အကြီးအကဲကြီးရဲ့ လျှို့ဝှက်ကြံစည်မှု
Vol. 38 Ch. 760
ငွေလရောင်တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ်သည် ယိုင်သွားကာ ထိုနေရာတွင် မေ့လဲလုမတတ်ပင်။ သူသည် အတွင်းမြို့၏အကြီးအကဲကြီးကို မယုံကြည်နိုင်စွာဖြင့်ကြည့်ကာ ရေရွတ်လေသည် “မဟုတ်ဘူး မဟုတ်ဘူး ကျုပ် ပြောချင်တာ ဒီလိုမဟုတ်...”
အတွင်းမြို့အကြီးအကဲကြီး၏ စကားများသည် ငွေလရောင်တော်ဝင် ကျောင်းတော်၏ ရှင်သန်ရေးလမ်းကြောင်းများအားလုံးကို ဖြတ်ပစ်လိုက်ခြင်း ပင်။ ငွေလရောင်တော်ဝင်ကျောင်းတော်၏ နှုတ်ထွက်ခြင်းသတင်းကို ကြားသိ သည်နှင့် ကျောင်းသားများအားလုံးသည် တခြားကျောင်းသို့ ပြောင်းသွားကြ မည်ကို သူတွေးကြည့်၍ရနေသည်။ ထိုအချိန်မှစ၍ ငွေလရောင်တော်ဝင် ကျောင်းတော်သည် တိုက်ကြီးပေါ်မှ ကျောင်းသားတစ်ယောက်ကိုပင် ခေါ်ယူ ရန် ခက်ခဲသွားနိုင်သည်။
သို့သော် ယန်းမြို့၏အကြီးအကဲကြီးသည် ထိုလူအား ကြည့်ပင်မကြည့် ပေ။ ထိုအစား သူသည် ပြုံးပြီး နန်လင်းအားကြည့်လေသည် “ကျောင်းအုပ် နန်လင်း ကျောင်းရဲ့ရလဒ်ကောင်းတွေအတွက် ဂုဏ်ပြုပါတယ်၊ ဒီတစ်ခါ ကွင်းထဲမှကျန်ခဲ့တဲ့သူတွေက ခင်ဗျားတို့ကျောင်းက ကျောင်းသားတွေချည်းပဲ၊ ဒါက မကြုံစဖူးအောင်မြင်မှုပဲ၊ နောက် ၁၀ နှစ်ကြာရင် ခင်ဗျားတို့ကျောင်းရဲ့ ခွန်အားက အမြင့်တစ်ခုကိုရောက်နေမယ်လို့ မျှော်လင့်ပါတယ်၊ ပင်မတိုက်ကြီး ကိုယ်စား ကျောင်းအုပ်နန်လင်းကို တစ်ခုတောင်းဆိုချင်ပါတယ်”
ဂုဏ်သရေရှိ နတ်ဘုံကျွမ်းကျင်သူတစ်ယောက်သည် ကျောင်းအုပ် နန်လင်းအား ယဉ်ကျေးသည့် အသံနေအသံထားဖြင့်ပြောနေသည်။ ၎င်းသည် အမြဲတမ်းထောင်လွှားနေသော ယန်းမြို့၏ပုံရိပ်ကို အားလုံးရှေ့တွင် ပြောင်းလဲ လိုက်ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ပေထင်းဟွမ်ကြောင့်ဖြစ်သည်ကို နန်လင်းသိသည်။
“အကြီးအကဲကြီး ကျေးဇူးပြုပြီးပြောပါ” ကျောင်းအုပ်နန်လင်းသည် အသာခေါင်းဆတ်ကာ သူ့အမူအရာသည် ခယလွန်းခြင်းမရှိသလို ဗိုလ်ကျလွန်း ခြင်းလည်းမရှိပေ။
သူသည် လူကြီးလူကောင်းတစ်ယောက်၏ ပြောပုံဆိုပုံနှင့် နူးညံ့သည့် အမူအရာရှိနေသည်။ အကြီးအကဲကြီးသည် သက်ပြင်းချမိသည်။ ဤပင်မတိုက် ကြီးတွင် ဤလူနှင့် လန်ချန်းမိုသာ သခင်လေး ၉ ၏ဆရာဖြစ်ထိုက်သည်။
“အခုက ပြိုင်ပွဲဝင်နိုင်တဲ့ ကျောင်းက တိုက်ကြီးမှာမများလှဘူး၊ တစ်ရာ လောက်ပဲရှိမယ်၊ အင်ပါယာကျောင်းတော်အပြင် တခြားကျောင်းသုံးကျောင်း တို့လို ထိပ်တန်းလေးကျောင်းက ပြန်ဖွဲ့စည်းဖို့မလိုမယ်၊ တချို့... ကတော့ ရှိနေ ဖို့မလိုတော့ဘူးလို့ထင်တယ်၊ ဒါက ပင်မတိုက်ကြီးက အရည်အချင်းရှိတဲ့သူတွေ ကို ပျိုးထောင်ဖို့အတွက် အကျိုးယုတ်နိုင်တယ်၊ ပင်မတိုက်ကြီးမှာ အင်ပါယာ ကျောင်းတော်လိုမျိုး တခြားကျောင်းသုံးကျောင်းကလည်း ခွန်အားပျိုးထောင် ဖို့အတွက် ကျောင်းအုပ်နန်လင်းရဲ့အမြင်ကိုသိချင်တယ်၊ ကျောင်းအုပ်နန်လင်း ကျေးဇူးပြုပြီး တစ်ယောက်နှစ်ယောက်လောက် ညွှန်းပေးပါဦး”
