သူက အတိတ်ကထက်တောင် ပိုပြီးသတ္တိရှိတယ်
Vol. 38 Ch. 748
အားလုံးပေါင်း နတ်သားရဲငါးကောင်နှင့် အထွတ်အမြတ်သားရဲ သုံးကောင်ရှိသည်။ ကျောင်းအုပ်နန်လင်းပင်လျှင် ဤအခိုက်အတန့်တွင် မှင်တက်မိသည်။ သူ၏တပည့်သည် ရဲစွမ်းသတ္တိရှိသည်ကို သိပြီးသားဖြစ် သော်လည်း အဆင့်တက်ခြင်းကိုမတားနိုင်ဘဲ အတိတ်ကထက်ပို၍ သတ္တိရှိနေ လိမ့်မည်ဟု ထင်မထားပေ။
သူသည် အလွန်ထောင်လွှားကာ တိုက်ကြီးတစ်ခုလုံးကို သူနှင့် ရန်ဘက် ဖြစ်ချင်နေသည်။
ပေထင်းဟွမ်၏ခြေထောက်အောက်တွင် ပဉ္စဂံအစီအရင်လင်းလာသည်။ ငွေရောင်သန့်စင်သောဓား ၉ လက်သသည် ယပ်တောင်ပုံစံနှင့် ပေထင်းဟွမ်၏ လက်ရှိခွန်အားကို ညွှန်ပြနေသည်။ ဓား ၉ လက်ကြယ်ဝိညာဉ်သခင်သည် ထို ပုံစံအစီအရင်ကိုမြင်သောအခါ မတ်တတ်မရပ်ဘဲမနေနိုင်ပေ။ သူသည် စိတ်လှုပ်ရှားမှုကို မဖိနှိပ်နိုင်ပေ။ ပေထင်းဟွမ်သည် ကောင်းကင်အဆင့် ကျွမ်းကျင်သူဖြစ်သည်ကို သူ အမြဲတမ်းကြားခဲ့သည်။ သို့သော် သူ၏ အသုံးမဝင် သောမြေးဖြစ်သူသည် အမှန်တကယ်ပင် ကျင့်ကြံနိုင်သည်ကို ကိုယ်တိုင်မြင် တော့မှပင် ယုံနိုင်တော့သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ၏နှလုံးသည် ကြောက်ရွံ့မှုနှင့်အတူ တင်းကြပ်လာသည်။ စီရင်ချက်ဗိမာန်၊ အမှောင်နတ်မိစ္ဆာခန်းမတို့သည် ထို လေဟာနယ်မှလူများကို တွေ့သွားလျှင် သူ၏မြေးသည် အသက်ရှင်နိုင်ဦးမည် လား။
သူ့တွင်ရွေးချယ်စရာရှိပါက ပေထင်းဟွမ်သည် တစ်သက်လုံး အမှိုက်ဖြစ် သွားသည်က ပိုကောင်းသည်။ သို့သော် အားကောင်းသောခွန်အား၏ ဆွဲဆောင် မှုကို မည်သူမှ မခံနိုင်သည်ကို သူသိသည်။ သူ၏မြေးဖြစ်သူသည် ကောင်းကင် ၏ ကောင်းချီးပေးခံရသည်ကို သူလည်းယုံကြည်သည်။
ပေထင်းဟွမ်ပေါ်သို့ အလင်းတန်းတစ်ခု ခုန်တက်လာသည်။ ဆံပင်နက် နှင့် မျက်လုံးအမည်းရှိသောလူငယ်သည် အသွင်ပြောင်းကာ လေထဲတွင် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်နတ်ဘုရားကဲ့သို့ ပေါ်လာသည်။ ငွေရောင် နွယ်ပင်လေးအသွင်ပြောင်းလိုက်သည့် မျက်နှာဖုံးသည် သူမ၏မျက်နှာ နေရာ အများစုကို ဖုံးအုပ်ထားသည်။ နတ်သားရဲဖြစ်လာပြီးနောက် နွယ်ပင်လေးသည် အဖြူလုံး ၁၀၈ လုံးထုတ်လွှတ်နိုင်ပြီဖြစ်သည်။ ဤမျက်နှာဖုံးမှတစ်ဆင့် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ကွင်းတစ်ခုလုံးကို ရှင်းလင်းစွာမြင်နေပြီဖြစ်သည်။
