← Chapters

အခန်း (၈၆၃)

Vol. 62 Ch. 863

အခန်း (၈၆၃)

Vol. 62 Ch. 863

မြို့ကြီးတစ်မြို့တွင် အကာအကွယ်ဝင်္ကပါ ရှိရမည်။

အကာအကွယ်ဝင်္ကပါ မရှိလျှင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ခက်ခဲသည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“မြို့သခင် တခြားကိစ္စတွေကို အကြံပေးနိုင်ပေမဲ့ ဝင်္ကပါနဲ့ပတ်သတ်လာရင်တော့ တကယ်မသိတော့ဘူး”

မုတ်ဆိတ်မွေးများရှိသော စွန်းကျီဟူက ပြောသည်။

သူက တခြားလူများကို ကြည့်လိုက်ပြီး ပြုံးသည်။

“ဒါပေမဲ့ မြို့သခင်ကို အကူအညီပေးနိုင်မယ့် လူတစ်ယောက်ကို သိထားတယ်”

“ထူရန်စစ်ပဲ”

သူ့စကားကြောင့် လူတိုင်း၏ မျက်လုံးများက တောက်ပသွားကြသည်။

ထူရန်စစ်သည် မိစ္ဆာအနှစ်သာရဂိုဏ်း၏ ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ရွှေရောင်အင်းကွက်တစ်ခုကို ပစ်လွှတ်သည်။

ခဏအကြာတွင် ကျင့်ကြံဆင့် ဖိနှိပ်ထားခံရသော ချည်ထည်ဝတ်စုံနှင့် ထူရန်စစ်ကို တုစန်ကျန်းက ခန်းဆောင်ထဲသို့ ခေါ်လာခဲ့သည်။

“မင်းက ငါ့ကိုကူညီပြီး မြို့စောင့်ဝင်္ကပါကို တည်ဆောက်ပေးမယ်ဆိုရင် မင်းကို လွှတ်ပေးမယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

မြို့စောင့်ဝင်္ကပါကို တည်ဆောက်ပေးရမည်။

ထူရန်စစ်က တုံ့ဆိုင်းနေပြီး ခေါင်းခါလိုက်သည်။

ခန်းဆောင်ထဲတွင်ရှိသော လေထုသည် ချက်ချင်းလေးလံသွားသည်။

ကျင့်ကြံဆင့်ဖိနှိပ်ထားခံရသော ထူရန်စစ်က ဖိနှိပ်နိုင်သောလေထုကို မခုခံနိုင်ဘဲ တစ်ကိုယ်လုံး တုန်ခါလာခဲ့သည်။

“ကျွန်တော်က အကာအကွယ်ဝင်္ကပါကို မတည်ဆောက်နိုင်ပါဘူး”

“ဒါပေမဲ့ ဝင်္ကပါဆရာသခင်တစ်ဦးကို ညွှန်ပြပေးနိုင်ပါတယ်”

ထူရန်စစ်က ရုန်းကန်လိုက်ပြီး ဟန်မူယဲ့ကို ခေါင်းမော့ကြည့်သည်။

သူ၏ သေခြင်းရှင်ခြင်းသည် ဟန်မူယဲ့အပေါ်တွင် မူတည်နေသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ခန်းဆောင်၏ ဖိနှိပ်နိုင်သောလေထုကို ဖယ်ရှားလိုက်သည်။

“မင်းက အသက်ရှင်ချင်သေးတယ်ဆိုရင် ဘာပြောရမလဲ နားလည်မှာပါ”

ထူရန်စစ်က တိတ်ဆိတ်မနေရဲပေ။

သူက ကျင့်ကြံဆင့်ဖိနှိပ်ခံရပြီး နေရာလွတ်ကိုလည်း ချိပ်ပိတ်ထားရ‌သောကြောင့် ဝိညာဉ်စွမ်းအင်ကိုပင် အသုံးမချနိုင်ပေ။ သူက သာမန်လူတစ်ဦးနှင့် တူနေသည်။

