← Chapters

အခန်း (၈၅၆)

Vol. 62 Ch. 856

အခန်း (၈၅၆)

Vol. 62 Ch. 856

ဟန်မူယဲ့က ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်သွားပြီး ရပ်တန့်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာပြောသည်။

“သေချင်နေတဲ့လူတစ်ယောက်ကို သတ်ဖြတ်ရတာက အသုံးမဝင်ဘူး။ ငါ့ရဲ့ ပြိုင်ဘက်ကင်းဂုဏ်ပုဒ်ကိုလည်း ထိခိုက်စေလိမ့်မယ်”

သူက လက်မြှောက်ပြီး ကျားကွက်ပေါ်တွင် စာလုံးများကို ရေးထွင်းလိုက်သည်။

“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်က ဒီနေရာမှာ နတ်ဘုရားဘုရင်လော့ချီကို သတ်ဖြတ်ခဲ့တယ်”

ဟန်မူယဲ့က စာလုံးများကို ချန်ထားခဲ့ပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ ရှေ့ဆက်လျှောက်သွားသည်။ နတ်ဘုရားဘုရင်လော့ချီက စိတ်ရှုပ်ထွေးစွာ ရေရွတ်နေပြီး ကျန်ရစ်ခဲ့သည်။

“ဓားတစ်လက်လိုမျိုး ပြတ်သားတဲ့ စိတ်ဓာတ်။ မထူးဆန်းတော့ပါဘူး ....”

“ငါက တုံ့ဆိုင်းမနေခဲ့သင့်ဘူး ....”

သူ့အသံက လေထုထဲတွင် လွင့်မျောနေသည်။ သူ့ခေါင်းက တစ်ဖက်သို့ ငဲ့ကျသွားသည်။ သူ၏ အသက်စွမ်းအားက ပြတ်တောက်သွားခဲ့သည်။

အသက်စွမ်းအား ပြတ်တောက်သွားသောအချိန်တွင် ပြန့်ကျဲနေသော ကျားကွက်များအားလုံးက ပေါက်ကွဲသွားခဲ့သည်။

အဆုံးမရှိသော အလင်းစီးကြောင်းများသည် ပေတစ်ထောင်ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။ သို့သော် ရွှေရောင်အင်းကွက်၏ ဖိနှိပ်မှုကို ခံထားရပြီး မလွတ်မြောက်နိုင်ခဲ့ပေ။

“ငါနားလည်ပြီ”

ပြန့်ကျဲသွားသော ကျားကွက်များကို ကြည့်လိုက်ပြီး လူတစ်ယောက်က အော်ပြောသည်။

“နတ်ဘုရားဘုရင်လော့ချီက ပြိုင်ဘက်ကင်းဟန်ကို ပျက်စီးခြင်းငါးပါးထောင်ချောက်ထဲ မျှားခေါ်ချင်တာပဲ။ သူက ပြိုင်ဘက်ကင်းဟန်ကို အသုံးချပြီး ပျက်စီးခြင်းငါးပါးကို ကျော်လွှားချင်နေတယ်”

“တကယ်ကို ရက်စက်တဲ့နည်းလမ်းပဲ။ တကယ်လို့ ပြိုင်ဘက်ကင်းဟန်က သူ့ရဲ့ အမွေအနှစ်ကို မက်မောနေရင် ထောက်ချောက်ထဲရောက်သွားပြီး ပျက်စီးခြင်းငါးပါးကို သူနဲ့အတူ ရင်ဆိုင်ရလိမ့်မယ်”

လူအများက ထွက်သွားသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်နှာထားများ ရှုပ်ထွေးသွားကြသည်။

အမှန်တကယ်ပင် မယိုင်လဲနိုင်သောစိတ်ဓာတ်နှင့် လူတစ်ယောက်ရှိနေသည်။

ကောင်းကင်အင်မော်တယ် တစ်ဝက်အဆင့် ကျင့်ကြံသူ၏ ရတနာများသည် သူ့ကို နည်းနည်းလေးပင် စိတ်မလှုပ်ရှားစေခဲ့ပေ။

“အဲဒီလို ဓားကျင့်ကြံသူမျိုးက အရမ်းကြောက်ဖို့ကောင်းတယ်”

