← Chapters

တောအုပ် အတွင်း၌ ကျင့်ကြံခြင်း။

Vol. 46 Ch. 631

တောအုပ် အတွင်း၌ ကျင့်ကြံခြင်း။

Vol. 46 Ch. 631

တောအုပ် တစ်ခု ထဲတွင် ကြက်သွေးရောင် အလင်းတန်း တစ်ခု၊ ကြောက်မက်ဖွယ် အရှိန်ဖြင့် ရွေ့လျား နေသည်။

ထိုရွေ့လျား နေသော အရှိန်ကို၊ ယင်-ယန် အဆင့် ကျွမ်းကျင် သူများ ပင်လျှင်၊ လိုက်မမှီ နိုင်ချေ။

ကြီးမား လှသော သစ်ပင်ကြီး တစ်ပင် အနားတွင်၊ အဆိုပါ အလင်းတန်းမှာ၊ ရပ်တန့် သွား၏။ ထိုသစ်ပင် အောက်တွင် အပြာဝတ် လူငယ် တစ်ဦး၊ ငြိမ်သက်စွာ ကျင့်ကြံ နေသည်။

နဂါးသွေး မြင်းက အသက် ပြင်းပြင်းရှူ လိုက်ပြီး၊ ကိုက်ယူ လာသော ဆေးဘက်ဝင် သစ်သီးကို လှမ်းပေး လိုက်၏။

လင်းယွန်က လက်ခံ ယူလိုက်ကာ၊ သန့်ရှင်းရေး လုပ်လိုက်သည်။

မြောက်ပင်လယ်မှ လွတ်မြောက် လာသော်လည်း၊ ဒဏ်ရာ များမှာ၊ သူထင် ထား သည်ထက် ပို၍ ပြင်းထန်ကြောင်း တွေ့ရှိ ခဲ့သည်။

ယင်-ယန် အဆင့် အကြီးအကဲ သုံးဦးနှင့် ရင်ဆိုင် ရာ၌ ဒဏ်ရာမှာ၊ မပြင်း ထန်ချေ။ ဓား ရည်ရွယ် ချက်ကြောင့်သာ၊ ကြောက်စရာ ကောင်းခဲ့ခြင်း ဖြစ်သည်။

ဆယ်ရက် ကုန်လွန် ပြီးနောက် တွင်ပင်၊ အနည်းငယ် သက်သာသည် ဆိုရုံ မျှသာ ရှိနေ သေး၏။

“ ဒါ ... ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူပဲ ရှိသေးတယ်။ ”

အပြည့်အဝ ကျွမ်းကျင်သော ရှန်ရှင်း ဓားမှာ၊ ယင်-ယန် အဆင့် အကြီးအကဲ သုံးဦး နှင့်ပင်၊ ရင်ဆိုင် နိုင်သည်။

သို့သော် ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ယောက် ရှေ့တွင် ဘာမှ မဟုတ် ခဲ့ချေ။

ရေသည် မီးကို ငြှိမ်းသတ် နိုင်၏။ သို့သော် မီးမှာ ကန့်သတ် ချက်သို့ ရောက်ရှိ သွားပါက၊ ရေအား အလွယ် တကူ အငွေ့ပျံ သွားစေ နိုင်သည်။

ထိုသဘော တရား အတိုင်းပင်၊ ရှန်ရှင်းဓား သည်သာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ ခဲ့သော်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ ကျွမ်းကျင် ပညာရှင် များ၏ ဖိအားကို တွန်းလှန် နိုင်မည် ဖြစ်သည်။

သတ်ဖြတ် နိုင်ခဲ့သော ယင်-ယန် အဆင့် အကြီးအကဲ သုံးဦးမှာ၊ အတွင်း အဆင့် ပါရမီရှင် များထက် အားနည်း ပေသည်။

သဘာဝ ဆေးဘက်ဝင် သစ်သီးကို စားသုံး နေလျက်ဖြင့်၊ အင်ပါရီယန် သင်္ချိုင်း အတွင်းမှ အတွေ့ အကြုံ များကို ပြန်လည် သုံးသပ် နေမိ၏။

ဂျီဝူယီနှင့် တိုက်ပွဲသည်၊ အဘိုးအို သုံးဦးဖြင့် ရင်ဆိုင် ရသည်ထက် နိမ့်ကျခြင်း မရှိချေ။

ထို့ကြောင့် ယင်-ယန် အဆင့်ရှိ၊ အတွင်း အဆင့် ပါရမီရှင် များမှာ၊ ပို၍ပင် ကြောက်စရာ ကောင်းနိုင်၏။

