← Chapters

ငါ မင်းကို စောင့်နေမယ်။

Vol. 45 Ch. 629

ငါ မင်းကို စောင့်နေမယ်။

Vol. 45 Ch. 629

ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ နှစ်ဦးကြား တိုက်ပွဲမှာ ပြင်းထန်သော သဘာဝ ဖြစ်စဉ် များကို ထွက်ပေါ် လာစေ ခဲ့သည်။

တစ်ချိန်တည်း မှာပင် သွေးတောင်ပံ ခန်းမနှင့် ကောင်းကင် ပြည်နယ် အကယ်ဒမီ အကြား တိုက်ပွဲ သည်လည်း၊ ပြီးဆုံး သွား၏။

လင်းယွန် ဒဏ်ရာ ရသွား သည်ကို မြင်ချိန်၌၊ အခွင့်အရေးကို ချောင်းမြောင်း နေသူ များက၊ စတင် လှုပ်ရှား လာတော့သည်။

ကမောက်ကမ အခြေ အနေများ၌၊ အခြားသော ဂိုဏ်းငယ်များ အနေဖြင့်၊ တိုက်ပွဲ တွင် ပါဝင်သင့်၊ မသင့် တွန့်ဆုတ် နေပေသည်။

အဆုံး၌ ကြယ်ပုလဲ ဆိုသည်မှာ၊ ရှားပါးသော ရတနာ တစ်ပါး ဖြစ်ချေ၏။

သို့သော် ဂုဏ်သိက္ခာ ရှိသော ဂိုဏ်းများ ဖြစ်ကြ လေရာ၊ နာမည် ဂုဏ်သတင်း ကျဆင်း မည်ကို၊ စိုးရိမ် နေမိ ပြန်သည်။

မအောင်မြင် ပါက အင်အားကြီး ဂိုဏ်းများ၏ ပစ်မှတ် ဖြစ်လာ နိုင်ပေမည်။ တစ်ဖက်တွင် လင်းယွန်၌ ဝှက်ဖဲများ ရှိ နေဦး မည်ကို တွေးပူ မိပြန်၏။

သို့သော် ချင်းအန်နှင့် ပီယွဲ့မှာ၊ အရှက် ရမှုကို လက်စားချေ လိုသောကြောင့်၊ တုံ့ဆိုင်း မနေခဲ့ ကြပေ။

ထို့ကြောင့် မကြီးထွားခင်၊ လင်းယွန် အသက်ကို သဘာဝ အတိုင်း ရယူ ချင်၏။ မျက်စိ တမှိတ် အတွင်း မှာပင်၊ နှစ်ဦးသား လင်းယွန် ရှေ့သို့ ရောက်ရှိ လာကြသည်။

“ ကံကြမ္မာက အံ့ဩ စရာပဲ၊ လင်းယွန် ... မင်း ငါ့ ရင်ဘတ်ကို ဓားနဲ့ ထိုးခဲ့ တာကို မှတ်မိ သေးလား။ ”

ချင်းအန်က လင်းယွန်ကို မုန်တီးသော မျက်ဝန်း များဖြင့် စိုက်ကြည့် လိုက်၏။ ဓား ဒဏ်ရာမှ ကံကောင်း ထောက်မ စွာဖြင့်၊ အသက်ရှင် ခဲ့သည်။

သို့သော် တစ်ဝက် ခန့်သာ သက်သာ လာခဲ့ခြင်း ဖြစ်ပြီး၊ အပြည့် အဝ ပြန်ကောင်းရန်၊ နောက်ထပ် ဆယ်ရက်မျှ ထပ်မံ စောင့်ဆိုင်း ရပေ ဦးမည်။

“ ပန်းသင်္ချိုင်း၊ ယင်-ယန် အဆင့်၊ ကျွမ်းကျင်သူ သုံးယောက်ကို သတ်တုန်းက၊ မင်းအရမ်း အစွမ်းထက် ခဲ့တာ မဟုတ် ဖူးလား၊ အခု မင်း ဘာလို့ ဒီလောက် သနားစရာ ကောင်းနေ ရတာလဲ။ ”

