အထွတ်အမြတ်သားရဲများ မိုးကြိုးသွား၊ လျှပ်စီး
Vol. 38 Ch. 743
ပွဲကြည့်စင်ဘက်တွင် အားလုံးသည် မတ်တတ်ရပ်ပြီး ရှေ့သို့ကိုင်းကြည့် ကြသည်။ ထိုလူများသည် အားလုံးအားကောင်းကြသော်လည်း အနည်းငယ် အိုနေကြပြီဖြစ်၏။ သူတို့သည် အရွယ်အိုနေခြင်းကြောင့် အမြင်မှားသွားမည်ကို စိုးရိမ်နေကြသည်။ ၎င်းသည် သေးငယ်သောကိစ္စမဟုတ်ပေ။ ၎င်းသည် အထွတ်အမြတ်သားရဲနှင့်ပတ်သက်နေသည်။
“ကျုပ်ပြောမယ် အဘိုးကြီး ခင်ဗျားမြေးဆီမှာ ဝှက်ဖဲတွေဘယ်လောက် တောင်ရှိတာလဲ၊ အဲဒါတွေကိုမပြခင် ကျုပ်ကိုပြောလို့ရတာပဲ၊ ကျုပ်က ခင်ဗျား နဲ့ ရန်ငြိုးရှိလို့လား၊ ပေထင်းမိသားစုက တစ်ခါပြီးတစ်ခါ ကျုပ်ကိုလန့်အောင် လုပ်တာ ပျော်နေကြတာလား” နန်ကုန်းချန်းသည် ရင်ဘတ်မှ နှလုံးခုန်ထွက် လာမတတ်လန့်နေရာ ရင်ဘတ်ကိုဖိထားလေသည်။ သူ ဘယ်လိုလုပ် စိတ်ကောင်းထားနိုင်ဦးမှာလဲ။ သူသည် ပေထင်းချင်းအား စိတ်ဆိုးမာန်ဆိုးနှင့် အော်လေသည်။
တခြားအချိန်သာဆိုလျှင် ပေထင်းချင်းသည် အဘိုးကြီးဟု အခေါ်ခံလိုက် ရသဖြင့် နန်ကုန်းချန်းအား သေချာပေါက် အော်ငေါက်မည်ဖြစ်သည်။ သို့သော် သည်တစ်ကြိမ်တွင် ပေထင်းချင်းသည် မျက်လုံးကိုပွတ်ကာ တည်ငြိမ်စွာပြော လေသည်။ “ဟုတ်တယ် အဲဒါ တခြားအထွတ်အမြတ်သားရဲပဲ၊ ကျုပ် တစ်ကောင်ကို သေချာမြင်ဖူးတယ်၊ နောက်တစ်ကောင်မြင်ရလည်း မထူးတော့ ပါဘူး” သူသည် နန်ကုန်းချန်းအား သဘောကောင်းစွာဖြင့် လက်ကိုဝေ့ယမ်း လေသည်။
“ကျုပ်မြေးက အားကောင်းရုံတင်ပါ၊ ခင်ဗျားအသားကျသွားမှာပါ”
သူ ဘယ်လိုလုပ်အသားကျမှာလဲ၊။ အထွတ်အမြတ်သားရဲတွေက ဂေါ်ဖီထုပ်လိုမျိုး ပေါလို့လား။ မနေ့ကပင် သူသည် သူတို့အား အထင်ကြီးစေ လောက်အောင် အမိုက်စားသားရဲကိုပြသခဲ့သည်။ ၎င်းသည် ကြောက်စရာ ကောင်းနေပြီဖြစ်သည်။ ယနေ့ သူသည် ရုတ်တရက် နောက်တစ်ကောင် ထုတ်ပြလေသည်။ သူ လူတွေကို သေအောင် ခြောက်နေတာလား။
“သခင်ကြီးနန်လင်း ခင်ဗျားကျောင်းသားက ဖုံးကွယ်တဲ့နေရာမှာ တော် တာပဲ” ငွေလရောင်တော်ဝင်ကျောင်း၏ ကျောင်းအုပ်သည် ထူးဆန်းသည့် အသံနေအသံထားဖြင့် ပြောလေသည် “အခုကို အထွတ်အမြတ်သားရဲ နှစ်ကောင်ရှိနေပြီ၊ ဒါပေမဲ့ သူ့မှာ အထွတ်အမြတ်သားရဲသာရှိရင် ဒီတိုက်ပွဲကို အင်ပါယာကျောင်းက နိုင်မလားဆိုတာ မပြောနိုင်ဘူး”
နန်လင်းသည် ခေါင်းကိုဖြည်းဖြည်းချင်း ခါယမ်းလေသည်။ သို့သော် သူ၏ မျက်လုံးထဲတွင် အပြုံးတစ်ခုရှိနေသည်မှာ သေချာနေသည် “အဲဒါကိုတော့ ကျုပ်မသိဘူး၊ ဒါပေမဲ့ သူ အထွတ်အမြတ်သားရဲ လေးကောင်ပိုင်ဆိုင်ရမယ့်နေ့ က သိပ်မဝေးတော့ဘူးဆိုတာ ကျုပ်ယုံတယ်...”
