← Chapters

ချစ်စစ်။

Vol. 45 Ch. 630

ချစ်စစ်။

Vol. 45 Ch. 630

လင်းယွန် ထွက်ခွာ သွားသော်လည်း၊ လူ အများက သူ့ နောက်ကို လိုက်ရန် ကြိုးစား နေကြဆဲ ဖြစ်သည်။

သို့သော်၊ သူတို့ အားလုံး နဂါးလေး ချန်ခဲ့သော၊ ဖုန်မှုန့် များကိုသာ စားလိုက် ရချေ၏။

မိုးကုပ် စက်ဝိုင်းကို နောက်ခံ ပြုလျက်၊ ကြက်သွေးရောင် အလင်းတန်းမှာ တရွေ့ရွေ့ ပျောက်ကွယ် သွားတော့သည်။

ယင်းကြောင့် လူတိုင်း သက်ပြင်း ချလိုက် ကြ၏။ လင်းယွန် ထွက်သွားပြီ ဖြစ် သော်လည်း၊ ဂုဏ်သတင်းမှာ နေသာ စီရင်စု၌ အချိန် အတော်ကြာ၊ ဆက်ရှိ နေဦးမည် ဖြစ်သည်။

နေသာ စီရင်စုရှိ၊ အမည်ခံ ဂိုဏ်းများ မဆိုနှင့်၊ ယန် နန်းတော် ၌ပင်၊ ဤမျှ ထက်မြက် ရဲရင့်သော လူငယ်မျိုး၊ မရှိချေ။

အင်ပါရီယန် သင်္ချိုင်းတွင်၊ ဂိုရှု၊ ချင်းအန်နှင့် ပီယွဲ့ ကဲ့သို့သော ပါရမီရှင် များစွာကို အနိုင် ယူပြီး သူ့ ခရီးကို စတင် ခဲ့သည်။

နောက်ဆုံးတွင် ဂျီဝူယီ သာမက၊ ယင်-ယန်အဆင့် အကြီးအကဲ သုံးဦးအား၊ ‘ပြာ’အဖြစ် ပြောင်းလဲ ပစ်ခြင်းဖြင့်၊ အဆုံးသတ် ဖြစ်လာ၏။

အဆိုပါ ရလဒ်မျိုး မိုလင်းပင် မမျှော်လင့် ထားခဲ့ချေ။ ထို့ပြင် ဤသည်မှာ လင်းယွန်၏ ကန့်သတ်ချက် မဟုတ် သေးကြောင်း၊ ပြောနိုင် ၏။

ပြသ လာသော အရည် အချင်း များအရ၊ နေသာ စီရင်စု တစ်ခု လုံးကို စွဲဆောင် နိုင်မည် မှာ သေချာသည်။

“ ဒီကောင့်ကို ... ၊ လိုက်မမှီ တော့တာ သေချာပြီ။ ”

ရန်ကောင်းက စိတ်ဓာတ် ကျသော လေသံဖြင့်၊ ညည်းညူ လိုက်သည်။ ထို့ကြောင့် ရှားယွင်ရေှာင်က လှည့်ကြည့် လာပြီး၊

“ မင်းရဲ့ အသက်ကို ...၊ ငါ ကယ်ခဲ့တဲ့ အတွက်၊ မင်း ပျော်နေ သင့်တယ်။ ”

-ဟု ပြုံးကာ ဆိုသည်။

ပြီးနောက် ချင်းအန်နှင့် ပီယွဲ့ တို့၏ ခေါင်းပြတ် အလောင်း များထံ၊ မျက်ခုံး ပင့်ပြ လိုက်၏။

မျိုးဆက်သစ် လူငယ်များ ကြားတွင် ပြီးပြည့်စုံသော ရှန်ရှင်းဓားအား ဆုပ်ကိုင် ထား နိုင်ရန် မလွယ်ချေ။

တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး ၌ပင်၊ အများ အပြား မရှိချေ။ တိမ်ယံ သုံးဆင့် ဂိုဏ်းတွင်၊ တစ်ယောက်မျှ မရှိကြောင်း၊ ဝန်ခံ ရပေမည်။

ဓားရည်ရွယ် ချက်မှာ၊ ဖိနှိပ်ရန် မလွယ်ကူ သော်လည်း၊ အတွင်း အဆင့် ပါရမီရှင် များ၌၊ ဂျီဝူယီ ကဲ့သို့သော ကိုယ်ပိုင် ကမ္ဘာများ ရှိချေ သည်။

