အဆင့်မြင့်ဝိညာဉ်လက်နက်လို့ခေါ်တယ်
Vol. 38 Ch. 755
အားလုံး၏အကြည့်များသည် ပေထင်းဟွမ်ဝန်းကျင်ရှိ အပြာနုရောင် ချည်မျှင်ကို အာရုံစိုက်ထားချိန်တွင် လုံယွိ၏ဦးခေါင်းအထက်ကောင်းကင်တွင် အပြာနုရောင်ဓာတ်စွမ်းအင်ဖြင့် ထုတ်ပိုးထားသောနှင်းဖြူဓား ၇၂ ချောင်းဖြင့် ဖုံးအုပ်ထားပြီဖြစ်သည်။
အပြာနုရောင်ဓာတ်စွမ်းအင်ပင်လျှင် ဓားပျော့၏အေးစက်မှုကို မဖုံးကွယ် နိုင်ပေ။ စူးရှသည့်အေးစက်မှုသည် ချွန်ထက်သည့်အပ်များသဖွယ် လုံယွိ၏ ဖြူဖျော့သောမျက်နှာကို ရောင်ပြန်ဟပ်ကာ ပို၍ပင်ဖြူဖျော့သွားစေသည်။
ဘာလဲ.. ဘာတွေဖြစ်သွားတာလဲ။
“ကိုယ်ပွားလား၊ အဲဒီအဆုံးစွန်သတ်ဖြတ်ခြင်းက ကိုယ်ပွားပုံစံပါနေတာပဲ၊ သေစမ်း ဒါက အဆင့်မြင့်ဝိညာဉ်လက်နက်ရောဟုတ်သေးရဲ့လား”
“မဖြစ်နိုင်ဘူး... ဘယ်လူယုတ်မာက အမြင့်ဆုံးရတနာကို အဆင့်မြင့် ဝိညာဉ်လက်နက်အဖြစ် အကဲဖြတ်ခဲ့တာလဲ”
“တော်ဝင်လေလံပွဲက အကဲဖြတ်သူတွေက ချီးစားထားကြတာလား”
“မိုးနတ်မင်းရေ သခင်ကြီးပေထင်းဟွမ်က ဘာလို့ ဒီလောက်တောင် ကံကောင်းရတာလဲ”
သို့သော် ဤအခိုက်အတန့်တွင် သူတို့တွေ မည်မျှပင် အားကျစေကာမူ အဆင့်မြင့်ဝိညာဉ်လက်နက်ဟုခေါင်သည့်အရာသည် လေလံပွဲခန်းမတွင် လုံးဝ ပေါ်မလာနိုင်တော့ပေ။ထို့အပြင် သူတို့တွေ ထိုအချိန်သို့ပြန်သွားလျှင်တောင် မထင်မရှားခဲရောင်ဓားတိုသည် သခင်ကြီးအဆင့်ရတနာတစ်ပါးဖြစ်ပြီး ချွန်ထက်သည့်လက်နက်ဖြစ်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
ပေထင်းချင်းသာ ပျော်ရွှင်နေသည်။ သူ၏အရိုင်းဆန်သောအိပ်မက်ထဲ၌ ပင် မြေးဖြစ်သူအတွက် ရတနာတစ်ခုယူပေးနိုင်လိမ့်မည်ဟု ထင်မထားပေ။ “အာ ငါ့မြေးရဲ့ကံကလည်း ကောင်းကင်ကိုတောင် အံတုနိုင်တာပဲ၊ အဆင့်မြင့် ဝိညာည်လက်နက်က သူ့လက်ထဲမှာ သခင်ကြီးအဆင့်ရတနာဖြစ်သွားပြီ၊ အဲဒါကိုဘယ်သူကတွေးထားမှာလဲ”
အဲဒီစကားလုံးတွေက သူတို့တွေ အရိုက်ခံရသလိုမျိုး ဘာလို့ခံစားရတာ လဲ။
သို့သော် ဤအခိုက်အတန့်တွင် အားလုံး၏မျက်လုံးများသည် ရင်ပြင်ထဲ သို့သာ အာရုံစိုက်ထားကြသည်။ ပေထင်းဟွမ်၏အသံသည် ပြင်းထန်သော စွမ်းအင်ကိုသယ်ဆောင်ပြီး သေစေသောဓားအလင်းတန်းကဲ့သို့ ထွက်လာ၏။ ၎င်းသည် အင်ပါယာကွင်းတစ်ခုလုံးကိုပဲ့တင်ထပ်သွားပြီး မိုးပေါ်ထိပါပျံ့သွား သည်။
“အဆုံးစွန်သတ်ဖြတ်ခြင်း၊ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်တဲ့ အသင်္ချေဓား”
