အဂူး ထွက်လာခဲ့
Vol. 38 Ch. 741
မနက်ခင်းပြိုင်ပွဲအတွင်းတွင် ယန်းမြို့၏ အတွင်းအကြီးအကဲကြီးသည် ယခုလို အဖွင့်စကားမပြောကြားပေ။ ဤအခိုက်အတန့်တွင် သူ၏စကားများ သည် တောက်လောင်နေသည့် ထင်းမီးပုံထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားစေသည်မှာ မလွဲပေ။ ရင်ပြင်တစ်ခုလုံးရှိ လေထုသည် ပေါက်ကွဲ လုမတတ် ရုတ်တရက် အုန်းအုန်းကျွက်သွားလေသည်။ ရင်ပြင်တစ်ခုလုံးသည် တညီတညွှတ်တည်း အော်ကြလေသည် “တိုက် တိုက် တိုက်”
တိုက်ပွဲကို မတောင့်တသော ကျွမ်းကျင်သူဟူ၍မရှိပေ။ တိုက်ပွဲကသာ သူတို့ကိုအဆင့်တက်စေပြီး ပို၍သန်မာလာစေသည်။
ယန်းမြို့၏အကြီးအကဲကြီးသည် ကျေနပ်စွာဖြင့် လှည့်ပတ်ကြည့်လိုက် သည်။ သူ့အကြည်သည် ယန်ယဲ့အပေါ်ရောက်သွားပြီး ခေတ္တမျှရပ်တန့်ကာ ခေါင်းညိတ်လေသည် “ဟုတ်ပြီ အခု စလိုက်ရအောင်”
သူ၏အသံသည် ရင်ပြင်ထဲတွင် ပဲ့တင်ထပ်နေသည်။ ရင်ပြင်တစ်ခုလုံးကို ချက်ချင်းဆိုသလိုပင် ထိုးဖောက်မြင်နိုင်သော စွမ်းအင်အကာဖြင့် လွှမ်းခြုံလိုက် သည်။ ချက်ချင်းနီးပါးပင် အဖြူရောင်ဝိညာဉ်စွမ်းအင်စိးကြောင်း လက်လာပြီး အပြာနုရောင်ဒြပ်စင်စွမ်းအင်လည်း ရောယှက်ပါဝင်နေသည်။ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းများသည် တစ်ခုနှင့်တစ်ခု ဖြတ်ကာ ကြီးမားသော မှော်သားရဲ များသည် ရင်ပြင်ထဲတွင်ပေါ်လာသည်။ ရင်ပြင်ထဲတွင် အယောက် ၁၀၀ သာရှိ သော်လည်း မြင်ကွင်းသည် မနက်ကတိုက်ပွဲထက်ပို၍ ခမ်းနားသည်။
ရက်စက်ကြမ်းကြုတ်သောငှက်များနှင့် ထူးဆန်းသည့်အသွင်အပြင်နှင့် ရက်စက်သော သားရဲများလည်းရှိနေသည်။ ထိုအချိန်တွင် ငှက်များသည် တွန်ကာ သားရဲများ မာန်ဟိန်းရာ သူတို့၏ရောင်ဝါများလည်းထွက်လာသည်။
ပေထင်းဟွမ်၏ မျက်လုံးများ ပြူးကျယ်လာသည်။ အသင်း ၆ သင်းသည် ဝိညာဉ်သားရဲ သို့မဟုတ် မွန်မြတ်သောသားရဲအဆင့်ရှိသော မှော်သားရဲများကို ဆင့်ခေါ်နေသည်ကိုမြင်သောအခါ သူမသည် ထိတ်လန့်မိသည်။ ခွန်အားကို ကောင်းကောင်းဖုံးထားနိုင်သည်မှာ သူမ တစ်ယောက်တည်းမဟုတ်ပေ။
ရင်ပြင်တစ်ခုလုံးကို စခန်းနှစ်ခုခွဲထားသည်။ သူတို့ စင်ပေါ်သို့တက်သည် နှင့် အသင်း ၆ သင်းသည် ကျန် ၄ သင်းနှင့် ခပ်ခွာခွာနေလေသည်။ သူတို့သည် ကျောင်းကြီးလေးခုမှ အသင်းနှင့် နောက်ဆုံးအချိန်တွင် မတိုက်ခိုက်ရရန် ပြင်ဆင်နေသည်မှာ ထင်ရှားသည်။
