← Chapters

အခန်း (၈၅၇)

Vol. 62 Ch. 857

အခန်း (၈၅၇)

Vol. 62 Ch. 857

သတ်ဖြတ်လိုစိတ်သည် ပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်ပြီး မိုင်တစ်ရာပတ်ဝန်းကျင်ကို သွေးရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည်။ ဟန်မူယဲ့က ထွက်ပြေးနိုင်တော့မည်မဟုတ်ပေ။

“ငါက စစ်ပွဲဝင်္ကပါကို အထင်သေးမိတာပဲ။ ပြိုင်ဘက်ကင်းဟန်က ဝင်္ကပါမစုစည်းခင် အရင်ဆုံးလှုပ်ရှားခဲ့သင့်တယ်”

လူအိုကြီးတစ်ယောက်က မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး ပြောသည်။

“ဟုတ်တယ်။ မိစ္ဆာအနှစ်သာရဂိုဏ်းရဲ့ စစ်ပွဲဝင်္ကပါက အသက်ဝင်လာရင် စစ်သည်တွေအားလုံးက သေဆုံးသည်အထိ တိုက်ခိုက်ကြလိမ့်မယ်။ ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ ဓားအင်မော်တယ်ကို ထည့်တွက်နေစရာမလိုဘူး။ လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်ဆိုရင်တောင် အစွမ်းကုန်ထုတ်သုံးရလိမ့်မယ်”

ကောင်းကင်အင်မော်တယ်အဆင့်တွင် အဆင့်တစ်ခုချင်းစီသည် အလွန်ကွာဝေးသည်။

လေဟာနယ်လမ်းကြောင်းအဆင့်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့်သည် တစ်ဆင့်သာ ကွာခြားသော်လည်း တိုက်ခိုက်နိုင်စွမ်းချင်း မတူညီကြပေ။

မိစ္ဆာအနှစ်သာရဂိုဏ်းမှ မိစ္ဆာစစ်သည်များ၏ ဝင်္ကပါစွမ်းအားသည် တောရိုင်းမြေတွင် အလွန်ကျော်ကြားသည်။

သူတို့၏ သွေးချီစွမ်းအားသည် စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

“ဝင်္ကပါက ကောင်းတယ်”

ဟန်မူယဲ့က တိုးဝင်လာသော စစ်သည်များကို ကြည့်လိုက်ပြီး စကားပြောခဲ့သော အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်ကို လှမ်းကြည့်သည်။

ယခုအချိန်တွင် ထိုစစ်သည်က ပေသောင်းချီနောက်ဆုတ်သွားပြီး ဝင်္ကပါ၏အလယ်တွင် ရှိနေသည်။

သူက ခေါင်းဆောင်တစ်ယောက် ဖြစ်နေသောကြောင့် ပစ်မှတ်ထားခြင်းကို ရှောင်တိမ်းရန်အတွက် စစ်တပ်ဝင်္ကပါ၏အလည်တွင် ပါးနပ်စွာ နေရာယူလိုက်သည်။

ဓားအင်မော်တယ်တစ်ယောက်က မည်မျှပင် သန်မာပါစေ စစ်သည်တစ်သိန်းကို အနိုင်ရမည်မဟုတ်ပေ။

ထို့ကြောင့် ဝင်္ကပါကို ဖျက်ဆီးရန် ခေါင်းဆောင်ကို အလစ်တိုက်ပြီး သတ်ဖြတ်ပစ်ရမည်။

သို့သော် ဟန်မူယဲ့က သူတို့ထင်ထားသည့်အတိုင်း ဝင်္ကပါအတွင်းသို့ ပြေးဝင်သွားမည်မဟုတ်ပေ။

အစိမ်းရောင်ဓားတစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။

ထိုဓားသည် သူ၏ မူလဝိညာဉ်ဓားဖြစ်ကြောင်း မည်သူမှမသိကြပေ။

သတ်ဖြတ်ခြင်းဓား ....

