← Chapters

အခန်း (၈၅၈)

Vol. 62 Ch. 858

အခန်း (၈၅၈)

Vol. 62 Ch. 858

ဟန်မူယဲ့က ဓားကိုင်ထားပြီး ရှေ့ဆက်သွားသည်။

သူ၏ ခြေလှမ်းတိုင်းသည် ပေတစ်သိန်းဝေးကွာပြီး လျှပ်စီးကြောင်းများကို ချန်ထားခဲ့သည်။

လူတစ်ယောက်နှင့် ဓားတစ်လက်သည် စစ်သည်တစ်သိန်းကို သတ်ဖြတ်ခဲ့သည်။

ထိုအရာသည် သူတို့၏ရှေ့တွင် အမှန်တကယ် ဖြစ်သွားခဲ့သည်။

“တကယ်ကို ရက်စက်တဲ့ ဓားအင်မော်တယ်ပဲ ....”

လူတစ်ယောက်က ညင်သာစွာ သက်ပြင်းချသည်။

တောရိုင်းမြေတွင် အလောင်းများပြန့်ကျဲနေပြီး ဓားကျင့်ကြံသူတစ်ဦး၏ ရက်စက်မှုကို ညွှန်ပြနေသည်။

ပြိုင်ဘက်ကင်းဟန်က ဓားတာအိုတွင်သာမက သတ်ဖြတ်မှုတွင်လည်း ပြိုင်ဘက်ကင်းသည်။

သူ၏ တိုက်ခိုက်မှုများသည် အလွန်တိကျပြီး တစ်ယောက်ကိုမှ ချမ်းသာမပေးခဲ့ပေ။ ထိုသတ်ဖြတ်မှုမျိုးက အလွန်ကြောက်မက်ဖွယ်‌ကောင်းသည်။

“သူက မိုးကြိုးလျှပ်စီးကို ထိန်းချုပ်နိုင်တဲ့ ခွေသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ သတ်ဖြတ်ခြင်းက နှလုံးသားကို မဆန့်ကျင်သ၍ စိတ်အခြေအနေအပေါ်မှာ သက်ရောက်မှုမရှိနိုင်ဘူး။ တကယ်ကြောက်ဖို့ကောင်းတယ်”

အစိမ်းပုပ်ရောင်တာအိုဝတ်စုံနှင့် ရွှေသရဖူတစ်ခုကို ဝတ်ဆင်ထားသော တာအိုတန်ခိုးရှင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

လူတစ်ယောက်က မည်မျှပင် ကျင့်ကြံဆင့်မြင့်မားပါစေ အလွန်အကျွံ့ မသတ်ဖြတ်ရဲပေ။

သတ်ဖြတ်မှု လွန်ကဲသွားလျှင် သွေးအငွေ့အသက်များကြောင့် စိတ်အခြေအနေအပေါ်တွင် သက်ရောက်မှုရှိလာလိမ့်မည်။

သို့သော် ဟန်မူယဲ့က မိုးကြိုးလျှပ်စီးစွမ်းအားဖြင့် ထိုအငွေ့အသက်ကို ဖယ်ရှားနိုင်သောကြောင့် ဂရုစိုက်ရန် မလိုအပ်ပေ။

ထိုအချက်သည် ကြောက်စရာကောင်းသည်။

ထို့ကြောင့် ဟန်မူယဲ့က ခွေသားရဲ၏စွမ်းအားကို ထုတ်ပြခဲ့သည်။

သူက သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခုခံရန်အတွက် ခွေသားရဲ၏စွမ်းအားကို အသုံးပြုခဲ့သည်ဟု အပြင်လူများက ထင်နေကြသည်။ သို့သော် သူက သတ်ဖြတ်ခြင်းဓားကိုသာ အသုံးပြုခဲ့သည်။

သတ်ဖြတ်ခြင်းဓားနှင့် ယှဉ်လိုက်လျှင် စစ်သည်တစ်သိန်း၏ သတ်ဖြတ်လိုစိတ်က မပြောပလောက်ပေ။

“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်က ကွမ်ယွဲ့မြို့သခင်ကို စိန်ခေါ်ဖို့ရောက်လာတယ်။ ထွက်လာခဲ့စမ်း ....”