“ ယင်-ယန် အဆင့်ကို ရောက်ပြီးရင်၊ ကွာဟချက်က ကြီးမား လွန်းတာကြောင့်၊ အောင်မြင်မှု တစ်ခု ရယူဖို့ ခက်ခဲ လိမ့်မယ်၊ ... ”

“ ... ကနဦး အဆင့်နဲ့ အလယ် အလတ် ကျွမ်းကျင် သူတွေ ဆီကို၊ ပြေးသွား မိရင် အနိုင် ရဖို့၊ အလား အလာက မမြင့်မား နိုင်ဘူး။ ”

-ဟု တိုးဖွဖွ ရေရွတ် လိုက်သည်။

ဆိုလို သည်မှာ သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ လင်းလက် တောက်ပ လိုပါက၊ သည့်ထက် ပို၍ သန်မာဖို့ လိုချေပြီ။

သူ့ စိတ်ကူး များအရ၊ ဓားဂိုဏ်း၏ အပျက်အစီး နယ်မြေ များထံ၊ သွားရောက် ကြည့်ရှုပြီး၊ ရှန်ရှင်းဓားကို ထပ်မံ သွေးယူရန် အခွင့် အရေး ရှာရ ပေမည်။

ကျင့်ကြံ မှု၌ အထွတ် အထိပ် ယင်အဆင့် မှသည်၊ အလယ် အလတ် ယန်အဆင့် အထိ ဖြတ်ကျော် နိုင်ခဲ့ပြီး၊ အလားတူ အခွင့် အရေးမျိုး ရှာတွေ့ရန် မဖြစ် နိုင်တော့ပေ။

သွေးစွန်းသော ဧည့်ခံပွဲ မတိုင်မီ၊ အထွတ် အထိပ် ယန်အဆင့်သို့ ရောက်နိုင် လျှင်ပင်၊ ကံကောင်းခြင်း မည်ပေမည်။

ဆိုလို သည်မှာ အတွင်း အဆင့်၊ တိမ်နဂါး များကို ရိုက်နှက်ချင် ပါက၊ ဓား ရည်ရွယ်ချက်ကို အဆင့်မြှင့် တင်ရန် တစ်နည်းသာ ရှိချေ၏။

ဓားဂိုဏ်း အပျက်အစီး နယ်မြေမှာ၊ နေသာ စီရင်စုနှင့် ဝေးကွာသော မိုးကြိုး စီရင်စုတွင် တည်ရှိ သည်။

ထိုစီရင်စု နှစ်ခု ကြားတွင်၊ အခြားသော စီရင်စု များစွာကို ဖြတ်ကျော် ရပေမည်။

ထို့အပြင်၊ မိုးကြိုး စီရင်စု ဆိုသည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး၏၊ အလှုပ် ခတ်ဆုံး နယ်မြေကြီး ဖြစ်သည်။

အထူးသဖြင့် ဓားဂိုဏ်း၏ အကြွင်းအကျန် တပည့်များ နှင့်အတူ၊ ကျွမ်းကျင်သူ များစွာ ကျင်လည် ကျက်စားသော အရပ် ဖြစ်၏။

ထို့ကြောင့် မိုးပြာ နဂါး မူလ ပုံစံကို၊ တတိယအဆင့်ထိ ကျင့်ကြံ ထားနိုင် မှသာလျှင်၊ တော်ရာကျ ပေမည်။

ထိုအချိန်တွင် ဆည်းဆာ အလင်းဓားကို အသုံး မပြုဘဲ၊ ယင်-ယန် အဆင့် ကျွမ်းကျင်သူ များနှင့် ရင်ဆိုင်ရန်၊ လွယ်ကူ သွားမည် ဖြစ်သည်။

သည့်အပြင် ဓားဂိုဏ်း၏ အပျက်အစီး နယ်မြေ ၌လည်း၊ အမြင့်ဆုံး ရိတ်သိမ်း နိုင်လိမ့် မည်ဟု ယုံကြည်၏။

မိုးပြာ နဂါး မူလ ပုံစံကို ကနဦး၊ အဆင့်မြင့်နှင့်၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု အဖြစ်၊ ပိုင်းခြား ထားသည်။

တတိယ အဆင့်ကို၊ ကနဦး ကျွမ်းကျင်မှု အဖြစ် သတ်မှတ် နိုင်ပြီး၊ ၎င်းမှာ ရှေးဟောင်း နည်းစနစ် တစ်ရပ် အဖြစ်၊ သေချာပေါက် ကြောက်မက်ဖွယ် ကောင်းပေမည်။

