မိုးပြာ နဂါး သွေးကို သန့်စင်ခြင်း။
Vol. 46 Ch. 633
တောင်ပေါ်ရှိ သဘာဝ ဖြစ်စဉ်မှာ၊ ပို၍ ကြောက်စရာ ကောင်းလာ၏။
ဓားရည်ရွယ် ချက်ကြောင့် နဂါး သွေးတွင် ဖုံးလွှမ်း နေသော မီးတောက်များ၊ ပျောက်ကွယ် သွားပြီး၊ အရှိန် အဝါမှာ ပို၍၊ သန့်စင် သွားသည်။
လေနှင့် လျှပ်စီး တို့က၊ ပြင်းထန် လွန်း သဖြင့် မျက်လုံး များကို ဖွင့်ရန်၊ ရုန်းကန် နေရ ၏။
ထိုအရှိန် အဝါ အောက်တွင် သူ့ကိုယ်သူ သေးငယ်သော ဖုန်မှုန့် အဖြစ်၊ အချိန် မရွေး လွင့်စင် တော့မည် ကဲ့သို့ ထင်မိ လာစေသည်။
ယခု အချိန်၌ နောက်ပြန် ဆုတ်ရန် တွေးတော လာမိပြီး၊ ထိုအတွေးမှာ စက္ကန့်ပိုင်း အတွင်း ပျောက်ကွယ် သွားပြန်သည် ။
မြောက်ပင်လယ် ခရီး စဉ်၌၊ ကြီးမားသော တိုးတက်မှု များ ရရှိ ခဲ့သည်။ ဤသည်မှာ ကောင်းကင်ကို၊ အံတု လွန်းသော ကံကြမ္မာ ကြောင့်သာ၊ လုပ်နိုင် ခဲ့ခြင်း ဖြစ်သည်။
သို့သော် အချိန် တိုတိုဖြင့်၊ အောင်မြင် မှုများ ရယူ ခြင်းမှာ၊ အခြေခံ အုတ်မြစ်ကို ထိခိုက် စေနိုင် သောကြောင့်၊ အမြဲတမ်း ကောင်းမွန်မည် မဟုတ်ပေ။
ထိုအကြောင်းကို စဉ်းစား မိပြီးနောက် အခွင့် အရေး ရှိပါလျှင်၊ ပေါ့ပေါ့ တန်တန် ဖြတ်ကျော် မည့် အစား မိမိကိုယ် မိမိ၊ ကောင်းစွာ ပြင်ဆင် သင့်သည်ဟု သတိပေး လိုက်၏။
ဆိုလို သည်မှာ သူ့အခြေခံ အုတ်မြစ်ကို တည်ငြိမ်အောင် လုပ်ရန်၊ အချိန် အတော် ကြာသည် အထိ၊ အဆင့် ချိုးဖြတ်ခြင်း မပြု တော့ဟု၊ ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
ဤသို့ ဆိုပါက နဂါး သွေးကို ချက်ချင်း သန့်စင်မည့်၊ ဆုံးဖြတ် ချက်အား စွန့်လွှတ် သင့် ချေပြီ။
တစ်ဖက်တွင် အခွင့်အရေးဟူသည် တစ်ကြိမ်သာ ရရှိ တက်ခြင်း ဖြစ်ပေရာ၊ အန္တရာယ် ရှိလျှင်ပင်၊ ကြိုးစား ကြည့်ချင် ပြန်သည်။
“ စိတ်ရှည် ရမယ်။ ”
စဉ်းစား ချင့်ချိန် နေသော လင်းယွန်ကို ကြည့်ပြီး၊ အဖိုးအိုက လေးနက်သော အမူ အရာဖြင့်၊ ရေရွတ် လိုက်သည်။
“ မိုးပြာ နဂါး သွေးက၊ မိုးပြာ နဂါး မူလ ပုံစံကို ကျင့်ကြံ ရမဲ့၊ အခြေခံ အုတ်မြစ်ပဲ၊ နဂါးသွေး အဆီ အနှစ် မရှိဘဲ၊ ဒီပညာ ရပ်ကို ကျင့်ကြံဖို့ ဆိုတာ မဖြစ် နိုင်ဘူး၊ ... ”
“ ... ဒါပေမယ့် စစ်မှန်တဲ့ နဂါးသွေးကို သန့်စင်ဖို့ ဆိုတာ၊ လွယ်ကူတဲ့ အရာတော့ မဟုတ် ပါဘူး။ ”