ဟန်မူယဲ့က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ့အသံက မိုင်ထောင်ချီအကွာအထိ ပျံ့နှံ့သွားပြီး လောကကို တုန်ခါစေသည်။

လူတိုင်းက စစ်သည်တစ်သိန်း သေဆုံးသွားသောနေရာကို ကြည့်လိုက်ပြီး တိတ်ဆိတ်နေကြသည်။

ဟန်မူယဲ့က စစ်သည်တစ်သိန်းကို သတ်ဖြတ်ပြီး လမ်းဖောက်ခဲ့သောကြောင့် မည်သူက ကွမ်ယွဲ့မြို့အတွက် ခုခံပေးရဲတော့မည်နည်း။

သို့သော် ထိုစစ်သည်တစ်သိန်းသည် မိစ္ဆာအနှစ်သာရဂိုဏ်းနှင့် သက်ဆိုင်နေသည်။ ဟန်မူယဲ့က မိစ္ဆာအနှစ်သာရဂိုဏ်း၏ လက်စားချေခြင်းကို ခံစားရနိုင်သည်။

ယွင်လန်မြို့နှင့် မိုင်ရှစ်သောင်းအကွာတွင် ဟန်မူယဲ့သည် ခမ်းနားသော မြို့တံတိုင်း၏ရှေ့တွင် ရပ်နေသည်။

ကွမ်ယွဲ့မြို့ ဖြစ်သည်။

ဤနေရာမှတစ်ဆင့် လပြည့်ဝန်းကို မြင်တွေ့နိုင်ပြီး လစွမ်းအားကို စုဆောင်းနိုင်သောကြောင့် ကွမ်ယွဲ့မြို့ဟု အမည်တွင်ခဲ့သည်။

ပေတစ်ရာမြင့်မားသော မြို့တံတိုင်းသည် အိုဟောင်းပြီး ရှေးကျသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ထိုမြို့သည် တောရိုင်းမြေတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရပ်တည်ခဲ့သည်။

ရွှေရောင်ချပ်ဝတ်နှင့် စစ်သည်တော်များသည် မြို့တံတိုင်း၏ နေရာအနှံ့တွင် ရှိနေပြီး သွေးချီများကို ထုတ်လွှတ်၍ တိုက်ခိုက်လိုစိတ်ကို ဖော်ပြနေကြသည်။

မြို့တံတိုင်း၏ အပြင်ဘက်တွင် ရွှေရောင်အလင်းလွှာများ ပေါ်လာကြသည်။ ထိုအရာသည် အလွန်အားကောင်းသော မြို့‌စောင့်ဝင်္ကပါ ဖြစ်သည်။

မြို့ကြီးတစ်မြို့၏ အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းသည်။

ရွှေရောင်ဝတ်စုံနှင့် မုတ်ဆိတ်ဖြူ တာအိုတန်ခိုးရှင်တစ်ယောက်က အောက်သို့ ငုံ့ကြည့်သည်။ သူ့အရှိန်အဝါက မြို့တစ်မြို့လုံးနှင့် ပေါင်းစပ်နေသည်။

“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်လား”

“ဟားဟား၊ မင်းက ဒီကို မလာခဲ့သင့်ဘူး”

တာအိုတန်ခိုးရှင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ရွှေရောင်ချိပ်တံဆိပ်တစ်ခုသည် သူ့နောက်တွင် ပေါ်လာသည်။