ပီယွဲ့က စိတ်မကောင်း ဖြစ်ဟန်ဖြင့်၊ လင်းယွန်ကို ကြည့်ကာ ရယ်မော လိုက်သည်။

လင်းယွန် မှာမူ၊ မျက်နှာ ဖြူဖျော့နေ သော်လည်း၊ ယင်-ယန် အဆင့် ကျွမ်းကျင်သူ သုံးဦးမှာ၊ သူ့အား ဒဏ်ရာ များစွာ မပေး နိုင် သောကြောင့်၊ အဆိုးရွားကြီး မဟုတ်ချေ။

အကြီးမားဆုံး ဒဏ်ရာ ဆို၍ ထိန်းမနိုင် သိမ်းမရ၊ လွင့်မျော နေသော ဓားဆန္ဒ များသာ ရှိပေ၏။။

ရှန်ရှင်းဓား ရည်ရွယ်ချက်မှာ၊ အလွန် အစွမ်းထက် လှပြီး ဖြစ်ရာ၊ တုံ့ပြန်မှု မည်မျှ ဆိုးရွား မည်ကို တွေးကြည့် နိုင်သည်။

စီနီယာ တန်ယုသာ မကူညီ ပါက၊ ၎င်းကို ဖိနှိပ်ရန် အနည်းဆုံး နေ့တစ်ဝက်မျှ အချိန် ယူရ ပေလိမ့်မည်။

ယခုမူ သူ့ဓား ရည်ရွယ်ချက်မှာ၊ တည်ငြိမ် သွားပြီ ဖြစ်၏။ မူလ စွမ်းအင် ကုန်ဆုံး သွားသော ကြောင့်သာ၊ ချင်းအန်နှင့် ပီယွဲ့အား ရင်ဆိုင်ရန် ပြဿနာ ရှိနေခြင်း ပေပင်။

“ လင်း ယွန် ...။ ”

ဤအခြေ အနေကို မြင်လိုက် ရသော မိုလင်းမှာ၊ စိုးရိမ် စိတ်များ တိုးပွား လာခဲ့သည်။

“ သူတို့ကို တား ...။ ”

သွေးတောင်ပံ ခန်းမက၊ စိတ်လှုပ်ရှား လာ၏။ မည်သူ့ လက်၌ ဖြစ်စေ လင်းယွန် သေဆုံး ဖို့ရန် လိုချေပြီ။

ချင်းအန်နှင့် ပီယွဲ့မှာ၊ အရှက် ကင်းမဲ့ လွန်းသည်ဟု အားလုံးက ခံစား လာ မိကြ သော်လည်း၊ မည်သူမျှ ဝင်ရောက် စွက်ဖက် ဝံ့ခြင်း မရှိခဲ့ ကြချေ။

“ သေ စမ်း ... ။ ”

ရှားယွင်ရှောင် နှင့်အတူ ရပ်နေသော ဘိုင်လိရွှမ်မှာ လင်းယွန် ဆီသို့ ပြေးဝင် သွား လျက်မှ၊ ကျိန်ဆဲ လိုက်သည်။

“ အဟက် ... ၊ မင်း ... အဲဒီကို မရောက်ခင်၊ လင်းယွန် သေလိမ့်မယ်။ ”

ရန်ကောင်းက ဘိုင်လိရွှမ်ကို လှောင်ပြောင် လိုက်သည်။

“ ငါ့ ကိစ္စမှာ မင်း ...၊ ဝင်စွက်ဖက် စရာ အကြောင်း မရှိဘူး။ ”

ဘိုင်လိရွှမ်က ဒေါသ တကြီးဖြင့်၊ ရန်လိုစွာ ပြန်လှည့် ငေါက်လိုက်၏။ ထိုအပြု အမူကြောင့်၊ ရန်ကောင်း တစ်ယောက် မျက်နှာ မည်းမှောင် သွားသည်။

ဤအခိုက် အတန့်တွင်၊ အခါအခွင့် သင့် ပါက၊ ငရဲတိမ်လွှာ ဆေဘာဓားကို ဘိုင်လိရွှမ် အား၊ မြည်းစမ်းခွင့် ပေးမည်ဟု၊ ကျိန်ဆို လိုက်၏။

ထိုအချိန်တွင် လင်းယွန်က ချင်းအန်နှင့် ပီယွဲ့ကို ကြည့်ပြီး၊

“ မင်းကို အသက် ရှင်ခွင့်၊ ငါ မပေး ခဲ့သင့်ဘူး၊ ဒါပေမယ့် အခုလည်း အချိန်မှီ ပါသေးတယ်။ ”