ယခုအချိန်တွင် သူက ရှင်သန်နိုင်ရန်အတွက် ဟန်မူယဲ့ကျေနပ်အောင် လုပ်ပေးရမည်။

“တုံယွမ်မြို့မှာ ကျောက်ချင်ကျန်းလို့ သိကြတဲ့ ကျောက်ဖျင်ယု ရှိတယ်။ သူက မြို့စောင့်ဝင်္ကပါ တည်ဆောက်တဲ့နေရာမှာ တောရိုင်းမြေရဲ့ အကျွမ်းကျင်ဆုံး ဝင်္ကပါပညာရှင်ပဲ”

ထူရန်စစ်က အနည်းငယ်ဦးညွှတ်လိုက်ပြီး တီးတိုးပြောသည်။

သူကလည်း အကာအကွယ်ဝင်္ကပါကို တည်ဆောက်ပေးနိုင်သည်။ သို့သော် ယွင်လန်မြို့အတွက် လုပ်မပေးရဲပေ။

ယခုအချိန်တွင် သူက အကျဉ်းသားတစ်ယောက်သာ ဖြစ်သည်။ ဝင်္ကပါကို တည်ဆောက်ပြီးသွားလျှင် လျှို့ဝှက်ချက်အား ထိန်းသိမ်းရန်အတွက် သူ့ကို သတ်ပစ်နိုင်သည်။

“ဟုတ်တယ်။ အဲဒီလိုလူမျိုး ရှိတယ်။ ဒါပေမဲ့ တုံယွမ်မြို့က ယွင်လန်မြို့နဲ့ မိုင်ပေါင်းသန်းချီပြီး ကွာဝေးတယ်။ အဲဒီဝင်္ကပါပညာရှင်ကို လူသိပ်မသိကြဘူး”

ကွမ်ယွဲ့မြို့၏ အကြီးအကဲဖြစ်ခဲ့သူ လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ဟူယွီမင်က ပြောလိုက်သည်။

လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကပ်ဘေးကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့က သက်တောင့်သက်သာနေထိုင်ပြီး သိပ်မလှုပ်ရှားကြပေ။

ဟူယွီမင်က ကွမ်ယွဲ့မြို့တွင် နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့ပြီး ကျင့်ကြံဆင့် တိုးတက်မလာခဲ့ပေ။ ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါး နီးကပ်လာသောအခါတွင် သူက ဆုံးဖြတ်ချက်ချပြီး ယွင်လန်မြို့သို့ လိုက်လာခဲ့သည်။

ဟန်မူယဲ့သည် သူ၏ တစ်ခုတည်းသောအခွင့်အရေး ဖြစ်နိုင်သည်။

ဟူယွီမင်က စကားပြောလိုက်သောအခါတွင် တခြားလူများက သဘောတူစွာ ခေါင်းညိတ်ကြသည်။

“ကျွန်တော်က တုံယွမ်မြို့ကို ရောက်ဖူးတယ်။ အဲဒီမှာ ဈေးဆိုင်ဖွင့်ထားတယ်”

ရှဲ့ချောင်ယန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

ထိုသို့ဆိုလျှင် ပိုမိုလွယ်ကူသွားလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ပြောသည်။

“မြို့စောင့်ဝင်္ကပါက နေရာကျသွားပြီဆိုရင် ငါက မင်းကို လွှတ်ပေးလိုက်မယ်”

ထိုစကားများသည် ထူစွန်းရှစ်အတွက် ဖြစ်သည်။

ထူစွန်းရှစ်၏မျက်နှာထားက ရှုပ်ထွေးနေပြီး တွန့်ဆုတ်စွာ ခေါင်းညိတ်သည်။ သူက စကားပြောချင်သော်လည်း တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် တုစန်ကျန်း၏စောင့်ကြပ်မှုအောက်တွင် ထွက်သွားခဲ့သည်။

တုံယွမ်မြို့၏ ဝင်္ကပါပညာရှင်တစ်ဦးကို ရှာဖွေပြီး မြို့စောင့်ဝင်္ကပါကို တည်ဆောက်ချင်လျှင် လွယ်ကူမည်မဟုတ်ပေ။

ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့က ထိုကျွမ်းကျင်သူနှင့် အရင်ဆုံး ဆက်သွယ်ရလိမ့်မည်။

ယခုအချိန်တွင် မြို့စောင့်ဝင်္ကပါက ဦးစားပေးမဟုတ်‌ပေ။ နတ်ဘုရားအမည်စာရင်း ရှိနေသောကြောင့် ယွင်လန်မြို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည်။

မြို့သိမ်းတိုက်ပွဲအပြီးတွင် ယွင်လန်မြို့က ယွင်ထန့်တောရိုင်းမြေတွင် ခိုင်မာစွာ ခြေချနိုင်ခဲ့သည်။

ယွင်လန်ဓားအင်မော်တယ်၏ နာမည်သည်လည်း မိုင်သန်းချီအကွာတွင် ပျံ့နှံ့နေခဲ့သည်။

ပြိုင်ဘက်ကင်းဟန် ....