ထိုဓားသည် သတ်ဖြတ်ရန်အတွက် သီးသန့်ဖြစ်တည်လာခဲ့သည်။

“သတ်”

ဟန်မူယဲ့က ရှေ့သို့ ခြေသုံးလှမ်းတိုးပြီး ဓားဖြင့်ခုတ်ချသည်။ သူ့ကို လှံရှည်ဖြင့်ထိုးဖောက်ရန် ကြိုးစားနေသော စစ်သည်တစ်ယောက်က နှစ်ပိုင်းပြတ်သွားသည်။

သိပ်သည်းသောသွေးချီသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ ဝင်္ကပါဖွဲ့စည်းထားသော စစ်သည်များက မျက်လုံးများနီရဲလာကြသည်။ သူတို့၏ သွေးချီက အရူးအမူလှုပ်ရှားနေပြီး ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်သွားတော့မည်ဟု ထင်ရသည်။

ဟန်မူယဲ့က အစိမ်းရောင်ဓားကို ကိုင်ထားပြီး ဓားတစ်ချက်ချင်းစီတွင် စစ်သည် သုံးယောက်မှ ငါးယောက်ခန့်အထိ သတ်ဖြတ်ပစ်နေသည်။

သူ၏ ပေသုံးဆယ်ပတ်ဝန်းကျင်သည် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

သွေးချီစွမ်းအားနှင့် သတ်ဖြတ်လိုစိတ်များသည် တိမ်တိုက်ဝင်္ကပါဓား၏ ရေခဲတိမ်တိုက်များအတွင်းသို့ ဝင်ရောက်သွားကြသည်။

တခြားလူများ၏အမြင်တွင် ဟန်မူယဲ့က တိမ်တိုက်ဝင်္ကပါဓားကို အသုံးပြုပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များကို ချေဖျက်နေသည်ဟု ထင်ရသည်။

ထိုနည်းလမ်းသည် အလွန်နည်းလမ်းကျသည်။

သို့သော် ယခုအချိန်တွင် စုစည်းလာသည့် သတ်ဖြတ်ခြင်းအငွေ့အသက်နှင့် သွေးချီများ၏ ၈၀%ကို ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော သတ်ဖြတ်ခြင်းဓားက စုပ်ယူသွားသည်။

အပြင်လူများက အပေါ်ယံကိုသာ မြင်နိုင်ကြသည်။

တိုက်ပွဲက ဆက်ဖြစ်နေသည်။

ဟန်မူယဲ့က စစ်သည်ဝင်္ကပါကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ ထိုအချက်ကို တွေးကြည့်ရန် ခက်ခဲသည်။

ဓားအလင်းများသည် ဖျတ်ခနဲတောက်ပသွားပြီး ဆက်တိုက်လှုပ်ရှားလိုက်သည်။ ထို့နောက် သွေးများဖြာထွက်လာကြသည်။

ဓားတစ်ချက်စီသည် အသက်များကို နုတ်ယူသွားကြသည်။

ဟန်မူယဲ့၏ဓားက ပိုမိုလျင်မြန်လာသည်။ အလောင်းများသည် သူ့ပတ်ဝန်းကျင်တွင် စုပုံလာသောကြောင့် ရှေ့တက်လိုက်ရသည်။

သူက ဆယ်မိုင်အထိ ရှေ့ဆက်သွားပြီး ဆယ်မိုင်သွေးစွန်းလမ်းကို ဖန်တီးခဲ့သည်။

လူတိုင်းက လူသတ်ကွင်းကိုကြည့်နေပြီး စကားမပြောနိုင်ခဲ့ကြပေ။

ဟန်မူယဲ့က ဓားတစ်လက်ဖြင့် တာအိုစစ်သည်များကို တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“သူ့ဓားက ပိုမြန်လာသလိုပဲ”

လူတစ်ယောက်က သတိထားမိလိုက်သည်။

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားအလင်းသည် ပိုမိုမြန်ဆန်နေသည်။

“ပိုပြီးတော့လည်း သန်မာလာတယ်”

လူတစ်ယောက်က လေးနက်သောအကြည့်ဖြင့် ပြောသည်။

ယခင်က ဟန်မူယဲ့၏ ဓားချက်သည် စစ်သည် သုံးယောက်၊ ငါးယောက်ခန့်ကို သေဆုံးသွားစေလိမ့်မည်။ ယခုအချိန်တွင် ဒါဇင်ချီသော စစ်သည်များကို သတ်ပစ်နိုင်သည်။