၎င်းနယ်မြေ များက၊ ဓားရည်ရွယ် ချက်ကို ကန့်သတ် နိုင်ပေ၏။ သို့သော် လင်းယွန် အပေါ် အကျိုး သက်ရောက်မှု မရှိချေ။

ရှားယွင်ရှောင် အနေဖြင့်၊ ပြီးပြည့် စုံသော ဓားတစ်လက်၏ ထက်ရှ မှုကို၊ နားလည် ထား ချေသည်။

“ ဒါပေမယ့် ...၊ ငါဆိုရင် ရလဒ်က ဘာဖြစ်မယ် ဆိုတာ ဘယ်သူ သိမှာ မလဲ။ ”

ရန်ကောင်းက သူထွက် မသွားခင် အော်ဟစ် လိုက်သည်။

“ ဒါက ...၊ မင်း စကားလေ ။ ”

ရှားယွင်ရှောင်က ရန်ကောင်းကို၊ လှည့်ကြည့်ကာ၊ လှောင်ပြောင် လိုက်သည်။

သူ့ အမြင်၌ ဖီးနစ် မီးလျှံ ပန်းချီမှာ၊ ကြောက်စရာ ကောင်းလှပြီး၊ လင်းယွန်တွင် ဒဏ်ရာများ ပို၍ ပြင်းထန် လာမည်ဟု၊ ယုံကြည်၏။

***

ဆယ်ရက် အကြာတွင် မဟာချင် အင်ပါယာရှိ၊ တော်ဝင် နန်းတော် တစ်နေရာ၌၊ ပုံရိပ် တစ်ရိပ် ငြိမ်သက်စွာ ထိုင်နေ၏။

သူ့ ရှေ့တွင် စားပွဲ တစ်လုံး ရှိနေပြီး၊ ဟောင်းနွမ်းသော ပေစာချပ် များကို ဖြန့်ခင်း ထားသည်။

မျက်နှာကို ပုဝါ စဖြင့် ကွယ်ထား သော်လည်း၊ ဧကရာဇ် တစ်ပါး၏ အငွေ့အသက် များကိုမူ၊ ထုတ်ဖော် ထားလေသည်။

ယင်းမှာ မဟာချင် အင်ပါယာ၏၊ အကြီးမြတ် ဆုံးသော ဧကရီ တစ်ပါး ဖြစ်ကြောင်း၊ သိသာ နေစေ၏။

ငြိမ်သက်စွာ ထိုင်နေ ခဲ့သော်လည်း၊ ကမ္ဘာကြီး တစ်ခုလုံး သူမ လက်ထဲ ရှိနေ ကြောင်း၊ ခံစား လာရ စေသည်။

မဟာချင် အင်ပါယာ၏ အစစ်အမှန်၊ အုပ်စိုးရှင် တစ်ဦး ဖြစ်သော၊ သူမ အရှိန်အဝါမှာ၊ သုံးလ အတွင်း ပိုမို အားကောင်း လာသည်။

ယခင် ဧကရာဇ်ဖြင့် ယှဉ်ပါက၊ ပိုးစုန်းကြူးနှင့် လမင်းကြီး တစ်စင်း ကဲ့သို့ ကွာခြား လေ၏။

ထိုအခိုက် အတန့်တွင်၊ သင်းပျံ့သော ဝိုင်ရနံ့များ နှင့် အတူ၊ ပုံရိပ် တစ်ရိပ် ရုတ်တရက် ဝင်ရောက် လာသည်။

အခန်း ထဲရှိ ထိုင်နေသော ပုံရိပ်ထံ၊ တစ်ချက် လှမ်းကြည့် လိုက်ပြီး၊ လက်ထဲရှိ မျောက်ဝိုင်ကို တစ်ကျိုက် မော့ချ လိုက်၏။

ဆုဇီယာ၏ စာကြည့်ခန်းထဲ ဤသို့၊ ဝင်ရောက် နိုင်သော လူမှာ၊ လွင့်မေျာ နေသော ရေခွက်မှ လွဲ၍ အခြားသူ မရှိချေ။

“ လင်းယွန်၊ သတင်း ရခဲ့လား။ ”

