← Chapters

ယန်ယဲ့၏လွှမ်းမိုးမှု

Vol. 38 Ch. 757

ယန်ယဲ့၏လွှမ်းမိုးမှု

Vol. 38 Ch. 757

နောက်ထပ်နတ်ဘုံကျွမ်းကျင်သူတစ်ယောက်ပင်။ ယဲ့ချီသည်လည်း နတ်ဘုံကျွမ်းကျင်သူဖြစ်သည်။ ထု့အပြင် ထိုရွှေရောင်သည် ရင့်ကာ ခဲရောင်နှင့် ရောနှောထားသည်။ ၎င်းသည် နတ်ဘုံအဆင့်သို့ရောက်ခါစ နတ်ဘုရားများတွင် ရှိသည့် ရွှေရောင်စွမ်းအင်ခပ်ဖျော့ဖျော့မဟုတ်ပေ။

“တစ်ယောက်ချင်း တိုက်မလား ဟုတ်လား” ပေထင်းဟွမ်သည် နှာမှုတ် လေသည် “မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ အကျဉ်းသား”

'မင်းသာ ယောက်ျားဆိုရင် ငါနဲ့တစ်ယောက်တည်းတိုက်ခိုက်မလား' ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကံမကောင်းစွာပင် သူမသည် ယောက်ျားတစ်ယောက် မဟုတ်ပေ။

“ဟင်း ငါကအကျဉ်းသားဆိုရင်တောင် မင်းရဲ့အကျဉ်းသားမဟုတ်ဘူး ပေထင်းဟွမ်” ပေထင်းဟွမ်သည် အရူးမဟုတ်သည်ကိုမြင်ပြီး ဝမ်ဂူထျန်းသည် အနည်းငယ် စိတ်မအေးဖြစ်လာသည်။ သူသည် ယန်ယဲ့ဘက်သို့လှည့်ပြီး ပြော လေသည် “ယဲ့ချီ ပင်မတိုက်ကြီးရဲ့ နှစ်ယောက်တွဲတိုက်ပွဲမှာ စည်းမျဉ်းတစ်ခု ရှိတယ်၊ တစ်ဖက်လူက အရှုံးကိုဝန်ခံရင် အသက်ရှင်ခွင့်ရှိတယ်”

သူ၏ တစ်ဦးတည်းသောသား အသတ်ခံလိုက်ရသော်လည်း ဝမ်ဂူထျန်း သည် တုံးအသူမဟုတ်ပေ။ သူ လက်စားချေရန် ခရီးရှည်ကြီးလိုသေးသည်။

ယန်ယဲ့၏ နှင်းဖြူရောင်ဝတ်ရုံသည် တလွင့်လွင့် လွင့်နေသည်။ သူ့ အနောက်တွင် ၎င်းသည် ရေကန်အလား ရိုက်ခတ်နေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် ဝမ်ဂူထျန်းရှေ့သို့ ရောက်လာသည်။ နူးညံ့သောအပြုံး တစ်ခုသည် သူ့နှုတ်ခမ်းပေါ်တွင် ပေါ်လာသည် “ဟုတ်တယ် တခြားသူတွေမှာ ရှိပေမဲ့ ခင်ဗျားမှာမရှိဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားက ဒီကွင်းမှာရပ်ခွင့်မရှိလို့ ပဲ၊ သေချင်တဲ့သူကို ဘယ်တော့မှ မညှာတာတတ်ဘူး”

ရင်ပြင်တစ်ခုလုံးသည် ဟိန်းတက်သွားသည်။ ဆွေးနွေးချက်များ ထွက် ပေါ်လာသည်။ 'အရည်အချင်းမပြည့်မှီဘူးဆိုတာ' ဘာအဓိပ္ပာယ်လဲ။ ဒီလူက ဘယ်သူမို့လို့လဲ။ ထိုအချိန်တွင် သာမန်ပွဲကြည့်စင်မှ အားနည်းသူများပင် တစ်စုံတစ်ရာမှားယွင်းနေသည်ကို အာရုံခံမိကြသည်။ စပ်စုသောမျက်လုံးများ သည် ထိုလူ၏ဝတ်ရုံကို အပေါက်ဖောက်တော့မည့်အလား ထိုလူကို စိုက်ကြည့်နေကြသည်။

“သူက မကောင်းဆိုးဝါးအိုကြီးလား”

“ဟုတ်တယ် သူက အယောင်ဆောင်ပဲဖြစ်မယ်၊ သေစမ်း သူ့မှာ အရှက် ရောရှိသေးရဲ့လား”

“သခင်ကြီးပေထင်းဟွမ် သူ့ကိုသတ်”

