ကင်းကောင် ဗုဒ္ဓလက်
Vol. 38 Ch. 750
“ပေထင်းဟွမ် မင်းကသန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ မင်း ဒီအတိုင်း ငါ့ကိုနိုင်မယ်လို့ထင်ရင် မင်းက ထင်ယောင်ထင်မှားဖြစ်နေတာပဲ” လော့ရှောင်မို့သည် အသက်ကိုပြင်းပြင်းရှူလေသည်။ သူ၏အောက်ဝမ်းဗိုက်မှ ဒြပ်စင်စွမ်းအင်သည် ကဆုန်ပေါက်လည်ပတ်ကာ ခန္ဓာကိုယ်ထဲမှ အပြာနု ရောင်ဒြပ်စင်စွမ်းအင်သည် တဟုန်ထိုးဖြစ်လာသည်။ ထိုအချိန်တွင် လက်ထဲမှ ထျန်းလော့ထီးသည် ရွှေရောင်အလင်းလက်လာသည်။ သူ့အနောက်တွင် အနီရောင်လင်းတမှော်သားရဲပေါ်တွင် ကြီးမားသောနတ်သားရဲတစ်ကောင်၏ ပုံရိပ်တစ်ခုပေါ်လာသည်။ စူးရှသောအော်သံနှင့်အတူ သူခေါ်လိုက်သည်။
“အနီ.. ထျန်းလော့ကောင်းကင်ဖွဲ့စည်းမှု”
လင်းတသည် ရှူးခနဲအသံပြုကာ ၎င်း၏ပုံရိပ်သည်ချက်ချင်းပင် ဖွံ့ဖြိုး လာသည်။ လော့ရှောင်မို့၏ခန္ဓာကိုယ်ဆီသို့ ကြီးမားသောစွမ်းအင်လှိမ့်တက် လာသည်။ လော့ရှောင်မို့၏ခန္ဓာကိုယ်ပေါ်မှ မှော်သားရဲချပ်ဝတန်ဆန်ဆာသည် ပေါက်ကွဲလုမတတ်ဖြစ်ကာ စွမ်းအင်သည် သူ့လက်ထဲမှ ထျန်းလော့ထီးဆီသို့ အဆက်မပြတ် တစ်ဟုန်ထိုးစီးဆင်းလေသည်။ ထီး၏မျက်နှာပြင်ပြန့်သွားပြီး တဖြည်းဖြည်းနှင့် ထီးမျက်နှာပြင်တွင် ကြီးမားသောရွှေရောင်ရင့်ရင့်အလုံးတစ် လုံးအဖြစ် စုစည်းသွားလေသည်။ အလုံးသည် ရူးသွပ်လောက်အောင် လည်နေ ကာ စွမ်းအင်စီးကြောင်းသည် စူးရှသောဆူးချွန်ကဲ့သို့ ဘောလုံးကို လှည့်ပတ်နေ သည်။ သူတို့သည် အလုံးကိုထိမိသည်နှင့် သူတို့၏အသွေးနှင့်အသားများ ကွဲသွားပြီး ထွက်လမ်းမရှိတော့မည်ကို မည်သူမှ သံသယမရှိကြပေ။
“မိုးနတ်မင်းရေ အားကောင်းလိုက်တဲ့စွမ်းအင်ပဲ”
“ဒါက ကြယ်ဝိညာဉ်သခင်နဲ့ သခင်ကြီးအဆင့်ရတနာတစ်ခုတို့ ပေါင်းစပ် တိုက်ခိုက်မှုကနေ ထွက်လာတဲ့စွမ်းအင်မလား”
“သေစမ်း အဲဒါကြောင့် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်ချင်တဲ့သူ ဒီလောက်များတာကိုး.. လော့ရှောင်မို့ရဲ့ သခင်ကြီးအဆင့်ရတနာက နတ်မိစ္ဆာ ဝိညာဉ်ဂူသင်္ချိုင်းက ကောက်လာတာလို့ ပြောကြတယ်”
အင်ပါယာကွင်းတစ်ခုလုံးသည် အထိတ်တလန့်ဖြစ်ပြီး ဆွေးနွေးမှုများဖြင့် ပြည့်နှက်သွားသည်။ ဤအခိုက်အတန့်တွင် အားလုံး၏ စိတ်များတက်ကြွလာ သည်။ ကွင်းထဲရှိ တခြားရန်ပွဲများသည် ငြိမ်ကျသွားသည်။ ယန်ယဲ့သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူ၏လက်ချောင်းများအကြားမှ ကြီးမားသောစွမ်းအင်တစ်ခု စီးဆင်းလေသည်။ ပေထင်းဟွမ် ဒဏ်ရာရရန် အခွင့်အရေးမှာနည်းပါးလှသော်လည်း ဤကဲ့သို့ပျင်းရိစရာကောင်းသော ကစားပွဲကို ဤလူများနှင့်ကစားရန် စိတ်မရှည်တော့ပေ။