သွေးစက်ကို ဖုံးလွှမ်း ထားသော မီးတောက်များ ပျောက်ကွယ် သွားသည်ကို ကြည့်ပြီး၊ အဖိုးအို၏ မျက်လုံးများ တောက်ပ လာသည်။
နောက်တစ်စက္ကန့်တွင် မိုးကုပ် စက်ဝိုင်းကို နောက်ခံ ပြု၍ လျှပ်စီးနှင့်၊ မိုးခြိမ်း သံများ တဟုန်ထိုး မြည်ဟည်း လာသည်။
လျှပ်စီး တစ်ချက် ပြက်ထင် လာပြီး၊ သွေးအဆီ အနှစ်မှာ၊ လင်းယွန် ရင်ဘတ် ထဲသို့ ထိုးဖောက် ဝင်ရောက် သွား၏။
“ အ ... ။ ”
အရေပြားနှင့် ထိတွေ့ ချိန်၌၊ သွေးစက်မှာ ပင့်ကူ မျှဉ်များ သဖွယ်၊ ခန္ဓာကိုယ် အနှံ့ ကွဲထွက် သွားသည်။
ပြင်းစွာသော နာကျင် မှုကြောင့်၊ အံကြိတ်လျက် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လိုက်၏။
“ ဒါ ... နဂါး တစ်ကောင်ရဲ့ သွေးပဲ၊ ဒါကြောင့် လူသား တွေနဲ့ ပေါင်းစည်းလို့ မရတာ၊ သဘာဝပါ၊ သူရဲ့ အသိ အမှတ် ပြုမှုကို ရဖို့ဆို ပိုပြီး လွယ်ကူမှာ မဟုတ်ဘူး၊ သည်းမခံ နိုင်ရင် ရလဒ်က တစ်ခုပဲ ရှိတယ် …။ ”
အဘိုးအိုမှာ သူ မျှော်လင့် ထားပြီး ဖြစ်သော မြင်ကွင်းကြောင့်၊ မျက်နှာတွင် အပြောင်း အလဲ မရှိ ခဲ့ချေ။
နဂါးဆို သည်မှာ၊ နတ်ဘုရား များနှင့် ယှဉ်နိုင်သော တည်ရှိ မှုမျိုး ဖြစ်၏။ ၎င်းတို့ အနက် မိုးပြာ နဂါးမှာ ပို၍ ကြောက်စရာ ကောင်းချေ သည်။
သူ့ သွေးတွင် သဘာဝ အားဖြင့် ဝိညာဉ် အပိုင်းအစ များ ပါရှိ သောကြောင့်၊ လူ တစ်ဦး အနေဖြင့် ထိုစွမ်းအားကို ခံနိုင်ရည် ရှိရန်၊ ကြံ့ခိုင် သန်မာ ရပေမည်။
လင်းယွန် ခံနိုင်ရည် ရှိနေသည်မှာ၊ သွေးတစ်စက် မျှသာ ဖြစ်သောကြောင့် ပေပင်။ သို့မဟုတ် ပါက သူ သေရမည် သေချာ၏။
အဘိုးအို မျက်လုံး ထဲ၌၊ မိုးပြာ နဂါး သွေးကို၊ မဆင်မခြင် သန့်စင် နေသော ပုရွက်ဆိတ် တစ်ကောင်အား၊ ကြည့်မိ ရုံမျှသာ ဖြစ်သည်။
အံကြိတ် တောင့်ခံ နေသော လင်းယွန် ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါများ စတင် ထွက်ပေါ်ပြီး၊ သွေးများ ဆူပွက် လာသည်။
“ ဟိတ် ... ။ ”
ထို့ကြောင့် မအောင့်သည်း နိုင်တော့ဘဲ၊ ကြောက်မက်ဖွယ် ကောင်းသော မူလ စွမ်းအင် များကို၊ လက်သီး ချက်များ ဆက်တိုက် ထုတ်ဖော်ပြီး၊ ထုတ်လွှတ် ပစ်ရသည်။
“ ကျား ... ဟိတ် ...။ ”
ကောင်းကင် ပေါ် ခုန်တက်ပြီး၊ နေရာ အနှံ့သို့ ထိုးနှက် နေသော လက်သီးချက် များကြောင့်၊ တောင်ကုန်း တစ်ခုလုံး သိမ့်သိမ့်ခါ သွား၏။