ထို့ကြောင့် ရောက်ရှိ ရန်မှာ၊ မလွယ် ကူချေ။ မိုးပြာ နဂါး သွေးအဆီ အနှစ်ဖြင့်၊ ကြိုးစားနိုင် သော်လည်း၊ ဖြုန်းတီး မိမည် ဆိုးသောကြောင့်၊ အသုံး မပြု ရဲခြင်း ဖြစ်သည်။

“ တစ်ဆင့် ခြင်းပဲ၊ သွား ရအောင်။ ”

မိုးပြာ နဂါး မူလ ပုံစံမှာ၊ ကြောက်မက်ဖွယ် ကောင်းသော်လည်း၊ တစ်လှမ်း တည်းဖြင့်၊ ကောင်းကင်ပေါ် တက်ရန် မဖြစ် နိုင်ပေ။

ထို့နောက် နဂါးသွေး မြင်းပေါ် ခုန်တက် လိုက်ပြီး၊ ပတ်ဝန်း ကျင်အား တစ်ချက် စစ်ဆေး ကာ၊ လည်ပင်းအား ပုတ်လိုက်၏။

နဂါးသွေး မြင်းက ကြက်သွေးရောင် အလင်းအသွင် ပြောင်းလဲ ပျောက်ကွယ် သွား တော့သည်။

လင်းယွန် သိသည်မှာ မြောက်ပင်လယ်မှ ထွက်ခွာ နိုင်ခဲ့ လျှင်ပင်၊ ရန်သူက သူအား လွှတ်ထားမည် မဟုတ်ကြောင်း၊ မှန်းဆ နိုင်၏။

လမ်းတစ်လျှောက်တွင် လူသား ကျင့်ကြံ သူများနှင့် တွေ့ဆုံခြင်း မရှိအောင်၊ သတိထား ခဲ့သည်။

နတ်ဆိုး သားရဲများ အတွက်မူ၊ တွန်းအားပေး နိုင်သည့် သားရဲ များမှ လွဲ၍၊ တိုက်ခိုက် လက်သွေး လာမိ ၏။

လင်းယွန် ထွက်သွားပြီး၊ မိနစ် အနည်းငယ် အကြာတွင်၊ အဘိုးအို တစ်ဦး သစ်ပင်အောက် ရောက်ရှိ လာသည်။

ထိုအဘိုးအို၏ ပတ်ဝန်း ကျင်၌၊ လက်စားချေ လိုသော ဝိညာဉ် များနှင့် အတူ၊ ကြမ်းကြုတ်သည့် အရှိန် အဝါများ ဖုံးလွှမ်း ထားသည်။

ထိုအဘိုးအိုမှာ သွေးတောင်ပံ ခန်းမ၏၊ ဧည့်အကြီးအကဲ ဖြစ်ပြီး၊ မိစ္ဆာ ကျင့်စဉ် များကို ကျင့်ကြံသော၊ တိမ်မိစ္ဆာ ဖြစ်၏။

ကြောက်မက်ဖွယ် အသွင်ဖြင့်၊ အတင်းအကြပ် ဖိအား ပေးကာ၊ ဧည့် အကြီး အကဲ ရာထူးကို တောင်းယူ ခဲ့ခြင်း ဖြစ်သည်ဟု၊ ကောလဟာလများ ရှိ၏။

တိမ်ပြာ ရေကန်၌ လင်းယွန် အပေါ်၊ ရန်ငြိုး ဖွဲ့ခဲ့သည်။ မြောက်ပင်လယ် ခရီးစဉ် မတိုင်မီ၊ ကိုယ်တိုင် လုပ်ဆောင် ရသည် အထိ၊ အဆင့်မမီ သေးဟု ယူဆ ထားသည်။

ကနဦး ယင်-ယန် အဆင့် အကြီးအကဲ သုံးဦးကို သတ်လိုက်ကြောင်း သိလိုက် ရချိန်၌၊ ကိုင်တွယ်ရန် ကိုယ်တိုင် ထွက်လာ ခဲ့ခြင်း ဖြစ်သည်။

“ ဒီကောင်က ... ၊ တော်တော် သတိကြီး တာပဲ။ ”

တိမ်မိစ္ဆာက လင်းယွန် ထွက်သွားသော အရပ် ဆီသို့ မျှော်ကြည့်ကာ၊ ရေရွတ် လိုက်သည်။ လင်းယွန်ကို အမဲလိုက် နေသည်မှာ၊ သုံးရက် တိတိ ရှိပြီ ဖြစ်၏။