ပြစ်တင်ရှုံ့ချသံများကိုကြားလိုက်ရသောအခါ ဝမ်ဂူထျန်း၏ မျက်အိမ် သည် ကျဉ်းမြောင်းသွားကာ အံကိုကြိတ်လုနီးပါးပင်။ အမုန်းတရားသည် ဆူနာမီကဲ့သို့ လှိမ့်တက်လာသည်။ ၎င်းသည် သူ့သားကိုသတ်သွားသည့် ပေထင်းဟွမ်၏အမှားပင်ဖြစ်သည်။ ယခုအခါ သူသည် သူ့အသက်ကိုပင် လိုချင်နေသည်။

“ငါက အရည်အချင်းမမှီဘူးဟုတ်လား မင်းကရော၊ အသက် ၄၀ တောင် မပြည့်သေးတဲ့ နတ်ဘုံကျွမ်းကျင်သူက ဒီတိုက်ကြီးမှာပေါ်လာပြီလို့ မပြောနဲ့ နော်” ဝမ်ဂူထျန်း၏ စူးရှသောအကြည့်သည် ယန်ယဲ့ကို အပေါက်ဖြစ်တော့မလို ပင်။

နတ်ဘုံကျွမ်းကျင်သူသည် နတ်ဘုံကျွမ်းကျင်သူပီသသည်။ သာမန်လူက ဘယ်လိုလုပ် ထိပ်ဆုံးအဆင့်ဝိညာဉ်သခင်ကြီးကို မျောက်တစ်ကောင်လို ပြော နိုင်မှာလဲ။

ထိုလူသည် အသက် ၄၀ သာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူသည် ဤ ကွင်းထဲတွင် ရပ်ခွင့်မရှိပေ။ ဤတိုက်ကြီးတွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ကသာ နတ်ဘုံကိုဖိနှိပ်နိုင်သည်။ သာမန်လူများ မလုပ်နိုင်ကြပေ။

“ဟား ဟား ဟား” ယန်ယဲ့သည် ကောင်းကင်ကိုမော့ကြည့်ကာ ရယ်မော လေသည်။ သူ ရယ်မောသည်နှင့် ဝမ်ဂူထျန်း၏ခန္ဓာကိုယ်မှ နတ်အာရုံကြိုးသည် တင်းသွားလေသည်။ ဝမ်ဂူထျန်း၏နဖူးမှ ချွေးသီးလုံးကြီးများ ကျလာသည်။ သူ့ခန္ဓကိုယ်မှ သွေးများထွက်ပြီး မြေပေါ်သို့ကျလေသည်။ သူ မည်မျှပင် ရုန်းကန်စေကာမူ မလွတ်သွားပေ။ သူ သေရုံသာရှိတော့သည်။ ထိုအချိန်တွင် ဝမ်ဂူထျန်းသည် ပေထင်းဟွမ်အား လက်စားချေရန် လာခဲ့သည်ကို နောင်တရမိ တော့သည်။

“ဝမ်ဂူထျန်း အဆုံးသတ်ဖို့အချိန်ပဲ” ယန်ယဲ့သည် နောက်ဆုံးတွင် ရယ်မောခြင်းကို ရပ်တန့်လိုက်သည်။ သူသည် လက်မြှောက်ကာ ပြုံးပြီးပြော လေသည် “သူက မင်းကိုအထင်ကြီးထားလို့ မင်းရဲ့သားကိုသတ်တာပဲ၊ မင်းက ကျေးဇူးတင်ရမယ်ဆိုတာကိုတောင်မသိဘဲ လက်စားချေချင်သေးတယ်၊ မင်းက သေချင်နေတာပဲ”

ထိုသို့ပြောပြီးနောက် သူသည် ကျောက်စိမ်းနှင့်တူသောလက်ချောင်းများ ကို လက်သီးများအဖြစ် တဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။ သူလှုပ်ရှားသည် နှင့် ဝမ်ဂူထျန်းသည် ပုစွန်ကွေးအလား ကွေးသွားပြီး နောက်ဆုံးတွင် ပေါက်ကွဲ သွားလေသည်။

အဆုံးသတ်သွားလေပြီ။ ကွင်းထဲတွင် တစ်ဖွဲ့သာကျန်တော့သည်။ ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ ထိတ်လန့်ခြင်းမှ မည်သူမှ သတိပြန် ဝင်မလာတော့ပေ။ ကြောက်လန့်နေသော မျက်လုံးအစုံများသည် ကောင်းကင် မှ တစ်ဆင့်ချင်းလျှောက်ဆင်းလာသည့် လူငယ်ကိုကြည့်နေကြသည်။ သူမကို အဖွဲ့သားများ ဝန်းရံပြီး လေပေါ်သို့ တစ်ခါတစ်ခါ မြှောက်နေသည်ကို သူတို့ ကြည့်နေကြသည်။ ရင်ပြင်ထဲမှ ရယ်သံသည် လူအုပ်ကိုစိတ်မအေးဖြစ်စေလေ သည်...

All Chapters