ပေထင်းဟွမ်၏ကျောတွင် စူးရှသည့်သံအတောင်ပံသုံးစုံ ထွက်လာသည်။ သူမ၏တစ်ကိုယ်လုံးကို မြူခိုးမည်းခပ်ဖျော့ဖျော့ ဝန်းရံလေသည်။ အလင်းဖြင့် ကာထားသည့်အပြင် ထူးဆန်းသည့် ပင်ကိုယ်စရိုက်လည်းရှိနေသည်။ သူမ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ချိန်တွင် မူလကမပြီးပြည့်စုံသည့် ပင်ကိုယ်စရိုက် နှစ်ခုရှိသည်။ ထိုအခိုက်အတန့်တွင် နတ်ဘုရားနှင့်အဇူရာတို့၏ နတ်မိစ္ဆာပုံစံ ပုံရိပ်သည် အားလုံး၏စိတ်ထဲတွင် နက်ရှိုင်းစွာပေါ်လာသည်။ သူတို့သည် ၎င်းကို နှစ်ပေါင်းများစွာမေ့ပျောက်နိုင်မည်မဟုတ်ပေ။
သူမ၏ခြေထောက်ပေါ်တွင် ရှောင်ကျောက်အသွင်ပြောင်းလိုက်သော ရွှေရောင်စစ်ဖိနပ်သည် ရွှေရောင်စွမ်းအင်လုံးနှင့်အတူ သူမ၏ခြေသလုံးကို လွှမ်းခြုံလိုက်သည်။ သူမသည် ရှေ့တိုးပြီး အလင်းအရှိန်နှုန်းကို လှုပ်ရှားလိုက် သည်။ မည်သူကမှ သူမ၏ပုံရိပ်ကို ဖမ်းမမိတော့ပေ။
၎င်းသည် စစ်နတ်ဘုရား၏ ပြီးပြည့်စုံသော ပုံရိပ်ဖြစ်သည်။ အားလုံး၏ အာရုံသည် ပေထင်းဟွမ်အပေါ်သို့ ကျရောက်နေသည်။ လေထဲတွင် အဖြူရောင် ဓားပျော့ဝေ့ယမ်းနေသောလူငယ်သည် ငေးမှိုက်နေသော လော့ရှောင်မို့အား ချိန်ရွယ်လေသည် “အခု မင်းရဲ့ သခင်ကြီးအဆင့်ရတနာဆို တာကို ကြည့်တာပေါ့”
ပေထင်းဟွမ်သည် တစ်ခါတည်းနှင့် မှော်သားရဲများစွာကို ခေါ်ထုတ်လိမ့် မည်ဟု လော့ရှောင်မို့ မထင်ထားပေ။ ကြယ် ၉ ပွင့်နတ်သားရဲနှင့် အဆင့်နိမ့် နတ်သားရဲ သုံးကောင်ရှိနေသည်။ ရှားပါးသောအဆင့်နိမ့်အပင်နတ်သားရဲ အပြင် ကုသခြင်းအမျိုးအစားကြယ်အဆင့်နိမ့်နတ်သားရဲလည်းရှိနေသည်။
ထိုနတ်သားရဲများ၏ အသွင်အပြင်သည် ချက်ချင်းဆိုသလိုပင် သံမဏိ သွေးအဖွဲ့သားများ၏ စိတ်ဓာတ်ကို မဖော်ပြနိုင်လောက်အောင် မြင့်တက်သွား စေသည်။ တစ်ချိန်တည်းမှာပင် ကံဆိုးမိုးမှောင်သွားသည့်အလား တခြား တိုက်ခိုက်ရေးသုံးဖွဲ့၏ စိတ်ဓာတ်များ ကျဆင်းသွားလေသည်။
အားလုံးသည် စိတ်ထဲတွင် ရေရွတ်ကြလေသည်။ ပေထင်းဟွမ်က နောက်ဆုံးထိ မနိုင်ရင် နတ်သားရဲတွေကို ဆင့်ခေါ်ပြီး အုပ်စုလိုက် တိုက်ခိုက်မှာ လား။
ဒီလူ့မှာ နတ်သားရဲဘယ်နကောင်တောင်ရှိတာလဲ။ သူက တစ်ခါတည်း အကုန်ထုတ်ပြနေတာလား။ အနည်းဆုံးတော့ မနေ့ညက ပေါ်လာခဲ့တဲ့ အထွတ်အမြတ်သားရဲလည်းမပေါ်လာသေးဘူး။
“ပေထင်းဟွမ် ငါလည်း အရင်က အရှက်မဲ့တဲ့သူတွေမြင်ဖူးပါတယ်၊ ဒါပေမဲ့ မင်းလောက်အရှက်မဲ့တဲ့သူကိုမမြင်ဖူးဘူး၊ မင်းရဲ့နတ်သားရဲအုပ်နဲ့ တိုက်ခိုက်ရလောက်အောင် ယုံကြည်ချက်မရှိဘူးလား” လော့ရှောင်မို့သည် မျက်နှာကြီးစိမ်းလာသည်အထိ ဒေါသထွက်နေသည်။ သူသည် လက်ထဲမှ ထျန်းလော့ထီးနှင့် ပေထင်းဟွမ်အား ချိန်ရွယ်လေသည် “ဟင်း သူများတွေကို မှော်သားရဲတွေနဲ့ အနိုင်ကျင့်တာ ဘာများကောင်းလို့လဲ”