လူတစ်ယောက်က ရေရွတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

တခြားလူများကလည်း ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့၏လမ်းကြောင်းကို ကြည့်နေကြသည်။

သူက မယိုင်လဲနိုင်သော စိတ်ဓာတ်ဖြင့် ဓားလမ်းစဉ်၏ အရာအားလုံးကို ရှာဖွေနေသည်။

ထိုဓားကျင့်ကြံသူမျိုးက ဦးတည်ချက် လွဲမှားသွားမည်မဟုတ်သလို အညံ့ခံမည်လည်း မဟုတ်ပေ။

သူ၏စိတ်ဓာတ်ကို ဖျက်ဆီးလိုလျှင် လက်ထဲတွင်ရှိသော ဓားကို ချိုးဖျက်ရမည်။

ကျောက်ဆောင်ကဲ့သို့ ခိုင်မာသောစိတ်ဓာတ်နှင့် ဓားကျင့်ကြံသူတစ်ယောက်က ကွမ်ယွဲ့မြို့ကို စိန်ခေါ်နေသည်။ လမ်းတစ်လျှောက်တွင် သူ၏ တိုက်ပွဲတိုင်းသည် အလွန်ထူးခြားနေလိမ့်မည်။

လူအများက အလိုလျောက် ဟန်မူယဲ့၏ တိုက်ပွဲများကို မျှော်လင့်နေကြသည်။

သူက လမ်းတစ်လျှောက်တွင် တိုက်ပွဲများကို မည်သို့ ကျော်လွှားသွားမည်နည်း။

ဟန်မူယဲ့က မိုင်တစ်သောင်းအကွာသို့ ရောက်လာသည်။

“ဘုန်း”

ဓားအလင်း ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က ဓားရှည်ကို ကိုင်ဆွဲပြီး ရှေ့ဆက်သွားသည်။ သူက အရိုင်းဆန်သော စာလုံးများကို မြေပြင်ပေါ်တွင် ချန်ရစ်ခဲ့သည်။

“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်က ကွမ်ယွဲ့မြို့ရဲ့ ကောင်းကင်အင်မော်တယ်ကို ဒီနေရာမှာ သတ်ဖြတ်ခဲ့တယ်”

သူက ကောင်းကင်အင်မော်တယ်ကို ဓားသုံးချက်ဖြင့် သတ်ဖြတ်ခဲ့သည်။

မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင် ဓားအလင်းများ သောင်းကျန်းနေပြီး လူများက တိုက်ရိုက်မကြည့်ရဲကြပေ။

ထိုတိုက်ပွဲသည် အသက်ရှူကြိမ်တစ်ရာသာ ကြာမြင့်ခဲ့သော်လည်း လူတိုင်းကို ကြောင်အသွားစေခဲ့သည်။

ဟန်မူယဲ့က ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူဆီမှ ရရှိလာသော ဓားတစ်လက်ကို ကိုင်ထားသည်။

တိမ်တိုက်ဝင်္ကပါဓားသည် ဘုံကိုးပါး၏ တိမ်တိုက်မြူခိုးများမှတစ်ဆင့် ဆင်းသက်လာပြီး ကောင်းကင်မြစ်ရေနှင့် နှစ်ထောင်ချီကြာအောင် ဆေးကြောထားသည်။ ထို့နောက် ပေါင်သုံးသိန်းလေးသော ရေခဲဓားတစ်လက် ဖြစ်လာသည်။

ထိုဓားကို အလွှာသုံးခုမီးတောက်ဖြင့် နှစ်ထောင်ချီကြာအောင် ပျိုးထောင်ပေးပြီး အဖိုးတန်သော ဝိညာဉ်ရတနာတစ်ပါး ဖြစ်လာခဲ့သည်။

ဓားကောင်းတစ်လက် ဖြစ်သည်။

သန့်စင်ထားသော နည်းလမ်းများကလည်း ထူးခြားသည်။

ဟန်မူယဲ့က ဓား၏မှတ်ဉာဏ်များကို လေ့လာရန်အတွက် ခြောက်နာရီကြာအောင် အချိန်ယူခဲ့သည်။

သူ့လက်ထဲတွင်ရှိသော ဝိညာဉ်ရတနာဓားသည် ကြည်လင်နေသော ကျောက်စိမ်းဓားရှည်အဖြစ် အသွင်ပြောင်းသွားသည်။