‘သတ်ဖြတ်ခြင်းက ပြိုင်ဘက်ကင်းဟန်ကို ပိုပြီး သန်မာလာစေတာလား’

ထိုအချက်သည် အဓိပ္ပာယ်ရှိသည်။ သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး သတ်ဖြတ်ခြင်းမှတစ်ဆင့် စွမ်းအားတိုးလာနိုင်သော လျှို့ဝှက်နည်းစနစ်တချို့ကို လေ့ကျင့်ထားလိမ့်မည်။

ဓားကျင့်ကြံသူတစ်ယောက်သည် သတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သည်။

“ဝင်္ကပါကို ပြောင်းလဲမယ် ....”

ဟန်မူယဲ့က ဆယ်မိုင်အကွာအဝေးအတွင်း၌ စစ်သည်ငါးသောင်းကို သတ်ဖြတ်ခဲ့သည်။

စစ်သည်ငါးသောင်းသည် သူ့ရှေ့တွင်ရှိသော စစ်တပ်ဝင်္ကပါ၏ လူဦးရေတစ်ဝက် ဖြစ်သည်။

ထိုသို့ ဆက်တိုက်သတ်ဖြတ်မှုမျိုးသည် လူတိုင်းကို ပါးစပ်‌အဟောင်းသား ဖြစ်သွားစေနိုင်သည်။

တိုက်ခိုက်နိုင်စွမ်း အားနည်းသော တာအိုကျင့်ကြံသူတချို့က မျက်နှာများ ဖြူဖျော့နေကြသည်။

သတ်ဖြတ်လိုစိတ်သည် လူတစ်ယောက်၏စိတ်ကို သက်ရောက်နိုင်ပြီး ခွန်အားထုတ်နိုင်တော့မည်မဟုတ်ပေ။

မိစ္ဆာအနှစ်သာရဂိုဏ်း၏ စစ်တပ်ဝင်္ကပါသည် လူဦးရေတစ်ဝက်ကို ဆုံးရှုံးလိုက်ရပြီး ရွေးချယ်စရာမရှိဘဲ ဝင်္ကပါကို ပြောင်းလဲလိုက်ရသည်။

“ဘုန်း”

သတ်ဖြတ်လိုစိတ် အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော ပေတစ်သောင်းမြင့်မားသည့် အနက်ရောင်ဝက်ဝံကြီးတစ်ကောင် ပေါ်လာသည်။

ဝက်ဝံ၏ခန္ဓာကိုယ်သည် မည်းနက်နေပြီး အစိမ်းရောင်မီးတောက်များဖြင့် လွှမ်းခြုံထားသည့် ပခုံးကာကို ဝတ်ဆင်ထားသည်။

ထို့အပြင် ပေတစ်ထောင်ကျော်ရှည်လျားပြီး ပေသုံးထောင်ကျယ်ပြန့်သော အစိမ်းရောင် ဓားမော့တစ်လက်ကိုလည်း ကိုင်ထားသည်။

ထိုဓားမော့သည် တောင်တစ်လုံးကို တိုက်ရိုက်ဖြိုချပစ်နိုင်သည်။

“ဂါး ....”

အနက်ရောင်ဝက်ဝံက ဟိန်းဟောက်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားမော့ကို လွှဲခုတ်သည်။ လေပြင်းတစ်ခုသည် လေဟာနယ်ကို အက်ကွဲသွားစေသည်။

ဟန်မူယဲ့က ဓားမော့၏စွမ်းအားကို အရင်ဆုံး ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ချုပ်နှောင်ခံထားရပြီး မလှုပ်ရှားနိုင်တော့ပေ။

အမှန်အတိုင်းပြောရလျှင် ဝင်္ကပါနှင့် ရင်ဆိုင်ခဲ့သောအချိန်မှစ၍ သူက အချုပ်အနှောင်စွမ်းအားကို ခံစားနေရသည်။