ထိုစကားများသည် တခြားကျောင်းသုံးကျောင်း၏ ကျောင်းအုပ်များကို မျက်နှာအမူအရာပြောင်းသွားစေသည်။ အခုချိန်တွင် သူတို့လုပ်နိုင်သည့် တစ်ခု တည်းသောအရာမှာ ဖြစ်နိုင်သလောက် မဟာမိတ်ဖွဲ့စည်းပြီး မဟာမိတ်ရှာကာ ပေထင်းဟွမ်ပိုင်ဆိုင်သည့် အင်အားစုကို တွန်းလှန်ပြီးယန်းမြို့ကို ဦးတည်ရန် ဖြစ်သည်။
ကျောင်းအုပ်သုံးယောက်သည် စီရင်ချက်ဗိမာန်၏ အကြီးအကဲကြီးကို ကြည့်ကြလေသည်။ ဒုအကြီးအကဲကို ပေထင်းဟွမ်သတ်သွားပြီးနောက် အကြီးအကဲကြီးသည် ဤနေရာသို့ ချက်ချင်းအပို့ခံလိုက်ရခြင်းဖြစ်သည်။ ယန်းမြို့ကို ရန်သူလုပ်ခြင်းသည် သေလမ်းရှာခြင်းပင်။ သို့သော် ယခု ကိစ္စများ သည် ယခုလိုဖြစ်လာရာ ရွေးချယ်စရာမရှိတော့ပေ။
“ကြည့်ရတာ နတ်သခင်ကြီးတွေကို ဖြစ်နိုင်သလောက်မြန်မြန် ဆက်သွယ်မှ အဲဒီလေဟာနယ်ကလူတွေကို နတ်သခင်ကြီးကဆက်သွယ်နိုင်ပြီး သူတို့ရဲ့ငွေကြေးထောက်ပံ့မှုရနိုင်မယ်၊ အဲလေဟာနယ်ကလူတွေ ငါ့ကို မထောက်ပံ့ရင် သူတို့ကိုအသုံးချရတော့မှာပဲ” အကြီးအကဲကြီးသည် စိတ်ထဲ တွင် ဆောင့်အောင့်ကာ သူတို့သုံးယောက်အား မသိမသာခေါင်းညိတ်ပြလေ သည်။ သူ၏အပြုအမူများသည် အလွန်သိမ်မွေ့သောမလည်း ကျောင်းအုပ်သုံး ယောက်သည် သေဆုံးခြင်းနတ်ဘုရားကို တွေ့လိုက်ရသလိုပင်။
စီရင်ချက်ဗိမာန်မှလွဲပြီး သူတို့ဆက်သွယ်နိုင်သည့်တခြားအဖွဲ့အစည်း သည် ထျန်းယန်မျိုးနွယ်ဖြစ်သည်။ သူတို့သုံးယောက်သည် တစ်ခုတည်းကိုသာ တွေးနေကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် အင်ပါယာကွင်းထဲတွင် နေလိုစိတ်မရှိတော့ပေ။ သူတို့သည် အလျင်စလိုထွက်သွားကာ ဖြစ်နိုင်သလောက်မြန်မြန် ပြန်တိုက်ခိုက်ရန် ပြင်ဆင်တော့သည်။
ထိုလူများထွက်သွားသည်နှင့် အင်ပါယာကွင်းထဲတွင် ကြည်နူးခြင်းများ စတင်လာသည်။ ပေထင်းဟွမ်၏တိုက်ပွဲသည် တစ်ကမ္ဘာလုံးတွင် နာမည်ကျော် လာကာ ပျော်ရွှင်စရာကိစ္စဖြစ်လာသည်။ ပေထင်းချင်းသည် စဉ်းစားလေလေ ပို၍ ယူကျုံးမရဖြစ်လေပင်။ ဝိုင်အနည်းငယ်သောက်ပြီးနောက် သူမူးနေလေပြီ။ ပေထင်းကျင်နှင့် ပေထင်းရွေ့တို့သည် သူ့ကိုပြန်ခေါ်သွားရကာ အဘိုးကြီး သည် အဆက်မပြတ်ရေရွတ်နေသည် “ငါ့မြေးကဘယ်မှာလဲ၊ ငါ့မြေးလိမ္မာလေး ကို ဘယ်သူခေါ်သွားတာလဲ၊ အဲကောင် ယဲ့ချီ.. ငါ့မြေးလိမ္မာလေးကို လမ်းလွဲ အောင်လုပ်နေတယ်...”