လုံယွိ ဘယ်သူရှိသေးလဲ
Vol. 38 Ch. 756
လေထုသည် အေးခဲနေပြီဖြစ်သည်။ အားလုံးသည် သူတို့၏ရင်ဘတ်ပေါ် သို့ ကြီးမားသောကျောက်တုံးတစ်ခုဖိထားသကဲ့သို့ ခံစားရလေသည်။ မမြင်ရ သောလက်တစ်ဖက်သည် ထိုမြင်နိုင်သောကျောက်တုံးကြီးကို ဖိထားသကဲ့သို့ ဖြစ်နေသည်။ မှိုတိမ်တိုက်သည် ပျောက်ကွယ်သွားပြီဖြစ်ရာ အားလုံးရှေ့တွင် ငွေရောင်ချည်မျှင်တန်းတစ်ခု ပေါ်လာသည်။ ပြိုင်ဘက်ကင်းသောအဟုန်နှင့် ၎င်းသည် ရုတ်တရက် လုံယွိ၏ရင်ဘတ်ကို တိုက်ခိုက်ကာ ထိုးဖောက်သွားလေ သည်။
သူ၏နောက်ဆုံးဝမ်းနည်းပက်လက်အော်ငိုသံသည် အားလုံး၏ နားထဲ တွင် စွဲမြဲကျန်ခဲ့ကာ နားစည်နှင့် နှလုံးသားတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ထိုအခိုက်အတန့်တွင် ၎င်းတို့သည် ကွဲကြေတော့မည့်အတိုင်းပင်။
ကြောက်မက်ဖွယ်ရာပင်။ ထိုကဲ့သို့ စွမ်းအင်မျိုးသည် အလွန် ကြောက်စရာကောင်းလွန်းသည်။
လုံယွိသည် နောက်ဆုံးတွင် ပေထင်းဟွမ်အားကြည့်လိုက်သည်။ သို့သော် သူ့အကြည့်မှာ သူမဆီသို့မရောက်ခင်တွင် နောက်ထပ်ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။ ငွေရောင်ချည်မျှင်တန်းသည် လုံယွိ၏ခန္ဓာကိုယ်ပေါ်တွင် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲပြီး လောင်မြိုက်လေသည်။ သွေးများပြန့်ကျဲသွားပြီး မေ့ပျောက်ခြင်းမြစ်တွင် အနီရောင်ပင့်ကူနှင်းပန်း ဖူးပွင့်ကဲ့သို့ ပေါက်ကွဲသွား လေသည်။ သွေးများသည် ထိုးဖောက်မြင်ရသောဒြပ်စင်စွမ်းအင်ပေါ်တွင် ဖြန်း သလိုဖြစ်သွားကာ အားလုံးထိတ်လန့်သွားကြလေသည်။
“ဘယ်သူရှိသေးလဲ”
လုံယွိကိုမကြည့်ဘဲနှင့် ပေထင်းဟွမ်သည် လေထဲတွင်ဝဲနေသည်။ သူမ လက်တစ်ဖက်ဝေ့လိုက်သည်နှင့် အဆုံးစွန်သတ်ဖြတ်ခြင်းသည် ပေါက်ကွဲမှု အလယ်တွင် အနက်ရောင်ဓားပျော့တစ်ခုအဖြစ် စုစည်းသွားကာ ပေထင်းဟွမ် ၏ လက်ထဲသို့ ပြန်သွားလေသည်။
မြူခိုးအကြွင်းအကျန်သည် လေထဲတွင် ပြည့်နှက်သွားကာ မုန်တိုင်း ဆက်လက်ဖြစ်ပေါ်နေသည်။ လငယ်၏ပုံရိပ်သည် လေထဲတွင် မြင့်မြင့်ပေါ်နေ ကာ သူ့ပတ်ဝန်းကျင်ရှိ လူသတ်မည့်ရည်ရွယ်ချက်သည် ကောင်းကင်တွင် ပြည့်နှက်သွားသည်။ လေတိုက်လာပြီး သူ၏မည်းနက်သောမျက်လုံးများသည် ဓားရောင်ခြည်တန်းများအဖြစ် စုစည်းသွားလေသည်။ သူမသည် ကျောင်းသုံး ကျောင်းတိုက်ခိုက်ရေးအသင်းရှိရာနေရာသို့ ကြည့်လိုက်သည်။ သူမ၏မျက်လုံး များသည် လူသတ်မည့်အကြည့်ဖြင့် ပြည့်နှက်နေကာ ထိုလူများအား စူးရှသော ဓားသွားသကဲ့သို့ ဖြတ်ပြေးသွားလေသည်။ အေးစက်သော အပြုံးတစ်ခုသည် သူမ၏ နှုတ်ခမ်းထောင့်ပေါ်တွင် ချိတ်ဆွဲနေပြီး လှောင်ပြောင်သည့်ရည်ရွယ် ချက်သည် အထူးသဖြင့် သန်မာလှသည်။
“မင်းက ငါ့ကို ရန်စရဲတာလား၊ ဒါက မင်းအတွက် တစ်ခုတည်းသော ရလဒ်ပဲ သေဆုံးခြင်း”
