ကြည့်ရအောင်။
Vol. 46 Ch. 632
လေထဲ ပျံဝဲ နေသော မိုးပြာ နဂါး သွေး အဆီအနှစ် ကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ထိုင်လျက် အတွေးနက် သွားသည်။
သွေးတစ်စက် အတွင်း၊ ပါရှိ နေသော ကြောက်စရာ စွမ်းအားကို သူ ခံစား နိုင်၏။ ကြည့်နေစဉ် မှာပင် ထူးခြားသော ရောင်ဝါ အချို့၊ သွေး အဆီ အနှစ်ပေါ် ဖုံးလွှမ်း လာသည်။
ယင်းကို နှလုံးသားဖြင့် မခံစား ပါက၊ မျက်လုံးနှင့် မြင်နိုင်မည် မဟုတ်ချေ။ အချိန် အနည်းငယ် အကြာ စဉ်းစား ပြီးနောက်၊ ဤသည်မှာ အကာ အကွယ် အလွှာ တစ်ခု ဖြစ်မည်ဟု၊ ယူဆ လိုက်၏။
လေထုနှင့် ထိတွေ့မှု မရှိ စေရန်၊ ပျား ဖယောင်းချက် အလွှာဖြင့်၊ ထုတ်ပိုး ထားသော ဆေးလုံး များဖြင့်၊ ဆင်တူ သည်။
သို့မဟုတ်သော်၊ လေထု ထဲရှိ အညစ် အကြေး များက ဆေးလုံး အတွင်း၊ စိမ့်ဝင်ကာ အဆိပ် အတောက် ဖြစ်လာ နိုင်၏။
ထို့ကြောင့် ဤသွေး အနှစ် သာရကို ထိန်းသိမ်းရန်၊ အလားတူ နည်းလမ်းအား အသုံး ပြုထား သည်ဟု အဓိပ္ပါယ် ရ၏။
ချက်ချင်းပင် သွေး အဆီ အနှစ် ထံသို့၊ ငွေရောင် ဓားအလင်း တစ်လက်ဖြင့် ပစ်ထုတ် လိုက်သည်။
သို့သော် သွေးအဆီ အနှစ်နှင့်၊ ထိတွေ့ခါ နီးတွင်၊ ဓား အလင်းမှာ ကာကွယ် ထားသော အလွှာ၏၊ ဝါးမြိုခြင်း ခံလိုက် ရသည်။
“ စိတ်ဝင် စားစရာပဲ။ ”
နောက်တစ်ကြိမ် ငွေရောင် ဓား အလင်းဖြင့်၊ ထပ်မံ ပစ်လွှတ် မိ၏။ သို့သော် သွေး အဆီအနှစ် ထံသို့ ချဉ်းကပ် လိုက်ချိန်တွင်၊ ပျောက်ကွယ် သွားပြန်သည်။
“ အလုပ် မဖြစ် ဖူးလား... ။ ”
အံသြ မှုကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။ ဤအကာ အကွယ် အလွှာကို၊ မဖြတ် နိုင် ဟူသော ရလာဒ်အား၊ လက်မခံ ချင်ချေ။
ရှန်ရှင်း ဓားကို ထုတ်ဖော် လိုက်ရာ၊ စူးရှသော ဓားသံ တစ်သံ ထွက်ပေါ် လာပြီး၊ ကောင်းကင်ရှိ တိမ်တိုက် များအား လှုပ်ခတ် သွားစေသည်။
သူ့ တည်ရှိ မှုမှာ၊ ကောင်းကင်နှင့် လုံး၀ ပေါင်းစပ်သွား သည်ဟု ထင်မြင် လာမိ၏။
ထက်ရှ လွန်းသော ဓားရည်ရွယ်ချက် အောက်တွင်၊ သွေး အဆီ အနှစ်ကို ကာကွယ် ထားသည့် အလွှာမှာ၊ အနက်ရောင် မီးလျှံ အဖြစ် ထွက်ပေါ် လာသည်။
ရှန်ရှင်း ဓား၏ တိုက်စားမှု ကြောင့်၊ နက်ရောင် မီးလျှံ များမှာ တဖြည်းဖြည်း ပြိုကျ သွားတော့၏။
အနက်ရောင် မီးလျှံများ ပျောက်ကွယ် သွားသည်နှင့်၊ လေပြင်းများ တိုက်ခတ် လာကာ၊ ကောင်းကင်၌ မိုးကြိုးများ ဖုံးလွှမ်း လာသည်။
“ ဒါက ... ဘာများလဲ၊ ကြည့်ရတာ အင်ပါရီယန် သင်္ချိုင်း ကနေ၊ တစ်ခုခု ရလာ ခဲ့တာ ဖြစ်မယ်။ ”