ဆုဇီယာက ပေစာရွက် များကို ခေါက်လိုက်ပြီး၊ လွင့်မေျာ နေသော ရေခွက်ထံ၊ ပြန်လှည့် ကြည့်လာသည်။

ချင် အင်ပါယာမှာ သေးငယ် လွန်းသည့် အတွက်၊ ကမ္ဘာ ကြီးကို ကြည့်ရန် အပြင် ထွက် ခြင်းသည်၊ သဘာဝ ပေပင်။

လွင့်မျော နေသော ရေခွက်က ခေါင်းညိတ် လိုက်ပြီး၊

“ တိမ်နဂါး အဆင့် ပါရမီရှင် တွေကို၊ စွဲဆောင် နိုင်တဲ့၊ အင်ပါရီယန် သင်္ချိုင်း တစ်ခု မြောက်ပင်လယ်မှာ ပေါ်လာတယ်၊ ... ”

“ ... ဒါကြောင့် ပြင်ပ အဆင့်က၊ ထိပ်ဆုံး (၁၀)ဦး ဖြစ်တဲ့ ဂျီဝူယီနဲ့ ရန်ကောင်း အပါအဝင်၊ ကျွမ်းကျင် သူတွေ လှုပ်ရှား ခဲ့ကြတယ်။ ”

ဆုဇီယာ အမူအရာမှာ အပြောင်း အလဲ မရှိခဲ့ပေ။ ဆက်ပြော လာမည့် စကားများ အပေါ်သာ၊ စောင့်မျှော် နေ၏။

“ လင်းယွန်က နေသာ စီရင်စုမှာ၊ ရှိနေတဲ့ အတွက် သူလည်း အဲဒီကို သွားခဲ့တယ်၊ ဒါကြောင့် နည်းနည်းတော့ ရှုပ်ထွေး ကုန်ပြီ။ ”

မဟာချင် အင်ပါယာမှ ဓားသမား တစ်ဦး အနေဖြင့်၊ တိမ်နဂါး အဆင့် ပါရမီရှင် များကို အမှန် တကယ်ပင်၊ အနိုင်ယူ နိုင်ခဲ့သည်။

ဂျီဝူယီကို အနိုင် ယူပြီး၊ အင်ပါရီယန် အမွေအား၊ ရိတ်သိမ်း ခဲ့ကြောင်း ကြားလိုက် ရချိန်၌၊ ဆုဇီယာ တစ်ယောက် အံ့အားသင့် သွားသည်။

သုံးလ အတွင်း တိမ်နဂါး များကို အမှီ လိုက်နိုင် ခဲ့သော လင်းယွန် အပေါ်၊ အနည်းငယ် ကြေနပ် သွား၏။

“ ဒါက အကုန်တော့ မဟုတ် သေးပါဘူး၊ လင်းယွန်နဲ့ ရန်ငြိုး ဖွဲ့ထားတဲ့ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း တစ်ဂိုဏ်း ရှိတယ်၊ ... ”

“ ... ဒါကြောင့် လင်းယွန်ကို သတ်ဖို့၊ ယင်-ယန် အဆင့်၊ အကြီးအကဲ သုံးဦးကို စေလွှတ် ခဲ့တယ်။ ”

“ သွေးတောင်ပံ ခန်းမ။ ”

ဆုဇီယာက သတ်ဖြတ် လိုသော ရောင်ဝါများ ထုတ်ဖော်ကာ၊ မျက်လုံးများ မှေးစင်းလျက် ရေရွတ် လိုက်သည်။ ခဏ အကြာတွင် ပြန်လည် ငြိမ်သက် သွားပြီး၊

“ မင်း ... ပြန်ရောက် လာတယ် ဆိုတော့၊ လင်းယွန် မသေဖူး မဟုတ်လား။ ”

-ဟု ဆိုလိုက်၏။

လွင့်မျော နေသော ရေခွက်က သက်ပြင်းချ လိုက်ကာ၊

“ သူ မသေရုံတင် မဟုတ်ဘူး၊ အဲဒီ အကြီးအကဲ သုံးယောက် ကိုတောင် သတ်ပစ် လိုက်သေးတယ်၊ အခု သူက နေသာ စီရင်စုရဲ့ ကြောက်စရာ အကောင်းဆုံး ဓားသမား တစ်ယောက် ဖြစ်နေပြီ၊ ... ”