“ငါက ကွမ်ယွဲ့မြို့ကို နှစ်ပေါင်းသုံးသောင်းကြာအောင် စောင့်ကြပ်ပြီး ကမ္ဘာမြေဖိနှိပ်ချိပ်တံဆိပ်ကို ဖန်တီးခဲ့တယ်။ ချိပ်တံဆိပ်အတွက် ဝိညာဉ်တစ်ခု လိုနေတယ်။ မင်းရောက်လာတာ အတော်ပဲ”

ကွမ်ယွဲ့မြို့သခင်သည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်ဖြစ်ပြီး ကွမ်ယွဲ့မြို့ကို နှစ်ပေါင်းသုံးသောင်းကြာအောင် စောင့်ကြပ်ခဲ့သည်။

တောရိုင်းမြေတွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သောလူများ သိပ်မရှိပေ။

လူအများအပြားက ထွက်မသွားလျှင် ပျောက်ကွယ်သွားကြသည်။

ကွမ်ယွဲ့မြို့သခင် စကားပြောလိုက်သောအချိန်တွင် ရွှေရောင်ချိပ်တံဆိပ်က ကောင်းကင်ထက်တွင် လွင့်မျောနေသည်။

သူ့စကားအဆုံးတွင် ချိပ်တံဆိပ်က အလင်းတန်းတစ်ထောင်ကို ပစ်လွှတ်ပြီး ဟန်မူယဲ့ကို အေးစက်သော လရောင်အလင်းဖြင့် လွှမ်းခြုံလိုက်သည်။

“အဲဒါက ကွမ်ယွဲ့မြို့သခင်ရဲ့ လရောင်ချိပ်တံဆိပ်ပဲ”

“အဲဒါက အင်မော်တယ်ရတနာနဲ့ ယှဉ်နိုင်တဲ့ တာအိုရတနာပဲ။ ကွမ်ယွဲ့မြို့သခင်က အဲဒီရတနာကို အသုံးပြုပြီး ကွမ်ယွဲ့မြို့ကို နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်နိုင်ခဲ့တယ်။ သူ့နေရာကို ဘယ်သူမှ စိန်မခေါ်ရဲဘူး”

အင်မော်တယ်တစ်ပါးနှင့် လိုက်ဖက်ညီသောရတနာသည် စွမ်းအားဆယ်ဆ တိုးမြှင့်ပေးနိုင်သည်။

ကွမ်ယွဲ့မြို့သခင်က ထိုသို့ပင်ဖြစ်သည်။ သူက ကိုယ်တိုင်ဖန်တီးထားသော ချိပ်တံဆိပ်ဖြင့် ကွမ်ယွဲ့မြို့ကို လွှမ်းမိုးထားခဲ့သည်။

“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်က ဓားတာအိုရဲ့ မြင့်တက်လာတဲ့ ကြယ်တစ်ပွင့်ပဲ။ ကွမ်ယွဲ့မြို့သခင်က နှစ်ပေါင်းသုံးသောင်းကြာအောင် တည်ရှိလာခဲ့တဲ့ ကျွမ်းကျင်သူတစ်ဦးပဲ”

“သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက နှစ်ထောင်ချီသမိုင်းကြောင်းအတွင်းမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံး ဖြစ်လိမ့်မယ်”

လူတစ်ယောက်က ကောင်းကင်ထက်တွက်တောက်ပနေ‌သော ရွှေရောင်ချိပ်တံဆိပ်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

ထိုတိုက်ပွဲသည် မြို့ကြီးနှစ်မြို့နှင့် သက်ဆိုင်ပြီး မိုင်တစ်သန်းပတ်ဝန်းကျင်ကို သက်ရောက်စေလိမ့်မည်။

ထို့အပြင် မရေမတွက်နိုင်သော အင်အားစုများနှင့်လည်း သက်ဆိုင်နေသည်။ အနိုင်ရသောလူက ဤပတ်ဝန်းကျင်၏သခင် ဖြစ်သွားလိမ့်မည်။

“လရောင်စွမ်းအားလား”

ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော ချိပ်တံဆိပ်ကို ကြည့်လိုက်ပြီး ပြုံးသည်။