ထိုဓားကို အင်မော်တယ်ကမ္ဘာ၏ နည်းစနစ်များဖြင့် ဖန်တီးထားပြီး အင်မော်တယ်ချီကို တိုက်ရိုက်အသုံးပြုသောကြောင့် တခြားလက်နက်များထက် ပိုမိုအသုံးဝင်သည်။

ဟန်မူယဲ့က ဓားကိုင်ထားပြီး ရှေ့တက်သွားသည်။

“ဘုန်း”

သူက ခြေတစ်လှမ်းဖြင့် ပေတစ်သောင်းအကွာသို့ ရောက်လာပြီး ချက်ချင်းဆိုသလိုပင် မိုင်တစ်ရာအကွာသို့ ရောက်သွားသည်။

သူက အလွန်လျင်မြန်သောကြောင့် ပုံရိပ်များကို ချန်ရစ်ခဲ့သည်။

မိုင်တစ်သောင်းသုံးထောင်အကွာတွင် သူက နယ်မြေတစ်ခု ဖွဲ့စည်းထားသော ကောင်းကင်အင်မော်တယ်တစ်ပါးကို တိမ်တိုက်ဝင်္ကပါဓားဖြင့် သတ်ဖြတ်ခဲ့သည်။

ထိုကျွမ်းကျင်သူသည် မြေဓာတ်စွမ်းအင်ကို လေ့ကျင့်ထားပြီး ပေတစ်ထောင်မြင့်မားသော ကျောက်သားရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားသည်။

ထိုကျွမ်းကျင်သူက တိုက်ခိုက်နိုင်စွမ်းတွင် အားနည်းနိုင်သော်လည်း ခုခံနိုင်စွမ်း အလွန်ကောင်းသည်။

ကွမ်ယွဲ့မြို့က ခုခံနိုင်စွမ်းကောင်းသော ကျွမ်းကျင်သူများကို အသုံးပြု၍ ဟန်မူယဲ့ကို တားဆီးထားချင်သည်။

ဟန်မူယဲ့၏ ကြမ်းတမ်းသောအရှိန်အဟုန်က နှေးကွေးသွားလျှင် ကွမ်ယွဲ့မြို့ဆီသို့ ရောက်လာနိုင်တော့မည်မဟုတ်ပေ။

အရှိန်အဟုန် ပျောက်ကွယ်သွားလျှင် တိုက်ပွဲက မသေချာမှုများဖြင့် ပြည့်နှက်နေလိမ့်မည်။

သို့သော် ခုခံနိုင်စွမ်းကြောင့် ကျော်ကြားသော မြေဓာတ်စွမ်းအင်လေ့ကျင့်သူ ကောင်းကင်အင်မော်တယ်သည် ဟန်မူယဲ့ကြောင့် ခေါင်းပြတ်သွားခဲ့သည်။

ပေတစ်ထောင်မြင့်မားသော ရုပ်သေးရုပ်က ဘန်းခနဲ ပြိုကျသွားခဲ့သည်။

မြေဓာတ်မန္တန်ကို ဓားတစ်ချက်ဖြင့် ချိုးဖျက်ခဲ့သည်။

ဟန်မူယဲ့က ရုပ်သေးရုပ်၏ ကျောက်သားပေါ်တွင် စာလုံးများကို ချန်ရစ်ပြီး ထွက်သွားသောအခါတွင် လူအုပ်က ဆူပွက်သွားခဲ့သည်။

ထိုတိုက်ပွဲသည် တာအိုလမ်းစဉ်နှင့် ဓားလမ်းစဉ်၏ တိုက်ပွဲဖြစ်ပြီး အဆုံးတွင် ဓားလမ်းစဉ်က အနိုင်ရသွားခဲ့သည်။

လေဟာနယ်လမ်းကြောင်းအဆင့် ကောင်းကင်အင်မော်တယ်သည် ကွမ်ယွဲ့မြို့ ထုတ်သုံးနိုင်သော အသန်မာဆုံး ကျွမ်းကျင်သူ ဖြစ်သည်။