ထင်ထင် ရှားရှား မလိုက် ရသည့် အကြောင်းရင်းမှာ၊ မတော်တဆ လွတ်မြောက် သွား မည်ကို စိုးသောကြောင့် ပေပင်။

လင်းယွန်ကို တစ်ချက် တည်းဖြင့်၊ သတ်ရန် ပျက်ကွက် ခဲ့ပါက၊ နဂါးသွေး မြင်းဖြင့် အလွယ် တကူ ထွက်ပြေး သွားမည် ဖြစ်သည်။

ထိုအချိန်တွင် ၎င်းအား အမီလိုက် ရန်မှာ၊ သူ့အတွက် အခက် အခဲ ရှိလာပေ လိမ့်မည်။

မြောက်ပင်လယ်တွင် ပြသ ခဲ့သော ခွန်အားများ အရ၊ လင်းယွန် အပေါ်၊ မထီ မဲ့မြင် ပြုရန် မဝံ့ချေ။

လင်းယွန် သေဆုံးရန် သေချာမှ သာလျှင်၊ တိုက်ခိုက် မိမည် ဖြစ်သည်။

“ ပြဿနာ မရှိ ပါဘူး၊ အနှေးနဲ့ အမြန် ဆိုသလို မင်းကို ဖမ်းမိ မှာပါ။ ”

တိမ်မိစ္ဆာက လှောင်ပြောင် လိုက်သည်။ အမဲလိုက် ရာ၌၊ စိတ်ရှည် သည်းခံခြင်း သည်သာ၊ အကောင်းဆုံး ဗျူဟာ ဖြစ်၏။

ထူထပ်သော တောအုပ် တစ်နေရာတွင်၊ သစ်ပင် ကြီးများ ရုတ်တရက် ယိမ်းထိုး သွားသည်။

သားရဲ တစ်ကောင်မှာ သွေး အလိမ်း လိမ်းဖြင့်၊ မြေပြင်ပေါ် ပြုတ်ကျ သွား၏။ သွေးရူး သွေးတန်း၊ ထရပ် လိုက် သော်လည်း၊ ပြန်၍ လဲကျ သေဆုံး သွားသည်။

ငြိမ်သက် သွားသော နတ်ဆိုး သားရဲ အလောင်း ပေါ်သို့၊ ပုံရိပ် တစ်ရိပ် ကောင်းကင်မှ၊ ဆင်းသက် လာသည်။

ထိုပုံရိပ်၏ အပေါ်ပိုင်း အဝတ် အစား များမှာ၊ စုတ်ပြဲ နေပြီး၊ သွယ်လျသော ကိုယ်ဟန်ကို မြင်သာ စေ၏။

ထူးခြားသော ကြွက်သား အဖု အထစ်များ မရှိ သော်လည်း၊ အန္တရာယ် ပေးနိုင်သော စွမ်းအား အချို့၊ ကိန်းအောင်း နေကြောင်း ခံစား နိုင်သည်။

ဒဏ်ရာမှ ပြန်လည် ကောင်းမွန်လာ ပြီးနောက်၊ တောအုပ် အတွင်း၌ လေ့ကျင့် နေခဲ့ သည်မှာ၊ လဝက်ကြာ ခဲ့ပြီ ဖြစ်သည်။

ထိုလဝက် အတွင်း နတ်ဆိုး သားရဲ များနှင့်၊ ခါးသီးသော တိုက်ပွဲများ နေ့စဉ် ရက်ဆက် တိုက်ခိုက် နေခဲ့၏။

လက်ရှိ နတ်ဆိုး သားရဲမှာ၊ အထွတ် အထိပ် ယန် အဆင့်ရှိ၊ အုပ်စိုးရှင် တောခွေး တစ်ကောင် ဖြစ်သည်။

ကနဦး ယန် အဆင့်ရှိ ကျွမ်းကျင် သူတိုင်း၊ ၎င်းကို ရှောင်ရှား ကြ ပေလိမ့်မည်။ ယင်းကို ဓား မဆွဲဘဲ၊ အနိုင် ယူရန် မလွယ်ကူ ခဲ့ချေ။

ထို့ကြောင့် မိုးပြာ နဂါး မူလ ပုံစံကို၊ အာရုံ စိုက်ချင် နေပြီ ဖြစ်၏။ ရုပ်ခွန် အားဖြင့် ဖြေရှင်း နိုင်ပါက၊ ဓားဆွဲ စရာ မလိုချေ။

ထို့အပြင် အသက်နှင့် သေခြင်း ကြားတွင်၊ တိုက်ပွဲ ဝင်ခြင်း ဖြင့်လည်း၊ တိုက်ပွဲဝင် စွမ်းအား များကို၊ တိုးမြှင့် နိုင်မည် ဖြစ်သည်။