“ငါက ဒီဓားကို အချိန်အတော်ကြာအောင် မသုံးခဲ့ရဘူး”

“ငါက သေခြင်းရှင်ခြင်းကို ဓားတစ်လက်နဲ့ ဆုံးဖြတ်ပေးနိုင်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ဆိုတာ မေ့သွားတော့မလို့ပဲ”

သူ့အသံက ပေါ့ပါးနေပြီး သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။

သူက ကွမ်ယွဲ့မြို့သခင်၏ဘေးတွင် ပြန်ပေါ်လာသည်။ သူ၏ ဘယ်ဘက်လက်တွင် အစိမ်းရောင်ဓားတိုတစ်ချောင်းကို ကိုင်ထားပြီး ပေါ့ပါးစွာ လှုပ်ရမ်းလိုက်သည်။

ပြောင်းပြန်လခြမ်းကွေး ....

သွေးရောင်အလင်းသည် လရောင်နှင့် ရောယှက်သွားပြီး ပတ်ဝန်းကျင်တွင် ပေါ်လာသည်။

ဓားတစ်ချက်ဖြင့် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မည်။

ကွမ်ယွဲ့မြို့သခင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်သည် တစ်ချက်တည်း အသတ်ခံလိုက်ရသည်။

အဆင့်နိမ့်ဓားကျင့်ကြံသူများ၏ တိုက်ကွက်ဖြစ်သော အနီးကပ်ဓားချက်သည် ကောင်းကင်အင်မော်တယ်အဆင့် တိုက်ပွဲတွင် အဆုံးအဖြတ်ပေးသွားသည်။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

သန်မာသော ကောင်းအင်မော်တယ်များမှတစ်ဆင့် ကမ္ဘာမြေအဆင့် ကျင့်ကြံသူများအထိ မရေမတွက်နိုင်သော လူများက ကြောင်အသွားကြသည်။

ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ရန် မည်မျှ ခက်ခဲသနည်း။

ကောင်းကင်ကို တက်ရသည်အထိ ခက်ခဲသည်။

နေရာလွတ်တစ်ခုကို ပိုင်ဆိုင်ထားသော ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူများသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုပြီး ကိုယ်ပိုင်နေရာလွတ်ထဲတွင် ပုန်းအောင်းနိုင်သည့်အပြင် နေရာလွတ်ထဲတွင် သိမ်းဆည်းထားသော စွမ်းအားကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ပေးနိုင်သည်။

အထူးသဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်တွင်ရှိသော ကောင်းကင်အင်မော်တယ်များသည် ကိုယ်ပိုင်နေရာလွတ်ဖြင့် ပေါင်းစပ်ထားကြပြီး နေရာလွတ်ထဲတွင် သိမ်းဆည်းထားသော လှည့်ကွက်များကို မည်သူမှ ကြိုမသိနိုင်ကြပေ။

အင်မော်တယ်ကမ္ဘာတွင် ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို ကျော်ဖြတ်ပြီးသားလူများသည် အမြင့်တစ်နေရာတွင် ရှိနေပြီး ယှဉ်ပြိုင်တိုက်ခိုက်ရသော ကိစ္စရပ်များတွင် ဝင်မပါကြတော့ပေ။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် ကောင်းကင်အင်‌မော်တယ်အဆင့် ကျင့်ကြံသူများက ကျင့်ကြံခြင်းကို အာရုံစိုက်ထားပြီး ဂိုဏ်းအရေးကိစ္စများကို အဆင့်နိမ့်ကျင့်ကြံသူများဆီသို့ လက်လွှဲထားကြသည်။

ဤတစ်ကြိမ်တွင် သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ချင်ပြီး ခါးသီးအင်မော်တယ်နယ်မြေနှင့် ရင်ဆိုင်မည်ဖြစ်သောကြောင့် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာကြသည်။

