ငါဘယ်သူလဲဆိုတာသိဖို့ မင်းမှာအရည်အချင်းမပြည့်မှီ ဘူး
Vol. 38 Ch. 746
ပေထင်းဟွမ်နှင့် သူမ၏ အဖွဲ့ဝင် ၈ ယောက်တို့အားလုံးသည် ထိပ်ဆုံး အဆင့်ကြယ်ဝိညာဉ်သခင်ကြီးများဖြစ်ကြသည်။ သို့သော် ချူဖန့်၊ ဝမ်ဂူထျန်းနှင့် ကွင်းထဲကထုတ်ခံလိုက်ရသော လုံယွိတို့သည် ၂၇ နှစ်အရွယ်များဖြစ်ကြသည်။ ဆိုလိုသည်မှာ သူတို့တစ်ယောက်ချင်းဆီတွင် ခက်ခဲလှသော ကောင်းကင် အဆင့်ပြိုင်ဘက်များရှိနေသည်ဟု ဆိုလိုခြင်းပင်။
အခက်ခဲဆုံးပြိုင်ဘက်မှာ သခင်ကြီးအဆင့်ရတနာရှိသည့် လော့ရှောင်မို့ ဖြစ်သည်။ သူသည် ပေထင်းဟွမ်ဘက်တွင်ရှိသော လူသုံးယောက်ကို တစ်ယောက်တည်းသတ်ပစ်နိုင်သည်။
အခြေအနေသည် အလွန်ခက်ခဲလျက်ရှိသည်။ သို့သော် ထိုအမိုက်စား အနက်ရောင်ဝတ်ထားသည့်လူပေါ်လာပြီး မြင်ကွင်းတစ်ခုလုံးကို အထူးသဖြင့် တင်းမာသွားစေသည်။ ပွဲကြည့်စင်ဘက်တွင် လေသံတစ်ချက်ပင် မကြားရပေ။
အားလုံးသည် အသက်အောင့်ထားကာ ကွင်းထဲမှ ပြိုင်ပွဲပြန်စတင်ရန်ကို သာ စောင့်ဆိုင်းနေကြသည်။
“မင်းက ထိပ်ဆုံးအဆင့်ဓားဂိုဏ်းပဲ၊ မင်းကို ကြောက်မယ့်သူရှိမယ်လို့ ထင်နေတာလား” သူအဆင့်တက်သွားသည်နှင့် မိုးကြိုးသွား၏ အမြင်သည် အထူးသဖြင့် စူးရှလာသည်။ သူသည် ရှေ့တစ်လှမ်းတိုးမည်အပြုတွင် အဂူးမှ တားထားလေသည်။
သွေးနီရောင်အလင်းသည် သူ့ခန္ဓာကိုယ်မှထွက်လာပြီး တိုက်ခိုက်ရေး စိတ်ဓာတ်များ မြင့်တက်လာသည်။
ရှင်းလင်းစွာပင် အဂူးသည်လည်း ထိုလူပေါ်ပေါက်လာမှု ရည်ရွယ်ချက်ကို သိပြီးသားဖြစ်သည်။ သူ၏သခင်ဖြစ်သူကို ရှင်းလင်းချင်သူအတွက် ရလဒ်တစ် မျိုးသာရှိသည် - သေဆုံးခြင်းပင်။
“ဒီလူကို ငါရှင်းမယ်” အဂူးသည် ပေထင်းဟွမ်ရှေ့တွင် ရပ်လိုက်သည်။ သူ့လက်ထဲမှ သွေးနီရောင်ဓားမောက်ရှည်သည် ထူးဆန်းသောသွေးနီရောင် အလင်းလှိုင်းများဖြာထွက်ပြီး အားနည်းသူများ ကြည့်မိသည်နှင့် မူးဝေသွားစေ သည်။
အဂူးရှေ့သို့တစ်လှမ်းတိုးလာသည်ကိုကြည့်ပြီး ယန်းမြို့တော်မှ အတွင်း အကြီးအကဲ၏ မျက်နှာထားသည် အနည်းငယ် တိုးတက်လာသည်။ နတ်ဘုံ အဆင့်ရှိသော အမြင်အာရုံအတွေ့အကြုံနှင့် အဂူးသည် ဝမ်ဂူထျန်းနှင့် တိုက်ခိုက်ရန် ခွန်အားရှိသည်ကို သူ ပြောနိုင်သည်။
“မင်းတို့အားလုံး ဖယ်လိုက်ကြ” နူးညံ့သောအသံတစ်ခုသည် ငရဲမှထွက် လာသလိုပင်။ ထိုအသံသည် တရင်းတနှီးရှိလှကာ ယန်းမြို့အကြီးအကဲ၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားလေသ်ည။ သူ့မျက်လုံးထောင့်သည် ပြင်းပြင်း ထန်ထန်ကွေးတွန့်သွားလေသည်။ သူ၏အကြည့်သည် ကွင်းထဲမှ နှင်းဖြူရောင် ဝတ်စုံဝတ်ဆင်ထားသောလူဆီသို့ စုံပုံကျရောက်သွားကာ ရင်များလည်း ခုန်ပေါက်လာသည်။ ဒါ ဒါက.. ဘယ်လိုတွေဖြစ်သွားတာလဲ။ အဲလူက ဘယ်တုန်းက ထွက်လာတာလဲ။
