အကူ အညီ။
Vol. 46 Ch. 634
“ ဒီမှာ ... ၊ ဘယ်သူမှ မရှိ ပါလား။ ”
မျက်လုံး များတွင်၊ သံသယများ တောက်ပ လာပြီး ရေရွတ် လိုက်သည်။
နဂါး သွေးကို သန့်စင် နေချိန်၌၊ စူးစူးဝါးဝါး စိုက်ကြည့် နေသော အကြည့် တစ်စုံအား ခံစား မိ၏။
နတ်ဆိုး သားရဲ သည်လော၊ လူသား ကျင့်ကြံသူ သည်လော၊ သူ မသိ သော်လည်း၊ ထို အကြည့်မှာ ဤနေရာမှ လာသည်ဟု သူ ယုံကြည် သည်။
ထို့ကြောင့် သွေး အဆီ အနှစ်ကို သန့်စင်ပြီး သည်နှင့်၊ ချက်ချင်း ရောက်ရှိ လာခြင်း ဖြစ်သည်။ သို့သော် မည်သည့် သံသယ ဖြစ်ဖွယ် အရိပ် အယောင် ကိုမျှ မတွေ့ ရပေ။
“ ထူးဆန်းတယ် … ”
ခပ်တိုးတိုး ညည်းတွားလျက် ကောင်းကင်ပေါ် မော့ကြည့် လိုက်မိသည်။ အဖြေမှာ တစ်ခုသာ ရှိချေ၏။
သူ့ အမြင်ကို ကောင်းစွာ ဖုံးကွယ်ထား နိုင်သော ထိုလူ၏ စွမ်းအားမှာ၊ ကြောက်စရာ ကောင်းနိုင်မည်။
ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦးမှ မျက်စိ ကျခြင်း ခဲ့ရ ပါက၊ သူ မည်မျှပင် ကြိုးစား စေကာမူ၊ သေခြင်း ဖြင့်သာ အဆုံး သတ်နိုင်၏။
နှာခေါင်းကို ပွတ်သပ်လျက်၊ ထိုအတွေးကို ရှက်ရွံ့ သွားကာ ပြုံးရယ် လိုက်ပြီး၊
“ ငါ့လို ပမွှား လေးကို လိုက်ရှာဖို့ ၊ ဘယ်လို ကျွမ်းကျင်သူ မျိုးက သူ့ အချိန်ကို ဖြုန်းတီး နေ မှာလဲ။ ”
ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ များမှာ၊ မဆင်မခြင် လှုပ်ရှား မှုများ ပြုလုပ်မည် မဟုတ် ချေ။
သွေးတောင်ပံ ခန်းမတွင်၊ ရန်သူ များစွာ ရှိပြီး၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျင့်ကြံသူ များမှာ၊ သူတို့၏ ကေျာရိုးများ ဖြစ်၏။
ထို့ကြောင့် ၎င်းတို့ အနက်မှ တစ်ဦးအား၊ ဤမျှ ဝေးလံ ခေါင်သီသော အရပ် ဆီသို့ စေလွှတ် ခြင်းဖြင့်၊ အကျိုး အမြတ် ရှိမည် မဟုတ် ချေ။
သည့်အပြင် သွေးတောင်ပံ ခန်းမ၏၊ ကျွမ်းကျင် သူသာ ဆိုပါလျှင်၊ ယခု အချိန်၌ သူ သေဆုံး သွားပြီး ဖြစ်သည်။
“ ဒီကိစ္စကို လောလောဆယ် ထားလိုက် ရအောင်။ ”
အတွေး များကို ပြန်ရုတ်သိမ်း လိုက်ပြီး၊ ခန္ဓာကိုယ် အတွင်းရှိ အပြောင်း အလဲ များကို စစ်ဆေးရန် ဆုံးဖြတ် မိသည်။
အတွေး တစ်ချက်ဖြင့်၊ ခရမ်းရောင် အလင်းများ တောက်ပ နေသော၊ လျှပ်စီး အလွှာ တစ်ခု ဖြစ်ပေါ် လာသည်။
