← Chapters

မင်းက ငါ့ရဲ့ထာဝရဂုဏ်ယူစရာပဲ

Vol. 38 Ch. 758

မင်းက ငါ့ရဲ့ထာဝရဂုဏ်ယူစရာပဲ

Vol. 38 Ch. 758

“ငါတို့နိုင်ပြီ”

ပေထင်းဟွမ်ကို လျိုရွှီနှင့်တခြားသူများက လေထဲသို့မြှောက်ကြသည်။ သူမ၏ရင်ထဲတွင် ပျော်ရွှင်ခြင်းများ ကြွတက်လာသည်။ သူမသည် ခေါင်းလှည့် ပြီး သူမဘေးတွင်ရပ်ပြီး တိတ်တိတ်ကလေးပြုံးပြနေသည့်လူကိုကြည့်လိုက် သည်။ ပေထင်းဟွမ်သည် လက်ဆန့်ထုတ်လိုက်သည်။

ယန်ယဲ့သည် လက်မြှောက်ကာ သူမ၏ နူးညံ့သောလက်ကို ဆုပ်ကိုင် လိုက်သည်။ အခုလေးတင် ထိုလက်များသည် တိုက်ကြီးပေါ်မှ ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက်ကိုသတ်ခဲ့သည်။ သို့သော် သူ့လက်ထဲတွင် ထိုလက်များ သည် နူးညံ့၊ သန့်ရှင်းပြီး နွေးထွေးမှုများနှင့်ပြည့်နေသည်။ ယန်ယဲ့သည် လက်ကိုပြန်ရုတ်ကာ သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

“ဟုတ်တယ် ငါတို့နိုင်ပြီ”

ယန်ယဲ့သည် ခေါင်းငုံ့ပြီး သူမ၏နဖူးထိပ်ဖျားကို ညင်သာစွာနမ်းလိုက်၏။ ထိုအချိန်တွင် သူ့ရင်ခွင်ထဲရောက်နေသူမှာ လူငယ်တစ်ယောက်သာဖြစ်သည်။ သူ၏ နှင်းဖြူရောင်ဝတ်ရုံသည် သူမ၏ အနက်ရောင်စစ်သည်ဝတ်စုံကို ရစ်ပတ် ထားသည်။ လူငယ်၏ခေါင်းသည် ယောက်ျား၏ မေးစေ့ထိရောက်သည်။ သူတို့သည် သွေးမိုးများရွာခဲ့သည့် ကွင်းထဲတွင် မီးရှူးမီးပန်းများ ဖောက်နေ သကဲ့သို့ ရပ်နေကြသည်။ မြင်ကွင်းသည် အလွန်ထူးဆန်းသည်။ သို့သော် အားလုံး၏အမြင်တွင် သူတို့သည် အလွန်လိုက်ဖက်နေကြသည်။

“ငါတို့နိုင်ပြီ အင်ပါယာကျောင်းတော် သက်တော်ရာကျော်ရှည်ပါစေ”

ပေထင်းဟွမ်သည် ပြုံးမိသည်။ သူမသည် မျက်နှာဖုံးချွတ်ပြီး ပွဲကြည့်စင် ဘက်သို့ကြည့်လေသည်။ နန်လင်းသည် မတ်တတ်ထရပ်လေသည်။ သူသည် ပေထင်းဟွမ်နှင့် အကြည့်ချင်းဆုံမိလေသည်။ သူသည် ကမ္ဘာပေါ်တွင် အလှဆုံး အသံအဖြစ် ပေထင်းဟွမ်၏စကားကို ကြားလိုက်ရသည် “ဆရာ အရင်က ကျွန်တော် ဆရာ့ကိုဂုဏ်ယူခဲ့ဖူးတယ်၊ ဒီနေ့တော့ ဆရာ ကျွန်တော့်ကို ဂုဏ်ယူ မယ်လို့မျှော်လင့်ပါတယ်”

ထိုအချိန်တွင် အားလုံး၏နှလုံးများ လှုပ်ရှားသွားကြသည်။ မရေတွက်နိုင် သော အားကျသည့်အကြည့်များသည် နန်လင်းဆီသို့ရောက်သွားကြသည်။ ထို လူကြီးလူကောင်းသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။ သူသည် နှစ်တစ်ရာ ကျော်နေထိုင်ခဲ့ကာ မည်သည့်အရာ၊ မည်သူကမှ သူ့ရင်ကိုလှုပ်ခါအောင်မလုပ် နိုင်ပေ။ သူသည် မျက်နှာပေါ်တွင် အမြဲတမ်းအပြုံးသဲ့သဲ့ရှိနေသည်။ သို့သော် ဤအခိုက်အတန့်တွင် ထိုလှပသောအညိုရောင်မျက်လုံးများသည် မျက်ရည် စတင်ဝဲလာသည်။

