ဒါက အထွတ်အမြတ်သားရဲပဲ
Vol. 38 Ch. 742
အဂူး၏မျက်လုံးထဲတွင် ဖိအားခပ်ဖျော့ဖျော့ရှိကာ ခန္ဓာကိုယ်တွင် သန်မာ သောရောင်ဝါနှင့် လက်ထဲတွင် ထူးဆန်းသောသွေးနီရောင်ဓားမောက်ရှည်ကိုင် ထားပြီး အထင်သေးသည့်အကြည့်များကို ထိုနေရာတွင်ရှိနေသော မှော်သားရဲ များအားလုံးမြင်နေရသည်။ အထွတ်အမြတ်သားရဲပိုင်ဆိုင်သည့် သန့်စင်သော သွေးသားနှင့် ဘုရင်တစ်ပါး၏ရောင်ဝါသည် တိုက်ကြီးရှိမှော်သားရဲများ မယှဉ်နိုင်သည့်အရာဖြစ်သည်။
ဤအခိုက်အတန့်တွင် မှော်သားရဲများအပြင် ပရိသတ်ထဲမှလူများနှင့် ရင်ပြင်ထဲမှ ပါဝင်သူများအားလုံးသည် အဂူးအား ကြောက်လန့်တကြားကြည့် ကြလေသည်။ အားလုံးသည် မှိုင်တွေခြင်းမှ ရုန်းမထွက်နိုင်သေးပေ။ သံမဏိ သွေးအဖွဲ့ဝင်များပင် သူတို့အဖွဲ့ထဲသို့ မရင်းနှီးသောလူတစ်ယောက် ရုတ်တရက်ပေါ်ပေါက်လာခြင်းအပေါ် နားမလည်နိုင်ဖြစ်နေကြသည်။
အထွတ်အမြတ်သားရဲများသည် တိုက်ကြီးပေါ်တွင် ဒဏ္ဍာရီအရ တည်ရှိ မှုမျိုးဖြစ်သည်။ အထွတ်အမြတ်သားရဲများသည် လူသားအသွင်ပြောင်းနိုင်ကာ နှစ်ပေါင်းများစွာအတွင်းတွင် အထွတ်အမြတ်သားရဲများကို ကိုယ်တိုင်မျက်လုံး နှင့် မြင်ဖူးသည့် လူအများအပြားမရှိပေ။ ပေထင်းဟွမ်မှ ငွေလရောင်အင်ပါယာ ၏ ၁၀ ယောက်ပါ မွန်မြတ်သောသားရဲအဖွဲ့ကို သတ်ခဲ့ချိန်နှင့် စီရင်ချက်ဗိမာန်မှ ယန်ချင်းတို့ကို သတ်ခဲ့သည့်အချိန်တွင်သာ အထွတ်အမြတ်သားရဲတစ်ကောင် ပေါ်လာခဲ့သည်။
သို့သော် ထိုအထွတ်အမြတ်သားရဲသည် ၁၆ နှစ်ပင်မပြည့်သေးသည့် လူငယ်တစ်ယောက်သာဖြစ်သည်။
သူတို့ရှေ့မှလူသည် အသက် ၂၀ အရွယ်ရှိသော လူငယ်ဖြစ်သည်။ ဤလူငယ်၏အရောင်သည် အရင်ပေါ်ခဲ့သောလူငယ်နှင့် လုံးဝကွာခြားသည်။
ပေထင်းဟွမ်တွင် အထွတ်အမြတ်သားရဲနှစ်ကောင်ရှိလိမ့်မည်ဟု မည်သူ မှထင်မထားပေ။ ၎င်းသည်မဖြစ်နိုင်လုနီးပါးပင်။ လူသားဝိညာဉ်သခင်များသည် မွန်မြတ်သောသားရဲနှင့် စာချုပ်တည်ထောင်နိုင်လျှင် ပျော်ရမည်ဖြစ်သည်။ ပေထင်းဟွမ်တွင် အထွတ်အမြတ်သားရဲနှစ်ကောင်ရှိသည်ဟု ပြောလျှင် တိုက်ကြီးပေါ်မှလများသည် သူမအား အတူတကွတိုက်ခိုက်နိုင်သည်။
သို့သော် ယခုအခါ သူ့အပေါ် သားရဲများအားလုံးသည် လေးစားနေသည် မှာ ရှင်းလင်းသည်။
စစ်မြေပြင်တွင် မှော်သားရဲများလေလေ အဆင့်မြင့်မှော်သားရဲများ၏ အားသာချက်နည်းလေလေဖြစ်သည်။ ထို့အပြင် မှော်သားရဲများလွန်းလျှင် ဖိအားများသည် အချင်းချင်းဖိနှိပ်နိုင်မည်ဖြစ်သည်။ မှော်သားရဲများအကြားတွင် ဖိနှိပ်ချိန်တွင် မှော်သားရဲတစ်ကောင်ကိုပင် သက်ရောက်မှုမရှိနိုင်ပေ။
