတော့သည်။

“ ငါ့ အတွက် အခွင့် အရေးပဲ။ ”

ဂျီဝူယီ၏ မျက်လုံးများ မှေးစင်း သွားကာ၊ အခွင့် အရေးကို စောင့်မျှော် နေခဲ့သည်။ လင်းယွန်၏ ဝှက်ဖဲမှာ ရှန်ရှင်းဓား ဖြစ်ကြောင်း လူတိုင်း သိသည်။

ဓားရည်ရွယ်ချက် မရှိဘဲ၊ သူ့ထက် ကျင့်ကြံမှု မြင့်မားသော လူများကို တိုက်ခိုက်ရန် နည်းလမ်း မရှိချေ။

ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင် ပညာရှင် တစ်ဦးမှ၊ ဖြိုခွဲခြင်း ခံလိုက် ရသော ဓား ရည်ရွယ် ချက်မှာ၊ အချိန် မရွေး ပြန်ဆယ် နိုင်သည့် အရာ မဟုတ်ချေ။

ထို့ပြင် အဘိုးအို သုံးဦးကို သတ်ဖြတ် ရာ၌၊ တစ်ဖက် လူ၏ မူလ စွမ်းအင် အများ အပြား မှာလည်း၊ ကုန်ဆုံး သွား ရပေမည်။

ထို့ကြောင့် ဤသည်မှာ လင်းယွန်ကို သတ်ရန်၊ သူ့အတွက် အကောင်းဆုံး အခွင့် အရေး ဖြစ်၏။

“ မင်း ... ထင်ပေါ် လွန်းရင်၊ အချိန် မတန် သေးဘဲ သေရ လိမ့်မယ် ... ။ ”

ရန်ကောင်းက ရယ်မောလျက်၊ လှုပ်ရှားရန် ပြင်လိုက် ချိန်တွင်၊ အေးစက်သော အကြည့် တစ်ချက်၊ ကျရောက် လာခဲ့သည်။

ရုတ်တရက် ဘိုင်လိရွှမ်က သူ့အား စိုက်ကြည့် လာခြင်း ဖြစ်သည်။ တို့ကြောင့် သူက ပြုံးကာ၊

“ မင်းတို့ နှစ်ယောက်လုံး ... ၊ ဓားနန်းတော်က ဆိုတာ ငါသိတယ်၊ ဒါပေမယ့် မင်း ငါ့ကို တားနိုင်မယ် မထင်ဘူး။ ”

ရန်ကောင်းက သတ်ဖြတ်ခြင်း ရောင်ဝါကို စတင် ထုတ်ဖော်ကာ၊ ဘိုင်လိရွှမ်ကို ဖိနှိပ် လိုက်၏။

သို့သော် ဘိုင်လိရွှမ် ထံသို့ မရောက် ရှိမီ၊ ရှားယွင်ရှောင်က ရှေ့တစ်လှမ်း တိုးကာ၊

“ ငါ ဆိုရင်ရော မင်းကို တားဆီး နိုင်မယ် ထင်လား။ ”

“ စီနီယာ အစ်ကို …။ ”

ရှားယွင်ရှောင်ကို ကြည့်ပြီး၊ ဘိုင်လိရွှမ် တစ်ယောက် အံ့ဩ သွားသည်။

“ ရှားယွင်ရှောင် ... ၊ မင်းက ဒီကောင်ကို ဘာလို့ ကူညီ နေရ တာလဲ၊ သူ့ ကြယ်ပုလဲကို မလိုချင် ဖူးလို့ မပြောနဲ့။ ”

“ ငါ သူ့ကို သဘော မကျတာ သဘာဝ ပါဘဲ၊ ဒါပေမယ့် ငါ့ရဲ့ ဂျူနီယာ ကတော့ မတူဘူး၊ ဒါကြောင့် မင်း ငါနဲ့ မတိုက်ချင် ဖူး ဆိုရင်၊ အဲဒီ မှာပဲ ကျင့်ကြံပြီး နေပါ။ ”

တိမ်ယံ သုံးဆင့် ဂိုဏ်းမှ အခြားသော တပည့် များကို ဦးဆောင်ပြီး၊ ရှားယွင်ရှောင်က ဆိုသည်။

အခွင့် အရေးကို လက်လွှတ် လိုက်ရပြီ ဖြစ်သဖြင့်၊ ရန်ကောင်း တစ်ယောက် အံကြိတ် မိ၏။

ဤအခိုက် အတန့်တွင် ပုံရိပ် နှစ်ရိပ်၊ ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ လင်းယွန် ထံသို့ တိုးဝင် ပျံသန်း လာသည်။

ရန်ကောင်းက ချာခနဲ မော့ကြည့် လိုက်ပြီးနောက်၊ သဘော ကျစွာ ရယ်မော လိုက်တော့၏။

“ ဒီအမှိုက် တွေက အခွင့် အရေးကို၊ ဘယ်အချိန် ရယူ ရမလဲ ဆိုတာ တကယ် သိနေ တာပဲ။ ”

***

All Chapters