ပေထင်းဟွမ်သည် အကြည့်ကိုပြန်ရုတ်လိုက်သည်။ ထိုအချိန်တွင် တခြား သုံးသင်းသည် ပေထင်းဟွမ်အသင်းအား ဝိုင်းထားလေသည်။ သူတို့သည် တမင် လုပ်ခြင်းမဟုတ်သော်ငြား သံမဏိသွေးကို သုံးဖက်သုံးလံဝိုင်းထားလေသည်။ ပေထင်းဟွမ်သည် ထိုအရာကိုမြင်သော်လည်း ဂရုမစိုက်ပေ။ ထိုအစား သူမသည် အသိစိတ်ပင်လယ်ထဲမှ အဂူးကို အမိန့်ပေးလိုက်သည် “အဂူး ထွက်လာခဲ့”
“ဟုတ်ကဲ့ သခင်” အဂူး၏အသံဆုံးသည်နှင့် သွေးကျောက်စိမ်းနှင့် တူသော လက်ပတ်သည် ပေထင်းဟွမ်၏ လက်ကောက်ဝတ်တွင်ပေါ်လာ၏။ နွယ်ပင်နှင့်တူသော ရှေးဟောင်းပုံစံများသည် သွေးရောင်အလင်းနှင့်အတူ ချက်ချင်းပင် ရင်ပြင်တစ်ခုလုံးကို ထင်ဟပ်လေသည်။
ရင်ပြင်ထဲမှ လူများအားလုံးနီးပါးသည် ထိုဘက်သို့ကြည့်ကြသည်။ ထိုအချိန်တွင် သူတို့ကို သွေးနီရောင်အလင်းဖြင့်ထင်ဟပ်နေသည်။ သူတို့၏ မျက်အိမ်များသည် ကျဉ်းမြောင်းလာသည်။ သူတို့၏မျက်လုံးများပြန်ဖွင့်လိုက် ချိန်တွင် နတ်မိစ္ဆာနှင့်တူသော ယောက်ျားတစ်ယောက် သွေးနီရောင် အလင်းတန်းထဲမှ ထွက်လာသည်ကိုမြင်လိုက်ရသည်။ သူသည် ပခုံးလောက်ထိ ရောက်နေသော ဆံပင်တိုနှင့် နီရောင်လက်ပြတ်အင်္ကျီကိုဝတ်ဆင်ထားကာ သူ၏ ဆွဲဆောင်မှုရှိသော အဖြူရောင်အသားရေကို လစ်ဟာပြထားသည်။ သူ၏ ကြွက်သားများသည် တောင့်တင်းနေပြီး အားကောင်းသောခွန်အားပါဝင်လေ သည်။ သူသည် လက်ထဲတွင် သွေးနီရောင်ဓားမောက်ရှည်ကိုကိုင်ထားပြီး ထူးဆန်းသည့် သွေးနီရောင်မျက်လုံးများဖြင့် ရင်ပြင်တစ်ခုလုံးကို ကြည့်နေ၏။
ရင်ပြင်ထဲတွင် မူလက စိတ်ဓာတ်တက်ကြွနေသောသားရဲများသည် ထိုအချိန်တွင် တိတ်ဆိတ်သွားကြ၏။ အဂူး၏ခန္ဓာကိုယ်မှ စွမ်းအင်များ ထွက်ပေါ်လာသည်နှင့် ကြီးမားသောလှိုင်းလုံးကြီး ဖြတ်သွားသလိုပင်။ ရင်ပြင်သည် တိတ်ဆိတ်နေကာ မှော်သားရဲတစ်ကောင်မှပင် အသံမထွက်ပေ။
မှော်သားရဲများအကြားတွင် အထွတ်အမြတ်သားရဲများသည် လူသား ဝိညာဉ်သခင်များနှင့် ညီမျှသည်။
မှော်သားရဲပျံများ သို့မဟုတ် မြေပေါ်ရှိ အားကောင်းသောမှော်သားရဲ ဘုရင်များသည် ထိုအချိန်တွင် တိတ်ဆိတ်သွားကာ ကြောက်လန့်သောမျက်လုံး များဖြင့် ဂရုတစိုက်ကြည့်ကြလေသည်။
လေးလံသောတောင်တစ်လုံးမှဖိထားသကဲ့သို့ဖြစ်နေသော ဖိအားသည် မှော်သားရဲများအားလုံး၏ ခေါင်းပေါ်သို့ ကျလာသည်။ ငှက်များသည် တစ်ကောင်ပြီးတစ်ကောင် မြေပေါ်သို့ ဆင်းသက်လာသည်။ သူတို့သည် မြေပေါ်တွင် ဝပ်ကာ အညံ့ခံသည့်အလား ဦးခေါင်းကို ဖက်ဖြင့်အုပ်ထားကြ၏။ သူတို့၏သခင်များ စိတ်ထဲမှ မည်မျှပင် အမိန့်ပေးစေကာမူ သူတို့သည် မလှုပ် ကြပေ။ ဝိညာဉ်သားရဲများ၊ မွန်မြတ်သောသားရဲများနှင့် အဆင့်နိမ့် နတ်သားရဲ များသည် အဂူးဆီမှ ဖိအားကိုမခံနိုင်ကြပေ...