လက်ကို ငွေရောင် ဓား စွမ်းအင်ဖြင့် ဖုံးအုပ် လိုက်ပြီး၊ နတ်ဆိုး သားရဲ အရေပြားကို အလွယ် တကူ ဆုတ်ဖြဲလျက်၊ သားရဲ အမြူတေ ထုတ်ယူ လိုက်သည်။

သို့သော် နဂါးသွေး မြင်းက၊ သူ့လက် ထဲမှ ပြေးဝင် လုယက် သွား၏။ သားရဲ အမြုတေကို ကိုက်ဝါးပြီး၊ လင်းယွန်အား ပြုံးပြ လိုက်သည်။

နဂါးသွေး မြင်းမှာ၊ နတ်ဆိုး သားရဲ မျိုးစုံနှင့်၊ တိုက်ခိုက်ပြီး၊ သူ၏ သွေး မျိုးဆက်ကို နှိုးဆွ ယူ ခဲ့သည်။ ထို့ကြောင့် ပို၍ သန်မာ လာပြီး၊ အထွတ် အထိပ် ယန်အဆင့်၊ ခွန်အားမျိုး ရှိနေ ချေ၏။

“ လဝက် ရှိပြီ၊ ငါ့ရဲ့ မိုးပြာ နဂါး မူလ ပုံစံမှာ၊ အောင်မြင်မှု ရမဲ့ အရိပ် အယောင်တောင် မရှိ ပါလား။ ”

ရုတ်တရက် မိုးပြာ နဂါး သွေး အဆီ အနှစ်ကို သန့်စင်ရန် ဆုံးဖြတ် လိုက်သည်။ သို့မဟုတ် ပါက၊ တတိယ အဆင့် တက်လှမ်းရန်၊ မည်မျှ ကြာမြင့်ကို မမှန်းဆ နိုင်ချေ။

လွန်ခဲ့သော ဆယ့်ငါးရက် အတွင်း၊ နားလည်မှု အသစ်များ ရရှိ ထားသောကြောင့်၊ သွေးအဆီ အနှစ်ကို ဖြုန်းတီး မိမည် မဟုတ် ကြောင်း၊ သူ ယုံကြည်သည်။

“ ဒါပဲ … ”

မျက်ဝန်း များက တောင်ကုန်း တစ်ခု ပေါ်သို့ ကျရောက် သွား၏။ သွေးအဆီ အနှစ်တွင် လေနှင့် လျှပ်စီး စွမ်းအင်များ ပါရှိ သောကြောင့်၊ တောင်ကုန်းကို ရွေးချယ် ရသည်မှာ၊ သဘာဝ ပေပင်။

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းအား အသုံး ပြုပြီး၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ခုန်တက် ပစ်လိုက်၏။

နဂါးသွေး မြင်းမှာ ပျော်ရွှင် စွာဖြင့်၊ တောအုပ်ထဲ ပြန်လှည့် ပြေးသွား တော့သည်။

အချိန် အတော်ကြာ ပြီးနောက်တွင်၊ ထိုနေရာသို့ အဘိုးအို တစ်ဦး ရောက်ရှိ လာကာ၊ လင်းယွန် ထွက်သွားရာ တောင်ကုန်းထံ၊ လှမ်းကြည့် လိုက်သည်။

တောင်ကုန်း ပေါ်တွင် အကျ အန ထိုင်နေသည့် လင်းယွန်ကို ကြည့်ပြီး၊ ရက်စက် ကြမ်းကြုတ်သော အပြုံးဖြင့်၊

“ နောက်ဆုံးတော့ မင်းကို မိပြီ ... ။ ”

-ဟု ရေရွတ် လိုက်သည်။

အထွတ် အထိပ် ယင်-ယန် အဆင့်ရှိ၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူ တစ်ယောက်မှာ၊ ဤမျှ အထိ၊ သတိထား နေရန် မလို အပ်ချေ။

သို့သော် ခြင်္သေ့ ဟူသည်၊ ယုန် တစ်ကောင်ပင် ဖြစ်စေ၊ အမဲလိုက် ရာ၌၊ ခွန်အား အပြည့် အဝ အသုံးချ တက်လေသည်။

ထို့ကြောင့် တိမ်မိစ္ဆာ သတ်လိုသည့် သူ မှန်သမျှ၊ မည်သူ အဆို မလွတ်မြောက် ရခြင်း ဖြစ်သည်။

***

All Chapters