လုံယွိ အခု ငါ့အလှည့်မလား
Vol. 38 Ch. 754
ယန်းမြို့၏အကြီးအကဲကြီးပင်လျှင် မယုံနိုင်ဖြစ်နေသည်။ ၁၄ နှစ်အရွယ် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ဆိုသည်မှာ သာလွန်နေပြီဖြစ်သလို ကြယ်ဝိညာဉ်သခင်နှင့် ဓားသခင်နှစ်ခုတွဲကျင့်ကြံနိုင်သည်မှာ ထူးခြားနေပြီဖြစ် သည်။ သူသည် ဝိညာဉ်သခင်ကြီးဖြစ်လျှင် စိတ်နောက်သွားနိုင်သည်မဟုတ်ပါ လား။
ပေထင်းဟွမ်ခန္ဓာကိုယ်မှ စွမ်းအင်အတက်အကျကိုကြည့်ပြီး အတွင်းမြို့မှ အကြီးအကဲသည် ဖြည်းဖြည်းချင်းခေါင်းခါလေသည် “မဟုတ်ဘူး သူ မဟုတ် ဘူး”
“ပေထင်းဟွမ်သာ တကယ်ပဲ ၁၄ နှစ်အရွယ် ဝိညာဉ်သခင်ကြီးဆိုရင် မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ သူနောက်ဆုံးပြောလိုက်တဲ့စကားက လူကိုတောင် သေသွားစေလောက်တယ်” သက်ပြင်းချပြီးနောက် သူ ပြောလေသည် “ဒါပေမဲ့ ဒါ တကယ်ပဲနယ်ပယ်ပဲ”
“နယ်ပယ်ဟုတ်လား” ပင်မခရိုင်ကျောင်းတော်ကျောင်းအုပ်သည် အော်လေသည် “ဆိုလိုတာက သူ့ဓားမျိုးနွယ်ကမဟုတ်ပေမဲ့ သူ့ကိုယ်ပိုင် နယ်ပယ်ကို ဖန်တီးနိုင်တယ်လို့ပြောလိုက်တာလား၊ အဲဒါယ်လိုလုပ်ဖြစ်နိုင်မှာ လဲ”
“ဘာမဖြစ်နိုင်လို့လဲ” အကြီးအကဲကြီး၏ အသံနေအသံထားသည် ထူးခြားသည့်အစွမ်းအစရှိသူကို ရှာတွေ့သည့်အလား အလွန်ပင်ဂုဏ်ယူနေ၏။ သူသည် ဂုဏ်ယူမိသည် “ကျင့်ကြံခြင်းလမ်းမှာ ပုံစံဆိုတာသတ်သတ်မှတ်မှတ် မရှိဘူး၊ ကိုယ်တိုင်မလုပ်နိုင်တာနဲ့ပဲ သူများကမလုပ်နိုင်တာမဟုတ်ဘူး”
ထိုစကားကိုကြားပြီးနောက် ပင်မခရိုင်ကျောင်းတော်ကျောင်းအုပ်သည် ပေါက်ကွဲလုနီးပါးပင်။ သူသည် ဒေါသထွက်လွန်းရာ ရင်ဘက်တစ်ခုလုံး တက်ချည်နိမ့်ချည်ဖြစ်နေသည်။ သူသည် အသက်တစ်ဝက်ဆုံးရှုံးလိုက်ရနီးပါး အသက်ကိုအောင့်ထားလေသည်။
လုံယွိ၏တိုက်ခိုက်မှုသည် ပေထင်းဟွမ်ဆီသို့ မုန်တိုင်းတစ်ခုလို ရောက် လာသည်။ သူ့လက်ထဲမှဓားရှည်ကို အပြာနုရောင်ဓာတ်စွမ်းအင်နှင့် ရစ်ပတ် ထားပြီး ချွန်ထက်သောအစွန်းကိုသယ်ဆောင်လာသည်။ လေထုသည် ကွဲအက် သွားကာ ပွတ်တိုက်မှုမှ မီးပွားများ ပျံ့လွင့်လာသည်။ ပေထင်းဟွမ်၏မျက်လုံး ထဲတွင် နီးကပ်ပြီး ကြည်လင်လာသည်။
အပြာနုရောင်နယ်ပယ်သည် သူမအနားတွင် ရစ်ဝဲလာသည်။ ၎င်းသည် ပေထင်းဟွမ်ဖန်တီးလိုက်သော နယ်ပယ်ဖြစ်သည်ကို လုံယွိပြောနိုင်သော်လည်း သူ့ဆီမှတစ်ချက်ရိုက်ခတ်မှုကို မခံနိုင်ပေ။ နယ်ပယ် ဆိုတော့လည်းဘာဖြစ်လဲ။ ဝိညာဉ်သခင်ကြီးမဟုတ်တဲ့လူတစ်ယောက်က ဘယ်လိုလုပ် နယ်ပယ်ဖန်တီးနိုင်မှာလဲ။