ခန္ဓာကိုယ် အတွင်းမှ သားရဲ ဟိန်းဟောက်သံများ အနည်းငယ် အားပျော့ လာချိန် မှသာ၊ သက်သာရာ ရလာသည်။
“ ကြည့်ရတာ ဒီကောင်လေးမှာ ... ၊ အရင်က သူ့ကိုယ်သူ ညှင်းပန်း နှိပ်စက်တဲ့ အတွေ့ အကြုံ ရှိဖူး ပုံပဲ။ ”
နာကျင် မှုကြောင့် ထိတ်လန့် သွားခြင်း မရှိသော လင်းယွန် အသွင်ကြောင့်၊ အဖိုးအိုက မျက်မှောင် ကြုတ်လျက် ရေရွတ် လိုက်သည်။
အကယ်၍ ဤသည်မှာ ပထမ ဦးဆုံး အကြိမ်သာ ဆိုပါလျှင်၊ သေမတက် ကြောက်လန့် နေရမည် ဖြစ်သည်။
သုံးလ အတွင်း၊ သည်မျှ အောင်မြင် မှုများ ရရှိလာ ရသည့်၊ လင်းယွန်၏ အကြောင်းရင်းကို နားလည် လာသည်။
နဂါး တစ်ကောင် ပင်လယ်ကို ထိတွေ့ သွားခြင်း မည်၏။ ရှေ့ဆက် ကြီးထွား ရန်သာ ရှိချေ မည်။
တောင်ကုန်း ပေါ်ရှိ လင်းယွန်မှာ၊ ပြန်လည် ထိုင်ချ လိုက်ပြီး၊ ဓားစွမ်းအင်ကို ဖြန့်ကျက်ကာ၊ တဖြည်းဖြည်း ငြိမ်သက် သွားသည်။
သို့သော် ရုတ်တရက် ပြင်းထန်သည့် မိုးကြိုးများ ဆင်းသက် လာသောကြောင့်၊ ၎င်းကို ကြည့်ပြီး ကျိန်ဆဲ ပစ်လိုက် မိ၏။
သဘာဝကို လွန်ဆန်ကာ၊ နဂါး သွေးဖြင့် ပေါင်းစပ် နေသော သူ့ လုပ်ရပ် အပေါ်၊ မိုးကောင်းကင်မှ ကြေနပ်ပုံ မရချေ။ ထို့ကြောင့် ကောင်းကင်ဘုံ အပြစ်ဒဏ် သက်ဆင်း လာခြင်း ဖြစ်၏။
“ ဒါက အရေး ကြီးဆုံး အချိန်ပဲ။ ”
မိုးကြိုး မုန်တိုင်းကို ကြည့်ပြီး၊ အဘိုးအိုက မုတ်ဆိတ် မွေးအား ပွတ်သပ်ကာ၊ ပြုံးလိုက် သည်။
လျှပ်စီးဖြင့် ချုပ်နှောင် ခံထား ရသော၊ လင်းယွန် မှာမူ၊ အသတ် မခံရ စေရန်၊ မူလ စွမ်းအင် များဖြင့်၊ သူ့ကိုယ်သူ ဖုံးကွယ် ထားရ သည်။
ဓားသုတ္တန် ဒဿမ အဆင့်သို့၊ ရောက်ရှိ ပြီးနောက်၊ လုံလောက်သော စွမ်းအင်ကို ထုတ်ပေး နိုင်၏။
မိုးကြိုးကြောင့် ဖြစ်ပေါ်သော၊ အပူများကို ရေခဲ သဘာဝ ပါရှိသည့် မူလ စွမ်းအင် များက၊ ငြိမ်းသက် ပေးသည်။
ဆယ့်ငါး မိနစ် ကြာပြီးနောက်၊ မူလ စွမ်းအင် သုံးပုံ တစ်ပုံခန့် ကုန်ဆုံး သွား၏။ ယင်-ယန် အဆင့် အဘိုးအို သုံးဦးဖြင့်၊ ယှဉ်ပြိုင်ရာ တွင်ပင်၊ ဤမျှ လျင်မြန်စွာ မကုန် ဆုံး ခဲ့ချေ။
ထို့ကြောင့် ရုပ်ခန္ဓာ သက်သက်ဖြင့်၊ ကပ်ဘေးကို ဆက်လက် ခံယူရန်၊ တွေးတော နေစဉ်၊ ပန်းသင်္ချိုင်း ဓားမှာ ဓားသေတ္တာ အတွင်း၌ အသံမြည် လာ၏။