ဟန်မူယဲ့၏ နာမည်အရင်းကို မည်သူမှ စိတ်မဝင်စားတော့ပေ။

ဟန်မူယဲ့က တစ်နှစ်အချိန်အတွင်း၌ များသောအားဖြင့် ကျင့်ကြံနေခဲ့သည်။ ယွင်လန်မြို့၏ အရေးကိစ္စများကို ဇောင်ပိုင်ချွမ်နှင့် တခြားလူများ၏လက်ထဲသို့ အပ်ထားခဲ့သည်။

ဇောင်ပိုင်ချွမ်နှင့် ကျန်းကျန်ပေါင်တို့သည် ကျင့်ကြံဆင့်နိမ့်ကျသော်လည်း ဟန်မူယဲ့၏ အရင်းနှီးဆုံးလူများ ဖြစ်သောကြောင့် မြို့တော်၏ အမိန့်အာဏာကို ကိုင်ဆွဲထားသည်။

နတ်ဘုရားအမည်စာရင်းလည်း ရှိနေသောကြောင့် ကောင်းကင်အင်မော်တယ်များကပင် သူ့တို့ကို ဆန့်ကျင်မည်မဟုတ်ပေ။

ထို့အပြင် မြို့ထဲ၌ အားကောင်းသော အင်မော်တယ်များ ရှိနေကြသည်။

ကွမ်ယွဲ့မြို့တွင်ပြုလုပ်ခဲ့သော သဘောတူညီချက်အရ မြို့သခင်၏ နေရာလွတ်ထဲသို့ ဝင်သွားသော ကျင့်ကြံသူများသည် သုံးလအတွင်း၌ ယွင်လန်မြို့သို့ အရောက်လာပြီး နှစ်တစ်ရာ ကာကွယ်ပေးရမည်။

သူတို့ထဲတွင် ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်သော ကျူးထိုက်စစ်က ခေါင်းဆောင်ဖြစ်သည်။ စွန်းကျီဟူအပါအဝင် ကောင်းကင်အင်မော်တယ် ခြောက်ယောက်က ဧည်သည်အကြီးအကဲများအဖြစ် ဆောင်ရွက်နေကြသည်။

ကောင်းကင်အင်မော်တယ်အဆင့်၏ အောက်တွင်ရှိသော နတ်ဘုရားဘုရင်အဆင့်မှ သူတော်စင်တစ်ဝက်အဆင့်အထိ ကျင့်ကြံသူအယောက်ခြောက်ဆယ်ကို မြို့၏ နေရာအသီးသီးတွင် စောင့်ကြပ်ရန် တာဝန်ပေးထားသည်။

ယွီယန်ဦးဆောင်သော အစိမ်းရောင်ဝံပုလွေများသည် ယွင်လန်မြို့၏ မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် တည်ရှိနေပြီး ကုန်လှည်းများကို စောင့်ကြပ်နေကြသည်။

ထိုအရာသည် ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။

အစိမ်းရောင်ဝံပုလွေတချို့က ကုန်လှည်းများကိုပင် ဆွဲပေးကြသည်။

သူတို့က ဆုကြေးများကို ရရှိပြီး အတော်လေး ကျေနပ်နေကြသည်။

တစ်နှစ်အတွင်း၌ ယွင်လန်မြို့က အလွန်စည်ကားလာပြီး ပိုမိုများပြားသော ကုန်သည်အဖွဲ့များကို ဆွဲဆောင်ခဲ့သည်။

ယွင်လန်မြို့တွင် ကျင့်ကြံသူတစ်သန်းခန့် နေထိုင်သည်။ ထိုတစ်သန်းထဲတွင် ကုန်သည်အဖွဲ့များကို ထည့်တွက်မထားပေ။