တိမ်မိစ္ဆာ၏ မျက်လုံး များတွင် လောဘ ရောင်များ တလက်လက် တောက်ပ လာပြီး၊ တောင်ကုန်း ပေါ်ရှိ ဖြစ်စဉ်ကို၊ လှမ်းကြည့် လိုက်သည်။
ကြယ်ပုလဲသာ ရရှိထား သည်ဟု၊ ယူဆ ထားသော သူ့ အမြင်မှာ၊ မှားယွင်း သွားပုံ ရ၏။ ရိတ်သိမ်း နိုင်မှုမှာ၊ သူ ထင်ထား သည်ထက် ပိုနေ သည်။
ယင်-ယန် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သောကြောင့်၊ ကြယ်ပုလဲသာ ဆိုပါက သူ စိတ်ဝင် စားခြင်း မရှိချေ။
ရခဲ့ လျှင်ပင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ အောင်မြင်မှု ရယူရန်၊ ကူညီပေး နိုင်သော ရတနာ များနှင့် လဲလှယ် ရပေမည်။
ယခုမူ ဤဖြစ်စဉ် အရ၊ အစွမ်းထက် လွန်းသည့် ရတနာ တစ်ပါးအား သန့်စင် နေခြင်း ဖြစ်ကြောင်း၊ ကလေး တစ်ယောက်ပင် နားလည် နိုင်သည်။
ထို့ကြောင့် တိမ်မိစ္ဆာ၏ မျက်ဝန်း များ၌၊ သတ်ပစ် လိုသော အငွေ့ အသက်များ တဟုန်းဟုန်း တောက်လောင် လာပြီး၊
“ ဒါ ... ဘာလဲ ဆိုတာ အချိန်ကုန် ခံပြီး၊ တွေးနေ စရာ မလို ပါဘူး၊ မင်းကို သတ်ပြီးရင် ငါ သိလိမ့် မယ်။ ”
-ဟု ရေရွတ် လိုက်သည်။
လင်းယွန်မှာ ဤအချိန် မတိုင်မီ ဒဏ်ရာ များမှ ပြန်လည် ကောင်းမွန် လာပြီးနောက်၊ အချိန်ပြည့် သတိ ကပ်ထား နိုင်ပြီ ဖြစ်သည်။
သို့သော် အထွတ်အထိပ် ယင်ယန် အဆင့်၊ ကျွမ်းကျင်သူ တစ်ဦး၏ အမဲလိုက် ခံရ ခြင်းမှာ၊ သူ့ အတွက် ကံဆိုးမှု ပေပင်။
တိမ်မိစ္ဆာ ဆိုသူမှာ မြွေပွေးနှင့် တူပြီး၊ မြေခွေး တစ်ကောင် ကဲ့သို့ ကောက်ကျစ် ချေ၏။
ထို့ကြောင့် သားကောင် များက၊ သူ့လက်မှ လွတ်မြောက်ခြင်း မရှိပေ။ သွေးအဆီ အနှစ်ကို သန့်စင်ရန်၊ အာရုံစိုက် နေသော လင်းယွန် အတွက်မူ၊ သာ၍ ဆိုးချေ၏။
တိမ်မိစ္ဆာက သူ့ အငွေ့အသက် များကို သတိကြီး စွာဖြင့်၊ ဖျောက်ဖျက် လိုက်ပြီး၊ ရှေ့ တစ်လှမ်း လှမ်းတက် လိုက်သည်။
သို့သော် မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားကာ၊ လေထဲ တွင်သာ ရှိနေ သေးသော ညာခြေကို၊ ရုတ်တရက် ပြန်ဆွဲယူ မိ၏။
တိုးညှင်းသော ပျက်ရယ်ပြု သံကို ကြားလိုက် ရသဖြင့်၊ ပတ်ဝန်းကျင် အပေါ်၊ ထိတ်လန့်စွာ ဝေ့ကြည့်သည်။
ထိုအသံမှာ မည်သည့် နေရာမှ ထွက်ပေါ် လာမှန်း၊ သူ မသိချေ။ ငြိမ်သက် နေသော တောအုပ် အတွင်း၌၊ သံသယ ဖြစ်ဖွယ် တစ်စုံ တစ်ရာ မရှိကြောင်း သေချာ၏။
သို့သော် အချိန် အတော် ကြာသည့်တိုင် မလှုပ်ရှား ဝံ့ဘဲ၊ ငြိမ်သက် နေမိသည်။ ကျေးငှက် အော်မြည်သံ များမှ အပ၊ တစ်စုံ တစ်ရာ ထွက်ပေါ် လာခြင်း မရှိချေ။