သူက နတ်ဘုရားသားရဲ၏စွမ်းအားကို ပိုင်ဆိုင်ထားပြီး အဆုံးမရှိသော ဖိအားကို သယ်ဆောင်နိုင်သည်။ ထို့ကြောင့် တည်ငြိမ်စွာ ရှေ့ဆက်တိုးလာခဲ့သည်။

ယခုအချိန်တွင် ဓားမော့၏လှုပ်ရှားမှုကြောင့် အချုပ်အနှောင်စွမ်းအားက အဆုံးစွန်အထိ ရောက်သွားပြီး သူ့ပတ်ဝန်းကျင်တွင်ရှိသော လေဟာနယ်ကို တစ်လက်မချင်းစီ အက်ကွဲသွားစေသည်။

ထိုအရာသည် သူ၏ ရုပ်ခန္ဓာစွမ်းအားနှင့် အချုပ်အနှောင်စွမ်းအား၏ ယှဉ်ပြိုင်မှုဖြစ်သည်။ ခွန်အားနှစ်ခုသည် အလွန်အားကောင်းသောကြောင့် လေဟာနယ်က တောင့်မခံနိုင်တော့ဘဲ အက်ကွဲလာရသည်။

ဟန်မူယဲ့က ဓား‌မြှောက်ပြီး လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ကျဆင်းလာသော ဓားမော့နှင့် ရင်ဆိုင်လိုက်သည်။

ဆင်တစ်ကောင်နှင့် တိုက်ခိုက်နေသော ပုရွက်ဆိတ်တစ်ကောင်နှင့် တူသည်။

စိတ်ကူးမယဉ်နိုင်သော ဆန့်ကျင်ဘက်အခြေအနေမျိုးကို မြင်လိုက်ရသည်။

“ဘုန်း”

ဓားအလင်းနှင့် ဓားမော့အလင်းက ထိတွေ့သွားပြီး ကျယ်လောင်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။

သို့သော် ပုရွက်ဆိတ်တစ်ကောင်နှင့်တူသော ဟန်မူယဲ့က မလှုပ်ရှားခဲ့ပေ။ သူ့လက်ထဲတွင်ရှိသော ဓားက တည်ငြိမ်နေသည်။

သူ့ခေါင်းပေါ်တွင်ရှိသော ဓားမော့သည် အက်ကွဲကြောင်းများနှင့် ပြည့်နှက်သွားသည်။

“ဓားတာအိုရဲ့ သတ်ဖြတ်နိုင်စွမ်းက ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ ပြိုင်ဘက်ကင်းဟန်က စစ်ပွဲဝက်ဝံနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက ဝက်ဝံရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တယ်”

“ငါကိုယ်တိုင်မမြင်ခဲ့ရင် ပြိုင်ဘက်ကင်းဟန်က မိစ္ဆာအနှစ်သာရဂိုဏ်းရဲ့ စစ်တပ်ဝင်္ကပါနဲ့ ယှဉ်ပြိုင်နေတာကို ယုံနိုင်မှာမဟုတ်ဘူး”

ရှေ့တွင် ဝက်ဝံက ဓားမော့ကို ဆက်တိုက်လှုပ်ရှားနေသည်။ ဟန်မူယဲ့က ဓားရှည်ကို ကိုင်ထားပြီး ဓားမော့ခုတ်ချက်တိုင်းကို တားဆီးနေသည်။

တခြားလူများ မသိနိုင်သော်လည်း ဟန်မူယဲ့ ဝိညာဉ်စွမ်းအားနှင့် အင်မော်တယ်ချီစွမ်းအင်ကို အပြည့်အဝ အသက်သွင်းထားသည်။

တခြားအကြောင်းပြချက်ကြောင့်မဟုတ်ဘဲ သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ရန်နှင့် သတ်ဖြတ်ခြင်းဓားကို အားဖြည့်ပေးရန်အတွက် ဖြစ်သည်။

ယခုအခြေအနေသည် သတ်ဖြတ်ခြင်းစွမ်းအင်ကို ဖြည့်တင်းရန် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။

