လော့ရှောင်မို့အား တိုက်ခိုက်ခြင်း
Vol. 38 Ch. 747
အားလုံးသည် ပေထင်းဟွမ်ကိုယ်စား ချွေးပြန်လာသည်။ သို့သော် ပေထင်းဟွမ်သည် လုံးဝစိုးရိမ်ခြင်းမရှိပေ။ ယန်ယဲ့ရှိရင် သူမက ဘာတွေ ကြောက်နေရဦးမှာလဲ။
“အဂူး.. လုံယွိကို မင်းကိုအပ်လိုက်မယ်၊ လျှပ်စီးနဲ့မိုးကြိုးသွားကာ နာရီ ဝက်လောက် လျိုရွှီတို့ကို သွားကူညီလိုက်” ပေထင်းဟွမ်သည် အလျင်အမြန် ပင် တွက်ချက်ကာ အစီအစဉ်ရေးဆွဲလေသည် “လော့ရှောင်မို့ မင်းရဲ့ ထျန်းလော့ထီးနဲ့ ငါရှင်းမယ်၊ မင်းရဲ့ထျန်းလော့ထီးပဲသန်မာသလား ငါ့ရဲ့ အဆုံးစွန်သတ်ဖြတ်ခြင်းကပဲ သန်မာသလားဆိုတာ ကြည့်ကြတာပေါ့”
“ဟုတ်ပြီ ပေထင်းဟွမ် မင်းနဲ့တိုက်ခိုက်ဖို့ကို ငါစောင့်နေတာကြာပြီ” လော့ရှောင်မို့သည် လက်ထဲမှ ဓားရှည်ကဲ့သို့ မည်းနက်သော ထျန်းလော့ထီးကို အလင်းပြလိုက်သည်။ သူ အော်လေသည် “အနီ ပြောင်းလဲမယ်”
လော့ရှောင်မို့၏ဘေးတွင် မူလကပျော့ခွေနေသော အနီရောင်လင်းတ ငှက်ရှိနေသည်။ ထိုအခိုက်အတန့်တွင် အဂူးနှင့်လုံယွိတို့ တိုက်ခိုက်သည်နှင့် မိုးကြိုးသွားနှင့် လျှပ်စီးတို့သည်လည်း တခြားသူများနှင့်တိုက်ခိုက်ကြလေ၏။ ဖိအားလျော့ကျသွားကာ ချက်ချင်းပင်အားပြန်ပြည့်လာသည်။ ၎င်းသည် အနီ ရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ လော့ရှောင်မို့ဆီသို့ ခုန်အုပ်လေသည်။
ကြယ် ၇ ပွင့်နတ်သားရဲမှ ပြောင်းလဲလိုက်သော တိုက်ခိုက်ရေး ချပ်ဝတ် တန်ဆာသည် တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ ချက်ချင်းပင် လော့ရှောင်မို့၏ ပေါ့ပါးသောခန္ဓာကိုယ်အား လွှမ်းခြုံလိုက်သည်။ သူ့ရင်ဘက်တွင် လင်းတငှက်၏ ပုံတူအငယ်ကို ထွင်းထုထားသည့် မှန်ဝိုင်းတစ် ခုရှိသည်။ သူ၏ဆံပင်နှင့် မျက်အိမ်သည် ချက်ချင်းပင် အနီရောင်ပြောင်းကာ ရင်ပြင်ထဲတွင် လျှပ်စီးကဲ့သို့ ထွက်ပေါ်လာသည်။ အရောင်သည် အားလုံး၏ အာရုံကို ဆွဲစားနိုင်လောက်အောင် ခမ်းနားလွန်းသည်။
ကြယ်ပုံစံအဖွဲ့အစည်းသည် သူ့ခြေထောက်အောက်တွင် ငွေရောင် အလင်းတန်းအဖြစ် ထွက်ပေါ်လာပြီး သူ၏လက်ရှိခွန်အားကို ညွှန်ပြလေသည်။ ဓား ၇ လက်ကြယ်ဝိညာဉ်သခင်၏ ခွန်အား၊ လက်နက်များနှင့် ဝမ်းတွင်းပါ ခွန်အား သို့မဟုတ် မှော်သားရဲများ၏ ပေါင်းစပ်မှုသည် သူ ဝမ်ဂူထျန်းဖြစ်လျှင် တောင် အနိုင်ရမည်မဟုတ်ပေ။
ပေထင်းဟွမ်သည် ဖြုံလောက်သည့်ပြိုင်ဘက်ကို ရင်ဆိုင်နေရသည်။
“သေစမ်း သခင်ကြီးလော့ရှောင်မို့က အားကောင်းလိုက်တာ၊ ဒီတိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာက အရမ်းကို မိုက်လွန်းနေတာပဲ”
“မိုးနတ်မင်းရေ ကြယ် ၇ ပွင့်နတ်သားရဲ၊ ကြယ် ၇ ပွင့် ကြယ်ဝိညာဉ်သခင် ကြီးနဲ့ သခင်ကြီးအဆင့် လက်နက်.. သေလိုက်စမ်း ဒီတိုက်ပွဲက ဘယ်လိုများ အဆုံးသတ်မှာလဲ”
