နတ်လက်နက် ၁၀ ခု၊ အလွန်အမင်းဆုချခြင်း
Vol. 38 Ch. 759
“မဖြစ်နိုင်တာ၊ သူက ဒီအတိုင်းထွက်ပြေးသွားလိုက်တာလား” သံမဏိ သွေးအဖွဲ့ဝင်များပင် မယုံနိုင်ပေ။ သူတို့အနိုင်ရရန်မလွယ်ပေ။ အဲဒါကို သူတို့ ခေါင်းဆောင်က နတ်လက်နက်ဆုကြီးကို ပစ်ပြီးဘာလို့ပြေးတာလဲ။
“မင်းကို ငတုံးလို့ခေါ်ရင်လည်း ဝန်ခံချင်မှာမဟုတ်ဘူး.. ခေါင်းဆောင်က သခင်ကြီးယဲ့ချီနဲ့ထွက်မပြေးရင် ဒီရူးနေတဲ့လူတွေ ဝိုင်းတာခံရအောင်လို့ ဒီမှာ နေရမှာလား” နန်ကုန်းချန်ရှီးသည် ယွမ်ဟဲ့အား အထင်သေးစွာကြည့်ရင်း ရေရွတ်လေသည်။ သူမသည် အချိန်မှီ ထွက်မပြေးနိုင်သည့် တခြား သံမဏိသွေး ၈ ယောက်ကို သနားစဖွယ်ကြည့်လေသည်။
ကြမ်းတမ်းပုံရသောယောက်ျားများသည် ရူးသွပ်နေသောလူအုပ်ကြီး၏ အဝတ်စုတ်ကဲ့သို့ လေထဲသို့ပစ်မြှောက်ခြင်းခံလိုက်ရသည်။ သူတို့သည် တရှီးရှီး ဖြစ်ပြီးနောက် မျက်နှာပေါ်မှ တင်းမာသောအမူအရာနှင့် အကျည်းတန်သော အပြုံးများကိုမြင်သောအခါ သံမဏိသွေးအဖွဲ့ဝင်များသည် တညီတညာတည်း ပင် မမြင်ဟန်ပြုလေသည်။
သူတို့သည် သူတို့ကိုကိုမကြည့်ရဲပေ။
“အဟွတ် အဟွတ် အဟွတ်” လည်ချောင်းရှင်းရင်း အကြီးအကဲကြီး၏ အသ့သည် ရင်ပြင်ထဲတွင် နတ်စွမ်းအင်အရိပ်အယောင်ရှိနေသည်။ နောက်ဆုံး တွင် သံမဏိသွေးတိုက်ခိုက်ရေးအဖွဲ့ဝင်များမှာ ကယ်တင်ခြင်းခံလိုက်ရသည်။ သူရဲကောင်းများသည် စင်ပေါ်တက်ကာ ဆုလက်ခံရတော့မည်။ ထိုသွေးဆူနေ ကြသည့်လူများသည် သူတို့နေရာသို့ပြန်ထိုင်ကြသည်။ အကြီးအကဲကြီးပြော လေသည် “ကျေးဇူးတင်ပါတယ်၊ ပိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ တိုက်ပွဲတွေကို တင်ဆက်ပေးလို့ စစ်သည်တို့၊ လွတ်လပ်မှု သတ္တိနဲ့ ဝိညာဉ်စွမ်းအားကိုလိုက်မှု အစရှိတာတွေက ပင်မတိုက်ကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာပဲ၊ အခု ဒီ ကျောင်းပြိုင်ပွဲမှာအနိုင်ရသွားတဲ့ သူရဲကောင်းတွေက သံမဏိသွေးအဖွဲ့ဆိုတာ ကို ငါကြေညာလိုက်ပြီ”
ဝူး ဝိုး ရွှီး
အားပေးသံများသည် ဒီရေအလားပင်။ ထိုရူးသွပ်နေကြသည့် စစ်သည် များကိုလေးစားသော မိန်းကလေး၊ ယောက်ျားလေးများသည် သူတို့အနိုင်ရ သည်ထက်ပင် ပို၍စိတ်လှုပ်ရှားကြသည်။ အကြီးအကဲကြီး၏ လက်သည် အားလုံးကို ငြိမ်ကျစေရန် အချက်ပြီးနောက် ထိုလူများ ငြိမ်ကျသွားလေသည်။
“အခု ယန်းမြို့ရဲ့ နက်လက်နက်သန့်စင်သူတွေလုပ်ထားတဲ့ လက်နက် ၁၀ ခုကို အနိုင်ရတဲ့သူတွေအတွက် ဆုပေးမယ်၊ အဲဒါတွေက သံမဏိသွေးအဖွဲ့ အတွက် သွန်းလုပ်ထားတာပဲ၊ ၁၅ ရက်ကြာရင် အဲဒီလက်နက် ၁၀ ခုကို နတ် မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုယူပြီး သူရဲကောင်း ၁၀ ယောက်ကို ဝေပေးမယ်” နတ်လက်နက် ၁၀ ခုဟုတ်လား။