တခြားလူများ၏အမြင်တွင် တိမ်တိုက်ဝင်္ကပါဓား၏ ရေခဲတိမ်တိုက်များက သတ်ဖြတ်ခြင်းအငွေ့အသက်ကို စုပ်ယူပြီး ဟန်မူယဲ့ကို အသိစိတ်လွတ်မသွားအောင် ထိန်းပေးထားသည်။

သို့သော် ထိုတိမ်တိုက်များသည် သူ၏ သတ်ဖြတ်ခြင်းစွမ်းအင် စုပ်ယူမှုကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်သည်။

ဟန်မူယဲ့က ဓားချက်တိုင်းတွင် ဝက်ဝံပုံရိပ်၏စွမ်းအားကို ဆက်တိုက်စုပ်ယူနေသည်။

ဓားချက်ဆယ်ချက်အပြီးတွင် ဝက်ဝံ၏ သတ်ဖြတ်ခြင်းအငွေ့အသက်များက အနည်းငယ် အားနည်းသွားသည်။

ခေါင်းဆောင်ဖြစ်သူက ပုံမှန်ဟုသာထင်နေပြီး ဝင်္ကပါ၏စွမ်းအားကို အသုံးချ၍ ဝက်ဝံကို အားဖြည့်ပေးလိုက်သည်။ ထို့နောက် ထပ်မံတိုက်ခိုက်လာသည်။

ထိုအချိန်တွင် သတ်ဖြတ်ခြင်းဓား၏ အငွေ့အသက်သည် ပြည့်လျှံကျနေသည်။

သူ့စိတ်ထဲတွင်လည်း သတ်ဖြတ်ခြင်းစွမ်းအားများ သွယ်ယှက်နေကြသည်။

လုံလောက်သည်။

ဤတစ်ကြိမ်တွင် စုပ်ယူခဲ့သော သတ်ဖြတ်ခြင်းစွမ်းအားသည် အချိန်အတော်ကြာသည်အထိ သန့်စင်ရန် လုံလောက်သည်။

လူတစ်ယောက်က ကျင့်ကြံခြင်းတွင် လောဘမကြီးသင့်ပေ။

ဆက်လက်သတ်ဖြတ်နေလျှင် သူ၏ အသိစိတ်ကို ထိခိုက်လာလိမ့်မည်။

“ဘုန်း”

ဝက်ဝံက ဓားမော့ဖြင့် ခုတ်ချလိုက်သည်။ ဟန်မူယဲ့က ဓားကို မလှုပ်ရှားဘဲ တည်ငြိမ်စွာရပ်နေသည်။

‘သူက မခုခံနိုင်တော့ဘူးလား’

‘ဖြစ်နိုင်တယ်’

စစ်သည်တစ်သိန်း၏ ဝင်္ကပါနှင့် ဝိုင်းရံတိုက်ခိုက်မှုမှ မည်သူက လွတ်မြောက်နိုင်မည်နည်း။

ဝက်ဝံပုံရိပ်က အလွန်အားကောင်းပြီး မိုင်တစ်ထောင်အကွာတွင်ရှိသော လူများကိုပင် ရင်တုန်သွားစေသည်။ ဝက်ဝံနှင့် ရင်ဆိုင်နေရသောလူက အခြေအနေပိုဆိုးလိမ့်မည်။

အင်မော်တယ်ဟန်က ခွန်အားကုန်သွားပြီး ရွေးချယ်စရာမရှိဘဲ အရှုံးပေးရလိမ့်မည်။

“နှမြောစရာပဲ .... အဲဒါက ဘာလဲ”

“သားရဲ၊ မဟုတ်ဘူး။ နတ်ဘုရားသားရဲရဲ့ သွေးမျိုးဆက်စွမ်းအားပဲ”

လူတိုင်း၏ အကြည့်အောက်တွင် ပေတစ်ထောင်ကြီးမားသော ခွေသားရဲ ပေါ်ထွက်လာသည်။ ခွေသားရဲက ခေါင်းမော့ပြီး ဦးချိုနှင့် ဝက်ဝံ၏ဓားမော့ကို ရင်ဆိုင်လိုက်သည်။