ဤသည်မှာ ထင်မှတ်မှား နေခြင်းသာ ဖြစ်ပေမည်။ ထို့ကြောင့် မူလ စွမ်းအင်ကို ဖြန့်ကျက် လိုက်ပြီး၊ သတိ အနေ အထားဖြင့် ခြေတစ်လှမ်း စတင် လိုက်၏။
“ ဟွန့် ... ... "
ချက်ချင်းပင် နောက်ပြန်ဆုတ် လိုက်ပြီး၊ နှာခေါင်း ရှုံ့သံ ထွက်ပေါ် လာရာ၊ အရပ် ဆီသို့ ချာခနဲ လှည့်ကြည့် လိုက်သည်။
ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင် သူများနှင့် တိုက်ခိုက်ခဲ့ ဖူး သောကြောင့်၊ သတိ အနေ အထားဖြင့်၊ မိစ္ဆာ အငွေ့အသက်များ ထုတ်ဖော်ကာ၊ ပတ်ဝန်း ကျင်အား ခြေရာခံ လိုက်သည်။
တစ်ဖက် လူမှာ၊ ၎င်း၏ အငွေ့ အသက် များကို၊ သူ့ထံမှ လုံးလုံး လျားလျား ဖုံးကွယ် ထားနိုင် ၏။
( သေစမ်း ...၊ ငါ ဘယ်သူ့ကို စော်ကားခဲ့ မိလို့လဲ၊ ဒီလူက တစ်ဆိတ် သန်မာ လွန်းတယ်။ )
“ စီ... စီနီယာ ... ၊ မင်း နာမည်ကို သိခွင့်ရှိ မလား။ ”
လူများ စွာကို အပြစ်ပြု ထား ခဲ့ဖူး သောကြောင့်၊ ဤအခြေ အနေက သူ့အား ကြောက်လန့် လာစေသည်။
“ ငါ ဘယ်သူလဲ ဆိုတာ အရေး မကြီးဘူး၊ ဒါပေမယ့် မင်း ... ဒီလူကို ထိတွေ့ခွင့် မရှိတာတော့ သေချာတယ်၊ ... ”
“ ... ငါ ဒီကောင်ကို မကြိုက် ပေမယ့် ...၊ ဒါက မင်း .... ဝင်ရောက် စွက်ဖက်ခွင့် ရှိတယ်လို့ အဓိပ္ပါယ် မရဘူး။ ”
ဘောက်ဆတ်ဆတ် ပြန်ဖြေ လာသော အသံကြောင့်၊ ကျောရိုး တစ်လျှောက် စိမ့်တက် တုန်ယင် သွား၏။
ထိုအသံမှာ အရပ် မျက်နှာ အသီးသီးမှ၊ ပဲ့တင်ထပ် လာပြီး၊ နေရာ တိုင်းတွင် ရှိနေ သကဲ့သို့ ထင်မြင် မိသည်။
“ ငါ ... ချက်ချင်း ထွက်သွား ပါ့မယ်၊ သူ့ကို ဘယ်တော့မှ မထိ ဖူးလို့လည်း၊ ကတိပေး ပါတယ်။ ”'
တိမ်မိစ္ဆာက တုန်ရီသော လေသံဖြင့်၊ ချက်ချင်း တောင်းပန် လိုက်သည်။
“ သိပ် နောက်ကျ သွားပြီ။ ”
စကားဆုံး သည်နှင့်၊ သူ့ရှေ့ရှိ သစ်ပင် ကြီးမှာ၊ ကွေးညွှတ် သွားပြီး၊ အက်ကွဲကြောင်း တစ်ခု ထွက်ပေါ် လာ၏။
အက်ကွဲကြောင်း အတွင်းမှ လက်တစ်ဖက် ထွက်ပေါ် လာကာ၊ သူ့ခေါင်းထံ အုပ်မိုး ကျဆင်း လာရုံဖြင့်၊ အသားပုံ အဖြစ်သို့ ပြောင်းလဲ သွား တော့သည်။
လေဟာနယ် အက်ကွဲကြောင်း အတွင်း၌၊ လင်းလက် နေသော ကြယ်များကို နောက်ဆုံး မြင်လိုက် ရခြင်း ဖြစ်၏။
အဘိုးအို တစ်ယောက်၊ လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ၊ ရုတ်တရက် လှမ်းထွက် လာသည်။
ဤသို့ဖြင့် နာမည် ဆိုးဖြင့် ကျော်ကြား လှသော၊ တိမ်မိစ္ဆာ ဆိုသူမှာ နေသာ စီရင်စု၏ တောအုပ် တစ်နေရာ၌ အသတ်ခံ လိုက်ရ လေသည်။
