တစ်ချက်တည်းနဲ့ စင်ပေါ်ကကျခြင်း
Vol. 38 Ch. 744
စင်ပေါ်တွင် လျှပ်စီးနှင့်မိုးကြိုးသွားသည် သခင်အား ဦးညွှတ်ပြီးနောက် အဂူးအား အတိတ်အကြောင်းပြန်တွေးရန် ဆွဲခေါ်သွားလေသည်။ သူတို့နှစ် ယောက်သည် သခင်ဖြစ်သူမှ သူတို့ကိုဆင့်ခေါ်ရသည့် အကြောင်းအရင်းကို တွေးမရသည့်ပုံပေါ်သည်။
“အစ်ကိုကြီးအဂူး မင်းက အထင်ကြီးလောက်စရာပဲ၊ မင်းထွက်လာတာနဲ့ အဲကောင်တွေ အညံ့ခံရတာပဲ” မိုးကြိုးသွားသည် နှလုံးသားမဲ့စွာပြောလေသည် “ငါ အိပ်ပြီးတာနဲ့ အထွတ်အမြတ်သားရဲဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး၊ ငါ့ကိုယ်ငါ မမှတ်မိတော့မလိုဖြစ်သွားတာကို မင်းသိမှာမဟုတ်ဘူး”
“အရူး တခြားဟာဘာဖြစ်နိုင်သေးလို့လဲ၊ မင်းက နတ်သားရဲအနေနဲ့ ဒြပ်စင်ဘေးဒုက္ခကို ကျော်ဖြတ်ခဲ့တာပဲ” လျှပ်စီးသည် ခေါင်းခါလေသည် “မင်း အသက်ရှင်နိုင်မလားဆိုတာပဲ တွေးသင့်တယ်”
အမှန်အတိုင်းပြောရလျှင် လျှပ်စီးနှင့် မိုးကြိုးသွားတို့ အိပ်မောကျသွားပြီး အထွတ်အမြတ်သားရဲအဖြစ် ဖွံ့ဖြိုးလာသည်ကိုမြင်ပြီးနောက် ပေထင်းဟွမ် သည် ပျော်ရွှင်မိလို စိုးရိမ်မိသည်။ သူတို့သည် အိပ်မက်မက်ခဲ့သည့်ခွန်အား ပိုင်ဆိုင်ရမည်ကို ပျော်ရွှင်ကာ ဒြပ်စင်ဘေးဒုက္ခကို ခံနိုင်ရည်မရှိမည်ကို စိုးရိမ်ခဲ့ သည်။
အဂူးသည် သူမ၏စိတ်ထဲမှ စိုးရိမ်မှုကိုသိပြီးနောက် ပြောလေသည် “သွေးသားရှိတဲ့ နတ်သားရဲတွေပဲ ဒြပ်စင်စွမ်းအင်ကိုကြုံပြီးရင် အထွတ်အမြတ် သားရဲအဖြစ် ဖွံ့ဖြိုးလာတာ၊ လျှပ်စီးနဲ့ မိုးကြိုးသွားတို့ ခန္ဓာကိုယ်ထဲက သွေးသားတွေက အရမ်းနည်းလာလို့ သတိမထားမိတာ၊ သူတို့ အိပ်ရာကနေ နိုးလာတော့ လူသားအဖြစ်ဖွံ့ဖြိုးနိုင်တာပဲ”
“ပေထင်းဟွမ် မင်းက တိုက်ခိုက်မှာလား မတိုက်ခိုက်ဘူးလား၊ မဟုတ်ရင် လည်း မင်းအဖွဲ့ကိုခေါ်ပြီး လစ်လိုက်တော့” ချူဟန့်သည် သည်းမခံနိုင်တော့ ပေ။ ထိုကောင်သည် ရောက်လာကတည်းက သူ၏အထွတ်အမြတ်သားရဲများ ကို ခေါ်ထုတ်ပြီး မှော်သားရဲများအားလုံးကို မတ်တတ်ပင်မရပ်နိုင်အောင် ပြုလုပ်ခဲ့သည်။ ယခုအခါ သူသည် စစ်မြေပြင်တွင်ရပ်ကာ စကားပြောနေသေး သည်။
“လာလေ လာလေ ငါ မတိုက်ခိုက်ရတာ နှစ်ရာချီနေပြီ၊ ပျင်းလွန်းလို့ သေတော့မယ်” မိုးကြိုးသွားသည် ဒေါသကြီးသည်။ သူစကားပြောရင်းနှင့် ရှေ့သို့ပြေးကာ ချူဟန့်၏မျက်နှာအား ထိုးလိုက်သည်။
သေစမ်း သူ့မှာ အရှက်ရောရှိသေးလို့လား။ မတိုက်ခိုက်ခင် စပြီလို့ တစ်ဖက်လူကို ပြောသင့်တာမဟုတ်ဘူးလား။
သို့သော် စည်းမျဉ်းများနှင့်အညီမလုပ်သည့် အထွတ်အမြတ်သားရဲများ နှင့်ရင်ဆိုင်ရလျှင် အားလုံးသည် မည်သည်ကိုမျှော်လင့်နိုင်မည်နည်း။
ဘုန်း...