အဝတ် အစား များကို ချွတ်ကာ၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေသော မျက်နှာ ပြင်ထံ၊ ထိတ်လန့်စွာ ငုံ့ကြည့် လိုက် မိ၏။
ယင်းမှာ ဒရာကိုဖီ ချပ်ဝတ်နှင့် ဆင်တူ ချေသည်။ သို့သော် ဒရာကိုဖီ ချပ်ဝတ်သည်၊ လှုပ်ရှားရာ၌ အနည်းငယ် အဟန့် အတား ဖြစ်စေသော ဖွဲ့စည်း မှုမျိုး ရှိ၏။
မိုပြာ နဂါး မူလ ပုံစံမှာ၊ ထိုသို့ မဟုတ်ချေ။ ခန္ဓာကိုယ် အရေပြားများ ကဲ့သို့ လိုက်လျော ညီထွေ ရှိလေသည်။
ဤလျှပ်စီး ချပ်ဝတ်မှာ၊ ကနဦး စကြာဝဠာ ချပ်ဝတ် များထက်၊ ပို၍ ခိုင်ခံ့ကြောင်း သူ ပြော နိုင်၏။
အတိ အကျ ဆိုရ ပါမူ၊ မိုးပြာ နဂါး မူလ ပုံစံမှာ၊ ခန္ဓာကိုယ်ကို သန့်စင်သည့် နည်းစနစ် တစ်ရပ် မဟုတ် သဖြင့်၊ ၎င်းတွင် လျှို့ဝှက်ချက် အချို့ ရှိချေသည်။
၎င်းအား ပို၍ ဆုပ်ကိုင် လာနိုင် သည်နှင့် အမျှ၊ ခန္ဓာကိုယ် အတွင်း ပြောင်းလဲ မှုများ ဖြစ် လာကာ၊ လေနှင့် လျှပ်စီးများ ကိုပင် ဆင့်ခေါ် နိုင်ပေမည်။
ရင်ဘတ် တစ်နေရာ၌၊ မသန့်စင် ရသေးသော နဂါး သွေး တစ်ဝက် ရှိ၏။
မိုးပြာ နဂါး မူလ ပုံစံကို ကျင့်ကြံ ခြင်းဖြင့်၊ ထိုသွေးမှာ ခန္ဓာ ကိုယ်နှင့် တဖြည်းဖြည်း ပေါင်းစပ် လာမည် ဖြစ်သည်။
သူတို့ နှစ်ဦးမှာ တစ်ခုနှင့် တစ်ခု အားဖြည့်ပေး သောကြောင့်၊ လုံးလုံး လျားလျား၊ ပေါင်းစပ် သွားချိန်တွင်၊ နည်းစနစ်၏ ကန့်သတ် ချက်သို့ ရောက်ရှိ သွားနိုင်မည်။
“ စွမ်းအားကို စမ်းသပ်ဖို့ အချိန် ရောက်ပြီ၊ မိုးပြာ နဂါး မူလ ပုံစံ - ပေါင်းစပ်။ ”
မူလ စွမ်းအင်ကို ညာလက် ထဲသို့ လောင်းထည့် လိုက်ရုံဖြင့်၊ လျှပ်စီးများ လက်ပြီး၊ နဂါး အသွင် လှည့်ပတ် လာ၏။
လက်သီးကို ထိုးချ လိုက်ချိန်၌၊ မီတာ တစ်ထောင် ပတ်ပတ် လည်တွင် စူးရှသော အလင်းများ ဖြစ်ပေါ် လာသည်။
အရာ အားလုံး ဖုန်မှုန့် အဖြစ် ပြောင်းလဲ ပြီးနောက်၊ စူးရှသော အလင်းများ ပြန်လည် ပျောက်ကွယ် သွား၏။
အသက်ကို ဖြည်းညှင်းစွာ ရှူထုတ် လိုက်ချိန်၌၊ သူ့ ခန္ဓာကိုယ် ပေါ်ရှိ လျှပ်စီးလွှာမှာ၊ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။
‘ပေါင်းစပ် ပုံစံ’ ၏ စွမ်းအားမှာ၊ ပို၍ အားကောင်း လာပြီး၊ ‘သခင့်ဓား- မိုးကြိုး’ ဖြင့်ပင် ယှဉ်လာ နိုင်သည်။
တတိယ အဆင့်သို့ ရောက်ရှိ သည်နှင့်၊ ‘ထပ်မံ ပေါင်းစပ် ပုံစံ’ ကို ရရှိမည် ဖြစ်ကာ၊ ယင်-ယန် အဆင့် ကျွမ်းကျင်သူ များကို၊ ရင်ဆိုင် နိုင်မည် ဖြစ်၏။
