← Chapters

လုံယွိ၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ သေဆုံးခြင်း

Vol. 38 Ch. 752

လုံယွိ၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ သေဆုံးခြင်း

Vol. 38 Ch. 752

“ပေထင်းဟွမ် ငရဲသွားလိုက်တော့”

အော်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ ကွင်းထဲတွင် ပုံရိပ်တစ်ခုသည် ပေထင်းဟွမ်အား ဗုံးကဲ့သို့ လှီးလေသည်။ သူ့လက်ထဲမှ ဓားရှည်သည် အရိုးထဲ ထိ အေးစိမ့်နိုင်သည့်အလင်းနှင့်အတူ လက်သွားသည်။

ရုတ်တရက်အပြောင်းအလဲသည် အားလုံး၏ရင်ကိုထပ်မံခုန်သွားစေကာ အသက်ပင်မရှူနိုင်လောက်အောင်ပင်။ တချို့သောအားနည်းသောမိန်းကလေး များသည် သတိမမူမိလျှင် အသက်ရှူကြပ်သွားမည်ကို စိုးသဖြင့် သူတို့၏ အင်္ကျီများကို တင်းကြပ်အောင်ဆုပ်ကိုင်ထားလေသည်။

ချောင်းမြောင်းတိုက်ခိုက်မှု။ ပေထင်းဟွမ် ကြယ်ဝိညာဉ်သိုင်းသုံးပြီး ဒြပ်စင်စွမ်းအင်ကုန်သွားသည်နှင့် တစ်စုံတစ်ယောက်သည် အခွင့်အရေးယူခဲ့ သည်။ အရှက်ကင်းမဲ့လိုက်လေခြင်း။

ထိုအချိန်တွင် နန်လင်း၏မျက်နှာသည် ဖြူဖျော့လာသည်။ လျှပ်တပြက် နှင့် သူသည် စင်ဆီသို့ ပျံသွားမည်အပြုတွင် ပင်မတိုက်ကြီးဝိညာဉ်ကျောင်း၏ ကျောင်းအုပ်တားခြင်းကိုခံလိုက်ရသည်။ ထို့နောက်တွင် အန္တရာယ်ပြုမည့် အလားပြုံးလေသည် “ကျောင်းအုပ်နန်လင်း ခင်ဗျားက လက်ရွေးစင်ပြိုင်ပွဲ စည်းမျဉ်းတွေကို ဖောက်ချင်လို့လား”

နန်လင်းသည် စွမ်းအင်အတားအဆီးဆီသို့ အကြည့်ရောက်သွားပြီး သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ပျက်သုဉ်းသည့် အရိပ်အယောင်များပေါ်ပေါက် လာသည်။ ၎င်းသည် နတ်ဘုံကျွမ်းကျင်သူပင် မခုခံနိုင်သည့် စွမ်းအင်အကာ အကွယ်ဖြစ်သည်။ သူသည် ယန်းမြို့၏ အတွင်းအကြီးအကဲကြီးကိုသာ ကြည့်ရုံ တတ်နိုင်တော့သည်။ အကြီးအကဲကြီးသည် ပင်မတိုက်ကြီးဝိညာဉ်ကျောင်း တော်၏ ကျောင်းအုပ်ပြောလိုက်သည့်စကားကို ကြားကာ နှာမှုတ်လေသည်။ “စည်းမျဉ်းမဟုတ်လား၊ အဖွဲ့အစည်းကြီးရှေ့မှာ ဘာစည်းမျဉ်းများရှိဦးမှာလဲ၊ အဲဒီလူငယ် အဆင်ပြေလားဆိုတာ ဆုတောင်းတာ ပိုကောင်းမယ်၊ မဟုတ်ရင် ဒီတိုက်ကြီးကို သူနဲ့အတူ သင်္ဂြုဟ်ဖို့သာ စောင့်လိုက်တော့”

ထိုလွှမ်းမိုးနိုင်သောစကားများသည် ပွဲကြည့်စင်မှလူများကို ခိုက်ခိုက်တုန် စေသည်။

အားလုံးသည် အတွင်းမြို့အကြီးအကဲကြီး၏ ခွန်အားကို အခုလေးတင် ခံစားမိလိုက်ပြီဖြစ်သည်။

သူသည် နတ်ဘုံကျွမ်းကျင်သူ နောက်တစ်ယောက်သာဖြစ်သည်။ ကောင်းကင်အဆင့်နှင့် နတ်အဆင့်ကွာခြားမှုမှာ ကောင်းကင်နှင့်မြေကြီး ကွာခြားသလိုပင်။ ပုရွက်ဆိတ်တစ်ကောင်သည် စစ်သည်နှင့်ရင်ဆိုင်ရပြီး ခုခံ နိုင်စွမ်းမရှိသလိုပင်။

အကယ်၍ ထိုလူသာ ချောင်းမြောင်းတိုက်ခိုက်ခြင်းအောင်မြင်ပါက တချို့ သောအကြောင်းအရင်းများကြောင့် ကျောင်းသုံးကျောင်းမှ ကျောင်းအုပ်များပင် ပေထင်းဟွမ်အား ချောင်းမြောင်းတိုက်ခိုက်သူကို စက်ဆုပ်မည်ဖြစ်သည်။