“ ... သွေးတောင်ပံ ခန်းမက ဒီကိစ္စကို လွှတ်ထားမယ် မထင်ဘူး၊ မြောက်ပင်လယ် ထဲက ထွက်နိုင် ခဲ့ရင်တောင်၊ တိမ်မိစ္ဆာ ကိုယ်တိုင် အမဲလိုက် လိမ့်မယ်။ ”

လွင့်မျော နေသော ရေခွက်၏ စကား များအရ၊ လင်းယွန် နောက်သို့၊ မုန်တိုင်း တစ်ခု ကျရောက် နေပြီဟု ပြောနိုင်၏။

ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိ လာပြီး၊ လွင့်မျော နေသော ရေခွက်ဘက် လှည့် ကာ၊

“ ဒီ သတင်း ဓားနန်းတော်ကို၊ ဝေမျှ ပေးလိုက် ပါဦး။ ”

-ဟု ဆိုလိုက်၏။

လွင့်မျော နေသော ရေခွက်က၊ မျောက်ဝိုင်ကို တစ်ငုံ သောက်ပြီး၊ ဆုဇီယာအား ပြန်မော့ ကြည့်သည်။

သူမ ထံမှ ထွက်လာသော ဖိအားမှာ၊ ပို၍အားကောင်း လာပြီး၊ နားမလည် နိုင်အောင် ဖြစ်လာ စေသည်။

လွန်ခဲ့သည့် သုံးလ အတွင်း၊ သူမ ခွန်အားတွင် ကြီးမားသော အပြောင်း အလဲ ရှိလာ ပုံ ရ၏။

“ မင်း ... မကြာခင်၊ ထွက်သွား တော့မှာ မဟုတ်လား။ ”

လွင့်မျော နေသော ရေခွက်က မေး၏။

“ အင်း ... ဆုံးဖြတ် ထားတယ်။ ”

ဆုဇီယာက လွင့်မျော နေသော ရေခွက်ကို၊ လှည့်ကြည့်ပြီး ပြန်ဖြေသည်။ လွင့်မျော နေသော ရေခွက်က၊ စကားထက် မဆို တော့ချေ။

ခါးသီးသော အပြုံးဖြင့် ခေါင်းကို ခါယမ်း လိုက်သည်။ ကောင်းကင်ဘုံ ကိုးပါး ရောက် လျှင်ပင်၊ ရအောင် လိုက်ရှာ မည်ဟု၊ ကြွေးကြော် ခဲ့သော၊ လင်းယွန် စကား များကို ရုတ်တရက် သတိရ သွား၏။

ထို့ကြောင့် သည့်ထက် ပို၍ ကြိုးစား အားထုတ် ဖို့လို နေချေပြီ၊ သို့မဟုတ် ပါက၊ သူမကို အမီလိုက် နိုင်တော့မည် မဟုတ်ပေ။

နောက်ထပ် အကြောင်း အရာ တစ်ခုကို၊ ထပ်မံ သတိရ လာပြီးနောက်၊ စိတ်ထဲမှ နင့်နင့် သီးသီး အော်ဟစ် ပစ်လိုက်၏။

(ငါ ... သူနဲ့ အတူ အိပ်ခဲ့တယ်၊ ဒါကြောင့် သူ ဘယ်သွားသွား ငါ ရှာမယ်။ )

ဤလေသံ၊ ဤခံယူချက် ကြောင့်ပင်၊ ဆုဇီယာမှ ရွေးချယ် ရခြင်း ဖြစ်ခေျမည်။

သို့သော် သုံးလ အတွင်း သည်မျှ သန်မာ လာလိမ့် မည်ဟု၊ မထင်ထား သည်မှာ အမှန် ပေပင်။

ဓားနန်းတော်သည်၊ မဟာချင် အင်ပါယာ၌၊ အသန်မာဆုံး ဓားဂိုဏ်း ဖြစ်လာ သောကြောင့်၊ စည်ကား သိုက်မြိုက် လှလေ၏။

ဤအခိုက် အတန့်တွင် အကြီးအကဲ များနှင့်၊ ဓားထမ်း အကြီး အကဲ ခုနစ်ဦး တို့မှာ၊ ခန်းမ တစ်ခု အတွင်း၌ စုဝေး နေကြသည်။

လွင့်မျော နေသော ရေခွက်၏၊ ဝေမျှ လာသော သတင်းကို စိတ်လှုပ်ရှား စွာဖြင့်၊ ကြည့်နေ မိကြသည်။