ပိုမိုသန်မာသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်က ဂုဏ်သိက္ခာကို ထည့်မတွက်ဘဲ ဟန်မူယဲ့ကို တိုက်ခိုက်မည်မဟုတ်ပေ။

ထိုကျင့်ကြံသူများသည် အသက်ကို အလွန်တန်ဖိုးထားကြသည်။

ဟန်မူယဲ့က မိုင်ပေါင်း လေးသောင်းသုံးထောင်အတွင်း၌ လေဟာနယ်လမ်းကြောင်းအဆင့် ကောင်းကင်အင်မော်တယ်တစ်ပါး အပါအဝင် တခြားကျွမ်းကျင်သူလေးယောက်ကို သတ်ဖြတ်ခဲ့သည်။

ပြိုင်ဘက်ကင်းဟန်၏ နာမည်သည် ပတ်ဝန်းကျင်တွင်ရှိသော အင်အားစုများကို ဆွဲဆောင်လိုက်သည်။

မြို့သိမ်းတိုက်ပွဲ၏ မရပ်တန့်နိုင်သော စိန်ခေါ်သူမျိုးကို နှစ်ထောင်ပေါင်းများစွာကြာသည်အထိ မမြင်ခဲ့ရပေ။

ကောင်းကင်အင်မော်တယ်အဆင့်သို့ မရောက်သေးဘဲ ကောင်းကင်ကို ဖီဆန်၍ ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သော ဓားသမားလည်း မရှိခဲ့ပေ။

ဟန်မူယဲ့၏ အင်မော်တယ်ချီအငွေ့အသက်သည် ဝိညာဉ်ကိုယ်ခွဲအဆင့်တွင်သာ ရှိနေသည်။

သူက ရွှေအပိုင်းအစပုရွက်ဆိတ်များ၏ အကူအညီဖြင့် အဆင့်တက်နိုင်ခဲ့သည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ဓားတာအိုကျင့်ကြံခြင်းအပေါ်တွင် မှီခိုနေသည်။ သူ၏ အင်မော်တယ်ချီ ကျင့်ကြံခြင်းသည် မပြောပလောက်ပေ။

လမ်းတစ်လျှောက်တွင် လူက ပြောင်မြောက်သော ဓားနည်းစနစ်များကို ထုတ်ပြပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

လေးလံခြင်းနှင့် ပေါ့ပါးခြင်း ....

ဓားတစ်ချက်ဖြင့် မန္တန်ကို ချိုးဖျက်ခြင်း ....

နည်းစနစ်များအားလုံးကို စုပေါင်းခြင်း ....

....

ဓားလမ်းစဉ်၏ တောက်ပမှုအားလုံးသည် ပြိုင်ဘက်ကင်းဟန်နှင့် သုံးပေပတ်ဝန်းကျင်တွင် ရှိနေသည်.

ဟန်မူယဲ့က ရှေ့ဆက်သွားသည်။ ပိုမိုများပြားသောလူများက သူ့ကို အာရုံစိုက်ထားကြသည်။

မိုင်ပေါင်း ငါးသောင်းတစ်ထောင် ....

ဟန်မူယဲ့၏ရှေ့တွင် မိုင်တစ်ရာကွင်းပြင်တစ်ခု ရှိသည်။ အနက်ရောင်မြင်စီးစစ်သည်များက ဝင်္ကပါဖွဲ့စည်းထားပြီး စောင့်နေကြသည်။

အနက်ရောင်မြင်စီးစစ်သည်တစ်သိန်း၏ သတ်ဖြတ်လိုစိတ်သည် ကောင်းကင်အထိ ရောက်နေသည်။

ထိုစစ်သည်များက လေပြင်းဓားပြများနှင့် မတူညီဘဲ ချိန်းကြိုးချပ်ဝတ်နှင့် သွေးနီရောင်လှံရှည်များကို ကိုင်ဆောင်ထားကြသည်။

“တောင်ရိုင်းမြေမှာ လှည့်ပတ်နေတဲ့ မိစ္ဆာစစ်သည်တွေကို ဖိတ်ခေါ်ထားတာလား။ ဝမ်ယွဲ့မြို့က ဘယ်လောက်ပေးလိုက်ရလဲမသိဘူး”