ထိုလူ၏ပုံရိပ်သည် အလွန်လျင်သည်။ သို့သော် သံသယမရှိလောက် အောင်ပင် အားလုံးသည် သူ၏သရုပ်မှန်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သူသည် ပင်မတိုက်ကျောင်းတော်မှ လုံယွိဖြစ်ကာ ဓားဂိုဏ်းခွန်အားရှိသူဖြစ်သည်။

လုံယွိ ပေထင်းဟွမ်ကို ချောင်းမြောင်းတိုက်ခိုက်သည်ကိုမြင်ပြီး ယန်ယဲ့၏ မျက်လုံးထဲတွင် မုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ သူ လက်ဆန့်တန်းမည်အပြု တွင် ပေထင်းဟွမ်၏ပုံရိပ် ပေါက်ကွဲလေသည်။ အပြာနုရောင်ဒြပ်စင်စွမ်းအင်ကို လက်ထဲမှ ဓားထဲသို့ထည့်ပြီးနောက် ကြည်လင်သောအသံတစ်ခုသည် ချွန်ထက်သည့်ဓားသွားအလား ကောင်းကင်ကို ဖြတ်သွားကာ တစ်ဖက်လူအား အော်လေသည် “သေစမ်း မင်းပဲ”

ပုံရိပ်နှစ်ခုသည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ အပြင်းထန်ဆုံးတိုက်မိကြလေ သည်။ သူတို့လက်ထဲမှဓားများ အကြမ်းပတမ်းတိုက်မိကာ နားစူးလောက်သည့် အသံထွက်ပေါ်လာလေသည်။ မီးတောက်လှိုင်းတစ်ခုသည် ဓားနှစ်ခုပွတ်တိုက် ရာမှပေါက်ကွဲထွက်လာသည်။ ကွင်းအပြင်တွင် အားလုံးသည် အမြင်အာရုံ ဝေဝါးသွားသလိုခံစားရသည်။ သူတို့ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် မြင်ကွင်း သည် ပြောင်းလဲသွားပြီဖြစ်သည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး”

လုံယွိသည် မြေကြီး၏အနားသားမှ ကြီးမားသောအင်အားတစ်ခု သူ့ဆီသို့ လာနေသည်ကိုသာ ခံစားရလေသည်။ သူ့ခန္ဓာကိုယ်သည် ကြမ်းတမ်းစွာလှုပ်ခါ ပြီး အထိန်းအချုပ်မရှိ နောက်ပြန်ကျလေသည်။ သူသည် ကျည်ထိပ်ဖူးကဲ့သို့ မြန်ဆန်ကာ တားမရပေ။ သူသည် ကွင်းအစွန်သို့ ရောက်လုနီးပါးအချိန်တွင် ကိုယ့်ကိုယ်ကိုယ် ပြန်ငြိမ်အောင်ထားလိုက်သည်။ လုံယွိ၏ကြောက်လန့်နေ သော မျက်လုံးများသည် ကွင်းအထက်လေပေါ်တွင် မလှုပ်မယှက်ရှိနေသော ပေထင်းဟွမ်ဆီ၌သာ ကျရောက်နေသည်။ သူမသည လူနှစ်ယောက်၏ ကြမ်းတမ်းစွာတိုက်ခိုက်မှုကိုခံရပြီးနောက် ခြေတစ်လှမ်းမှမလှုပ်နိုင်လိမ့်မည်ဟု မယုံပေ။

အစောကတင် အားကောင်းသောကြယ်ဝိညာဉ်သိုင်းကိုသုံးခဲ့သော ပေထင်းဟွမ်သည် ဝိညာဉ်သခင်ကြီး၏ အားအပြည့်တိုက်ခိုက်ခြင်းကို အသာစီး ရနေတုန်းပင်။

ထိုလူသည်လုံယွိဆိုသည်ကို မြင်လိုက်ရချိန်တွင် ပွဲကြည့်စင်မှ အင်အား ကြီးများ၏ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများပင် ထိတ်လန့်ကြသည်။

သူမသည် တစ်ချိန်တည်းမှာပင် ကြယ်ဝိညာဉ်သိုင်းနှစ်ခုကို ထုတ်လွှတ် လေသည်။ သူမမှာ ဒြပ်စင်စွမ်းအင်မရှိတော့တာမဟုတ်ဘူးလား။

“လုံယွိ ငါ့ကို ဘယ်လိုတောင် ချောင်းမြောင်းတိုက်ခိုက်ရဲတာလဲ၊ ဒီနေ့ ငါ့ သွေးကို မစတေးဘူးဆိုရင် ငါ့ နာမည်ပေထင်းဟွမ်မဟုတ်တော့ဘူး” ပေထင်းဟွမ်သည် ဒေါသတကြီး အော်ဟစ်လေသည်။ အားကောင်းသောရန်သူ ၏ရှေ့တွင် အမြဲတမ်းတည်ငြိမ်ခဲ့သော လူငယ်သည် မျက်လုံးထဲတွင် သွေးဆာ သည့် အလင်းများလက်နေသည်။ အညှာတာမဲ့သည့်အရိပ်များ ဖြတ်ပြေးသွား ကာ သူမ၏အကြည့်သည် ဓားသွားကဲ့သို့စူးရှလေသည်...

All Chapters