“ ဒါ ... ဒါ အမှန်လား။ ”

“ မှန်မှာပါ၊ ဒါက လွင့်မျော နေသော ရေခွက် ကိုယ်တိုင် ပေးပို့ လာတာပဲ။ ”

“ သုံးလပဲ ရှိသေးတယ်၊ လင်းယွန်က တိမ်နဂါး တွေနဲ့ ယှဉ်ပြိုင် နိုင်နေပြီ။ ”

“ မယုံ နိုင်စရာပဲ၊ ဂျီဝူယီတောင် သူ့လက်မှာ၊ ရှုံးနိမ့် ခဲ့တယ်။ ”

“ အဲ့ဒါထက် ယင်-ယန် အဆင့်၊ အကြီးအကဲ သုံးဦးကို ဘယ်လိုများ သတ်ပစ် နိုင်ခဲ့ ရ တာလဲ။ ”

“ ဘာပဲ ဖြစ်ဖြစ် သူ့ကို စောင့်ရှောက် ပေးစရာ မလိုတော့ ပါဘူး။ ”

အကြီးအကဲများ မျက်နှာတွင်၊ အံဩ ဝမ်းသာခြင်း များနှင့် ပြည့်နှက် လာ၏။ သို့သော် ချက်ချင်း ပြုံးရယ် ကုန်ကြသည်။

ကောင်းကင် ဓားဂိုဏ်း၏ ဖိတ်ခေါ် မှုကို၊ ငြင်းပယ်ကာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၌၊ ဧည့် သင်းထောက် ရာထူးသာ ရယူ ထား သောကြောင့်၊ ပို၍ ပျော်ရွှင် လာရ၏။

ဆိုလို သည်မှာ လင်းယွန် အနေဖြင့်၊ သူ့ကိုယ်သူ ဓားနန်းတော်၏ တပည့် အဖြစ် ခံယူ နေဆဲ ဖြစ်သည်။

အဆုံးတွင် ကျေးဇူး တရားကို၊ မည့်သည့် အခါမျှ မေ့ပုံ မရချေ။ ကာကွယ်သူ မက်မွန်က၊ ပြုံးလိုက်၏။

ယခု အချိန်၌ သူ့ကို နန်းတော် သခင်ဟု၊ ခေါ်ဆို ရပေမည်။ ယခင် နန်းတော် သခင်နှင့်၊ သခင် (၁၃)မှာ၊ မဟာချင် အင်ပါယာမှ ထွက်ခွာ သွားသော ကြောင့်၊ ဓားနန်းတော်ကို တရားဝင် လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

အခြားသူ များနှင့် နှိုင်းယှဉ် ပါက၊ လင်းယွန်အား ဘိုင်လိရွှမ် ကူညီ ပေးခဲ့သည့် အတွက်၊ ပို၍ ကျေးဇူး တင်မိ၏။

ဘိုင်လိရွှမ်မှာ တစ်ချိန်က သူ၏ တပည့် ဖြစ်ခဲ့ ဖူးချေသည်။ တိမ်ယံ သုံးဆင့် ဂိုဏ်းဖြင့်၊ ပူပေါင်း ခဲ့သည့် အပေါ်၊ လုံးဝ နားလည် ပေးနိုင်၏။

မဟာချင် အင်ပါယာရှိ အခြားသော ဂိုဏ်းများ ပင်လျှင်၊ သူတို့၏ တပည့် များအား ရွေးချယ် ခဲ့ပါက၊ ထိုအခွင့် အရေးကို၊ ဂုဏ်ယူ စရာ အဖြစ် ယူဆမည် ဖြစ်သည်။

လင်းယွန် အတွက်မူ မှန်ကန်သော ရွေးချယ်မှု၊ ဖြစ်ချေ၏။

“ အားလုံးပဲ ...၊ လင်းယွန် အတွက် မတော်တဆ မှုတွေ မဖြစ် စေဖို့၊ ဒါကို လျှို့ဝှက် ထား ရမယ်။ ”

ကာကွယ်သူ မက်မွန်က ပြုံးကာ ဆိုသည်။ သွေးစွန်းသော ဧည့်ခံပွဲ မတိုင်မီ၊ လင်းယွန် တစ်ယောက် သည့်ထက် ပို၍ ကြီးထွားရန်၊ သူ မျှော်လင့် မိချေ သည်။

***

All Chapters