လူတစ်ယောက်က မြင်းစီးစစ်သည်များကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ထိုမိစ္ဆာစစ်သည်များသည် တောရိုင်းမြေ၏ အင်အားစုတစ်ခုဖြစ်ပြီး မိစ္ဆာအနှစ်သာရဂိုဏ်း၏ အပြင်စည်းတပည့်များ ဖြစ်ကြသည်။

မိစ္ဆာအနှစ်သာရဂိုဏ်းသည် တာအိုဂိုဏ်းဟု အမည်ခံထားသော်လည်း မိစ္ဆာနည်းစနစ်များကို ကျင့်ကြံသည်။

သို့သော် သူတို့က ဖူယွီအင်မော်တယ်ကမ္ဘာ၏ တာအိုဂိုဏ်းကြီးများနှင့် ရှုပ်ထွေးသောဆက်ဆံရေးရှိသည်။

တာအိုဂိုဏ်းများက ယွင်ထန့်တောရိုင်းမြေ၏ ဝေစုတစ်ခုကို လိုချင်သောကြောင့် မိစ္ဆာအနှစ်သာရဂိုဏ်းကို တည်ဆောက်ခဲ့သည်ဟု ပြောကြသည်။

မိစ္ဆာအနှစ်သာရဂိုဏ်းသည် ဂုဏ်သိက္ခာမရှိဘဲ အကျိုးအမြတ်ကိုသာ ဂရုစိုက်သည်။

သူတို့က ထိုနည်းလမ်းကို တမင်သက်သက် ထိန်းသိမ်းထားပြီး တာအိုဂိုဏ်းများ၏ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း ပြသချင်သည်။ ထိုမှသာ ရရှိလာသော အကျိုးအမြတ်များကို အဆုံးစွန်အထိ အသုံးချနိုင်မည်ဖြစ်သည်။

တာအိုဂိုဏ်းများက ယွင်ထန့်တောရိုင်းတွင်ရှိသော လက်သင့်မခံနိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းကို အမှန်တကယ် ထောက်ပံ့ပေးမည်မဟုတ်ပေ။

အကယ်၍ လုံလောက်သောတန်ဖိုးတစ်ခုကို ပေးအပ်မည်ဆိုလျှင် မိစ္ဆာအနှစ်သာရဂိုဏ်းမှ ရွှေအင်မော်တယ်တစ်ယောက်ကိုပင် ငှားရမ်းနိုင်သည်။

သို့သော် ထိုဈေးနှုန်းသည် အလွန်မြင့်မားပြီး ယွင်ထန့်တောရိုင်းမြေမှ အင်အားစုတချို့သာ တတ်နိုင်လိမ့်မည်။

ကွမ်ယွဲ့မြို့က မြင်းစီးစစ်သည်တစ်သိန်းကို ငှားရမ်းရန်အတွက် စိတ်ကူးမယဉ်နိုင်သော တန်ဖိုးတစ်ခုကို ပေးခဲ့ရလိမ့်မည်။

“ပြိုင်ဘက်ကင်းဟန်လား”

စစ်သည်များ၏ရှေ့တွင် အနက်ရောင်ဓားရှည်တစ်လက်ကို ကိုင်ထားသော အနက်ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်စစ်သည်က တီးတိုးပြောလိုက်သည်။

သွေးချီနှင့် မိစ္ဆာချီများသည် သူ့ခန္ဓာကိုယ်တွင် လှုပ်ရှားနေကြသည်။

သူ၏ တိုက်ခိုက်လိုစိတ်သည် နောက်တွင်ရှိသော စစ်သည်များနှင့် ချိတ်ဆက်နေသည်။

“ငါတို့ မိစ္ဆာအနှစ်သာရဂိုဏ်းရဲ့ ဝင်္ကပါကို စမ်းကြည့်လိုက်အုံး”

စစ်သည်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ဟန်မူယဲ့ကို ဓားဖြင့်ညွှန်ပြသည်။

“ငါတို့မိစ္ဆာအနှစ်သာရဂိုဏ်းရဲ့ ဝင်္ကပါကို စမ်းကြည့်လိုက်အုံး”

