လက်ဝါး၊ ဖျက်ဆီးခြင်း
Vol. 38 Ch. 751
ထို့နောက်တွင် ခေါင်းသုံးလုံးငရဲခွေးပေါ်လာသည်။ ၎င်း၏ကြီးမားပြီး ရက်စက်သောခါင်းသည် လှုပ်ယမ်းကာ အလယ်ခေါင်းမှ လူသတ်မည့်ရောင်ဝါ စုစည်းကာ အနက်ရောင်စွမ်းအင်ထွက်လာလေသည်။ နဂိုက ရေတံခွန်နှင့်တူ သည့် ဓားပျော့သည် ယခုအခါ ရွှေရင့်ရောင်သို့ ပြောင်းလဲသွားသည်။ ပေထင်းဟွမ်၏လက်ဖဝါးထဲတွင် ၃ မီတာရှည်သော ဓားပျော့သည် အကြမ်း ပတမ်းခါယမ်းလေသည်။ ကြယ်ဝိညာဉ်သိုင်းကို နှစ်ခါထက်ပိုပြီးထုတ်ထား သော ပေထင်းဟွမ်သည် ဒြပ်စင်စွမ်းအင်ကုန်ခမ်းကာ အဆုံးစွန်သတ်ဖြတ်ခြင်း သည် သူ့လက်ထဲမှ လွတ်ထွက်မတတ်ပင်။ ပေထင်းဟွမ်သည် ထိုအတွေးနှင့် လက်လျော့ရတော့မည်။
အော်သံနှင့်အတူ ပေထင်းဟွမ်သည် ဓားပျော့ကိုလွှတ်ပြီး လက်ကိုင်ပေါ် မှ လက်ကိုခါယမ်းလိုက်သည်။ ရွှေရင့်ရောင်စွမ်းအင်စီးကြောင်းသည် ဓားထိပ်မှ စီးထွက်လာပြီး လက်ဝါးအဖြစ်စုစည်းသွားသည်။ ၎င်းသည် တဖြည်းဖြည်း ကြီးလာပြီး ကြီးမားသောလက်ဝါးသည် ရင်ပြင်တစ်ဝက်ကိုပိတ်ထားကာ တစ်ဟုန်ထိုး နီးကပ်လာသေ ကြီးမားသည့်အလုံးကို အုပ်မိလေသည်။
ဗုဒ္ဓ၏လက်ကဲ့သို့ပင် ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို လမ်းပြနိုင် သည်။ ထိုအချိန်တွင် ရင်ပြင်ကို စွမ်းအင်အကာအကွယ်ဖြင့် လွှမ်းခြုံထား သော်လည်း ကောင်းကင်အထက်တွင် လေနှင့်တိမ်တိုက်များသည် တလိပ်လိပ် တက်နေတုန်းပင်။ ထိုတိုက်ကွက်သည် ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်ပုံရကာ ရင်ပြင်တစ်ခုလုံးကို ထိုကြီးမားသောလက်ဝါးဖြင့် ဖုံးအုပ်ထားလေသည်။ ထို အချိန်တွင် ပေထင်းဟွမ်အား ရူးသွပ်စွာ တိုက်ခိုက်နေသော ရွှေရောင်ရင့် အလုံး ကို လက်ဝါးကြီးမှ ရိုက်ချလေသည်။ ၎င်းသည် ၎င်း၏လမ်းကြောင်းကို ပြောင်း ပြီး လာခဲ့သည့်ဦးတည်ရာဘက်တွင် ပေါက်ကွဲခဲ့သည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး”
ရွှေရင့်ရောင်အလုံးတစ်ဝိုက်ရှိ မီးတောက်များသည် လှည့်ပတ်နေသော ချွန်ပါသောဘီးကဲ့သို့ပင်။ ၎င်းတို့သည် လော့ရှောင်မို့၏မျက်လုံးရှေ့တွင် လျင်မြန်စွာပင် ကြီးလာသည်။ ကြောက်ရွံ့မှုသည် သေဆုံးခြင်းနတ်ဘုရားကဲ့သို့ သူ၏ရင်ဘတ်ကို ဆွဲညှစ်ထားကာ သူ့ကိုရှောင်ရှားမရအောင် ပြုလုပ်ထား၏။
ကံကောင်းစွာပင် သူသည် လက်ထဲတွင် သခင်ကြီးအဆင့်ရတနာကို ကိုင်ဆောင်ထားသည်။ ထိုအချိန်တွင် ရတနာသည် သခင်ဖြစ်သူကို ကာကွယ် ထားသည်။ ထီးပြန်ပွင့်လာကာ သူ့ရှေ့တွင် ပိတ်ထားလေသည်။ အလုံးသည် ထီးကိုထိသောအခါ ရုတ်တရက် ပေါက်ကွဲလေသည်။ ကြီးမားသောစွမ်းအင်များ ပွင့်ထွက်လာသည်။ လော့ရှောင်မို့၏ပုံရိပ်သည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ ပင်။ သူသည် ကောင်းကင်ပေါ်သို့လွင့်သွားကာ အညှာတာမဲ့စွာဖြင့် ရင်ပြင်နှင့် ရိုက်မိလေသည်။
