← Chapters

ဝိညာဉ်သခင်ကြီးထိပ်ဆုံးအဆင့်

Vol. 38 Ch. 745

ဝိညာဉ်သခင်ကြီးထိပ်ဆုံးအဆင့်

Vol. 38 Ch. 745

ထိုအခိုက်အတန့်တွင် အင်ပါယာရင်ပြင်ထဲမှလူများအားလုံးသည် ဝမ်ဂူထျန်းအား စိုက်ကြည့်ကြသည်။ သူ့ဆီမှ စွမ်းအင်အတက်အကျများကို ခံစားမိပြီး အသိပညာကြွယ်ဝသောကျွမ်းကျင်သူများသည် မှင်တက်မိကြသည်။ တိုက်ကြီးပေါ်က ကျွမ်းကျင်သူတွေက ဘယ်တုန်းက ဒီလိုမျိုး မယုံကြည်နိုင် လောက်စရာဖြစ်သွားတာလဲ။ ၁၄ နှစ်အရွယ် ကြယ်ဝိညာဉ်သခင်ပေါ်ထွက်လာ တာကိုက ထိတ်လန့်စရာဖြစ်နေပြီ အခု အသက် ၄၀ အရွယ် ဝိညာဉ်သခင်ကြီး ထိပ်ဆုံးအဆင့်ထွက်လာတာ။ သူတို့တွေက ကြောက်ဖို့မကောင်းလွန်းဘူးလား။

“သူက ဘယ်သူလဲ၊ တိုက်ကြီးပေါ်မှာ ထိပ်ဆုံးအဆင့်ဝိညာဉ်သခင်ကြီးရှိ တာ ငါဘာလို့မသိရတာလဲ” ပေထင်းချင်းသည် မြေးဖြစ်သူ၏ အသက်နှင့် ပတ်သက်လာလျှင် စိတ်အပူဆုံးဖြစ်သည်။

သို့သော် စင်မြင့်ပေါ်တွင် မည်သူကမှ သူ့ကို ဖြေကြားခြင်းမရှိပေ။ နန်လင်းသည် အားပါပါမျက်မှောင်ကြုတ်လိုက်သည်။ ထိုလူသည် ပေထင်းဟွမ် ကြောင့် ဤနေရာသို့လာခဲ့သည်မှာ သေချာသည်။ ထိုလူသာ ဒေါသအိုး ပေါက်ကွဲပြီး ပေထင်းဟွမ်ကိုသတ်ခဲ့လျှင် သူ ဘာလုပ်နိုင်မည်နည်း။ သူသည် သူ၏တစ်ဦးတည်းသောတပည့်လေးကို ဘာမှအဖြစ်မခံနိုင်ပေ။

ပေထင်းကျင်သည် မတ်တတ်ရပ်နေပြီဖြစ်သည်။ သူသည် ကွင်းထဲမှ စွမ်းအင်အကာအဆီးကို ညွှန်ပြကာ ဒေါသတကြီးအော်လေသည် “အဲကောင်က ဘယ်သူလဲ၊ ဒီမကောင်းဆိုးဝါးအိုကြီးရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ၊ သူက လူငယ်တစ်ယောက်လိုဝတ်ပြီး ပြိုင်ပွဲမှာလာပြိုင်တာလား၊ ဘယ်လောက် တောင် အရှက်မဲ့လိုက်လဲ”

ငွေလရောင်တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ်မှလွဲပြီး အားလုံးသည် သူ့ကို စိတ်ထဲမှ အထင်သေးပြီးသားဖြစ်သည်။ သူ နှာမှုတ်လိုက်သည် “သူ့ သရုပ်မှန်ကို အတည်ပြုပြီးပြီ၊ သူက အသက် ၄၀ မပြည့်သေးဘူး ဒါပေမဲ့ သခင် ပေထင်းကျင်က သူ့ကို မကောင်းဆိုးဝါးအိုကြီးလို့ခေါ်နေတာ၊ ငါတို့ ငွေလရောင် တော်ဝင်ကျောင်းတော်ကို အထင်သေးတာလား”

သူသည် အရှက်မဲ့သောလူများကိုမြင်ဖူးသည်။ သို့သော် ဤမျှအရှက်မဲ့ သောလူကို မမြင်ဖူးပေ။

မြို့အကြီးအကဲသည် သည်းမခံနိုင်တော့ပေ။ သူ မဲ့ပြုံးပြုံးလိုက်သည် “ငွေလရောင်တော်ဝင်ကျောင်းက တိုက်ကြီးပေါ်မှာ နံပါတ် တစ် ဖြစ်တော့မယ် နဲ့တူတယ်၊ သူတို့တွေက တောင်ပိုင်းဝိညာဉ်ကျောင်းရဲ့ ကျောင်းအုပ်လောက် တောင်အရည်အချင်းရှိတော့မယ်၊ ပြိုင်ပွဲပြီးသွားရင် သူနဲ့မိတ်ဆက်ပေးပါဦး၊ သူက ဘယ်လိုလူမျိုးလဲဆိုတာ ကြည့်ချင်လို့ပါ”