ထို့နောက် ရေခဲတိမ်တိုက်များ ပျောက်ကွယ်သွားပြီး ခွေဦးချို၏ လျှပ်စီးကြောင်းများနှင့် ပေါင်းစပ်သွားသည်။

“ဘုန်း”

ရေခဲတိမ်တိုက်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသောကြောင့် လျှပ်စီးကြောင်းသည် အနီရောင်အဖြစ် ပြောင်းလဲသွားသည်။

လျှပ်စီးကြောင်း၏ သက်‌ရောက်မှုကြောင့် ဝက်ဝံပုံရိပ်က တုန်ခါလာသည်။

ထို့နောက် ဟန်မူယဲ့၏နောက်တွင်ရှိသော ခွေသားရဲက ခေါင်းမော့ပြီး အသံပြုလိုက်သည်။ ဦးချိုနှစ်ချောင်းကြားတွင် ရှိနေသော လျှပ်စီးများက ဓားမော့မှတစ်ဆင့် ဝက်ဝံဆီသို့ တိုးဝင်သွားသည်။

ပေတစ်သောင်းမြင့်မားသော ဝက်ဝံက ပြိုကျသွားခဲ့သည်။

လျှပ်စီးကြောင်းများသည် ပြိုကျသွားသော ဝက်ဝံပုံရိပ်မှတစ်ဆင့် စစ်တပ်ဝင်္ကပါသို့ ကူးပြောင်းသွားသည်။

စစ်သည်များက ဝင်္ကပါကို မှီခို၍ သတ်ဖြတ်လိုစိတ်ကို စုစည်းပြီး ဝက်ဝံပုံရိပ်ကို ဖန်တီးခဲ့သည်။ ထို့ကြောင့် လျှပ်စီးကြောင်းများက အရင်းအမြစ်ဆီသို့ လိုက်လာသည်။

“ဘုတ်”

အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်တစ်ဦးက ဝိညာဉ်ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ရေခဲတိမ်တိုက်များထဲတွင် စုစည်းနေသော သတ်ဖြတ်လိုစိတ်က အနီရောင်မိုးကြိုးများအဖြစ် ကျဆင်းလာသည်။

အနက်ရောင်စစ်မြင်းများကပင် သေဆုံးသွားကြသည်။

ထိုအနက်ရောင်စစ်မြင်းများသည် ဝင်္ကပါနှင့်အတူ ပြေးလွှားပြီး သတ်ဖြတ်မှုအများအပြားကို ကျူးလွန်ခဲ့ကြသည်။

လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသောအခါတွင် မိုင်တစ်ရာပတ်ဝန်းကျင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

မိုင်ထောင်ချီအကွာအထိ ပျံ့နှံ့သွားသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို မမြင်ရတော့ပေ။

စစ်သည်တစ်သိန်းတွင် ဓားတစ်လက်ကိုင်ထားသော အနက်ရောင်ချပ်ဝတ်နှင့် ခေါင်းဆောင်သာ ကျန်ခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေသည်။

“သတ်”

အားကုန်နေသော ‌ခေါင်းဆောင်က အော်ဟစ်လိုက်ပြီး ဟန်မူယဲ့နှင့် ခွေသားရဲပုံရိပ်ဆီသို့ ပြေးဝင်လာသည်။

ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ ခွေသားရဲပုံရိပ်က ပြေးထွက်သွားခဲ့သည်။

ခွေသားရဲပုံရိပ် ပျောက်ကွယ်သွားသောအခါတွင် အနက်ရောင်ချပ်ဝတ်နှင့် ခေါင်းဆောင်ကို မမြင်ရတော့ပေ။ ဟန်မူယဲ့က ခေါင်းဆောင်၏ အနက်ရောင်ဓားရှည်ကို ကိုင်ထားသည်။

“ခလွမ် ....”

ဟန်မူယဲ့က ဘေးတွင်ရှိသော ကျောက်တုံးများပေါ်တွင် ဓားဖြင့် စာရေးလိုက်သည်။

“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်က ဒီနေရာမှာ ဓာတ်စင်မိစ္ဆာစစ်သည်တစ်သိန်းကို သတ်ဖြတ်ခဲ့တယ်”

All Chapters