ထို့နောက် ကောင်းကင်ပေါ် ပျံထွက် သွားပြီး၊ ဓားအလင်းများ ထုတ်လွှတ်ကာ၊ မိုးကြိုး တိမ်တိုက် များကို ထိုးဖေါက် ပစ်လိုက်သည်။
ချက်ချင်းပင် မိုးကြိုး တိမ်တိုက်များ၊ ကွဲအက်လျက်၊ ကောင်းကင်၌ အပေါက်များ ဖြစ်ပေါ် လာ၏။
မကြာခင် လင်းယွန်ပေါ်၊ ပစ်ချရန် စုရုန်း နေသော မိုးကြိုး တိမ်တိုက်များ ပျောက်ကွယ် သွားပြီး၊ နေ ရောင်ခြည်အား ပြန်မြင် လိုက်ရ သည်။
“ ကောင်းလိုက်တာ။ ”
ဤအခြေ အနေကြောင့်၊ ဝမ်းသာ သွား၏။ အားပျော့ လာသော မိုးကြိုး များကို ကြည့်ကာ၊ ခရမ်းရောင် ပန်းအား ထုတ်ဖော် လိုက်သည်။
တင်ပျဉ်ခွေ အောက်၌၊ ပန်း တစ်ပွင့် ကောက်ကြောင်း၊ ဖြစ်ပေါ် လာပြီး၊ ပျံ့ကျဲ နေသော လျှပ်စီး စွမ်းအင် များကို စတင် စုပ်ယူ တော့သည်။
လျှပ်စီး စွမ်းအင်မှာ များပြားလွန်း သဖြင့်၊ မိုးပြာ နဂါး မူလ ပုံစံတွင်၊ အောင်မြင်မှု ရယူရန်၊ လုံလောက် ချေပြီ။
“ ဒီဓား … ။ ”
ပန်းသင်္ချိုင်း ဓားကို မြင်သော အခါတွင်၊ အဘိုးအို မျက်နှာမှာ၊ ထူးထူး ခြားခြား ပြောင်းလဲ သွားသည်။
အချိန် အတော် ကြာစိုက် ကြည့်ပြီးနောက်၊ “ ဒီကောင်လေးက တော်တော် ကံကောင်း တာပဲ။ ” ဟု ရေရွတ် လိုက်သည်။
လင်းယွန် ထံမှ ကြက်သွေးရောင် အလင်းများ နှင့်အတူ၊ နဂါး ဟောက်သံများ မြည်ဟည်း လာ၏။
ဤသည်မှာ နဂါးသွေးကို သန့်စင် ရာ၌၊ လင်းယွန် အောင်မြင် သွားကြောင်း၊ အဖိုးအို သိ သည်။
ထို့စဉ် လင်းယွန်က ရုတ်တရက် လှည့်ကြည့် လာသောကြောင့်၊ အဖိုးအိုမှာ အနည်းငယ် အံ့အားသင့် သွားပြီး၊ ချက်ချင်းပင် ပြုံးရယ် လိုက်ကာ၊
“ မင်း ငါ့ကို ရှာတွေ့ သွားတာလား၊ ဒါပေမယ့် မင်း ငါ့နဲ့ မျက်နှာချင်း ဆိုင်ဖို့၊ အရည် အချင်း မပြည့်မီ သေးပါဘူး၊ ... ”
“ ... မင်းရဲ့ ဇွဲလုံ့လ အတိုင်း၊ ဒီထက် 'ဝေးဝေး' လျှောက်လာ နိုင်ရင်တော့၊ အနာဂတ် မှာ၊ ငါတို့ ဆုံခွင့် ရပါ လိမ့်မယ်။ ”
စကားဆုံး သည်နှင့်၊ အဘိုးအိုက သူ့ အငွေ့ အသက် များကို လက်ဝှေ့ယမ်း ဖျောက်ဖျက် ပစ် လိုက်သည်။
ထို့နောက်တွင် တိမ်မိစ္ဆာ၏ အသားပုံ များသာ မက၊ အဘိုအို သည်ပါ၊ ပျောက်ကွယ် သွားတော့၏။
သိပ် မကြာခင် မှာပင်၊ အဘိုးအို ရှိခဲ့ ဖူးသော သစ်ပင်ကြီး အောက်သို့၊ အပြာရောင် ပုံရိပ် တစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာပြီး၊ မျက်မှောင် ကြုတ်လျက်၊ ပတ်ဝန်းကျင်ကို စစ်ဆေး လိုက်သည်။
***