ယင်-ယန် အဆင့်ကို ကနဦး အဆင့်၊ အလယ် အလတ် အဆင့်၊ အထွတ် အထိပ် အဆင့် အဖြစ်၊ ခွဲခြား ထားသည်။
အလယ် အလတ် ယင်-ယန် အဆင့်၊ ကျွမ်းကျင် သူမှာ၊ ကနဦး ယင်-ယန် အဆင့်၊ ကျွမ်းကျင်သူ ဆယ်ဦးကို သတ်ဖြတ် နိုင်၏။
ထို့ပြင် သာမာန် အရည်အချင်း ရှိသူ များမှာ၊ ကနဦး ယင်-ယန် အဆင့်၌၊ နှစ်ပေါင်း ဆယ်နှစ် သို့မဟုတ် ရာကျော် ကြာအောင် နေနေ ကြပေသည်။
ယင်-ယန် အဆင့်တွင် ရှိသော အတွင်း အဆင့် ပါရမီရှင် များမှာ၊ ထို စီနီယာ များကို ရင်ဆိုင် နိုင်၏။
သို့သော် အလယ် အလတ် ယင်-ယန် အဆင့်ဖြင့်၊ ရင်ဆိုင် ရသော အခါတွင် ပြဿနာ အချို့ ရှိလာမည်။
ဤသည်မှာ ကျင့်ကြံမှု အဆင့် နှစ်ခုကြား၊ နက်ရှိုင်းသော ကွာဟ ချက်များ ဖြစ်၏။
သူ့ အနေဖြင့် သွေးတောင်ပံ ခန်းမ၏ အကြီးအကဲ သုံးဦးကို သတ်နိုင် ခဲ့သော်လည်း၊ အထက်ပါ အချင်း အရာ အပေါ်၊ ရှင်းရှင်း လင်းလင်း နားလည် ထားသည်။
ထိုအကြီး အကဲ သုံးဦးမှာ၊ ဂျီဝူယီထက် အားနည်း ချေ၏။ အလယ် အလတ် ယင်-ယန် အဆင့်၊ ကျွမ်းကျင် သူများနှင့် ရင်ဆိုင် ရပါက၊ ပေါ့ဆ ရဲမည် မဟုတ်ချေ။
အတွင်း အဆင့်၌ ရှိသော ထိုပါရမီ ရှင်များနှင့် ပတ်သက် ၍မူ၊ ပြောစရာ မရှိအောင် သန်မာ လှ၏။ အတွင်းနှင့် အပြင် အဆင့်မှာ လုံးဝ ကွဲပြားသော ကမ္ဘာ နှစ်ခု ဖြစ်သည်။
မိုးပြာ နဂါး မူလ ပုံစံဖြင့်၊ အကျွမ်းတဝင် ရှိလာ စေရန် အတွက်၊ နေ့ဘက်တွင် နတ်ဆိုး သားရဲ များနှင့် တိုက်ပွဲဝင် ခဲ့သည်။
ညဘက်တွင် သခင်ဓား အပေါ် နားလည်မှု၊ ရယူ မိ၏။ အားလပ်ချိန် များတွင် ကျင့်ကြံမှု တည်ငြိမ် စေရန်၊ မူလ စွမ်းအင်ကို၊ ရက် အတော် ကြာ သည့်တိုင်၊ သန့်စင် နေခဲ့သည်။
မျက်စိ တစ်မှိတ် အတွင်းမှာပင်၊ ခုနစ်ရက် ကုန်ဆုံး သွား၏။ လက်ရှိ အချိန်၌ အရွယ် အစား ကြီးမားသော နတ်ဆိုး သားရဲ တစ်ကောင်ကို၊ လက်ဗလာဖြင့်၊ သတ်ဖြတ် ပစ်လိုက်သည်။
နတ်ဆိုး သားရဲ အလောင်း ထံမှ၊ အနက်ရောင် အငွေ့ အသက်များ တိုးထွက် လာ သော်လည်း၊ ကောင်းစွာ ရှောင်တိမ်း နိုင်၏။
တောအုပ် အတွင်း ရက် အတော်ကြာ၊ လေ့ကျင့် နေခဲ့ သောကြောင့်၊ သဘာဝ အတိုင်း တွက်ဆ နိုင်ခြင်း ဖြစ်သည်။
“ တဖြည်းဖြည်းနဲ့၊ နတ်ဆိုး သားရဲ တွေက၊ အားနည်း လာပြီ၊ ကြည့်ရတာ ဒီတောအုပ် လွန်ရင်၊ မြေပြန့်ကို ရောက်ပြီ ထင်တယ်။ ”