“အဆုံးစွန်သတ်ဖြတ်ခြင်းဟုတ်လား၊ အဲဒါက သခင်ကြီးပေထင်းချင်းဆီ မှာရှိနေတဲ့ အဆင့်မြင့်ဝိညာဉ်လက်နက်မဟုတ်ဘူးလား၊ အဲဒါက နတ် လက်နက်တောင်မဟုတ်ဘူး၊ သခင်ကြီးပေထင်းဟွမ်က ထျန်းလော့ထီးကို တိုက်ခိုက်ဖို့အတွက် အဆုံးစွန်သတ်ဖြတ်ခြင်းကို သုံးတော့မှာလား”
ပေထင်းချင်းသည် ဒေါသထွက်နေသည်။ ယခုလိုဖြစ်လာမည်ကို သိလျှင် သူသည် ဤကဲ့သို့ ကျိုးပဲ့သောဝိညာဉ်လက်နက်ကို သူ၏အဖိုးတန်မြေးဖြစ်သူ ဆီကို ပေးမည်မဟုတ်ပေ။ အဲဒါက သူ့ကိုသေစေနိုင်တယ်ဟုတ်ဘူးလား။ ပေထင်းချင်းသည် ပေထင်းကျင်ဘက်သို့လှည့်ကာ ပြောလေသည် “ကျင်အာ ဒီ စွမ်းအင်အကာအကွယ်ထဲကို ဘယ်သူမှဝင်ခွင့်မပြုဘူး၊ မင်း ငါ့ကို လက်နက်ပေး လို့ရမလား အဘိုးက ငါ့မြေးကို နတ်လက်နက်ပေးချင်လို့”
ထိုနတ်လက်နက်သည် သူ့ဘဝတွင် အတူရှိလာသည့် လက်နက်ဖြစ်၏။ မည်သည့်စစ်သည်ကမှ သူတို့၏လက်နက်ကို လွယ်လင့်တကူပေးမပစ်ပေ။ ၎င်းသည် သူတို့၏အသက်ကို ပေးလိုက်သည်နှင့် ညီမျှသည်။ သို့သော် ဤ အခိုက်အတန့်တွင် သခင်ကြီးအဆင့်ရတနာဖြစ်လျှင်တောင် ပေထင်းချင်း သည် ဂရုစိုက်မည်မဟုတ်ပေ။ ထို့အပြင် ဤကမ္ဘာတွင် ပေထင်းဟွမ်၏ အသက် နှင့်ယှဉ်နိုင်သည့်အရာ မည်သည့်အရာမှမရှိပေ။
ထိုတဒင်္ဂတွင် ပေထင်းကျင်၏ တစ်ကိုယ်လုံးသည် တောင့်တင်းသွား သည်။ သို့သော် နောက်ဆုံးတွင် သူသည် ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်းလေ သည် “သူ့ကို အဆုံးစွန်သတ်ဖြတ်ခြင်းပေးတာလည်း မဆိုးပါဘူး”
ပေထင်းဟွမ်သည် အဆုံးစွန်သတ်ဖြတ်ခြင်းကို လက်ထဲတွင် ကိုင်ဆောင် ထားပြီး သူမ၏ကြည်လင်သောအသံသည် ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ် သွားလေသည် “ကင်းကောင် ချပ်ဝတ်တန်ဆာအပြည့်အဖြစ် ပြောင်းလဲမယ်၊ လင်းမို၊ နွယ်ပင်လေးနဲ့ ရှောင်ကျောက် ချပ်ဝတ်တန်ဆာတစ်ဝက်ပြောင်းမယ်၊ အလင်းစီးကြောင်းက အကုန်လုံးကို ကုသပေးဖို့ တာဝန်ယူမယ်”
ပေထင်းဟွမ်၏ စကားဆုံးသည်နှင့် မှော်သားရဲငါးကောင်သည် သူမဘေး တွင်ပေါ်လာသည်။ သူတို့အားလုံးသည် နတ်သားရဲများဖြစ်ကြသည်။ သူတို့၏ ကြီးမားသော သားရဲခန္ဓာကိုယ်များသည် ပေထင်းဟွမ်အား ဝန်းရံထားကြ၏။ လူသားအသွင်ရှိသော ရွှေရောင်ရှေးမျောက်ဝံ၊ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပြောင်နေသည့် တောင်ပံ ၆ ခုနှင့် ခေါင်းသုံးလုံးငရဲခွေး၊ အဖြူရောင် အမွေးပွလုံးများဝန်းရံထားကာ အစိမ်းရောင်အကိုင်းအခတ်များ ဝှေ့ယမ်းနေ သည့် အပင်အမျိုးအစားမှော်သားရဲ၊ မျက်လုံးထဲမှ ထူးဆန်းသောရွှေရောင် အလင်းတန်းများထွက်နေသည့် ရွှေရောင်မျက်လုံးနတ်မြွေပါ၊ သန့်စင်သော အလင်းထွက်နေသည့် တောင်ပံလေးခုပါ မြင်းပျံတို့ဖြစ်ကြသည်။
အဆင့်တက်ပြီးနောက် သူတို့အားလုံးသည် အပြင်ထွက်ကာ နတ်သားရဲ ဖြစ်ရခြင်း၏ ခွန်အားကို တိုက်ခိုက်ပြီး တွေ့ကြုံချင်ကြသည်။ ပေထင်းဟွမ် မိုးကြိုးသွားနှင့် လျှပ်စီးကို ဆင့်ခေါ်ပြီးနောက် သူတို့သည် မတည်ငြိမ်နိုင်ကြ တော့ပေ...