“မဟုတ်ဘူး ဒါ မဖြစ်နိုင်ဘူး”
သူသည် လက်ဝါးကြီးကို ကြောက်လန့်တကြားကြည့်နေတုန်းပင်။ ရွှေရင့် ရောင်လက်ဝါးသည် လော့ရှောင်မို့အား တင်းကြပ်စွာ ဖုံးအုပ်ထားသည်။ ပေထင်းဟွမ် မရပ်နှင့်ဟုပြောလျှင် လက်ဝါးသည် တစ်ဝက်တစ်ပြတ်နှင့်ရပ် မည်မဟုတ်ပေ။ ၎င်းသည် သူ့ကိုယ်ပိုင်အသက်ရှိကာ လော့ရှောင်မို့နောက်သို့ လိုက်လေသည်။
ဝိညာဉ်သခင်ကြီးတစ်ယောက်ကို သတ်ရန်အသုံးပြုခဲ့သည့် ထိုးနှက်ချက် သည် ပေထင်းဟွမ်ရှေ့တွင် အားနည်းသွားလိမ့်မည်ဟု လော့ရှောင်မို့ထင်မထား ပေ။ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများသည် နေရာတကျ မရှိတော့ပေ။ သူသည် အနောက်ဘက်သို့ တတ်နိုင်သမျှ ရှောင်ရှားသည်။ သခင် ကြီးအဆင့်လက်နက် ထျန်းလော့ထီးသည် သခင်ဖြစ်သူကို ကာကွယ်နေဆဲဖြစ် သော်လည်း သူ့ရှေ့တွင် သေဆုံခြင်းနတ်ဘုရားရောက်နေပြီဖြစ်သည်။
“ငါ.. ငါဝန်ခံပါ..”
စူးရှသောအသံနှင့်တူ ကြီးမားသောလက်ဖဝါးသည် ကောင်းကင်ပေါ်သို့ ရောက်နေပြီဖြစ်သည်။ ထျန်းလော့ထီးသည် ပြန်ဆုတ်ပြီးပြာဖြစ်သွားလေ၏။ လော့ရှောင်မို့မှာ.. လက်ဖဝါးသည် ရွှေရင့်ရောင်အဖြစ်ပြောင်းပြီး လေထဲတွင် ပျောက်ကွယ်သွားချိန်တွင် အားလုံးသည် လော့ရှောင်မို့ရှိသည့်နေရာသို့ ကြည့်ရန်ကြိုးစားကြသည်။ စက္ကူကဲ့သို့လူတစ်ယောက်သည် ရင်ပြင်၏မြေပြင် တွင် ကပ်နေသည်ကိုမြင်လိုက်ရသည်။ ၎င်းသည် ဖော်မပြနိုင်လောက်အောင် ပင်။
အားလုံး၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုပေါ်ပေါက်လာသည်။ ၎င်းသည် ယခုလိုမျိုး စက်ဆုပ်စရာမြင်ကွင်းမျိုး မြင်ရသည်မှာ သူတို့ဘဝတွင် ပထမဆုံး ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ရွှေရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်ရှိနေသည်။ သူ၏ကျောပြင်တွင် တောင်ပံခြောက်ခုရှိကာ စူးရှသောငှက်မွေးများသည် သူ၏နတ်သားရဲစစ်ဖိနပ်ကို ရပ်ပတ်ထားသည်။ သူသည် စစ်နတ်ဘုရားကဲ့သို့တောက်ပသည်။ သို့သော် အားလုံး၏အမြင်တွင် ထိုလူငယ်သည် အဇူရာဖြစ်သည်။
“ကြောက်ဖို့ကောင်းလိုက်တာ”
လူတစ်ယောက်သည် လေးလံစွာအသက်ကို ရှူထုတ်ရင်း အားလုံးစိတ်ထဲ တွင်ရှိသည့်အရာကို ထုတ်ပြောလိုက်သည်။ ထိုစကားသည် တားမြစ်ထားသည့် ကျိန်ဆာကို ဖြိုခွဲလိုက်သည့် မန္တာန်နှင့်တူသည်။ ရင်ပြင်တစ်ခုလုံးမှလေထုသည် လွန်စွာတင်းမပြီးနောက်တွင် အနည်းငယ် အေးအေးလူလူဖြစ်သွားသလိုပင်...