ဓားသိုင်းသင်ပေးတဲ့ဆရာက သခင်ကြီးလန်ချန်းမို
Vol. 38 Ch. 753
နန်ချန်းမိုသည် သူမကိုချောင်းမြောင်းတိုက်ခိုက်ခဲ့သည့် ဝူမင်၏ ဓားချက် ကို အစားဝင်ခံပေးခဲ့သဖြင့် သေဆုံးပြီးနောက်တွင် ပေထင်းဟွမ်သည် နတ်မိစ္ဆာ ဆန်သောစိတ်ဝင်ခဲ့သည်။
နောက်ပိုင်းတွင် သူမ၏အပေါင်းအပါများသည် ထိုဖြစ်ရပ်မှ ရုန်းထွက်ရန် သူမကို ကူညီပေးခဲ့သော်လည်း ပေထင်းဟွမ်သည် သူမကိုချောင်းမြောင်း တိုက်ခိုက်သူများကို မုန်းတီးနေတုန်းပင်ဖြစ်သည်။
သူမသည် ဓားထပ်မြှောက်ကာ လုံယွိအား ခုတ်လေသည်။ လုံယွိ၏ပုံရိပ် သည် ဖြတ်ခနဲ ပေထင်းဟွမ်၏တိုက်ခိုက်မှုကို ရှောင်ရှားရုံသာ ရှောင်မိလေ၏။ သူ၏ဆံပင်ရှည်များသည် လေထဲတွင်လွင့်နေပြီး လုံယွိကို ချွေးအေးများပြန်စေ သည်။ဒီကောင်.. ဒီတစ်ခါ သူမကြမ်းရင် သူသေတော့မှာလား။
“ပေထင်းဟွမ် မင်းက ကောင်းကင်အဆင့်ဓားသခင်မဟုတ်ဘူးလား၊ မင်း မှာ အစွမ်းအစရှိရင် ငါနဲ့ဓားသိုင်းပြိုင်မယ်” လုံယွိသည် ပေထင်းဟွမ်၏ ရူးသွပ် လောက်သည့်ဓားချက်များကိုရှောင်ရှားရင်း ရန်စလေသည်။
ထိုနေရာရှိလူများသည် ထိုစကားကိုကြားသောအခါ သူ့အတွက်ရှက်လွန်း ကာ တွင်းတူးပြီးပုန်းချင်စိတ်များဖြစ်ကြလေသည်။ တုန်ဖန်းကျောက်ပင်လျှင် ဤသို့တွေးမိလေသည် “ပေထင်းဟွမ်က အရှက်မရှိဘူးလို့ ပြောကြတာ၊ ဒီနေ့ သူနဲ့ယှဉ်နိုင်မယ့်သူကိုတွေ့သွားပြီ”
“သေစမ်း သခင်ကြီးလုံယွိက ဓားဂိုဏ်းကမဟုတ်ဘူးလား၊ သူက အရှက်မဲ့ လိုက်တာ”
“အရှက်မဲ့လိုက်ခြင်း.. သူက ခုနလေးတင် အားကောင်းတဲ့ကြယ်ဝိညာဉ် သိုင်းကိုသုံးပြီး ပေထင်းဟွမ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာလေ၊ အခုကျ သခင်ကြီးပေထင်းဟွမ်နဲ့ ဓားချင်းထိုးမယ်လို့ပြောနေပြန်ပြီ၊ သူ သခင်ကြီး ပေထင်းဟွမ်နဲ့ ဘာလို့ကြယ်ဝိညာဉ်သိုင်းမပြိုင်တာလဲ”
“ဟား ဟား မင်းက သခင်ကြီးလုံယွိကို သခင်ကြီးပေထင်းဟွမ်နဲ့ ကြယ် ဝိညာဉ်ဓားသိုင်းပြိုင်စေချင်တာလား၊ အဲဒါဖြစ်နိုင်မယ်လို့ထင်လား၊ မင်းက ခြင်္သေ့အထီး ဘာလို့မမွေးခိုင်းလိုက်တော့တာလဲ”
လုံယွိ၏ချောင်းမြောင်းတိုက်ခိုက်သည်မှာ ရှင်းလင်းနေပြီး ကွင်းထဲတွင် လူအားလုံး၏ ပေါက်ကွဲသံများထွက်ပေါ်လာသည်။ ထိုလူများသည် အစကတည်းကပင် ပေထင်းဟွမ်ဘက်လိုက်ကြရာ လုံယွိ၏ ထပ်ခါတလဲလဲ ရန်စမှုကို မခံနိုင်ကြပေ။ လုံယွိဆီသို့ လှောင်ပြောင်သံများ ဒီရေအလားစီးလာ သည်။
ပေထင်းဟွမ်သည် လေထဲတွင်ရပ်နေပြီး လုံယွိအား သေလူအလား ကြည့် နေလေသည်။ သူမသည် နှာမှုတ်ပြီးပြောလေသည် “ငါ့ကို ဓားသိုင်းသင်ပေးတာ က သခင်ကြီးလန်ချန်းမိုပဲ၊ သူကလည်း ဒီတိုက်ကြီးမှာ အမြင့်ဆုံးအဆင့် ဓားသခင်ပဲ၊ ဒီနေ့ မင်းရဲ့ခွေးအသက်ကိုသုံးပြီး ငါပေထင်းဟွမ်က သူ့ရဲ့ ဂုဏ်အယူရဆုံးတပည့်ဖြစ်တယ်ဆိုတာကို ပြောလိုက်မယ်”