ဝမ်မင်ဟယ်က ဒေသတစ်ခုကို အုပ်ချုပ်ထားသော်လည်း လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသည်။

ယွင်ထန့်တောရိုင်းမြေက ထူးခြားသည်။ ဤနေရာသည် နယ်စပ်ဒေသတစ်ခုဖြစ်ပြီး အင်အားစုအမျိုးမျိုး ရောယှက်နေသောကြောင့် ဖရိုဖရဲ ဖြစ်နေသည်။

ထို့ကြောင့် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများကို တွေ့နိုင်သည်။

ထိုကောင်းကင်အင်မော်တယ်များ၏ အထောက်အထားက မရှင်းလင်းသော်လည်း ဂိုဏ်းကြီးများမှ ရောက်လာခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် သူတို့က အချင်းချင်း နားလည်မှုရှိပြီး များသောအားဖြင့် မတိုက်ခိုက်ကြပေ။

အကယ်၍ တိုက်ခိုက်ရမည်ဆိုလျှင်လည်း အနိုင်အရှုံးကိုသာ ဆုံးဖြတ်သည်။ အစွမ်းကုန်တိုက်ခိုက်သည်အထိ ဆက်မသွားကြပေ။

ယွင်ထန့်တောရိုင်းမြေတွင် နှစ်ထောင်ချီကြာသည်အထိ မြို့သခင်တစ်ယောက် မသေဆုံးခဲ့ပေ။

သို့သော် ယနေ့တွင် ဓားတစ်ချက်ကြောင့် နှစ်ပေါင်းသုံးသောင်းလွှမ်းမိုးခဲ့သော မြို့သခင်တစ်ယောက် ကျဆုံးသွားခဲ့သည်။

ဧရာမချိပ်တံဆိပ်က မိုင်တစ်ထောင်းအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို စုစည်း၍ လရောင်ကို မရေမတွက်နိုင်သော ပိုးမျှင်များအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်ခဲ့သည်။

ထိုအခြေအနေမျိုးတွင် ဟန်မူယဲ့က အနီးကပ်တိုက်ခိုက်ခဲ့သည်။

သူ၏ ဓားနည်းစနစ်က အလွန်သွက်လက်ပြီး ထူးခြားသည်။

ပြောင်းပြန်လခြမ်းကွေးနည်းစနစ်ဖြင့် ဓားတစ်ချက်တွင် အသက်တစ်သက်ကို နုတ်ယူခဲ့သည်။

ယနေ့တိုက်ပွဲသည် တောရိုင်းမြေတစ်ခုလုံးတွင် ပျံ့နှံ့သွားလိမ့်မည်။

‘လောကမှာ ဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့ ဓားအင်မော်တယ်က တကယ်ပဲ ရှိနေတာလား’

“ဘုန်း”

လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်တစ်ပါး သေဆုံးသွားသောကြောင့် မိုင်သောင်းချီပတ်ဝန်းကျင်တွင် အင်မော်တယ်ချီများ ပျံ့နှံ့သွားသည်။

ကောင်းကင်အင်မော်တယ်သည် သေဆုံးသွားပြီး မဟာတာအိုကို ထောက်ပံ့ပေးလိုက်သည်။

မဟာတာအိုစွမ်းအားပါဝင်သော အင်မော်တယ်ချီသည် သာမန်အင်မော်တယ်ချီထက် အဆပေါင်းရာချီသိပ်သည်းပြီး ကျင့်ကြံခြင်းကို အထောက်အကူပြုနိုင်သည်။

လေထုထဲတွင် မိုင်တစ်ရာကျယ်ဝန်းသော နယ်မြေတစ်ခုသည် တိတ်ဆိတ်စွာပေါ်လာပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် သေဆုံးသွားသောအခါတွင် နေရာလွတ်တစ်ခု ပေါ်လာပြီး အင်မော်တယ်ကမ္ဘာနှင့် ပေါင်းစည်းသွားလိမ့်မည်။