လင်းယွန်သာ ရှိနေ ခဲ့ပါက၊ ဆုဇီယာ နန်းတက် ချိန်၌၊ သူ့အား ဟန့်တား လာသော အဘိုးအိုကို မြင်ရ သောကြောင့်၊ အံ့ဩ မိမည် ဖြစ်သည်။
ဤအခိုက် အတန့်တွင် သွေးအိုင် ထဲမှ၊ ကြောက်စရာ ကောင်းသော အလင်းရောင်များ ထွက်ပေါ် လာ၏။
ထိုအလင်းမှာ ငရဲမှ လာသော ဝိညာဉ်များ ကဲ့သို့ ကြမ်းကြုတ် လှသော်လည်း၊ အဘိုးအို ရှေ့တွင် ကြောက်ရွံ့ တုန်လှုပ် နေသည်။
“ မိစ္ဆာ ကျင့်ကြံ သူလား ... ၊ ဒါက သူ့ဘဝ တစ်လျှောက်လုံး သတ်ခဲ့တဲ့ သူတွေရဲ့၊ ဒေါသ တွေပဲ … ။ ”
အဘိုးအိုက ၎င်းတို့အား ခေတ္တမျှ စိုက်ကြည့်လိုက် ပြီးနောက်၊ လက်ဝှေ့ ယမ်းကာ၊ ဖယ်ရှား ပစ်လိုက်သည်။
ထို့နောက် ရန်လိုသော ဝိညာဉ် များမှာ၊ 'ပြာ' အဖြစ်သို့ ပြောင်းလဲ သွားကုန်၏။
ပတ်ဝန်း ကျင်ကို ရှင်းလင်း လိုက်ပြီး၊ လက်နှစ်ဖက် နောက်ပစ်ကာ၊ လျှပ်စီးများ ဖုံးလွှမ်း နေသော လင်းယွန်ထံ၊ လှမ်းကြည့် လိုက်သည်။
အနက်ရောင် မီးတောက်ကို မြင်လိုက် ရသောကြောင့် အံ့သြ သွား၏။
“ ငရဲ မီးတောက် လား။ ”
ဤသည်မှာ ရှားပါးပြီး၊ ဆန်းကြယ်သော မီးတောက် တစ်မျိုး ပေပင်။ ထို့ကြောင့် မီးတောက် ထဲ၌ မည်သည့် အရာရှိ သည်ကို မမြင် နိုင်ချေ။
သူ့တာဝန်ပြီး သည်နှင့် ထွက်သွား ချင်သော်လည်း၊ တောင်ကုန်း ပေါ်ရှိ သဘာဝ ဖြစ်စဉ် များကြောင့်၊ ရုတ်တရက် စိတ်ဝင်စား မိခြင်း ဖြစ်သည်။
အနက်ရောင် မီးတောက်များ ထဲ၌၊ တစ်စုံ တစ်ရာ ထုပ်ပိုး ထားရ ပေမည်။ လေနှင့် လျှပ်စီးများ ဆင့်ခေါ် ခံထား ရသောကြောင့်၊ “ မိုးပြာ နဂါး ” ဟု အော်လိုက် မိသည်။
ထို့နောက်တွင် ဓား ရည်ရွယ် ချက်ကို အသုံး ပြု၍၊ မီးတောက်အား ဖယ်ရှားရန် ကြိုးစား နေသော လူငယ်ထံ ပြန်ကြည့် လိုက်၏။
အသက် ငယ်ငယ်ဖြင့်၊ ဓားတာအို အပေါ်၊ ဤမျှ ခရီးရောက် နေသော လူငယ်မျိုး မတွေ့ ဖူးချေ။
ထို့ကြောင့်၊ မိုးကြိုး လျှပ်စီးများ ဖုံးလွှမ်း နေသော လူငယ်ကို စိတ်ဝင် တစား စောင့်ကြည့် လာမိ လေပြီ။
“ ဒါက မိုးပြာ နဂါးရဲ့ သွေးပဲ၊ ပြင်ပ အကူအညီ ဒါမှ မဟုတ်၊ စီနီယာ တစ်ယောက်ရဲ့ အကူ အညီ မပါဘဲ၊ ရုပ်ခန္ဓာ သက်သက်နဲ့ အားကိုးပြီး သန့်စင်ဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး။ ”
မိုးပြာ နဂါး သွေးကို၊ ဤလူငယ် ဖိနှိမ့် နိုင်ခြင်း ရှိ၊ မရှိ သိချင် လာ၏။ ယင်းမှာ ခက်ခဲ နိုင်သော်လည်း၊ အကြောင်းရင်း တစ်စုံ တစ်ရာ ကြောင့်၊ အံ့အားသင့် စရာများ မြင်ရ နိုင်သည်ဟု ခံစား လာမိသည်။
“ ငါတို့ရဲ့ သူတော်စင် အမျိုးသမီး တစ်ယောက်ကို၊ ဘယ်အရာ ကများ စွဲဆောင် နိုင်ခဲ့လဲ ဆိုတာ၊ ငါ ကြည့်ပါ ရစေ။ ”
***