ဓားရှည်သည် ရုတ်တရက် ပေထင်းဟွမ်၏နယ်ပယ်ဆီသို့ ထိုးစိုက်လေ သည်။ ထိုအချိန်တွင် ကိုးရောင်မီးတောက်လွှာသည် အပြာနုရောင်နယ်ပယ် အပြင်ဘက်တွင် လောင်ကျွမ်းလေသည်။ သူတို့သည် လေနှင့်အတူလွင့်မျော နေသော မီးတော်များဖြစ်ပြီး လုံယွိ၏ရူးသွပ်သော ရောင်ဝါကြောင့် ငြိမ်လုနီးပါး ဖြစ်နေသည်။ ထိုအချိန်တင် ၎င်းတို့သည် လုံယွိ၏ဓားရှည်ကို ရင်ဆိုင်နိုင်သည့် အလား အသက်ဝင်နေသည်။
ချွင်း
နားစည်ကွဲလောက်သည့် သံမဏိထိတွေ့သံပေါက်ကွဲလာရာ အားလုံး၏ နားစည်ကွဲမတတ်ပင်။ လုံယွိ၏ဓားရှည်သည် ကိုးရောင်မီးနှင့် တိုက်မိခြင်းဖြစ် သော်လည်း ဘာကြောင့် သံမဏိအသံထွက်လာရသနည်း။ မည်သူမှ အဖြေကို မသိကြပေ။ လုံယွိ၏ဓားရှည်သည် ကမ္ဘာကိုခွဲနိုင်သည့် စွမ်းအင်ရှိပြီး မီးပွားများ ကို ပေါက်ကွဲနိုင်သည်။
သည်တစ်ကြိမ်တွင် သူသည် ကွဲအက်သောအသံနှင့်အတူ လက်ထဲမှ ဓားရှည်ကိုမချိုးမှီ သုံးလှမ်းမျှ ဆုတ်ခွာသွားလေသည်။ အထူးပစ္စည်းများဖြင့် သန့်စင်ထားသော ရင်ပြင်မျက်နှာပြင်ပေါ်သို့ အပိုင်းအစများကျလသောအခါ ကျောက်စိမ်းပန်းကန်ပြားပေါ်သို့ ပုလဲများကျလာသကဲ့သို့ အသံများထွက်ပေါ် လာသည်။ လွန်စွာပင် ဆွပေးနိုင်သည်။
လက်လွတ်သွားသည်နှင့် လုံယွိသည် ပေထင်းဟွမ်ဆီမှ ကြောက်လန့် သော အကြည့်ကိုပြန်ရုတ်သိမ်းပြီး ဘယ်လက်ထဲမှ ဓားရိုးကိုကြည့်လေသည်။ သူ့မျက်လုံးထဲတွင် နက်ရှိုင်းသောကြောက်လန့်မှု ထိုးတက်လာသည်။ အကြောက်တရားသည် သူ့ရင်ထဲမှထိုးတက်လာပြီး အထိန်းအချုပ်မဲ့စွာ ပျံ့နှံ့ သွားလေသည်။
ထိုလူသည် သူ တွေးထင်ထားသည့်လူမဟုတ်ပေ။ သူမသည် ကောင်းကင် အံတုနိုင်လောက်အောင် အစွမ်းထက်သည်။
“လုံယွိ အခု ငါ့အလှည့်မလား”
ပေထင်းဟွမ်သည် တိုးညင်းစွာအော်လိုက်သည်။ အပြာနုရောင်နယ်ပယ် သည် သူမ၏ခန္ဓာကိုယ်ဆီသို့ စီးကြောင်းအလားပြန်ဆုတ်လာသည်။ ထိုအခါမှ ပင် နယ်ပယ်အပြင်ဘက်မှလူမျးသည် သူမအနားတွင် ဖဲပြားကဲ့သို့ရှိနေသော ဓားပျော့များကို တွေ့လိုက်ရသည်။ ဓားပျော့တိုင်းကို ကိုးရောင်မီးဖြင့် ကာဆီး ထားသည်။ သူတို့သည် သန့်စင်သောနတ်ဘုရားကဲ့သို့ တောက်ပပြီး အမြင်ကို ဖမ်းစားနိုင်သည်။
မမြင်နိုင်ပေ။ ၎င်းသည် မမြင်နိုင်သော ဖွဲ့စည်းမှုနှင့် ဓားပျော့တစ်ချောင်း ဖြစ်သည်။ ၎င်းသည် အဆင့်မြင့်ဝိညာဉ်လက်နက်ဟုသာ ထိုအချိန်တွင် တွေးနေ သေးလျှင် ထိုလူသည် ရူးခြင်းမဟုတ် စိတ်ပေါ့နေခြင်းဖြစ်မည်...