ဟန်မူယဲ့က မြို့၏တာဝန်များကို လျစ်လျူရှုပြီး ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားသည်။

သူက ကောင်းကင်ကိုဖီဆန်ပြီး အင်မော်တယ်ဖြစ်အောင် ကြိုးစားမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားရမည်။

သူစုစည်းထားသော မူလဝိညာဉ်ဓားသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ကျော်လွန်ပြီး လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်သို့ ရောက်နေသည်။

သူ၏ အင်မော်တယ်ချီစွမ်းအင် ကျင့်ကြံခြင်းသည် လက်ရှိအချိန်တွင် ကောင်းကင်အဆင့်ကို ကျော်ဖြတ်ပြီး သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်လာသည်။

အကယ်၍ ဟန်မူယဲ့က သူတော်စင်တစ်ဝက်အဆင့်တွင်သာ ရှိနေသည်ဟု တခြားလူများ သိသွားခဲ့လျှင် အလွန်အံ့အားသင့်နေလိမ့်မည်။

သို့သော် သူ၏ ခွန်အားကို ကျင့်ကြံဆင့်ဖြင့် မတိုင်းတာနိုင်ပေ။ သူက လူသားကမ္ဘာမှ အင်မော်တယ်စွမ်းအင်များကို ယူဆောင်လာခဲ့ပြီး အချိန်မရွေး အသုံးချနိုင်သည်။ ထို့အပြင် ဝံပုလွေစိမ်းကလန်မှ ကျွမ်းကျင်သူတစ်ဦး၏ နေရာလွတ်ကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုနေရာလွတ်က သေးငယ်ပြီး မရွေ့ပြောင်းနိုင်သော်လည်း နေရာလွတ်တစ်ခု ဖြစ်နေသေးသည်။

ထို့ကြောင့် ဟန်မူယဲ့က ယွင်လန်မြို့နှင့် မိုင်တစ်ထောင်အတွင်း၌ ကောင်းကင်အင်မော်တယ်အဆင့် စွမ်းအားကို အသုံးပြုနိုင်သည်။

ဟန်မူယဲ့က ကျင့်ကြံခြင်းတွင် ချီစွမ်းအင်နှင့် အင်မော်တယ်စွမ်းအင်ကို အမှန်တကယ် မလိုအပ်ကြောင်း သိလာခဲ့သည်။

ကျင့်ကြံခြင်းတွင် အရေးအကြီးဆုံးအရာသည် ကိုယ်ပိုင်နားလည်နိုင်စွမ်း ဖြစ်သည်။

သူက ဓားတာအို၏ လွတ်မြောက်ခြင်းလမ်းစဉ်ကို မှီခိုထားသည်။

လူသားလောကတွင် သူက ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို ဆုံးဖြတ်ထားခဲ့သည်။ ဓားတာအိုကို အသုံးချပြီး ကောင်းကင်ကို ဖီဆန်၍ အင်မော်တယ်တစ်ပါး ဖြစ်လာမည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ ဓားတာအိုက ကိုယ်ပိုင်လမ်းစဉ်ကို ဖန်တီးထားသည်။ ဓားတစ်သောင်းက တာအိုကို ဖွဲ့စည်းလိုက်သောအခါတွင် သူက အင်မော်တယ် ဖြစ်လာလိမ့်မည်။

ဓားတာအိုမှတစ်ဆင့် အင်မော်တယ်ဖြစ်လာလျှင် တိုက်ခိုက်နိုင်စွမ်းကို စိတ်ကူးကြည့်နိုင်တော့မည်မဟုတ်ပေ။

“တောရိုင်းမြေမှာ ဓားကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဆက်တိုက်စိန်ခေါ်နေမှ တိုးတက်လာနိုင်လိမ့်မယ်”

သူက ညင်သာစွာရေရွတ်လိုက်ပြီး လှုပ်ရှားသွားသော ဓားအလင်းကို ကြည့်သည်။

ဟန်မူယဲ့က သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။ မြို့ထဲတွင်ရှိသော လမ်းတိုင်းသည် သက်ဝင်လှုပ်ရှားနေသည်။