ထိုဖြစ်ရပ်သည် နေရာလွတ်၏အရွယ်အစားနှင့် သက်ဆိုင်နေသည်။ မိုင်တစ်ရာနေရာလွတ်သည် ပျောက်ကွယ်သွားရန် ၁၅မိနစ် အချိန်ကြာလိမ့်မည်။

မိုင်ထောင်ချီ၊ မိုင်သောင်းချီ ကျယ်ပြန့်နေလျှင် အချိန်ပိုကြာသည်။

ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ သေဆုံးသွားသောအခါတွင် သူတို့၏ နေရာလွတ်သည် ကမ္ဘာတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီး ကောင်းကင်စက်ဝန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်။

ကွမ်ယွဲ့မြို့သခင်၏ နေရာလွတ် ပေါ်လာသောအခါတွင် လူအများအပြားသည် ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ နေရာလွတ်သည် မရေမတွက်နိုင်သော ရတနာများကို သယ်ဆောင်ထားလိမ့်မည်။

ဤအရာသည် အခွင့်အရေးတစ်ခု ဖြစ်သည်။

သူတို့က နေရာလွတ်ထဲသို့ ဝင်သွားနိုင်လျှင် အကျိုးအမြတ်တချို့ ရလိမ့်မည်။

“ခလွမ် ....”

ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ၏ ဓားက လေဟာနယ်ကိုထိုးခွဲသွားပြီး အနက်ရောင်အက်ကွဲကြောင်းတစ်ခုကို ပေါ်လာစေသည်။

နေရာလွတ်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်သည် အက်ကွဲနေခဲ့သည်။ ယခု ဓားချက်ကြောင့် လေဟာနယ်က ပိုမိုထိခိုက်လွယ်နေပြီး အက်ကွဲကြောင်းများ ပိုပေါ်လာသည်။

ထိုဓားချက်ကြောင့် ပျံသန်းထွက်လာသော ကျင့်ကြံသူများအားလုံးက ရပ်တန့်သွားကြသည်။

“မင်းတို့က နေရာလွတ်ထဲကို ဝင်ချင်ရင် ငါ့ခွင့်ပြုချက်ကို လိုမှာပေါ့။ မဟုတ်ဘူးလား”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ပြောသည်။

သူတားဆီးလိုက်သော လူများအားလုံးသည် ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေကြသည်။

သို့သော် သူတို့က ဟန်မူယဲ့နှင့် မတိုက်ခိုက်ရဲကြပေ။

သူတို့က ထိုခွန်အားမျိုးကို ပိုင်ဆိုင်ထားလျှင် ကွမ်ယွဲ့မြို့သခင်၏ နေရာလွတ်ကို တန်ဖိုးထားနေမည်မဟုတ်ပေ။

နေရာလွတ်သည် ဆယ့်ငါးမိနစ်သာ တည်ရှိနေမည်ဖြစ်သောကြောင့် စက္ကန့်တိုင်းက အလွန်အဖိုးတန်သည်။

“ပြိုင်ဘက်ကင်းဟန်၊ တောရိုင်းမြေရဲ့ စည်းကမ်းတွေအရ ကောင်းကင်အင်မော်တယ်တစ်ယောက် သေဆုံးသွားရင် အခွင့်အရေးကို ဝေမျှပေးရတယ်”

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ဟန်မူယဲ့ကို စိုက်ကြည့်သည်။ ထို့နောက် အက်ကွဲနေသော နေရာလွတ်ကို ဆက်ကြည့်သည်။

ထိုနေရာလွတ်သည် ဆယ့်ငါးမိနစ်အတွင်း ပျောက်ကွယ်သွားလိမ့်မည်။

အထဲတွင်ရှိသော ရတနာများအားလုံးသည်လည်း ပျက်စီးပြီး ကောင်းကင်နှင့်မြေကြီးဆီသို့ ပြန်ရောက်သွားလိမ့်မည်။

All Chapters