သို့သော် ယခုအခါ သွေးနီရောင်ဆံပင်နှင့် မျက်လုံးရှိသောထိုလူငယ် ပေါ်လာသောအခါ မှော်သားရဲများအားလုံးသည် မြေပေါ်တွင် ဒူးထောက်ပြီး သူ့အားအညံ့ခံကြရသည်။ ၎င်းသည် သွေးသားမှော်သားရဲများ၏ ဖိအားသည် တခြားမှော်သားရဲများအပေါ်တွင် သက်ရောက်သည်မှာ ရှင်းလင်းနေသည်။ ထို ဖိအားသည် သွေးသားမှလာခဲ့သည်။ မှော်သားရဲတို့၏ပိုင်ရှင် အမိန့်ကိုပင် တွန်းလှန်နိုင်သည်။ မည်သည့်မှော်သားရဲကမှ ထိုဖိအားမှ မလွတ်မြောက်နိုင် ပေ။
၎င်းသည် သေချာပေါက် လူသားမဟုတ်နိုင်ပေ။
အားလုံး၏အကြည့်များသည် အဂူးပေါ်သို့ ကျရောက်လာသည်။ လူငယ် ၏ ပေါ်နေသော ဖြူစွတ်စွတ်လက်မောင်းနှင့် ရင်ဘတ်မှကြွက်သားများသည် ဖုထစ်ထွက်နေသည်။ ဤလူငယ်၏ ထူးဆန်းသောဆံပင်နှင့် မျက်လုံးများသည် နတ်သားရဲတစ်ကောင်၏ အသွင်ပြောင်းမှုကြောင့် မဖြစ်နိုင်သည်ကို ကမ္ဘာပေါ်သို့ အခုမှဝင်ရောက်လာသည့်လူငယ်ပင်လျှင် သိနိုင်သည်။ ၎င်းသည် မှော်သားရဲသာဖြစ်နိုင်သည်။
အထွတ်အမြတ်သားရဲမှလွဲပြီး မည်သည့်မှော်သားရဲသည် အသွင်ပြောင်း နိုင်သနည်း။
အားကောင်းတဲ့ အထွတ်အမြတ်သားရဲ။ မဟုတ်သေးဘူး နောက်ထပ် အားကောင်းတဲ့ အထွတ်အမြတ်သားရဲ။
အင်ပါယာရင်ပြင်တစ်ခုလုံးသည် ပွက်ပွက်ဆူနေသည့်ရေအလားပင်။
“ဒါက.. ဒါက အထွတ်အမြတ်သားရဲလား”
“မဟုတ်ဘူး၊ ဒါက မနေ့က အထွတ်အမြတ်သားရဲမဟုတ်ဘူး၊ ဒါက တခြားအထွတ်အမြတ်သားရဲပဲ၊ မိုးနတ်မင်းရေ သူ့မှာ အထွတ်အမြတ်သားရဲ ဘယ်နကောင်တောင်ရှိတာလဲ”
“ဘာလုပ်ဖို့ တိုက်ခိုက်နေကြတာလဲ၊ အဲဒီမှော်သားရဲတွေကို ကြည့်လိုက်၊ သူတို့တွေက နုံးခွေနေပြီ၊ အညံ့ခံတာကို ဝန်ခံလိုက်တော့”
၎င်းသည် အထွတ်အမြတ်သားရဲဖြစ်သည်ကို သူတို့ သိပြီးနောက် အားလုံး နီးပါးသည် မတည်ငြိမ်နိုင်တော့ပေ။ သူတို့သည် အဂူးရုတ်တရက် ပေါ်လာသည် ကိုမြင်ချိန်တွင် ပို၍ထိတ်လန့်မိသည်။ ပေထင်းဟွမ်သည် တခြားသော အထွတ်အမြတ်သားရဲတစ်ကောင်ကို ခေါ်လာသည်ထက် သူမကို ကူညီရန် တခြားတစ်ယောက်ကို ခေါ်လာသည်ဟုသာ ယုံကြည်ချင်ကြသည်။
သို့သော် ၎င်းသည် မနေ့က ရှန်းယန်မြို့အပြင်ဘက်တွင် ပေါ်ခဲ့သည့် အထွတ်အမြတ်သားရဲမဟုတ်သည်မှာတော့ သံသယဝင်ဖွယ်ရာမရှိပေ။ အသက်၊ အသွင်အပြင်၊ သို့မဟုတ် အရောင်အသွေးအရ သူတို့သည် လုံးဝ ကွဲပြားသည်။ ၎င်းသည် သူတို့အပေါ်တွင် ကြီးမားသောရိုက်ခတ်မှုပင်။
ပေထင်းဟွမ်သည် အမြင့်ဆုံးသားရဲထိန်းဖြစ်လျှင်တောင် ဤမျှထူးခြား ရန်မလိုအပ်ပေ။ အထွတ်အမြတ်သားရဲနှစ်ကောင်.. စာချုပ်သားရဲပင်မရှိသည့် ဝိညာဉ်သခင်များ မည်သို့အသက်ရှင်တော့မည်နည်း...