ချက်ချင်းဆိုသလိုပင် အားလုံးသည် ထိတ်လန့်သွားကြသည်။ ဘယ်လို လုပ် ဒီလိုဖြစ်နိုင်တာလဲ။ တစ်ခုတည်းမဟုတ်ဘူးလား။ ရုတ်တရက်ကြီး ၉ ခုက ဘယ်ကနေပေါ်လာတာလဲ။ ပြီးတော့ နတ်လက်နက်တွေလေ။
ထိုဖြစ်နိုင်ချေကိုတွေးပြီးနောက် အားကျသည့်မျက်လုံးများသည် စင်ပေါ် တွင် အရူးများကဲ့သို့ရပ်နေသည့် သံမဏိသွေးအဖွဲ့ဝင် ၈ ယောက်ဆီသို့ ရောက် သွားကြလေသည်။ မည်သူမှ သူတို့ကို မေးခွန်းမထုတ်ပေ။ ဤအရာများသည် ပေထင်းဟွမ်ကြောင့်ဖြစ်သည်ကို အားလုံးသိကြသည်။ ထိုလူများသည် သူ့ အသင်းဖော်အနေနှင့် နတ်လက်နက်ရရန် အခွင့်အရေးရှိခဲ့ကြသည်။
ဝိညာဉ်လက်နက်မဟုတ်ဘဲ နတ်လက်နက်ပင်။ နတ်လက်နက်နှင့်ဆို လျှင် သူသည် နတ်ဘုံအောက်ရှိသော ကျွမ်းကျင်သူများအားလုံးကို သတ်ရန် ခွန်အားရှိသည်။ သူသာ ယန်းမြို့၏နတ်ဘုံအဆင့်ကျွမ်းကျင်သူနှင့်မတွေ့လျှင် တိုက်ကြီးတစ်ခုလုံးတွင် မည်သူကမှ သူတို့ကိုဘာမှပြောနိုင်မည်မဟုတ်ပေ။
“အကြီးအကဲကြီး ဒါမတရားဘူး” ငွေလရောင်တော်ဝင်ကျော်းတော်မှ ကျောင်းအုပ်သည် ဒေါသထွက်လွန်းကာ မျက်နှာမှာစိမ်းလာသည်။ သူသည် ဒေါသတကြီးပြောလေသည် “အရင်တုန်းက သံမဏိသွေးက အနိုင်ရဖို့ ယုံကြည် ချက်မရှိတုန်းက နတ်လက်နက်တစ်ခုပဲရှိတယ်လို့ပြောခဲ့တယ်၊ အခု သံမဏိ သွေးကနိုင်သွားပြီး ခေါင်းဆောင်ကပေထင်းဟွမ်လည်းဆိုရော ယန်းမြို့က နတ်လက်နက် ၁၀ ခုထုတ်လာတယ်၊ ပင်မတိုက်ကြီးကလူတွေ စိတ်ပျက်သွား မှာကိုမကြောက်ဘူးလား၊ နောက်ဆိုရင် ကျောင်းပြိုင်ပွဲကို ဘယ်သူကဝင်ပြိုင် တော့မှာလဲ”
သူ၏ ကြမ်းတမ်းသောစကားများသည် ကိုယ့်ဘက်ကိုယ်ယက်ခြင်းသာ ဖြစ်သည်။ အားလုံးသည် ငွေလရောင်ကျောင်းအုပ်အား အရူးတစ်ယောက်ကဲ့သို့ ကြည့်ကြလေသည်။ ယန်းမြို့အား ဤကဲ့သို့စကားလုံးများဖြင့် မေးခွန်းထုတ်ရဲ သည့် ယုံကြည်ချက်မျိုး မည်သည့်နေရာကရသည်ကို သူတို့မသိတော့ပေ။
ယန်းမြို့၏အကြီးအကဲသည် စိတ်လှုပ်ရှားခြင်းမရှိသလို စိတ်မရှည်ခြင်း လည်းမဖြစ်ပေ။ သူသည် သဲ့သဲ့ပြုံးကာ ထိုလူစကားဆုံးသည်နှင့် ခေါင်းညိတ် လေသည်။ အကြီးအကဲကြီးသည် သဘောတူလိုက်သည်ဟု ကျောင်းအုပ်ထင် လိုက်ချိန်တွင် အကြီးအကဲကြီးပြောလိုက်သည့်စကားကို ကြားလိုက်ရသည် “ယန်းမြို့ကိုယ်စား ငွေလရောင်တော်ဝင်ကျောင်းတော်ကို နောက်ပိုင်းကျင်းပ မယ့် ကျောင်းပြိုင်ပွဲတိုင်းကနေ နှုတ်ထွက်ဖို့သဘောတူတယ်.. ဒီဆုံးဖြတ်ချက် ကို သဘောမတူတဲ့သူတွေ ဝင်မပြိုင်ဖို့ ရွေးချယ်နိုင်တယ်”