“ ဟား ဟား ဟား၊ အင်ပါရီယန် သင်္ချိုင်းမှာ၊ မင်း လုပ်ခဲ့တာ တွေကို မေ့သွား ပြီလို့ ငါ ထင်ခဲ့ တာ၊ နှင်းလမင်းနဲ့ ကြယ်ပုလဲကို လွှဲပေးပါ။ ”

ချင်းအန်က အေးစက်သော အမူ အရာဖြင့်၊ ပြောင်ပြောင် တင်းတင်း ခြိမ်းခြောက် တောင်းဆို လိုက်သည်။

“ မင်းတို့ နှစ်ယောက်ရဲ့ အသက်ကို၊ ချမ်းသာ ပေးဖို့၊ တောင်းပန် ခဲ့တာကို ငါ မေ့လိမ့်မယ် ထင်နေ တာလား။ ”

လင်းယွန်က အထင် အမြင် သေး ဟန်ဖြင့်၊ ပြုံးရယ် လိုက်သည်။

“ မင်း ... ၊ သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”

“ သူ့ကို သတ် ... ။ ”

လင်းယွန်၏ ပျက်ရယ်ပြု ဟန်ကြောင့်၊ ချင်းအန်နှင့် ပီယွဲ့တို့က၊ ဒေါသများ ထွက်လာ ကြသည်။

ဓား ရည်ရွယ်ချက် ဖြိုခွဲ ခံလိုက် ရသည့် အပြင်၊ မူလ စွမ်းအင်များ ကုန်ဆုံး နေပြီ ဖြစ် သောကြောင့်၊ တစ်ဖက် လူမှာ ခြိမ်းခြောက်မှု မရှိ တော့ချေ။

“ ..... ။ ”

ထိုအချင်း အရာကို မြင်သူ တိုင်းက၊ နှလုံးသားများ ကြွေကျ သွားသလို ခံစား လိုက်ရ ၏။

သူတို့ အမြင်၌ လင်းယွန်မှာ၊ အသက် ရှင်လျက် လွတ်မြောက်ရန် နည်းလမ်း မရှိပေ။

သို့သော် လင်းယွန် အတွက်မူ၊ အနည်းငယ် မျှပင် ထိတ်လန့် နေပုံ မရ သည်ကို၊ သတိထားမိ လာကြသည်။

“ ငရဲ တိမ်လွှာ ခွဲဖွင့်ခြင်း။ ”

“ ကြက်သွေးရောင် ကြာပွတ်— အကန့် အသတ် မဲ့သော မီးတောက်များ ။ ”

ချင်းအန်နှင့် ပီယွဲ့တို့ နှစ်ဦး လုံးက၊ ၎င်းတို့၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို ထုတ်ဖော် လိုက်သည်။

လင်းယွန် အသတ်ခံ ရမည်ကို၊ မကြည့်လို သောကြောင့်၊ လူတိုင်း ခေါင်းယမ်း နေစဉ်၊ ရုတ်တရက် ပန်းချီကား ကိုးချပ် ထွက်ပေါ် လာ၏။

လင်းယွန်၏ မျက်ခုံး အလယ် ဗဟိုမှ၊ စူးရှသော အလင်းများ တောက်ပ လာပြီး၊ စိတ်ဝိညာဉ် နန်းတော် ပွင့်လာကာ၊ ဝိညာဉ် စွမ်းအင်များ ပန်းချီကား များပေါ်သို့၊ စီးဝင် သွားသည်။

ပန်းချီကား ကိုးချပ် ပေါင်းစပ် ပြီးနောက်၊ မီးတောက်များ လျှံထွက် လာပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး ဖုံးလွှမ်း သွား၏။

“ ဝိညာဉ် ရေးရာ ပန်းချီကား။ ”

“ ဖီးနစ် မီးလျှံ ပန်းချီ။ ”

“ အဲဒါ ဟုတ်ပါ့ မလား၊ ဖီးနစ် မီးလျှံ ပန်းချီက အစွမ်းထက် ပေမယ့်၊ ဒီလောက် အထိ ကြောက်စရာ ကောင်းပါ့ မလား။ ”