သူတို့သုံးယောက်သည် ပေထင်းဟွမ်၏အကြည့်ကြောင့် နောက်သို့ တစ်လှမ်းခြင်းဆုတ်ရာ ကွင်းအစွန်သို့ ရောက်သွားလေသည်။ ဤအခိုက်အတန့် တွင် သူတို့သည် လက် ၆ ချောင်းကိုမြှောက်ကာ မျက်လုံးများတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် မပီမပြင်ပြောလေသည် “မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငါတို့ဘာသာပဲဆင်းသွားပါ့မယ်”
ထိုသို့ပြောပြီးနောက် သူတို့သည် ချောက်ကမ်းပါးမှဆင်းသွားသကဲ့သို့ တွေဝေခြင်းမရှိ ကွင်းပေါ်မှခုန်ဆင်းသွားကြလေသည်။
၎င်းသည် အလွန်ဟာသမြောက်သော်လည်း မည်သူမှ မရယ်ရဲကြပေ။ ထိုအချိန်တွင် ပေထင်းဟွမ်ကို ဖော်ပြရန် စကားလုံးများမရှိတော့ပေ။ သူမ၏ မျက်လုံးနက်နက်များသည် မှောင်မိုက်ကာ နှုတ်ခမ်းမှ လှောင်ပြောင်သော အပြုံးသည် သွေးမထွက်အောင်သတ်နိုင်သည့် ချွန်ထက်သည့် လက်နက်တစ်ခု လိုပင်။ သူတို့၏ကျောင်းသားများသည် အရှက်ရလောက်အောင် အရှုံးကို ရွေးချယ်လိမ့်မည်ဟု ပွဲကြည့်စင်ပေါ်မှ ကျောင်းသုံးကျောင်း၏ ကျောင်းအုပ် များပင် ထင်မထားပေ။
“ပေထင်းဟွမ် မင်း ငါနဲ့တိုက်ခိုက်ရဲလား”
မောက်မာသောအသံတစ်သံ ထွက်ပေါ်လာပြန်သည်။ ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်းလှည့်ကြည့်လေသည်။ ဝိညာဉ်စွမ်းအင်ဖြင့် ချည်နှောင်ခံထားရ သော ဝမ်ဂူထျန်းသည် ထိုအခိုက်အတန့်တွင် ရုန်းကန်နေသည်။ သူ၏ မလိုလား သော မျက်လုံးများသည် ပေထင်းဟွမ်ဆီသို့ အဆိပ်ပြင်းသည့်မြွေတစ်ကောင်၏ လျှာအလား တဖျပ်ဖျပ်ခတ်နေသည်။ ယန်ယဲ့သည် သူ့ကိုတင်းကြပ်စွာ ချည်နှောင်ထားသော်လည်း သူသည် ရုန်းကန်ပြီး ပေထင်းဟွမ်အား တိုက်ခိုက် ချင်နေသည်။
“မင်း ယောက်ျားဆိုရင် ငါ့ကိုတစ်ယောက်တည်းလာတိုက်လိုက်”
လုံယွိ၏ရန်စမှုသည် ဓားသခင်တစ်ယောက်အနေနှင့် ဤလူငယ်ကို ကလေးဆန်ဆန် တိုက်ခိုက်ချင်အောင်လုပ်နေသည်။ ပေထင်းဟွမ်သည် လှောင်ပြောင်သော သူ့စကားကြောင့် တိုက်ခိုက်လိမ့်မည်ဟု ဝမ်ဂူထျန်း ထင်ခဲ့ သည်။ သူသည် ဓားဂိုဏ်းတစ်ခုသာရှိသောလုံယွိနှင့် မတူပေ။ သူသည် ပေထင်းဟွမ်ဖန်တီးသည့် နယ်ပယ်ကို မဖောက်ဖျက်နိုင်သည့် ဓားဂိုဏ်းသို့ မရောက်သော ကြယ် ၁ ပွင့်ဝိညာဉ်သခင်သာဖြစ်သည်။ သူသည် အားနည်း လွန်းသည်။
ထို့အပြင် ပေထင်းဟွမ်သည် ကျွမ်းကျင်သူနှစ်ယောက်ကို ဆက်တိုက် အောင်နိုင်ခဲ့သည်။ ပေထင်းဟွမ်တွင် သူနှင့်တိုက်ခိုက်ရန် ခွန်အားရှိဦးလိမ့်မည် ဟု မယုံပေ။ ယန်ယဲ့သာ သူ့ကိုလွှတ်ပေးပါက ပေထင်းဟွမ်ကို သတ်ရန် အခွင့်အရေးရှိသေးသည်။
ပေထင်းဟွမ်၏အေးစက်သောအကြည့်သည် ဝမ်ဂူထျန်းဆီသို့ ရောက် သွားကာ သူ့ကိုအကဲခတ်လေသည်။ ဤအခိုက်အတန့်တွင် ဝမ်ဂူထျန်း၏ အရှက်မဲ့မှုနှင့် သူ့ခန္ဓာကိုယ်ကိုပတ်ထားသော ရွှေရောင်နတ်အာရုံကြိုးတို့ ကြောင့် အင်ပါယကွင်းတစ်ခုလုံး ထပ်မံ ရုန့်ရင်းဆန်ခတ်ဖြစ်သွားမလား သူမ မသိတော့ပေ....