ကျောင်းအုပ်နန်လင်း စကားမဆုံးခင်မှာပင် အလင်းတန်းနှစ်ခုသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ ထပ်မံပေါ်ထွက်လာသည်။ တစ်ခုသည် ငွေရောင် ဖြစ်ပြီး နောက်တစ်ခုသည် အနက်ရောင်ဖြစ်သည်။ တစ်ခုသည် ဘယ်ဘက်မှ ထွက်လာကာ နောက်တစ်ခုသည် ညာဘက်မှထွက်လာခြင်းဖြစ်သည်။ သူတို့ သည် အလင်းတန်းဒိုင်းကာကဲ့သို့ ပေထင်းဟွမ်အား အလယ်တွင် အသားညှပ် ပေါင်မုန့်ကဲ့သို့ ညှပ်ထားသည်။ အလင်းတန်းသည် တဖြည်းဖြည်း အားလျော့ ကာ ပျောက်ကွယ်သွားလေသည်။ ခပ်ဆင်ဆင်ဖြစ်သော နတ်မိစ္ဆာပုံစံနှင့်တူ သည့် လူငယ်နှစ်ယောက်သည် အားလုံးရှေ့တွင် ပေါ်လာပြန်သည်။
ငွေရောင်ဆံပင်ရှည်နှင့် ထူးဆန်းသောငွေရောင်မျက်လုံးနှင့်လူငယ် လမ်းလျှောက်ထွက်လာသည်။ သူသည် အင်္ကျီလက်တွင် ငွေရောင်ချည်ပန်းထိုး ထားသည့် ငွေရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူသည် မြင့်မြတ်ပြီး အဆင့်အတန်းမြင့်ပုံရသည်။ သူသည် အေးစက်သောမျက်နှာဖြင့် ငွေရောင် အလင်းတန်းထဲမှ မထိန်းချုပ်နိုင်သောပျော်ရွှင်မှုနှင့် လျှောက်ထွက်လာသည်။ သူသည် ပေထင်းဟွမ်အား ဦးညွှတ်ကာ ပြောလေသည် “သခင် ငါလည်း အထွတ်အမြတ်သားရဲအဖြစ် အဆင့်တက်သွားပြီ”
နောက်လူငယ်တစ်ယောက်သသည် ရွှေရောင်မျက်လုံး၊ နက်မှောင်သော ဆံပင်ရှိကာ ပေါ်လာသည်နှင့် ကျယ်လောင်စွာရယ်မောလေသည်။ သူသည် ကွင်းပတ်ပတ်လည်ကိုလျှောက်ကာ သူ၏အသွင်အပြင်ကို အလွန်စိတ်ဝင်စား လျက်ရှိဟန်တူသည်။ လျှပ်စီး၏စကားများကိုကြားပြီးနောက် သူသည် ဂုဏ်ယူ စွာပြေးကာ ပေထင်းဟွမ်၏ရှေ့တွင် ဦးညွှတ်လေသည် “သင် ငါ မိုးကြိုးသွားလေ ငါ့ကိုမသိဘူးမလား၊ ငါက မိုးကြိုးသွားလေ”
“အရူး” လျှပ်စီးသည် သူ့အား အထင်သေးစွာကြည့်လေသည်။ ပေထင်းဟွမ်၏ဘေးတွင် ယန်ယဲ့ရှိနေသည်ကို သူ မြင်သောအခါ ဒူးထောက် တော့မည့်အလား ဦးညွှတ်ရန်အပြုတွင် အင်အားတစ်ခုမှ တားထားသဖြင့် မလုပ်လိုက်ရပေ။
သခင်ဟုတ်လား၊ လျှပ်စီး.. မိုးကြိုးသွား...
ကွင်းထဲမှလူများသည် အစောက အဂူးပေါ်လာချိန်တွင် မှင်တက်ရုံသာ ဖြစ်သော်လည်း ယခုအခါ ဘာပြောရတော့မည်နည်း။
အထူးသဖြင့် ငွေလရောင်တော်ဝင်ကျောင်းမှ ကျောင်းအုပ်သည် ပေထင်းဟွမ် အထွတ်အမြတ်သားရဲနှစ်ကောင်ထပ်ပိုင်ဆိုင်ရလျှင်ဟု လှောင်ပြောင်ခဲ့သည်။ သူစကားမဆုံးခင်မှာပင် ပေထင်းဟွမ်သည် အထွတ်အမြတ်သားရဲနှစ်ကောင် ထပ်ထုတ်လာသည်.. သူ့စကားတွေကို ဂုဏ်ယူရမှာလား သူ့ကျောင်းအသင်းအတွက် ဒီလိုအားကောင်းတဲ့ အထွတ်အမြတ်သားရဲတွေကို မခေါ်နိုင်တဲ့အတွက် နောင်တရရမှာလား...