သူက ပတ်ဝန်းကျင်ကို ကြည့်ပြီး ဓားခန်းဆောင်တစ်ခုဆီသို့ ဦးတည်လိုက်သည်။

ဓားများကိုရောင်းချသော ဈေးဆိုင်တစ်ဆိုင် ဖြစ်သည်။ ဓားရှည်များကို သစ်သားစင်များပေါ်တွင် တင်ထားသည်။

ဤဓားခန်းဆောင်၏ တည်ဆောက်ပုံသည် လူသားလောကတွင်ရှိသော ဓားစံအိမ်နှင့် တူညီသည်။

“ဧည့်သည်၊ ဓားတစ်လက်ဝယ်ချင်လို့လား”

“ကျွန်‌တော်တို့ ကူချန်ဓားခန်းဆောင်ရဲ့ ဓားတွေက အရည်အ‌သွေးကောင်းပါတယ်”

ဆိုင်ဝန်ထမ်းက အပြုံးတစ်ခုနှင့်အတူ ချဉ်းကပ်လာသည်။

ဟန်မူယဲ့က ကောင်းကင်အဆင့် အငွေ့အသက်ကိုသာ ထုတ်လွှတ်ထားသော်လည်း ကိုယ်ဟန်ထူးခြားပြီး အဝတ်အစားများ သပ်ရပ်နေသည်။ တောရိုင်းမြေ၏ တခြားကျင့်ကြံသူများနှင့် မတူပေ။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟန်မူယဲ့က ကြွယ်ဝကြောင်း သိနိုင်သည်။

အမှန်ပင် ဖြစ်သည်။ ဟန်မူယဲ့က မြို့ကြီးတစ်မြို့ကို ထိန်းချုပ်ထားသောကြောင့် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများကို ရရှိထားသည်။

ယွင်လန်မြို့၏ နေ့စဉ်အကျိုးအမြတ်သည် အလွန်များပြားသည်။

ထို့ကြောင့် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့် ကောင်းကင်အင်မော်တယ် အသစ်များကပင် သူ့လက်အောက်တွင် ကြွယ်ဝမှုရှာဖွေရန် လိုလိုလားလား ရောက်လာကြသည်။

ဟန်မူယဲ့က ဓားရှည်တစ်လက်ကို ကိုင်ကြည့်ပြီး မှတ်ဉာဏ်တချို့ကို မြင်လိုက်ရသည်။

သူက ခေါင်းခါလိုက်ပြီး ရွှေရောင်အင်းကွက်တစ်ခုကို ထုတ်ပြသည်။

ဆိုင်ဝန်ထမ်းက တစ်ကိုယ်လုံးတုန်ခါသွားပြီး ပတ်ဝန်းကျင်ကိုကြည့်၍ တီးတိုးပြောသည်။

“ဂိုဏ်းတူအစ်ကို၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ”

ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်တံဆိပ်ပြားကို ထုတ်ပြခဲ့သည်။

ဤဓားခန်းဆောင်ကို အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်က ထိန်းချုပ်ထားသည်။ သို့သော် ထိုလူ၏ အထောက်အထားနှင့် ရည်ရွယ်ချက်ကို မသိနိုင်ပေ။

ဝန်ထမ်းက ဟန်မူယဲ့ကို ဒုတိယထပ်သို့ ခေါ်သွားခဲ့သည်။ ထိုနေရာတွင် အပြာရောင်ဝတ်စုံနှင့် အသက်သုံးဆယ်အရွယ် ဓားကျင့်ကြံသူတစ်ဦးက လေးနက်သောမျက်နှာထားဖြင့် စောင့်ဆိုင်းနေသည်။

“ကျင်းကူချန်က ပြိုင်ဘက်ကင်းမြို့သခင်ကို နှုတ်ဆက်ပါတယ်”

ဓားကျင့်ကြံသူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်သောကြောင့် လမ်းပြပေးနေသော ဆိုင်ဝန်ထမ်းက တစ်ကိုယ်လုံးတုန်ခါပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

‘ဒီလူက ယွင်လန်မြို့ရဲ့ ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်လား’

ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ရွှေရောင်အင်းကွက်က တောက်ပသွားပြီး အမှတ်အသားသုံးခုကို ထုတ်ပေးသည်။

ခန်းဆောင်သုံးခု၏ လက်ရွေးစင် ....