စစ်သည်တစ်သိန်းက ဟိန်းဟောက်လိုက်သည်။ သူတို့၏ အသံသည် ကောင်းကင်နှင့်မြေကြီး၏ကြားတွင် ပဲ့တင်ထပ်သွားပြီး အင်မော်တယ်ချီကို လှိုင်းလုံးကဲ့သို့ ပျံ့နှံ့သွားစေသည်။

မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် အပြည့်အဝ နှောင့်ယှက်ခံလိုက်ရသည်။

ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားဖြင့် အပြည့်အဝ လိုက်ဖက်ညီမှုမရှိသော ဝင်္ကပါစွမ်းအား ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက ဖရိုဖရဲ ဖြစ်သွားရသည်။

လူတစ်သိန်းက ဝင်္ကပါဖွဲ့စည်းထားသော်လည်း စိတ်ဆန္ဒချင်း ထပ်တူမကျပေ။

အကယ်၍ လူတစ်သိန်း၏ နှလုံးသားနှင့် စိတ်ဆန္ဒက ထပ်တူညီနေမည်ဆိုလျှင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲဝင်္ကပါတစ်ခု ဖြစ်နေလိမ့်မည်။

“ဒီလိုဝင်္ကပါမျိုးနဲ့ဆိုရင် ပြိုင်ဘက်ကင်းဟန်က ....”

လူတစ်ယောက်က ထိတ်လန့်နေသော နှလုံးသားဖြင့် တီးတိုးပြောသည်။

ဝင်္ကပါ၏ သွေးချီနှင့် မိစ္ဆာချီသည် လူများကို ထိတ်လန့်သွားစေနိုင်သည်။

ထိုမြင်ကွင်းမျိုးသည် နယ်မြေတစ်ခု ဖွင့်လှစ်ထားသော လေဟာနယ်လမ်းကြောင်း ကောင်းကင်အင်မော်တယ်ကိုပင် မငြိမ်မသက် ဖြစ်သွားစေလိမ့်မည်။

“စမ်းကြည့်ရုံပဲမဟုတ်လား”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် လက်ထဲတွင်ရှိသော တိမ်တိုက်ဝင်္ကပါဓားကို မြှောက်သည်။

ဓားအလင်းသည် ပြန့်ကျဲသွားပြီး ရေခဲတိမ်တိုက်များအဖြစ် ပြောင်းလဲနေသည်။

ထိုအရာသည် ဓား၏ ထူးခြားသောစွမ်းရည်ဖြစ်ပြီး ကိုယ်ပိုင်စွမ်းအားနှင့် လိုက်ဖက်ညီမှုရှိသည်။

“အရမ်းများလွန်းတဲ့ သွေးချီနဲ့ သတ်ဖြတ်လိုစိတ်တွေ။ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို သတ်ဖြတ်ခဲ့တာပဲ ဖြစ်လိမ့်မယ်”

ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့်အလင်းရောင်သည် ဟန်မူယဲ့၏ မျက်လုံးထဲတွင် ပေါ်လာသည်။ သူ့စိတ်ထဲတွင်ရှိသော သတ်ဖြတ်ခြင်းဓား၏ လှုပ်ရှားမှုကို မည်သူမှ မမြင်လိုက်ကြပေ။

ထိုဓားသည် သတ်ဖြတ်ခြင်းကို ရည်ရွယ်ပြီး ထိုစစ်သည်များအားလုံးကို သတ်ဖြတ်၍ သွေးချီနှင့် သတ်ဖြတ်လိုစိတ်ကို စုပ်ယူချင်နေသည်။

ဓားရှည်မှ ထုတ်လွှတ်လိုက်သော စိတ်ဆန္ဒသည် ဟန်မူယဲ့၏ မျက်လုံးကို အနီရောင်ပြောင်းသွားစေသည်။

“သတ်”

ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓား၏စွမ်းရည်ကြောင့် တစ်ဖက်တွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

သူက လက်မြှောက်ပြီး စစ်တပ်ကို ဦးဆောင်လာသည်။

အနက်ရောင်မြင်းစီးစစ်သည်များက လျင်မြန်စွာပြေးလွှားပြီး အနက်ရောင်ရေလှိုင်းတစ်ခုကဲ့သို့ ဟန်မူယဲ့ဆီ ပြေးဝင်လာကြသည်။

All Chapters