ဘုန်း
ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ပေထင်းဟွမ်သည် လုံယွိ၏ အရှက်မဲ့သော တောင်းဆိုချက်ကို လက်ခံလိမ့်မည်ဟု မည်သူမှ ထင်မထားကြ ပေ။ ဘိုးဘေးအဆင့်အောက်ရှိသည့် အားကောင်းသောမှော်သားရဲများ၏ အကူအညီနှင့် ဝိညာဉ်သခင်များသည် ဓားသခင်များထက် များစွာအားကောင်း သော ဓားသခင်များနှင့် အဆင့်တူကြသော်လည်း ၎င်းသည် ဝိညာဉ်သခင်ကြီး အဆင့်အောက်ရှိလူများကိုသာ အသုံးချနိုင်သည်။
ဂိုဏ်းအဆင့်သို့ရောက်သည်နှင့် သူတို့သည် ဝိညာဉ်သခင်ဖြစ်စေ ဓားသခင်ဖြစ်စေ ကိုယ်ပိုင်နယ်ပယ်ကို ဖန်တီးနိုင်သည်။ များစွာသော အားကောင်းသည့်ဓားဂိုဏ်းများသည် အားကောင်းသောဓားသိုင်းများကို ပိုင်ဆိုင်ပြီးနောက် ဝိညာဉ်သခင်နှင့် ဓားသခင်ကြားမှ ကွာခြားချက်ကို လျှော့ချ နိုင်ကြသည်။ ထို့အပြင် ပေထင်းဟွမ်သည် ဓားဂိုဏ်းအဆင့်သို့ပင် မရောက် သေးပေ။
လုံယွိပြီးနောက် သူသည် ပထမဆုံးဓားဂိုဏ်းမှဖြစ်သည်။
ပေထင်းဟွမ်သည် သူ၏တောင်းဆိုချက်ကို ငတုံးတစ်ယောက်ကဲ့သို့ လက်ခံလိုက်သည်ကိုကြည့်ပြီး လုံယွိသည် အပျော်လွန်သွား၏။ မျက်လုံးများ သည် မီးတောက်များနှင့်တောက်လောင်ပြီးနောက် ပေထင်းဟွမ်သည် သူမ၏ မှော်သားရဲများကို ပြန်သိမ်းပြီး ပြောင်မြောက်သော အနက်ရောင်စစ်သည် ဝတ်စုံကို ပေါ်လွင်စေသည်။ ခွန်အားစုဆောင်းပြီးနောက် သူမ၏ ပေါ့ပါးသော ပုံရိပ်သည် သစ်ကျုတ်ကဲ့သို့ဖြစ်ရ မိန်းကလေးများအားလုံးကို ရင်ခုန်မြန်စေ သည်။
အခွင့်အရေးသည် ညအချိန်တွင် လာတတ်သည်။ လုံယွိသည် အော်ပြီး လက်ထဲမှဓားကို မြင့်မြင့်မြှောက်ကာ ပေထင်းဟွမ်အားခုတ်လေသည်။ ပေထင်းဟွမ်၏ စူးရှသောမျက်လုံးများသည် လုံယွိ၏ပုံရိပ်ပေါ်သို့ ကျရောက်နေ သည်။ သူမခန္ဓာကိုယ်ပေါ်မှ အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် ရူးလောက် အောင် ဆူပွက်ထွက်လာပြီး သူမအား အပြာနုရောင်ဖြင့်လွှမ်းခြုံလေသည်။ ထို မြင်ကွင်းကိုကြည့်ပြီး ပွဲကြည့်စင်မှ ကျွမ်းကျင်သူများအားလုံး၏မျက်လုံးများ သည် ပြူးထွက်လာမတတ်ပင်။
“ဒါက နယ်ပယ်မဟုတ်ဘူးလား”
လူတစ်ဦး၏ဒြပ်စင်စွမ်းအင်သည် အလွန်အားကောင်းမှပင် နယ်ပယ်တစ် ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ နယ်ပယ်သည် လူတစ်ဦး၏ ကိုယ်ပိုင်အသုံးချမှု အတွက်သာ သုံးနိုင်သည်။ ၎င်းသည် အလွန်အားကောင်းသော တိုက်ခိုက်မှုနှင့် ကာကွယ်မှုအစွမ်းအစရှိသည့် ကိုယ်ပိုင်ဖန်တီးထားသည့် ကမ္ဘာနှင့်တူသည်။
“သခင်ကြီးပေထင်းဟွမ်.. မင်းက ဝိညာဉ်သခင်ကြီးဖြစ်နေပြီလား”