ထိုလူသည် ကိုယ်တိုင်ကိုယ်ကျရောက်လာကာ သခင်ကြီးပေထင်းဟွမ် နှင့် အသင်းဖွဲ့ခဲ့သည်။ ထိုအခိုက်အတန့်တွင် ယန်းမြို့အတွင်းအကြီးအကဲကြီး သည် ချက်ချင်းဆိုသလို စိတ်အေးသွားသလိုခံစားရသည်။ တစ်ချိန်တည်းမှာပင် သူသည် သတိကိုပြန်ဖြည့်တင်းလိုက်သည်။ ထိုလူသည် သခင်ပေထင်းဟွမ် အားအလွန် တန်ဖိုးထားသည်။
သူသည် မည်သည့်အရာ၊ မည်သူ့ကိုမှ စိတ်ထဲတွင် အတည်မမှတ်ယူခဲ့ ပေ။
ထိုလူရှိနေလျှင် မိုးပြိုလျှင်တောင် သခင်ပေထင်းဟွမ် ပြိုလဲမည်မဟုတ် ပေ။
“မင်းက ဘယ်သူလဲ”
ယန်ယဲ့ပေါ်လာချိန်တွင် ဝမ်ဂူထျန်း၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူသည် ထိုလူ၏ခန္ဓာကိုယ်မှ စွမ်းအင်အတက်အကျကို မခံစားမိပေ။ ထိုအရာ သည် ထူးဆန်းလှသည်။ ၎င်းသည် ပြဿနာနှစ်ခုကိုဆိုလိုသည်။ ထိုလူသည် အမှိုက်မဟုတ်လျှင် သူ့ထက်ခွန်အားမြင့်သူဖြစ်သည်။
ထိုလူသည် အမှိုက်ဖြစ်လိမ့်မည်ဟု ဝမ်ဂူထျန်း မယုံပေ။ သူ၏အသံသည် လေပြေကဲ့သို့ နူးညံ့နေပြီး ထိပ်တန်းအဆင့်ဝိညာဉ်သခင်ကြီးပင်မဟုတ်သော် လည်း သူ့ခန္ဓာကိုယ်မှ အမွေးအမျှင်များအားလုံး ထောင်သွားစေသည်။ သူ့ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားတော့မလို ခံစားရလေသည်။ သူ့အသံ တစ်ခုတည်းကပင် လူတစ်ဦး၏ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်သွားစေသည်။ ဤကဲ့သို့စွမ်းအားမျိုးကို မကြားဖူးပေ။
“ငါဘယ်သူလဲဆိုတာ မင်းသိဖို့အရည်အချင်းမရှိပါဘူး” ယန်ယဲ့ခပ်သဲ့သဲ့ ပြုံးလိုက်ရာ ၄ လပိုင်းတွင် ဖူးပွင့်သည့် သစ်တော်သီးပန်းပွင့်ကဲ့သို့ အားလုံး၏ မျက်လုံးထဲတွင် လေနှင့်အတူဖူးပွင့်လာသည်။ သို့သော် သူ့အသံသည် ရေခဲ ပန်းဆွဲကဲ့သို့ သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကာ သတိပြန်ဝင်လာအောင် တုန်ယင်သွားစေသည် “အနည်းဆုံးတော့ ငါက မင်းလိုမျိုး နှစ်ပေါင်းရာချီနေ လာခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီးမဟုတ်ဘူး”
ထိုလူသည် အလွန်အားကောင်းလှသည်။ ကောင်းကင်များကို ကိုင်လှုပ် နိုင်လောက်သည်အထိ အားကောင်းသည်။
ဝမ်ဂူထျန်း၏အမူအရာများသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူသည် ထိပ်တန်းအဆင့်ဝိညာဉ်သခင်ဖြစ်နေကာ ထိုလူသည် မည်သည့် အဆင့်ရောက်နေသနည်း။ သူသည် ၇ နှစ်ကြာအောင် ပေါ်မလာခဲ့သော အင်ပါယာကျောင်းမှ ယဲ့ချီဖြစ်နေသည်လား။ ပြီးနောက် ယဲ့ချီ၏ တည်ရှိမှုသည် ပင်မတိုက်ကြီးတွင် မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုကြီးဖြစ်နေသည်..