သွေးတောင်ပံ ခန်းမမှ၊ မည်သူမျှ လိုက်လာခြင်း မရှိ သောကြောင့် သူတို့ အပေါ်၊ သင်ခန်းစာ တစ်ခု ပေးနိုင် ခဲ့သည်ဟု ယုံကြည် သည်။
အချိန် အနည်းကြာ ဆင်ခြင် ပြီးနောက်၊ တောင်တန်းမှ ထွက်သွား တော့ရန် ဆုံးဖြတ် လိုက်သည်။
တောအုပ် လွန် သည်နှင့်၊ သူ ထင်ထား သကဲ့သို့၊ ကျယ်ပြန့်သော လွင်ပြင် တစ်ခုအား လှမ်းမြင် လိုက်ရ၏။
ထိုလွင်ပြင် မရောက်ခင်၊ လူ တစ်စုက နတ်ဆိုး သားရဲ တစ်ကောင်အား၊ တိုက်ခိုက်ရန် စုရုံး နေခဲ့ ကြသည်။
နတ်ဆိုး သားရဲမှာ၊ ခန္ဓာကိုယ် ပေါ်တွင် လျှပ်စီးများ လက်နေသော နွားရိုင်း တစ်ကောင် ဖြစ်၏။ ၎င်း၏ ခွန်အားမှာ အထွတ် အထိပ် ယန် အဆင်နှင့် ညီခေျပြီ။
“ ဘာလို့ ဒီမှာ ...၊ မိုးကြိုး လျှပ်စီး နွားရိုင်းက ရှိနေ ရတာလဲ၊ မိန်းကလေး ယွင်၊ ငါတို့ ဟန့်တား နေတုန်း မြန်မြန် ပြေးပါ။ ”
အပြာရောင် အ၀တ် အစား ၀တ်ဆင် ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက၊ လူအုပ်ကို ဦးဆောင်ကာ၊ နွားရိုင်း အား ဟန့်တားရန်၊ အလုပ်များ နေ၏။
“ မင်းတို့ မပါဘဲ၊ ငါ မသွား နိုင်ဘူး။ ”
မိန်းကလေး ယွင်၏ မျက်နှာမှာ၊ ဖြူဖျော့ နေသော်လည်း၊ ပြတ်သား အသွင်ဖြင့် ငြင်းဆန် လိုက်သည်။
“ မိန်းကလေး ယွင် ... မြန်မြန် ထွက်သွားပါ ...။ ”
“ ငါတို့ ဒီတိရစ္ဆာန် ကောင်ကို အကြာကြီး ထိန်းထား နိုင်မှာ မဟုတ်ဘူး။ ”
ဆိုးရွားသော အမူအရာ များဖြင့်၊ လူအုပ် ကြီးက ထိတ်လန့်စွာ အော်ဟစ် သတိပေး လိုက်ကြ သည်။
ဤအခိုက် အတန့် တွင်၊ မိုးကြိုး လျှပ်စီး နွားရိုင်း ခန္ဓာ၌၊ လျှပ်စီးများ လက်လာပြီး လူအုပ်ထံ ဦးချိုဖြင့်၊ ‘ပက်’ လိုက်၏။
“ သေ စမ်း ... တိရိစ္ဆာန်ကောင် ... ။ ”
လူ လတ်ပိုင်း အရွယ် အမျိုးသားက၊ မျက်ဝန်း၌ ဒေါသများ တောက်လောင် လာကာ၊ လှံဖြင့် ထိုးသွင်း ဟန့်တား လေသည်။
ထက်ရှသော လှံမှာ၊ မိုးကြိုး လျှပ်စီး နွားရိုင်း အရေပြားအား၊ လက်မ ဝက်ခန့်သာ ထိုးဖောက် နိုင်ခဲ့ သည်။
ထို့ကြောင့် နွားရိုင်းက ဒေါသ တကြီးဖြင့်၊ ပြန်လှည့် တိုက်ခိုက် လာ၏။ လျင်မြန် လွန်းသော တိုက်ခိုက် မှုကြောင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ သွေးအန်လျက် လွင့်စင် သွားရသည်။
“ မိုးကြိုး လျှပ်စီး နွားရိုင်း။ ”