ခွန်အား၏ဖိနှိပ်မှုအောက်တွင် ချူဟန့်သည် ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအင်ကိုပင် စုစည်းရန် အချိန်မရှိလိုက်ပေ။ သူ့ခန္ဓာကိုယ်သည် အထိန်းအချုပ်မဲ့ကာ ဖရဲသီးခွံပေါ်တွင် လှဲလျောင်းနေသကဲ့သို့ပင်။ သူသည် ကွင်းထဲမှချော်ထွက်သွားသည်။ သူသည် စွမ်းအင်ဒိုင်းကာမှ မီတာတစ်ဝက် အကွာသို့ ကျသွားကာ ချူဟန့်၏ခန္ဓာကိုယ်သည် မြေကြီးနှင့်ရိုက်မိလေသည်။ မိုးကြိုးသွားမှ အင်အားမည်မျှသုံးလိုက်သည်ကို မည်သူကမှမသိလိုက်ကြပေ။ သို့သော် ကျောက်စိမ်းဝိညာဉ်ကျောက်ကြမ်းခင်တွင် အက်ကြောင်းကြီးပေါ်လာ သည်။
ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွား၏။ သည်တစ်ကြိမ်တွင် ငွေလရောင်တော်ဝင်ကျောင်းမှ ကျောင်းအုပ်ပင်လျှင် စောဒကတက်ရန် မေ့လျော့နေခဲ့သည်။ သာမန်ထိုးချက်တစ်ခုနှင့်တင် မှော်သားရဲသွေးသား မဟုတ်သည့် အထွတ်အမြတ်သားရဲတစ်ကောင်သည် ထိပ်ဆုံးအဆင့် ကြယ် ဝိညာဉ်သခင်ကို လဲကျသွားအောင်လုပ်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မထား ကြပေ။
ပေထင်းဟွမ်ပင် မတွေးရဲပေ။ သူမသည် လက်ပတ်နေရာထဲမှ နတ်မိစ္ဆာ စွမ်းအင်ကို တွေးလိုက်မိသည်။ သူမရဲ့သားရဲတွေက နတ်မိစ္ဆာစွမ်းအင်ကိုများ စုပ်ယူလိုက်လို့များလား။ မိုးကြိုးသွားသည် ပို၍ရက်စက်ကာ အင်အားကြီးလာ သည်မှာ ထင်ရှားသည်။ သူ တိုက်ခိုက်ချိန်တွင် သူ့ခံစားချက်ထဲတွင် ပြင်းထန် သောစွမ်းအင်များကို ခံစားမိသည်။ သူထိုးလိုက်ချိန်တွင် မြူခိုးမည်းသည် သူ့ လက်တွင်ဝန်းရံခဲ့သည်။ ထွက်လာသော စွမ်းအင်သည် တိမ်တိုက်မည်းတစ်ခု လိုပင်။
ချူဟန့် စင်ပေါ်မှ ဝက်သေတစ်ကောင်လို လိမ့်ကျလာသည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် မနှမြောဘဲမနေနိုင်တော့ပေ။ သူမသည် ချူဟန့်အား ရင်ပြင် ထဲတွင် သတ်ရန်ပြင်ဆင်ခဲ့သော်လည်း ထိုအခွင့်အရေးကို မိုးကြိုးသွားက ဖျက်စီးခဲ့သည်။ ဤကောင်လေးသည် နေရာထဲတွင် ကြာရှည်စွာနေခဲ့ရခြင်း ကြောင့် ထွက်လာသည်နှင့် အရိုင်းဆန်နေသည်လားမသိတော့ပေ။
“ဟင်း ထင်ထားတဲ့တိုင်းပဲ သားရဲတွေက ကိုယ်ကျင့်တရားတွေကို ဂရုမစိုက်ဘူး လက်သီးသုံးဖို့ပဲသိတယ်၊ အဆင့်တက်တာ မကြာသေးတဲ့ အထွတ်အမြတ်သားရဲတစ်ကောင်ပဲကို မင်းမှာအစွမ်းအစရှိရင် ငါနဲ့လာတိုက်ခိုက်လေသည်” ခေါင်းဆောင်အားဆုံးရှုံးလိုက်ရပြီးနောက် ငွေလရောင်တော်ဝင်တိုက်ခိုက်ရေးအသင်းသည် ချက်ချင်းပင် ပျာယာခတ်သွား သည်။ လူငယ်တစ်ယောက်အသွင်ဟန်ဆောင်နေသည့် ဝမ်ဂူထျန်းသည် မတ်တတ်ရပ်ကာ တိုက်ခိုက်ရေးအသင်း၏ခံစားချက်ကို ဖိနှိပ်ရန် လက်ကိုဝေ့ယမ်းခဲ့သည်...