ပွဲကြည့်စင်ပေါ်တွင် အားလုံးသည် အသက်ရှူရပ်သွားကြသည်။ ပေထင်းချင်းသည် အထိန်းအကွပ်မဲ့စွာ မတ်တတ်ရပ်လေသည်။ သူ၏ မျှော်စင် နှင့်တူသော ပုံရိပ်သည် အနောက်မှလူများကို ပိတ်ကာထား၏။ သူသည် အားလုံး၏ စောဒကတက်မှုများကို မကြားနိုင်တော့ပေ။ သူတို့အကြားတွင် စွမ်းအင်အကာရှိသော်လည်း ထိုအလုံးထဲတွင် စွမ်းအင်လှည့်ပတ်နေသည်ကို သူ ခံစားမိတုန်းပင်ဖြစ်သည်။ ဓား ၇ လက်ကြယ်ဝိညာဉ်သခင်နှင့် ကြယ် ၇ ပွင့် နတ်သားရဲတို့၏ အားအပြည့်တိုက်ခိုက်မှုနှင့် အထိန်းအကွပ်မဲ့သော သခင်ကြီး အဆင့်ရတနာတို့၏ စွမ်းအားပင်ဖြစ်သည်။
“ပေထင်းဟွမ် ငရဲသွားလိုက်တော့”
လော့ရှောင်မို့သည် ဒေါသူပုန်ထကာ အော်ဟစ်လိုက်ပြီး ထျန်းလော့ထီး ၏ အစွန်အဖျားရှိ ကြီးမားသော ရွှေရင့်ရောင်အလုံးသည် ပေါက်ကွဲနေသော နေမင်းကဲ့သို့ ပေထင်းဟွီဆီသို့ လေသံနှင့်အတူ ဦးတည်သွားလေသည်။ အလုံး သည် လေကိုဖြတ်သွားကာ တစ်ဟုန်ထိုးတက်သွားလေသည်။ နားအူနိုင်သည့် လေသံသည် စွမ်းအင်အကာအပြင်ဘက်သို့ထွက်ကာ အားလုံးကို အော်မိစေ သည်။ စိတ်ခံနိုင်ရည်အားနည်းသောမိန်းကလေးများသည် မေ့လဲလုမတတ်ပင်။
“ငါ့ကို သေစေချင်တာလား မင်းက အရည်အချင်းမမှီသေးဘူး” ပေထင်းဟွမ် နှာမှုတ်လေသည်။ ဒါက သခင်ကြီးအဆင့်ရတနာရဲ့ ခွန်အား မဟုတ်ဘူးလား။ သူက တကယ်ကြီး ရတနာနဲ့အတူ ကြယ်ဝိညာဉ်သိုင်းကို သုံးခဲ့တာပဲ။ ဒါဆို သူမလက်ထဲကဟာကျ ဘာလဲ။ တစ်ဖက်လူ၏ နည်းလမ်းကို သေချာစမ်းစစ်ပြိးနောက် ပေထင်းဟွမ်သည် ထိုကဲ့သို့ပင် ဆုံးဖြတ်လိုက်သည်။
“ကင်းကောင် ဗုဒ္ဓလက်”
သူမ၏ကြည်လင်သောအသံသည် အင်ပါယာ၏ရင်ပြင်တစ်ခုလုံးကို လွှမ်းမိုးတော့မည့်အတိုင်း အဆုံးမရှိသောလွှမ်းမိုးမှုဖြင့် ပြည့်နေသည်။ စွမ်းအင် အကာအရံသည်လည်း သူမ၏အသံကြောင့် ညင်သာစွာယိမ်းယိုင်သွားလေ သည်။ အားလုံး၏ နားစည်မှာပေါက်ကွဲလုမတတ်ဖြစ်သွားသည်။ သို့သော် သူတို့၏မျက်လုံးများသည် သူမဆီသို့ရောက်နေကြသည်။ ဤအခိုက်အတန့် တွင် ငယ်ရွယ်သောစစ်နတ်ဘုရား၏ပုံရိပ်သည် အားလုံး၏စိတ်ထဲသို့ ထွင်းနှိပ် သလိုဖြစ်နေသည်။ တိုက်ကြီးတစ်ခုလုံး၏မျက်နှာပြင်ပေါ်တွင် တောက်ပနေ သည့် ချွန်ထက်သောဓားတစ်ချောင်းနှင့်တူသော စစ်သည်တစ်ယောက်၏ ရောင်ဝါမျိုး သူမတွင်ရှိသည်။
ပေထင်းဟွမ်၏အနောက်တွင် ကင်းကောင်၏ကြီးမားသောအရိပ်တစ်ခု ပေါ်ပေါက်လာသည်။ မာန်ဟိန်းလိုက်သည်နှင့်အတူ ကြီးမားသောစွမ်းအင် တစ်ခုကိုထုတ်လွှတ်လေသည်။ ၎င်း၏အညိုရောင်မျက်အိမ်သည် ထိုအချိန် တွင် သွေးနီရောင်ဖြစ်ပြောင်းကာ သွေးနီရောင်စွမ်းအင်သည် အလင်းတန်းနှစ်ခု အဖြစ်ပြောင်းသွားလေသည်။ ထိုအချိန်တွင် အနက်ရောင်အလင်းတန်းတစ်ခု သည် ရုတ်တရက် ပေထင်းဟွမ်၏လက်ထဲရှိ နှင်းဖြူရောင်ဓားရိုးအဆုံးတွင် ပေါ်လာလေသည်။ သွေးနီရောင်အလင်းတန်းနှစ်ခုသည် ဤအားရစ်ပတ်ပြီး စွမ်းအင်စုစည်းသွားလေသည်...