တိုက်ပွဲနှင့် အနီး ကပ်ဆုံး သစ်ပင်ကြီး တစ်ပင် ပေါ်သို့၊ လင်းယွန်က ဆင်းသက် လိုက်သည်။
တောင်တန်း နယ်နိမိတ် အစပ်သို့ ရောက်ရှိ လာပြီ ဖြစ်ရာ၊ နတ်ဆိုး သားရဲ များမှာ၊ အားနည်း လာခဲ့၏။ ထို့ကြောင့် မိုးကြိုး လျှပ်စီး နွားရိုင်းကို တွေ့လိုက် ရချိန်တွင်၊ အံ့ဩ သွားသည်။
လမ်း တစ်လျှောက်တွင်၊ လျှပ်စီး စွမ်းအင် ကျင့်ကြံသော နတ်ဆိုး သားရဲ များနှင့် တွေ့ဆုံ ရသော်လည်း၊ ၎င်းတို့ အားလုံးမှာ အုပ်စိုးရှင် အဆင့်၌ ရှိနေ သောကြောင့်၊ မထိဝံ့ ခဲ့ပေ။
လျှပ်စီး စွမ်းအင် ပါသော သားရဲ အမြုတေ များမှာ၊ မိုးပြာ နဂါး မူလ ပုံစံကို ကျင့်ကြံ ရာ၌ အသုံးဝင် ချေ၏။
မိုးကြိုး လျှပ်စီး နွားရိုင်းမှာ၊ ကြောက်မက်ဖွယ် ကောင်းသော အဟုန်ဖြင့်၊ သက်လတ်ပိုင်း အရွယ် အမျိုးသား ဆီသို့ ဆက်လက် ပြေးဝင် သွားသည်။
ထိုအမျိုးသားမှာ အလယ် အလတ် ယန် အဆင့်တွင် ရှိပြီး၊ နှုတ်ခမ်း ထောင်စွန်းရှိ သွေးစ များကို သုတ်ကာ၊ အံကြိတ် လိုက်၏။
ပြီးနောက် လက်ဖဝါးကို မြေပြင်ထံ၊ ပြင်းစွာ ရိုက်ချကာ၊ ကောင်းကင်ပေါ် ပျံတက်ရန် ကြိုးစား လိုက်လေသည်။
သို့သော် မပျံဝဲ နိုင်ခင်၊ လျှပ်စီး တစ်စ ထိမှန်ပြီး နှေးကွေး သွားကာ၊ နွားရိုင်း၏၊ ဝင်စောင့်ခြင်း ခံလိုက် ရ၏။
နောက်ထပ် သွေးတစ်လုတ် အန်ချလျက်၊ လွင့်စင် သွားရ ပြန်သည်။ ဤအတိုင်းသာ ဆက်သွား နေ ပါက၊ မကြာခင် သူ့ အသက် ဆုံးရှုံး ရပေမည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်မှ၊ ပြာလဲ့လဲ့ ပုံရိပ် တစ်ရိပ် ဆင်းသက် လာပြီး နွားရိုင်း ကြီးအား လက်သီးဖြင့် ထိုးလာ၏။
မိုးကြိုး လျှပ်စီး နွားရိုင်းမှာ၊ အရိုး အက်သံ များနှင့် အတူ၊ အဝေးသို့ ဒရွတ်တိုက် လွင့်စင် သွား တော့သည်။
ကယ်တင်ခြင်း ခံရသော အပြာဝတ် အမျိုးသားက၊ ရင်ဘတ်ပေါ် တင်းတင်း ဆုပ်ကိုင် လျက်၊ ခက်ခက် ခဲခဲ ထရပ် လာ၏။
“ ဦးလေး ချန်။ ”
မိန်းကလေး ယွင်က စိုးရိမ် တကြီး ပြေးဝင်လာ လေသည်။ လူလတ်ပိုင်း အရွယ် အမျိုးသားက ဖျော့တော့စွာ ပြုံးလိုက်ပြီး၊ “ ငါ အဆင်ပြေ ပါတယ်၊” ဟု နှစ်သိမ့် လိုက်၏။
ထိုကြောင့် မိန်းကလေး ယွင်က၊ လင်းယွန်ဘက် လှည့်ကြည့် လိုက်သည်။
သူမ တစ်သက်တွင်၊ ဤမျှ ငယ်ရွယ်သော အချိန်၌၊ သန်မာသော လူငယ် မျိုးအား မမြင်ဖူး ခဲ့ချေ။
***