“ ဟုတ်တယ် ...၊ ဒါက အဓိပ္ပာယ် မရှိဘူး၊ ပန်းချီ ကားမှာ နတ်ဘုရား ရူရ်ရဲ့ စွမ်းအားတွေ တစ်စွန်း တစ်စ ပါဝင် နေတယ် …။ ”

“ ဒီကောင်လေးမှာ ...၊ ဝှက်ဖဲတွေ ရှိနေ တုန်းပဲ။ ”

လင်းယွန် ထံမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ် လာသောကြောင့်၊ လူတိုင်း ထိတ်လန့် သွား၏။

ပန်းချီကား ကိုးချပ် အပြည့်အ၀ ပေါင်းစပ် သွားချိန်တွင်၊ ကြီးမား လှသော ဖီးနစ် ငှက်ကြီး တစ်ကောင်၊ ထွက်ပေါ် လာသည်။

“ နောက် ဆုတ် ... ။ ”

လင်းယွန်တွင် ဝှက်ဖဲ ရှိနေ ဦးမည်ဟု၊ မမျှော်လင့် ထား သောကြောင့်၊ ချင်းအန်နှင့် ပီယွဲ့၏ မျက်နှာများ ပြောင်းလဲ သွားသည်။

ဖီးနစ်ငှက် ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအားအား ပေါက်ကွဲ ထွက်လာ ပြီး၊ မီးတောက်များ မှုတ်ထုတ် လိုက်သည်။

ဖီးနစ် အော်သံနှင့် အတူ၊ ချင်းအန် တို့အား မီးတောက်များ ဖုံးလွှမ်း သွားကာ၊ ကောင်းကင် ထိတိုင် ထိုး တက်သွား၏။

မီးလျှံများ ပျောက်ကွယ် သွားချိန်၌၊ သွေးအန်လျက် ပီယွဲ့နှင့်၊ ချင်းအန်တို့ ပြန်လည် ထွက်ပေါ် လာခဲ့သည်။

ပြင်းထန် လွန်းသော အပူ ရှိန်ကြောင့်၊ သူတို့၏ ခန္ဓာကိုယ် အစိတ် အပိုင်းများ လောင်ကျွမ်း သွား၏။

“ ဘယ်လို ဖြစ်တာလဲ …။ ”

“ ဖီးနစ် မီးလျှံ ပန်းချီ ကားက၊ ဘယ်လိုတောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”

ချင်းအန်နှင့် ပီယွဲ့ တို့ နှစ်ဦးက၊ ထိတ်လန့်တုန်လှုပ် နေစဉ်၊ ဓားရောင် တစ်ချက် လင်းလက် လာကာ၊ ခေါင်းပြတ် နှစ်လုံး ရုတ်တရက် မြောက်တက် သွား၏။

ခေါင်းပြတ် နှစ်လုံး ကောင်းကင်မှ၊ ပြန်လည် ပြုတ်ကျ လာချိန်တွင်၊ လင်းယွန်မှာ ကျောခိုင်းလျက် အဝေးသို့၊ ရောက်ရှိ သွားပြီ ဖြစ်သည်။

သူ့မျက်နှာ တစ်ခုလုံး၊ ပို၍ ဖြူဖျော့လာ သော်လည်း၊ ကြောက်ရွံ့ မှုများ ရှိ မနေ ခဲ့ချေ။

ဖီးနစ် မီးလျှံ ပန်းချီကားမှာ၊ အစွမ်းထက် သကဲ့သို့၊ သူ့အား ပို၍ ပင်ပန်း နွမ်းနယ် သွား စေသည်။

ယခု အချိန်၌ သူ့ အသတ်ကို ရယူ လိုပါက၊ အကောင်းဆုံး အခွင့်အရေး ဖြစ်၏။

ထို့ကြောင့် သတ်ရန် ပြေးဝင် လာသော၊ လူအုပ်ထံ မော့ကြည့် ကာ၊ သွေးတစ်လုတ် အန်ချ လိုက်မိသည်။

ပီယွဲ့ တို့အား ခေါင်းဖြတ် ချိန်၌၊ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာ တစ်ရပ်လုံး၊ မခံမရပ် နိုင်အောင် နာကျင် နေပြီ ဖြစ်၏။