ဖွဲ့စည်းမှုသည် သက်တန့်လိုပင် လူသတ်မည့်ပုံစံသည် သူ၏ လေ့ကျင့်ရေးသကဲ့သို့ပင်။ ထိုအချိန်တွင် သူသည် ကိုယ်ပွားမှပို့လာသည့် ဓား ၇၂ ချောင်းလည်နေသည်ကို ကြည့်ပြီး ပေပေါင်းသောင်ချီရှည်လျားသော မူလ က အေးစက်နေသောဓားပုံစံသည် ဖြည်းညှင်းစွာဆုတ်ခွာသွားသော်လည်း ၎င်း၏ ရောင်ဝါသည် ပို၍တောက်ပလာသည်ကို ကြည့်နေသည်။ လုံယွိသည် မြေပေါ်မှထကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းကြောင့် နာကျင်မှုကို လျစ်လျူရှုကာ လက်ကောက်ဝတ်ကိုလှည့်လိုက်သ်ညနှင့် လက်ထဲတွင် နောက်ထပ်ဓားရှည်တစ်ချောင်းပေါ်လာပြန်သည်။ သူသည် အားအကောင်းဆုံး လှုပ်ရှားမှုကိုသုံးလေသည်။
“နှင်းခဲပျံ.. နှင်းခဲတွေနဲ့ပြည့်နေတဲ့ကောင်းကင်”
သူ၏ဓာတ်စွမ်းအင်ကို အသက်သွင်းပြီးနောက် လုံယွိ၏လက်ထဲမှ ဓားရှည်သည် နှင်းဖြူရောင်အလင်းထုတ်လွှတ်လေသည်။ သူသည် ဓားရှည်ကို ဝှေ့ယမ်းကာ သူ့ရှေ့တွင်ပုံစံများကို ရေးဆွဲလေသည်။ ချက်ချင်းပင် ငွေရောင် ကြယ်အစီအရင်သည် သူ့ရှေ့တွင် ပိုက်ကွန်သဖွယ်ရောယှက်လေသည်။ ဓားရှည်ထိပ်သည် ရုတ်တရက် ကြယ်အစီအရင်အလယ်သို့ ညွှန်ပြလေသည်။ ဓာတ်စွမ်းအင်ထွက်လာသည်နှင့် ကြယ်အစီအရင်သည် စူးရှသောစိန်ပုံသဏ္ဍာန် ရေခဲသွားများကဲ့သို့ပြောင်းပြီး ထွက်လာသည်။
ဓားပျော့် ၇၂ ချောင်းသည် တစ်ခုတည်းဖြစ် ပေါင်းစည်းသွားပြီဖြစ်သည်။ ဓားပျော့များသည် ခါယမ်းသွားသည်။ နောက်ဆုံးတွင် အားလုံး၏ ကြောက်လန့် နေသောအကြည့်များအောက်တွင် သူတို့သည် ကောင်းကင်တွင်ပြည့်လျှံနေ သော ရေခဲတုံးအချိန်များနှင့် ပြင်းထန်စွာတိုက်မိပြီး ငွေရောင်ချည်မျှင်တစ်ခုထဲ သို့ ဖိသွင်းလိုက်ကြသည်။
ဘုန်း...
အဖြူရောင်အလင်းတန်းလှိုင်းများထွက်လာပြီး လေပြင်းတစ်ခုအား ရင်ပြင်တစ်ခုလုံးကို ဖြတ်သွားလေသည်။ ထိုအချိန်တွင် ကွင်းထဲရှိ ပေထင်းဟွမ်၏ စစ်မြေပြင်နှင့်ဝေးသောတစ်နေရာတွင် ဒုတိယအဆင့်ကျောင်း တော်မှ အသင်း ၆ သင်းသည် မူလက ပြဿနာမှရှောင်ဖယ်နေရန်ဖြစ်သော် လည်း အဆုံးတွင် သူတို့လည်း သက်ရောက်မှုရှိတုန်းပင်ဖြစ်သည်။ များပြားလှ သော စွမ်းအင်လှိုင်းများ တိုးလာကာ အသင်း ၆ သင်းကို ဖြိုဖျက်ပစ်လေသည်။ သူတို့သည် မုန်လဥများကဲ့သို့ ကွင်းထဲကျသွားကြသည်။
တခြား ၄ သင်းသည် သန်မာသော်လည်း ကျောင်းသုံးကျောင်းမှ အဖွဲ့များ သည် အဆင့်နိမ့်ဓားကောင်းကင်အဆင့် ဝိညာဉ်သခင်များဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့သည် လဲကျကာ ကွင်းထဲတွင် လိမ့်သွားကြသည်။
မှိုတိမ်တိုက်များသည် တစ်ခုပြီးတစ်ခုလှိမ့်တက်လာပြီး ပြိုင်ဘက်ကင်း သော အထူးသဖြင့် ပွဲကြည့်စင်တွင်ရှိသော ကျွမ်းကျင်သူများ၏ ပုံရိပ်ကို မဖုံးနိုင်ပေ။ ထိုအချိန်တွင် ငွေရောင်ချည်မျှင်သည် ဓားပိုက်ကွန်ရေခဲဓားသွားကို ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ၎င်းသည် လုံယွိကိုအဆက်မပြတ် တိုက်ခိုက်နေသည့် တားဆီးမရသောမြားနှင့်တူသည်...