“ကျွန်တော်က ဆရာ့ကို အမြဲတမ်းဂုဏ်ယူနေခဲ့တာပါ၊ ကျွန်တော့် နောက်မှာဆရာရှိလို့ အားရှိခဲ့ဖူးတယ်၊ ဒီနေ့ ဆရာလည်း ကျွန်တော့်ကိုဂုဏ်ယူလို့ရပါတယ်၊ အင်ပါယာကျောင်းတော်နဲ့ ဆရာ့အတွက် ဂုဏ်သရေကိုယူလာပါမယ်၊ ကျွန်တော့်နာမည်က အင်ပါယာကျောင်းတော်ရဲ့ သမိုင်းမှာကမ္ဗည်းရေးထိုးပြီး ကျောင်းကို အတောက်ပဆုံးဂုဏ်သရေထပ်ပေါင်း ပေးပါ့မယ်”

နန်လင်း၏နှုတ်ခမ်းများသည် တုန်ယင်ကာ မှင်တက်နေသော်လည်း ဘာမှမပြောပေ။ စွမ်းအင်အကာအစီးသည် အလင်းပျောက်များဖြစ်ကာ ကောင်းကင်တွင် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သံမဏိသွေးအဖွဲ့ဝင် ၁၀ ယောက်၏ ပုံရိပ်ကို ဖော်ပြလေသည်။ ရှေ့တွင်လျှောက်လာသော ပေထင်းဟွမ်ကိုကြည့်ရာ သူမသည် သူ့ကိုအပြုံးသဲ့သဲ့နှင့်ကြည့်လေသည်။ နန်လင်းသည် အသက်ပြင်းပြင်းရှူကာ အားကုန်သုံးပြီး တိုက်ကြီးတစ်ခုလုံးကို ကြေညာလေသည် “မင်းက ငါ့ရဲ့ထာဝရဂုဏ်ယူစရာပါ”

မင်းက ငါ့ရဲ့ ထာဝရဂုဏ်ယူစရာ။

သူတို့၏အသံများသည် အားလုံး၏ရင်ကိုလှုပ်ခါစေကာ အားလုံး၏ စကားများကို ပြောနေသလိုပင်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ပေထင်းမိသားစု၏အပိုင်မဟုတ်သလို၊ သံမဏိသွေး သို့မဟုတ် အင်ပါယာ ကျောင်းတော်၏အပိုင်မဟုတ်ပေ။ သူမသည် လူများအပိုင်ဖြစ်သည်။ ဂိုဏ်း သခင်နှင့် ယှဉ်နိုင်သည့် ၁၄ နှစ် အရွယ်လူငယ်ဖြစ်သည်။ သူမသည် တိုက်ကြီး ပေါ်မှ ပြိုင်ဘက်ကင်းပါရမီရှင်နှစ်ယောက်ကို တစ်ယောက်တည်း သတ်ခဲ့၏။ သူမသည် လူငယ်အားလုံး၏ စံပြပုဂ္ဂိုလ်ဖြစ်ပြီး မိန်းကလေးများအားလုံး၏ အိပ်မက်ဖြစ်သည်။

သူမသည် အားလုံး၏ ဂုဏ်ယူစရာဖြစ်သည်။ ထိုနေ့မှစပြီး ပေထင်းဟွမ် ၏ နာမည်သည် တိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ ဝိညာဉ်စွမ်းအင်ရှိ သည့်နေရာတိုင်းတွင် သူမ၏နာမည်ကို ရေရွတ်ကြရမည်ဖြစ်သည်။

ကွင်းထဲမှလူပေါင်း တစ်သိန်းသည် သူတို့အား ရူးသွပ်ပြီး တောက်လောင် သည့် မျက်လုံးများဖြင့် ကြည့်နေသည်ကို ကြည့်ပြီး ပေထင်းဟွမ်သည် ယန်ယဲ့ နှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် လက်ကိုင်ထား ကြကာ ယန်ယဲ့၏တခြားလက်တစ်ဖက်သည် ပေထင်းဟွမ်၏ ခါးကိုသိုင်းဖက် ထားသည်။ ကွင်းထဲတွင် လေဟာနယ်လှုပ်ခါသွားပြီး ကွင်းထဲသို့ အမြန်ပြေး လာကြသောလူများသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ ပေထင်းဟွမ် ဘယ်မှာလဲ။

“အာ.. ဟေ့ကောင် သူကဘယ်သူလဲ ငါ့မြေးကိုတောင် ပြန်ပေးဆွဲသွား တာ ငါ မင်းကိုမကြေဘူး” အမြန်ပြေးလာပြီး ပေထင်းဟွမ်အား ပွေ့ဖက်မည် လုပ်သည့်ပေထင်းချင်းသည် ထိုအချိန်တွင် ဒေါသထွက်နေသည်။ သူသည် ရင်ထုကာ ခြေထောက်ဆောင့်ပြီး ဒေါသတကြီးထခုန်လုမတတ်ပင်...

All Chapters