ထို့ကြောင့် ဒူးထောက်ကာ ညွတ်ကျလာ သဖြင့်၊ ဓားဖျားကို မြေပြင်ပေါ် ထောက်ပြီး၊ ပြန်လည် ထိန်းမတ် လိုက်ရ သည်။

( ဒါက အဆုံးလား။ )

ရုတ်တရက် အားကိုးရာ မဲ့သော ခံစား ချက်များ ဝင်ရောက် လာပြီး၊ ပတ်ဝန်းကျင်ထံ ဝေ့ကြည့် လိုက်မိ၏။

မြောက်ပင်လယ် မဝင်မီ၊ ဝှက်ဖဲ အမြောက် အများကို ပြင်ဆင် ထားသော်လည်း၊ အဆုံး၌ ကူကယ်ရာ မဲ့ နေဆဲ ပေပင်။

ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင် တစ်ဦးက သူ့အား တိုက်ခိုက် လာလိမ့် မည်ဟု၊ မမျှော်လင့် ထားမိချေ။

“ လူမိုက် ... ၊ မင်း လာသင့်ပြီ၊ မဟုတ်လား။ ”

လင်းယွန်က နဂါးလေးကို ညည်းညူ တောင်းတ လိုက်၏။ ထိုအချိန်တွင် ရူးသွပ်စွာ အော်ဟစ် လိုက်သော၊ လူတစ်ယောက် အသံကို ကြားလိုက် ရသည်။

“ တိမ်ယံ သုံးဆင့်- ဖျက်ဆီးခြင်း တိမ်တိုက်၊ ပြင်းထန်သော မိုးကြိုး။ ”

ရုတ်တရက် လင်းယွန်ကို သတ်ရန် လေထဲမှ၊ ပျံဝဲ လာသော လူအုပ် ကြီးမှာ၊ သွေးမြူများ အဖြစ် ချက်ချင်း ပြောင်းလဲ သွား၏။

“ အဖြူလေး ... ။ ”

သူ့အား ကူညီ လာသော လူရိပ်ကို မော့ကြည့်ကာ၊ အံ့သြ သွားသည်။ ဘိုင်လိရွှမ်က ကောင်းကင်မှ ဆင်းသက် လာပြီး ပြုံးလျက်၊

“ မင်းက ... ဒီလို လွယ်လွယ်နဲ့၊ သေတဲ့ လူ မဟုတ်ဖူး ဆိုတာ ငါသိတယ်။ ”

-ဟု ဆိုလိုက်၏။

အပြုံးကို ညှစ်ထုတ် ရာ၌၊ သူ့ အတွက် အခက်အခဲ ရှိခဲ့ သော်လည်း၊ စိတ်လှုပ်ရှား နေမိ သည်မှာ၊ အမှန် ပေပင်။

သူ ရောက်ရှိချိန် အထိ၊ လင်းယွန် အသက်ရှင် နိုင်ခဲ့သည့် အပေါ်၊ တကယ်ပင် ဝမ်းသာ လှ၏။

သို့သော် ရှုပ်ထွေးသော အတွေးများ ဝင်ရောက် လာပြီး၊ ပျော်ရွှင် မှုမှာ၊ ခဏသာ ခံချေသည်။

အနားရောက် လာသော နဂါးသွေး မြင်းက၊ အတိတ်မှ အာဃာတ များကြောင့် ဘိုင်လိရွှမ် အပေါ်၊ အကောင်းမြင် စိတ်များ မရှိချေ။

ထိုအချိန်တွင် မိုးပြာ နဂါး သွေးအဆီ အနှစ်ကို လက်ဆောင်ပေး ချင်ခဲ့ သော်လည်း၊ ဘိုင်လိရွှမ် ဒေါသထွက် မည်မှာ သေချာ၏။

ထို့ကြောင့် နဂါးလေး အပေါ်၊ ချက်ချင်း ခုန်တက် လိုက်ပြီး၊ ဘိုင်လိရွှမ်အား ပြန်လှည့် ကြည့်ကာ၊

“ သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ မင်းရဲ့ မိုးပြာနဂါး ဓားသုတ္တန် အစွမ်းကို၊ ငါ စောင့်မျှော် နေမယ်။ ”

-ဟု နှုတ်ဆက် လိုက်တော့၏။

***

All Chapters