ငွေလရောင်တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ်သည် ချက်ချင်းပင် ဖြူဖျော့သွားကာ ချွေးအေးများပြန်လာသည်။ သူတို့ ဝမ်ဂူထျန်းနှင့် အလုပ်လုပ် ပုံသည် ငွေလရောင်တော်ဝင်ကျောင်းတော်မှ ဝမ်ဂူထျန်းအတွက် ဖုံးကွယ်ထား နိုင်ခြင်းမရှိပေ။ သူတို့သည် ပေထင်းဟွမ်ကို သတ်ပြီးသည်နှင့် ဝမ်ဂူထျန်းသည် ချက်ချင်း ပျောက်ကွယ်သွားနိုင်သည်။ သူတို့သည် တိုက်ကြီးပေါ်မှလူများကို ဘာကိုမှမြင်ခိုင်းမည်မဟုတ်ပေ။ သူတို့သည် ယန်းမြို့တော်မှ ဝင်နှောင့်ယှက် လိမ့်မည်ကို ထင်မှတ်မထားပေ။

“ဒါ.. ဒီလူက...”

ငွေလရောင်တော်‌ဝင်ကျောင်းတော်မှကျောင်းအုပ် တစ်စုံတစ်ခုပြောမည် အပြုတွင် အကြီးအကဲကြီး၏ မျက်လုံးထဲမှ ဆံပင်မျှင်မျှ ပါးလွှာသော ရွှေရောင် အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ ၎င်းသည် ငွေလရောင်တော်ဝင် ကျောင်းတော်၏ ကျောင်းအုပ်ကို ရစ်ပတ်လေသည်။ သူ၏ ဝိညာဉ်သည် အပိတ် ခံထားရပြီဖြစ်သည်။ ထိုအဘိုးကြီး ခုခံလေလေ သေနိုင်မည်ဖြစ်သည်။

နတ်ဘုံလား။

ယန်းမြို့တွင် နတ်ဘုံကျွမ်းကျင်သူ တစ်ယောက်ထက်ပိုသည်။ စင်မြင့် ပေါ်မှလူများအားလုံးသည် ကျွမ်းကျင်သူများဖြစ်ကြသည်။ ဤအခိုက်အတန့် တွင် သူတို့သည် ကြောက်စရာကောင်းမှုကို ခံစားမိကာ ခေါင်းလှည့်ပြီး ဘာကိုမှ မမြင်သလိုဟန်ဆောင်နေကြသည်။ သူတို့သည် ကွင်းပြင်ဆီသို့ ပြန်ကြည့်ကြ သည်။

အားလုံးသည် ပေထင်းဟွမ် ဘာမှမဖြစ်ရေးကိုသာ စိတ်ထဲမှ ဆုတောင်း နေကြသည်။ တစ်စုံတစ်ရာဖြစ်ပေါ်လျှင် ဤတိုက်ကြီးသည် သွေးနှင့်ရေချိုးရ မည်ဖြစ်သည်။

နတ်ဘုံနှင့် ကောင်းကင်အဆင့်။ ငွေလရောင်တော်ဝင်ကျောင်းတော်မှ ကျောင်းအုပ်ကို ကြည့်လျှင်သိနိုင်သည်။ ယန်းမြို့၏ အကြီးအကဲကြီးရှေ့တွင် သူတို့သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ တစ်ဖက်လူသည် သူ့ကို အတွေး တစ်ချက်နှင့်တင် သတ်ပစ်နိုင်သည်။

အားလုံးသည် ယောင်ယွဲ့အား အရိုးထဲမှ မုန်းတီးကြသည်။ ဤအခိုက်အတန့်တွင် ယန်းမြို့သည် သူတို့နှင့် မပတ်သတ်ရန်ကိုသာ မျှော်လင့် ကြသည်။

အားလုံးသည် သံမဏိသွေးနှင့် တခြားအသင်းသုံးသင်းတို့ကြားမှ ခွန်အား ကွာခြားမှုကို အလျင်အမြန်တွက်ချက်နေကြသည်။ ပေထင်းဟွမ်တွင် ဝိညာဉ်သခင်ကြီးသုံးယောက်နှင့် ညီမျှသော အထွတ်အမြတ်သားရဲသုံးကောင် ရှိသည်။ အထွတ်အမြတ်သားရဲများထဲမှ တစ်ကောင်သည် ချပ်ဝတ်တန်ဆာ အဖြစ်ပြောင်းနိုင်သော်လည်း ပေထင်းဟွမ်တွင် ဝိညာဉ်သခင်ကြီးသုံးယောက်ရှိ သည်ဟု ဆိုလိုခြင်းဖြစ်သည်။

အနက်ရောင်ဝတ်ထားသူသည် ထိပ်ဆုံးအဆင့်ဝိညာဉ်သခင်ကြီးဖြစ်ကာ လုံယွိသည်လည်း ဓား ၁ လက်ဝိညာဉ်သခင်ကြီးဖြစ်သည်။ ကံမကောင်းစွာပင် ဝိညာဉ်သခင်ကြီးများသည် ဓားဂိုဏ်းများဖြစ်သောကြောင့် အထွတ်အမြတ် သားရဲများကြောင့် သက်ရောက်မှုမရှိပေ။ ပေထင်းဟွမ်၏ အထွတ်အမြတ် သားရဲနှစ်ကောင်နှင့် တိုက်ခိုက်လျှင် မည်သူနိုင်မည်ကိုပြောရခက်သည်။

All Chapters