ဘေးတွင်ရှိနေသော ဆိုင်ဝန်ထမ်းက မျက်လုံးပြူးသွားသည်။

ကျင်းကူချန်က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ဆက်ပြောသည်။

“ကျွန်တော်က ရွှင်းထျန်းခန်းဆောင်ရဲ့ ကျင်းကူချန်ပါ။ ဂိုဏ်းတူအစ်ကိုကြီးကို နှုတ်ဆက်ပါတယ်”

ရွှင်းထျန်းခန်းဆောင်၏ တပည့် ....

‘သူက ခန်းဆောင်သုံးခုထဲကပဲ’

ကျင်းကူချန်က ရွှင်းထျန်းခန်းဆောင်၏ကိုယ်စား တာဝန်ထမ်းဆောင်ပြီး ယွင်လန်မြို့တွင် ဓားခန်းဆောင်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်များက ထိုနည်းလမ်းဖြင့် သတင်းအချက်အလက်များကို စုဆောင်းကြသည်။

ကျင်းကူချန်၏စကားအရ ခါးသီးအင်မော်တယ်နယ်မြေသည် ဆက်တိုက်လှုပ်ရှားနေပြီး အင်အားစုကြီးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေသည်။ ထို့ကြောင့် ကျွမ်းကျင်သူများကို စေလွှတ်ထားကြသည်။

တောရိုင်းမြေတွင် လှည့်ပတ်သွားလာနေသော တစ်ကိုယ်တော်ကျွမ်းကျင်သူများကလည်း စောင့်ကြည့်နေကြသည်။

ဖီးနစ်သွေး အင်မော်တယ်မိစ္ဆာဘုရင်က ပြန်လည်မွေးဖွားခြင်းကို လှုံ့ဆော်ခဲ့ပုံပေါ်သည်။ သူ၏အင်အားစုများက မတည်မငြိမ်ဖြစ်နေလျှင် တက်လှမ်းအင်မော်တယ်မိစ္ဆာဘုရင်က အခွင့်ကောင်းယူပြီး တိုက်ခိုက်လိမ့်မည်။

“တက်လှမ်းအင်မော်တယ်မိစ္ဆာဘုရင်က ရှေးခေတ်နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ သူက ဖီးနစ်သွေး အင်မော်တယ်မိစ္ဆာဘုရင်ရဲ့ ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ဝါးမြိုလိုက်ရင် သွေးမျိုးဆက် တိုးတက်သွားနိုင်တယ်။ အဲဒီလိုဖြစ်သွားရင် ခါးသီးအင်မော်တယ်နယ်မြေက ခွန်အားပိုကြီးလာလိမ့်မယ်”

ကျင်းကူချန်၏စကားသည် ဖူယွီအင်မော်တယ်ကမ္ဘာမှ အင်အားစုများ၏ စိုးရိမ်စိတ်ကို ‌ဖော်ပြနေသည်။

သို့သော် သူကလည်း ခါးသီးအင်မော်တယ်နယ်မြေ၏ အခြေအနေအတိအကျကို မသိပေ။

ဟန်မူယဲ့က ထိုကိစ္စရပ်များကို စိုးရိမ်ရန်မလိုပေ။ သူက တောရိုင်းမြေ၏ ဓားကျွမ်းကျင်သူများကို သိချင်သောကြောင့် ကျင်းကူချန်ဆီသို့ ရောက်လာခဲ့သည်။

ထိုလူများထဲတွင် ဓားဂိုဏ်းနှင့်ပတ်သတ်နေသောလူ မည်မျှရှိသနည်း။

ဓားကျင့်ကြံသူများအားလုံးသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် မသက်ဆိုင်ပေ။

ဟန်မူယဲ့၏စကားကြောင့် ကျင်းကူချန်က ကြောင်အသွားသည်။

“ဂိုဏ်းတူအစ်ကို ပြောချင်တာက ....”

ထိုဓားကျွမ်းကျင်သူများ၏ နာမည်ကို အဘယ်ကြောင့် သိချင်ရသနည်း။

“ဓားသွေးဖို့”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ကျင်းကူချန်က တုန်ခါသွားသည်။

‘သူက တကယ့်ကို ဓားရူးတစ်ယောက်ပဲ’

All Chapters